ေနရာမေရွာင္ပဲ ခ်စ္တင္းေႏွာခဲ့ၾကလို႔ ေသဆံုး ဒဏ္ရာရခဲ့ၾကတဲ့ စုံတြဲမ်ား

ခ်စ္တင္းေႏွာျခင္းဆုိတာ အိမ္ေထာင္သည္ေတြ မကင္းႏုိင္ၾကတဲ့ လုပ္ငန္းေဆာင္တာ တစ္ခုျဖစ္ပါတယ္။ ဒီအာ႐ုံခံစားမႈကို ႏွစ္ဦးသေဘာ တူညီလုိက္တာနဲ႔ ပတ္၀န္းက်င္ကို ေမ့သြားၾကၿပီး အႏၱရာယ္ဆုိတာကိုလည္း မျမင္ႏုိင္ေတာ့သလုိ၊ ရွက္စရာလုိ႔လည္း မေတြးေတာ့ပါဘူး။ အခု ေဖာ္ျပမွာေတြကေတာ့ ခ်စ္တင္းေႏွာေနစဥ္မွာ မေတာ္တဆမႈ တစ္ခုခုျဖစ္ၿပီး၊ ေသဆုံး ဒဏ္ရာ ရခဲ့ရသူေတြအေၾကာင္း ျဖစ္ပါတယ္။

၁။ ခ်စ္တင္းေႏွာေနစဥ္ ျခေသၤ့ကုိက္ခံရတဲ့ အမ်ိဳးသမီး

အာဖရိကႏုိင္ငံ၊ ကာရီဘာ ေတာနက္ထဲက ၿခံဳပုတ္ထဲမွာ ရွ႐ုိင္မာ၀ီရာလုိ႔ အမည္ရတဲ့ အမ်ိဳးသမီးဟာ အမည္မေဖာ္လုိသူ သူမရဲ႕ ခ်စ္သူနဲ႔ လြတ္လြတ္လပ္လပ္ ခ်စ္တင္းေႏွာ္ခဲ့ပါတယ္။ ထုိစဥ္မွာ ျခေသၤ့တစ္ေကာင္က မာ၀ီရာကို သားေကာင္အျဖစ္ သတ္မွတ္ကာ ၀င္ေရာက္ ကိုက္ခဲခဲ့ပါတယ္။

မာ၀ီရာရဲ႕ ခ်စ္သူဟာ အူယားဖားယားနဲ႔ ေျပးထြက္ခဲ့ရၿပီး၊ အ၀တ္ေတာင္ မ၀တ္ႏုိ္င္ခဲ့ပါဘူုး။ ေနာက္မွ တာ၀န္ရွိသူေတြနဲ႔ မာ၀ီရာကို ျပန္လည္ရွာေဖြတဲ့အခါ ခႏၶာကိုယ္ အပုိင္းပုိင္းအျပတ္ျပတ္နဲ႔ ေသဆုံးေနတဲ့ မာ၀ီရာရဲ႕ အေလာင္းကိုသာ ရခဲ့ပါေတာ့တယ္။

၂။ ရထားလမ္းေပၚမွာ ခ်စ္တင္းေႏွာခဲ့တဲ့ စုံတြဲ

ယူကရိန္းႏုိင္ငံ၊ ဇာပုိဇီၿမိဳ႕အစြန္မွာ တည္ရွိတဲ့ ဘူတာတစ္ခုနဲ႔ မနီးမေ၀းမွာ ခ်စ္သူစုံတြဲတစ္တြဲဟာ ရထားလမ္းေပၚကို တက္ၿပီး ခ်စ္တင္းေႏွာခဲ့ပါတယ္။ ရထားလာတာကိုေတာင္ သတိမမူမိေတာ့တဲ့ စုံတြဲဟာ ရထား၀ါးတစ္႐ုိက္ေလာက္ အကြာေရာက္မွ ႐ုတ္တရက္ အသိတရား၀င္သြားခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္က်သြားခဲ့ၿပီး၊ အမ်ိဳးသားျဖစ္သူက သံလမ္းေဘးကို လွိမ့္ေရွာင္လုိက္ေပမယ့္ ေျခေထာက္ကို ရထားက ျဖတ္ႀကိတ္သြားခဲ့ပါတယ္။ အမ်ိဳးသမီးကေတာ့ လုံးလုံးလ်ားလွ်ား ရထားႀကိတ္ခံလုိက္ရၿပီး ေသဆုံးခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ယူကရိန္းရထားပုိ႔ေဆာင္ေရးက ရထားလမ္းေပၚမွာ ခ်စ္တင္းေႏွာတဲ့ စုံတြဲေတြကို ေထာင္ဒဏ္ေျခာက္လအထိ အျပစ္ေပးမယ္လုိ႔ ေၾကျငာခဲ့ပါတယ္။

