အသက္ ၇၂ ႏွစ္အရြယ္ သူေဌးႀကီးကို ကြာရွင္းၿပီး သုိက္တူးသူ မဟုတ္ေၾကာင္း သက္ေသျပလိုက္တဲ့ အျပာမယ္ေဟာင္း မိန္းကေလး

တစ္ခ်ိန္က နာမည္ေက်ာ္ အျပာမယ္ တစ္ဦးျဖစ္ခဲ့တဲ့ ထုိင္းအျပာမယ္ ႏြန္နက္ဟာ အသက္ (၇၂) ႏွစ္အရြယ္ အေမရိကန္ သူေဌးႀကီးတစ္ဦးနဲ႔ (၂၀၁၂ ခုႏွစ္တုန္းက လက္ထပ္ခဲ့ပါတယ္။ ယင္းေနာက္ ၿပီးခဲ့တဲ့ႏွစ္က တရား႐ုံးမွာ ကြာရွင္းခြင့္ဦးတုိက္ေလွ်ာက္ထားခဲ့ရာ တရား႐ုံးက အေၾကာင္းျပခ်က္မခုိင္လုံတဲ့အတြက္ ခြာရွင္းခြင့္ကို ဆုိင္းငံထားခဲ့ပါတယ္။

ဒါေပမယ့္ အခုအခါမွာေတာ့ သူေဌးႀကီး Harold Jennings Nesland ဟာ သူမရဲ႕ကြာရွင္းခြင့္ကို လိုက္ေလွ်ာခဲ့ၿပီျဖစ္ၿပီး၊ ဒီလုိ ကြာရွင္းခြင့္ရၿပီးေနာက္မွာေတာ့ သူမဟာ သုိက္တူးသူတစ္ေယာက္မဟုတ္ေၾကာင္း အတိအလင္းထုတ္ေဖာ္ခဲ့ပါတယ္။ ဒါေပမယ့္ ႏြန္နက္အေနနဲ႔ ဥပေဒအရ ကြာရွင္းစာရိတ္ အေတာ္ရလုိက္လိမ့္မယ္လုိ႔လည္း သတင္းေတြက ေရးသားေနပါတယ္။

ႏြန္နက္က သူမဟာ သုိက္တူးသူမဟုတ္ပါဘူးလုိ႔ ဝန္ခံထားေပမယ့္လည္း အခုအခါမွာ လက္ထပ္မယ့္သတုိ႔သားေလာင္းတစ္ဦးကို အသည္းအသန္ရွာေဖြေနၿပီး အဆုိပါအမ်ိဳးသားမွာ ေငြေရးေၾကးေရး ခုိင္မာသူျဖစ္ရမယ္လုိ႔ ဆုိျပန္ပါတယ္။ မိမိကုိလက္ထပ္လုိတဲ့ အမ်ိဳးသားဟာ ေငြေရးေၾကးေရး ခုိင္မာေၾကာင္း ဘဏ္စာရင္းစသည္တုိ႔ကို ျပသရမွာျဖစ္တယ္လုိ႔လည္း သူမက ဆုိပါတယ္။

သူေဌးႀကီး Harold ကုိ ကြာရွင္းခြင့္ေတာင္းခဲ့ရျခင္းမွာလည္း အခ်စ္သစ္ရွာေဖြေတြ႕ရွိလုိ႔ မဟုတ္ေၾကာင္း၊ သူမေၾကာင့္  Harold မွာရွိေနတဲ့ ႏွလုံးေရာဂါကုိ ပုိဆုိးရြားေစမွာစုိးလုိ႔ အခုလုိ ကြာရွင္းခြင့္ေတာင္းခဲ့ရျခင္းလုိ႔ ႏြန္နက္က အေၾကာင္းျပခ်က္ေပးခဲ့ေပမယ့္ ထုိင္းလူမႈကြန္ယက္ေပၚမွာေတာ့ လုိတာရလုိ႔ စြန္႔ခြာလာတာဆုိၿပီး ေဝဖန္ေနၾကပါတယ္။

