




Credit : popolay

ဗီဒီယိုကြည့်ရန်

(Unicode Version)

အချိန်တန်ရင် ဥတစ်လုံး ပုံမှန်ဥနေရတဲ့ ၁၂ နှစ်အရွယ် ထူးဆန်းသော လူငယ် (ဆေးရုံတွင် ဥနေသော ဗီဒီယိုဖိုင် တင်ထားပေးသည် )

လူတစ်ယောက်က ဥ, ဥနိုင်တယ်လို့ပြောရင် “မဖြစ်နိုင်တာ လျှောက်မပြောနဲ့” လို့ မဆိုင်းမတွ ပြန်ပြောမယ့်သူတွေချည်းပါပဲ။ ဒါပေမယ့် တစ်ကယ်ကို ခန္ဓာကိုယ်ထဲမှာ ဘဲဥလိုပုံစံ ဥ အလိုလိုတည်လာပြီး အချိန်တန်ရင် စအိုဝကနေ ဥ ဥချတဲ့ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ အဖြစ်ဟာ ဆရာဝန်တွေပါ အဖြေရှာမရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်နပါတယ်။သူဟာ နှစ်နှစ်အတွင်းမှာ ဥပေါင်း အလုံး ၂၀ ဥခဲ့ပြီးဖြစ်ပါတယ်။

Akmal ဆိုသူ အင်ဒိုနီးရှားလူငယ်လေးဟာ ဒီပြဿနာကြောင့် ဆေးရုံမှာ သွားရောက် ပြောပြကုသခံယူခဲ့ပေမယ့် ဆရာဝန်တွေကိုယ်တိုင် ဘာကြောင့်ဆိုတာ အဖြေမရှာနိုင်သေးပါဘူး။ အစမှာတော့ ဆရာဝန်တွေက ဒီကိစ္စဟာ လုံးဝမဖြစ်နိုင်ဘူးလို့ ငြင်းခဲ့ပြီး၊ ဥ ကို မျိုချခဲ့တာတို့ စအိုကနေ သွင်းထားတာတို့ လုပ်ခဲ့လားဆိုတာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

Akmal ရဲ့ ဖခင်ဖြစ်သူက ဒီလိုကိစ္စမျိုးကို သူ့သားအနေနဲ့ မလုပ်ကြောင်း၊ သူကိုယ်တိုင်လည်း မြို့မှာ ဘာသာရေးဆရာဖြစ်လို့ ဒီကိစ္စဟာ ပြုစားခံရတယ်လို့လည်း မထင်ကြောင်း ဘုရား တစ်ခုထဲကိုသာ အယုံအကြည်ရှိကြောင်းပြောဆိုခဲ့ပါတယ်။

Akmal ရဲ့ ဝမ်းဗိုက်ပိုင်းကို ဓါတ်မှန် ရိုက်ကြည့်တဲ့အခါ ဥပုံသဏ္ဍန်ပေါ်နေတာကို တွေ့ခဲ့ရပြီး ဆေးရုံ ပေါ်မှာတင် အားလုံးရဲ့ရှေ့မှာ ဥ ဥပြခဲ့ပါတယ်။ ဆရာဝန် တွေဟာ ဒီကိစ္စကို လေ့လာမှုပြုဖို့အတွက် Akmal ကို Syekh Yusuf ဆေးရုံ ပေါ်မှာပဲ ထိန်းသိမ်းထားပြီး သူဥ လိုက်တဲ့ ဥကိုလည်း ဓါတ် ခွဲခန်း မှာ စစ်ဆေးဖို့ ပို့ထားကြောင်း ပြောဆိုခဲ့သည်။

Credit : popolay