၃။ ေရတြင္းထဲ ျပဳတ္က်ခဲ့တဲ့ အမ်ိဳးသမီး

စပိန္ႏုိင္ငံ၊ Plaza Cuidad Real အနီးက လူသူမေနနတဲ့ အေဆာက္ဦတစ္ခုအတြင္းမွာ ေရတြင္းပ်က္ တစ္ခု ရွိပါတယ္။ အဲဒီ ေရတြင္းပ်က္အနီးမွာ Edelia Aponte လုိ႔ အမည္ရတဲ့ အသက္ 21 ႏွစ္အရြယ္ အမ်ိဳးသမီးနဲ႔၊ သူမရဲ႕ခ်စ္သူတုိ႔ဟာ ေန႔စဥ္ေန႔တုိင္း ခ်ိန္းေတြ႕ၾကပါတယ္။ ေန႔စဥ္လုိလုိ ခ်စ္တင္းေႏွာၾကပါတယ္။

တစ္ရက္မွာေတာ့ Aponte ဟာ ေရတြင္းထဲကုိ အားလြန္ၿပီး ျပဳတ္က်သြားခဲ့ပါတယ္။ သူမရဲ႕ ခ်စ္သူဟာ ရဲစခန္းကို အျမန္ဆုံးဖုန္းဆက္ အေၾကာင္းၾကားခဲ့ပါတယ္။ ရဲေတြက သူမကို ကယ္ႏုိင္ခဲ့ပါတယ္။ သူမကေတာ့ ေပ 80 ေလာက္ နက္တဲ့ ေရတြင္းထဲမွာ ေရကူးတတ္လုိ႔ မေသခဲ့တာပါ။ ဒါ့အျပင္ ျပဳတ္က်စဥ္မွာ ဦးေခါင္းနဲ႔ ေရတြင္းနံရံ မေစာင့္မိျခင္းကလည္း သက္သာသြားေစပါတယ္။

၄။ ကာဗြန္ဓာတ္ေငြ႕ေၾကာင့္ ေသဆုံးခဲ့ရတဲ့စုံတြဲ

Keith Payton နဲ႔ Salina Johnson လုိ႔ အမည္ရတဲ့ စုံတြဲကေတာ့ ကားစက္ႏႈိးလွ်က္ အေနအထားနဲ႔ ကားထဲမွာ ခ်စ္တင္းေႏွာခဲ့ပါတယ္။ သူတုိ႔ဟာ ခ်စ္တင္းေႏွာၿပီးေနာက္ အိပ္ေမာက်သြားခဲ့ၿပီး၊ ေနာက္ဆုံးမွာ အင္ဂ်င္ႏုိးေနဆဲ ကားအိတ္ေဇာမွ ကာဗြန္မုိေနာက္ဆုိဒ္ ဓာတ္ေငြ႕ေတြ သင့္ေရာက္ၿပီး ႏွစ္ေယာက္သား ေအာက္ဆီဂ်င္ျပတ္ေတာက္ကာ ေသဆုံးသြားခဲ့ၾကပါတယ္။

Unicode Version
ချစ်တင်းနှောခြင်းဆိုတာ အိမ်ထောင်သည်တွေ မကင်းနိုင်ကြတဲ့ လုပ်ငန်းဆောင်တာ တစ်ခုဖြစ်ပါတယ်။ ဒီအာရုံခံစားမှုကို နှစ်ဦးသဘော တူညီလိုက်တာနဲ့ ပတ်ဝန်းကျင်ကို မေ့သွားကြပြီး အန္တရာယ်ဆိုတာကိုလည်း မမြင်နိုင်တော့သလို၊ ရှက်စရာလို့လည်း မတွေးတော့ပါဘူး။ အခု ဖော်ပြမှာတွေကတော့ ချစ်တင်းနှောနေစဉ်မှာ မတော်တဆမှု တစ်ခုခုဖြစ်ပြီး၊ သေဆုံး/ဒဏ်ရာ ရခဲ့ရသူတွေအကြောင်း ဖြစ်ပါတယ်။

၁။ ချစ်တင်းနှောနေစဉ် ခြင်္သေ့ကိုက်ခံရတဲ့ အမျိုးသမီး

အာဖရိကနိုင်ငံ၊ ကာရီဘာ တောနက်ထဲက ခြုံပုတ်ထဲမှာ ရှရိုင်မာဝီရာလို့ အမည်ရတဲ့ အမျိုးသမီးဟာ အမည်မဖော်လိုသူ သူမရဲ့ ချစ်သူနဲ့ လွတ်လွတ်လပ်လပ် ချစ်တင်းနှော်ခဲ့ပါတယ်။ ထိုစဉ်မှာ ခြင်္သေ့တစ်ကောင်က မာဝီရာကို သားကောင်အဖြစ် သတ်မှတ်ကာ ၀င်ရောက် ကိုက်ခဲခဲ့ပါတယ်။