ႏြန္နက္ဟာ အခုဆုိ အသက္အားျဖင့္ (၃၃) ႏွစ္သာ ရွိေသးၿပီး၊ ထုိင္းႏုိင္ငံမွာ အျပာဇာတ္ကား႐ုိက္ကူးမႈေၾကာင့္ မၾကာခဏ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရသူပါ။ ဒါေပမယ့္ ေထာင္ထဲမွာ ဗုဒၶစာေပေတြကို ေလ့လာလုိက္စားၿပီးေနာက္ ဗုဒၶဘာသာအျဖစ္ ေျပာင္းလဲခံယူကာ အျပာကား႐ုိက္ကူးမႈကုိလည္း ရပ္နားခဲ့ၿပီး သူေဌးႀကီး Harold နဲ႔ လက္ထပ္ခဲ့ပါတယ္။

ႏြန္နက္ဟာ အခုဆုိ အသက္အားျဖင့္ (၃၃)ႏွစ္သာ ရွိေသးၿပီး၊ ထုိင္းႏုိင္ငံမွာ အျပာဇာတ္ကား႐ုိက္ကူးမႈေၾကာင့္ မၾကာခဏ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရသူပါ။ ဒါေပမယ့္ ေထာင္ထဲမွာ ဗုဒၶစာေပေတြကို ေလ့လာလုိက္စားၿပီးေနာက္ ဗုဒၶဘာသာအျဖစ္ ေျပာင္းလဲခံယူကာ အျပာကား႐ုိက္ကူးမႈကုိလည္း ရပ္နားခဲ့ၿပီး သူေဌးႀကီး Harold နဲ႔ လက္ထပ္ခဲ့ပါတယ္။

ႏြန္နက္ရဲ႕အဆုိအရ ေလာေလာဆယ္ေတာ့ သူမကို ဒိတ္ဒိတ္ႀကဲသူေဌးေပါင္း ရာခ်ီက ကမ္းလွမ္းေနၾကၿပီး၊ သူမအေနနဲ႔ အလြယ္တကူေရြးခ်ယ္သြားမွာ မဟုတ္ဘဲ အခ်ိန္ယူစဥ္းစားၿပီးမွာ ဆုံးျဖတ္မယ္လုိ႔ သူမက ဆုိပါတယ္။

သူမဟာ ယခင္ကလည္း ေအာင္ျမင္ေက်ာ္ၾကားတဲ့ အျပာမင္းသမီးဘဝမွာ ၾကင္လည္ခဲ့ေပမယ့္ ထုိစဥ္က ရသမွ်ေငြေတြဟာ ရရစားစားမုိ႔ ဘဝအာမခံခ်က္မရွိခဲ့ဖူးလုိ႔ ဆုိပါတယ္။ သူမဟာ (၂၀၀၀)ခုႏွစ္မွာ Tokyo Hunter နဲ႔ Asian Heart ဇာတ္ကားေတြနဲ႔ လူသိမ်ားသြားခဲ့ၿပီး၊ ထုိေခတ္ထုိအခါက ေရာင္းမေလာက္ေအာင္ ျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။

Source : Shwemom

(Unicode Version)

အသက် ၇၂ နှစ်အရွယ် သူဌေးကြီးကို ကွာရှင်းပြီး သိုက်တူးသူ မဟုတ်ကြောင်း သက်သေပြလိုက်တဲ့ အပြာမယ်ဟောင်း မိန်းကလေး

တစ်ချိန်က နာမည်ကျော် အပြာမယ် တစ်ဦးဖြစ်ခဲ့တဲ့ ထိုင်းအပြာမယ် နွန်နက်ဟာ အသက် (၇၂) နှစ်အရွယ် အမေရိကန် သူဌေးကြီးတစ်ဦးနဲ့ (၂၀၁၂ ခုနှစ်တုန်းက လက်ထပ်ခဲ့ပါတယ်။ ယင်းနောက် ပြီးခဲ့တဲ့နှစ်က တရားရုံးမှာ ကွာရှင်းခွင့်ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးက အကြောင်းပြချက်မခိုင်လုံတဲ့အတွက် ခွာရှင်းခွင့်ကို ဆိုင်းငံထားခဲ့ပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ သူဌေးကြီး Harold Jennings Nesland ဟာ သူမရဲ့ကွာရှင်းခွင့်ကို လိုက်လျှောခဲ့ပြီဖြစ်ပြီး၊ ဒီလို ကွာရှင်းခွင့်ရပြီးနောက်မှာတော့ သူမဟာ သိုက်တူးသူတစ်ယောက်မဟုတ်ကြောင်း အတိအလင်းထုတ်ဖော်ခဲ့ပါတယ်။ ဒါပေမယ့် နွန်နက်အနေနဲ့ ဥပဒေအရ ကွာရှင်းစာရိတ် အတော်ရလိုက်လိမ့်မယ်လို့လည်း သတင်းတွေက ရေးသားနေပါတယ်။

နွန်နက်က သူမဟာ သိုက်တူးသူမဟုတ်ပါဘူးလို့ ဝန်ခံထားပေမယ့်လည်း အခုအခါမှာ လက်ထပ်မယ့်သတို့သားလောင်းတစ်ဦးကို အသည်းအသန်ရှာဖွေနေပြီး အဆိုပါအမျိုးသားမှာ ငွေရေးကြေးရေး ခိုင်မာသူဖြစ်ရမယ်လို့ ဆိုပြန်ပါတယ်။ မိမိကိုလက်ထပ်လိုတဲ့ အမျိုးသားဟာ ငွေရေးကြေးရေး ခိုင်မာကြောင်း ဘဏ်စာရင်းစသည်တို့ကို ပြသရမှာဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

သူဌေးကြီး Harold ကို ကွာရှင်းခွင့်တောင်းခဲ့ရခြင်းမှာလည်း အချစ်သစ်ရှာဖွေတွေ့ရှိလို့ မဟုတ်ကြောင်း၊ သူမကြောင့်  Harold မှာရှိနေတဲ့ နှလုံးရောဂါကို ပိုဆိုးရွားစေမှာစိုးလို့ အခုလို ကွာရှင်းခွင့်တောင်းခဲ့ရခြင်းလို့ နွန်နက်က အကြောင်းပြချက်ပေးခဲ့ပေမယ့် ထိုင်းလူမှုကွန်ယက်ပေါ်မှာတော့ လိုတာရလို့ စွန့်ခွာလာတာဆိုပြီး ဝေဖန်နေကြပါတယ်။

နွန်နက်ဟာ အခုဆို အသက်အားဖြင့် (၃၃) နှစ်သာ ရှိသေးပြီး၊ ထိုင်းနိုင်ငံမှာ အပြာဇာတ်ကားရိုက်ကူးမှုကြောင့် မကြာခဏ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် ထောင်ထဲမှာ ဗုဒ္ဓစာပေတွေကို လေ့လာလိုက်စားပြီးနောက် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူကာ အပြာကားရိုက်ကူးမှုကိုလည်း ရပ်နားခဲ့ပြီး သူဌေးကြီး Harold နဲ့ လက်ထပ်ခဲ့ပါတယ်။

နွန်နက်ဟာ အခုဆို အသက်အားဖြင့် (၃၃)နှစ်သာ ရှိသေးပြီး၊ ထိုင်းနိုင်ငံမှာ အပြာဇာတ်ကားရိုက်ကူးမှုကြောင့် မကြာခဏ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူပါ။ ဒါပေမယ့် ထောင်ထဲမှာ ဗုဒ္ဓစာပေတွေကို လေ့လာလိုက်စားပြီးနောက် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူကာ အပြာကားရိုက်ကူးမှုကိုလည်း ရပ်နားခဲ့ပြီး သူဌေးကြီး Harold နဲ့ လက်ထပ်ခဲ့ပါတယ်။

နွန်နက်ရဲ့အဆိုအရ လောလောဆယ်တော့ သူမကို ဒိတ်ဒိတ်ကြဲသူဌေးပေါင်း ရာချီက ကမ်းလှမ်းနေကြပြီး၊ သူမအနေနဲ့ အလွယ်တကူရွေးချယ်သွားမှာ မဟုတ်ဘဲ အချိန်ယူစဉ်းစားပြီးမှာ ဆုံးဖြတ်မယ်လို့ သူမက ဆိုပါတယ်။

သူမဟာ ယခင်ကလည်း အောင်မြင်ကျော်ကြားတဲ့ အပြာမင်းသမီးဘဝမှာ ကြင်လည်ခဲ့ပေမယ့် ထိုစဉ်က ရသမျှငွေတွေဟာ ရရစားစားမို့ ဘဝအာမခံချက်မရှိခဲ့ဖူးလို့ ဆိုပါတယ်။ သူမဟာ (၂၀၀၀)ခုနှစ်မှာ Tokyo Hunter နဲ့ Asian Heart ဇာတ်ကားတွေနဲ့ လူသိများသွားခဲ့ပြီး၊ ထိုခေတ်ထိုအခါက ရောင်းမလောက်အောင် ဖြစ်ခဲ့ရကြောင်း သိရပါတယ်။

Source : Shwemom