မာဝီရာရဲ့ ချစ်သူဟာ အူယားဖားယားနဲ့ ပြေးထွက်ခဲ့ရပြီး၊ အဝတ်တောင် မဝတ်နို်င်ခဲ့ပါဘူုး။ နောက်မှ တာဝန်ရှိသူတွေနဲ့ မာဝီရာကို ပြန်လည်ရှာဖွေတဲ့အခါ ခန္ဓာကိုယ် အပိုင်းပိုင်းအပြတ်ပြတ်နဲ့ သေဆုံးနေတဲ့ မာဝီရာရဲ့ အလောင်းကိုသာ ရခဲ့ပါတော့တယ်။

၂။ ရထားလမ်းပေါ်မှာ ချစ်တင်းနှောခဲ့တဲ့ စုံတွဲ

ယူကရိန်းနိုင်ငံ၊ ဇာပိုဇီမြို့အစွန်မှာ တည်ရှိတဲ့ ဘူတာတစ်ခုနဲ့ မနီးမဝေးမှာ ချစ်သူစုံတွဲတစ်တွဲဟာ ရထားလမ်းပေါ်ကို တက်ပြီး ချစ်တင်းနှောခဲ့ပါတယ်။ ရထားလာတာကိုတောင် သတိမမူမိတော့တဲ့ စုံတွဲဟာ ရထားဝါးတစ်ရိုက်လောက် အကွာရောက်မှ ရုတ်တရက် အသိတရားဝင်သွားခဲ့ပါတယ်။

ဒါပေမယ့် နောက်ကျသွားခဲ့ပြီး၊ အမျိုးသားဖြစ်သူက သံလမ်းဘေးကို လှိမ့်ရှောင်လိုက်ပေမယ့် ခြေထောက်ကို ရထားက ဖြတ်ကြိတ်သွားခဲ့ပါတယ်။ အမျိုးသမီးကတော့ လုံးလုံးလျားလျှား ရထားကြိတ်ခံလိုက်ရပြီး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ယူကရိန်းရထားပို့ဆောင်ရေးက ရထားလမ်းပေါ်မှာ ချစ်တင်းနှောတဲ့ စုံတွဲတွေကို ထောင်ဒဏ်ခြောက်လအထိ အပြစ်ပေးမယ်လို့ ကြေငြာခဲ့ပါတယ်။

၃။ ရေတွင်းထဲ ပြုတ်ကျခဲ့တဲ့ အမျိုးသမီး

စပိန်နိုင်ငံ၊ Plaza Cuidad Real အနီးက လူသူမနေနတဲ့ အဆောက်ဦတစ်ခုအတွင်းမှာ ရေတွင်းပျက် တစ်ခု ရှိပါတယ်။ အဲဒီ ရေတွင်းပျက်အနီးမှာ Edelia Aponte လို့ အမည်ရတဲ့ အသက် 21 နှစ်အရွယ် အမျိုးသမီးနဲ့၊ သူမရဲ့ချစ်သူတို့ဟာ နေ့စဉ်နေ့တိုင်း ချိန်းတွေ့ကြပါတယ်။ နေ့စဉ်လိုလို ချစ်တင်းနှောကြပါတယ်။

တစ်ရက်မှာတော့ Aponte ဟာ ရေတွင်းထဲကို အားလွန်ပြီး ပြုတ်ကျသွားခဲ့ပါတယ်။ သူမရဲ့ ချစ်သူဟာ ရဲစခန်းကို အမြန်ဆုံးဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ ရဲတွေက သူမကို ကယ်နိုင်ခဲ့ပါတယ်။ သူမကတော့ ပေ 80 လောက် နက်တဲ့ ရေတွင်းထဲမှာ ရေကူးတတ်လို့ မသေခဲ့တာပါ။ ဒါ့အပြင် ပြုတ်ကျစဉ်မှာ ဦးခေါင်းနဲ့ ရေတွင်းနံရံ မစောင့်မိခြင်းကလည်း သက်သာသွားစေပါတယ်။

၄။ ကာဗွန်ဓာတ်ငွေ့ကြောင့် သေဆုံးခဲ့ရတဲ့စုံတွဲ

Keith Payton နဲ့ Salina Johnson လို့ အမည်ရတဲ့ စုံတွဲကတော့ ကားစက်နှိုးလျှက် အနေအထားနဲ့ ကားထဲမှာ ချစ်တင်းနှောခဲ့ပါတယ်။ သူတို့ဟာ ချစ်တင်းနှောပြီးနောက် အိပ်မောကျသွားခဲ့ပြီး၊ နောက်ဆုံးမှာ အင်ဂျင်နိုးနေဆဲ ကားအိတ်ဇောမှ ကာဗွန်မိုနောက်ဆိုဒ် ဓာတ်ငွေ့တွေ သင့်ရောက်ပြီး နှစ်ယောက်သား အောက်ဆီဂျင်ပြတ်တောက်ကာ သေဆုံးသွားခဲ့ကြပါတယ်။

Source : Shwemom

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္