ဝါတြင္းတိုင္း သီလရွင္ ဝတ္ပါတယ္ဆိုေသာ အစ္မေတာ္ ျမနန္းႏြယ္ သမိုင္းေၾကာင္း

ျမနန္းႏြယ္ဟာ ၁၉၀၆ ခုႏွစ္မွာ ေမြးတာျဖစ္ပါတယ္။ယခု႐ွိဆိုရင္ ၁၁၁ ႏွစ္႐ွိေရာ့ေပါ့။ဦးသန္႔က ၁၉၀၉ ခုႏွစ္မွာ ေမြးတာျဖစ္ပါတယ္။ျမနန္းႏြယ္ထက္ ဦးသန္႔က ၃ ႏွစ္ပင္ငယ္ပါေသးတယ္။ေနာက္ၿပီး ၁၉၁၅ ေမြးတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတို႔၊စာေရးဆရာမ ေဒၚခင္မ်ိဳးခ်စ္ တို႔ ဟာျမနန္းႏြယ္ေအာက္ ၉ ႏွစ္ေလာက္ ငယ္ၾကပါေသးတယ္။ျမနန္းႏြယ္ေမြးတဲ့အခ်ိန္ဟာ အဂၤလိပ္လက္ေအာက္က ႐ုန္းထၾကဖို႔၊ လြတ္လပ္ၾကဖို႔ လူငယ္ေတြ အသိအျမင္၊မ်ိဳးခ်စ္စိတ္ ေတြ ေပါက္ဖြား႐ွင္သန္လာၾကတဲ့ အခ်ိန္ျဖစ္ပါတယ္။

အခုေရးျပတဲ့ အေၾကာင္းဟာ ေအာင္ဆု႐ွင္ (သာကီဝင္)ဆိုတဲ့ စာအုပ္ထဲက ျမနန္းႏြယ္ရဲ႕ အေၾကာင္း ျဖစ္ပါတယ္။စာေရးသူ က အဘဦးေအာင္ဆု နဲ႔ေတြ႕ၿပီးျမနန္းႏြယ္အေၾကာင္း ေမးျမန္းစပ္စု ထားတာျဖစ္ပါတယ္။ ျမနန္းႏြယ္ဟာ ေစာ္ဘြားမ်ိဳးဆက္၊ သူမ၏ အေဖအေမေတြက မိုးကုတ္ေက်ာက္တြင္းပိုင္ေတြ၊သူမေမြးၿပီးေနာက္ မိဘေတြမွာ ေက်ာက္တြင္းက ေက်ာက္ေအာင္ၿပီး စီးပြားေတြ တရိပ္ရိပ္တက္လာလုိ႔ သူတို႔၏ သမီး ျမနန္းႏြယ္ အလုိက် လုိက္ေလ်ာေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ျမနန္းႏြယ္ဟာ အသက္ ၁၅ ႏွစ္ မွာ အိႏၵိယႏိုင္ငံကုိတကၠသုိလ္ပညာ ဆည္းပူးခဲ့ပါတယ္။၁၉၂၆ မွာအိႏၵိယႏိုင္ငံက ဝိဇၨာဘြဲ႔ယူၿပီး ျမန္မာႏိုင္ငံကို ျပန္လာပါတယ္။မိုးကုတ္တစ္ၿမိဳ႕လုံး ဂုဏ္သေရ႐ွိအမ်ိဳးသားေတြက ျမနန္းႏြယ္ကုိ လက္ထပ္လုိၾကေပမဲ့ အားလုံးကုိ ျငင္းဆန္၍ အပ်ိဳႀကီးပဲ လုပ္၍ ေနခဲ့တယ္။

ျမနန္းႏြယ္ဟာ ငယ္ငယ္ကတည္းက အသားမစားပါဘူးတဲ့။ ႏြားႏို႔ေတာ့ ေသာက္တယ္။ ၁၉၄၁ ဒုတိယကမၻာစစ္ျဖစ္ခါနီး ေတာ့ ျမနန္းႏြယ္ဟာ ၃၅ ႏွစ္အပ်ိဳႀကီး ျဖစ္ေနပါၿပီ။အိမ္မက္ထဲမွာ ဝတ္ျဖဴ စင္ၾကယ္ အဘုိးတစ္ဦးကျမနန္းႏြယ္ကုိ ရန္ကုန္ေျပာင္းဖို႔ ၊သာသနာျပဳ႕ဖို႔အခ်ိန္တန္ၿပီ လုိ႔ အိမ္မက္ေပးသတဲ့။ ရန္ကုန္ေျပာင္းတယ္။ဗုိလ္တစ္ေထာင္ ဘုရားလမ္း မွာ အိမ္တစ္လုံးဝယ္တယ္။စာတိုက္နဲ႔ ကပ္လ်ွက္။ညေနတိုင္း ကုိယ္ပိုင္ရထား လုံးနဲ႔ ဗိုလ္တစ္ေထာင္ဘုရားႀကီးကုိ လာတယ္။အစိမ္းေရာင္ ဝတ္စုံဝတ္တယ္။႐ုပ္႐ုည္က ေျပျပစ္လွပလြန္းေတာ့ အမ်ားကျမစိမ္းေရာင္ မင္းသမီးေလးလုိ႔ တင္စားေခၚၾကတယ္။

အိမ္မက္ထဲ ဘဝေဟာင္းက ညီမတစ္ေတြက ျမန္မာျပည္အရပ္ရပ္ ေစတီပုထိုးေတြ ျပဳ႕ျပင္ရေအာင္လုိ႔ေခၚပါတယ္။တစ္ႏိုင္ငံလုံး လွည့္၍ ဘုရားျပင္ ေက်ာင္းေဆာက္ လုပ္ခဲ့တယ္။ မိဘေတြက ခ်မ္းသာေတာ့သမီး စိတ္ၾကဳိက္ လႉတာ တန္းကို ၾကည္ျဖဴ စြာပဲ ခြင့္ျပဳ ခဲ့တယ္။၁၉၄၅ စစ္ေဘးဒဏ္ေၾကာင့္ ဗိုလ္တစ္ေထာင္ဘုရားႀကီး ပ်က္စီးပါတယ္။ျမနန္းႏြယ္ အႀကီးအက်ယ္ ဝမ္းနည္းပါတယ္။ အဲဒီမွာပဲ ဆုေတာင္းပါတယ္။ဗုိလ္တစ္ေထာင္ဘုရားႀကီး ျပဳ ျပင္ရန္ အမ်ားဆုံး မတည္ဒါန ျပဳ ႏိုင္ေသာ အလႉအမ ျဖစ္ရပါလုိ၏ တဲ့။

မင္းတုန္းမင္းႀကီး တစ္ခ်ိန္က ကုိးကြယ္ခဲ့တဲ့ နန္းဦးဆင္းတုေတာ္ကုိ ၿဗိတိသ်ွဘုရင္မႀကီး အဲလိဇဘတ္ဆီက ျပန္ေတာင္းတယ္။အဲဒီဆင္းတုေတာ္ကုိလည္းေစတီပ်က္ကေတြ႕ရတဲ့ ဆံေတာ္သုံးဆူနဲ႔အတူ အမ်ားျပည္သူမ်ားၾကည္ညဳိႏိုင္ရန္ အ ပူေဇာ္ခံထားပါတယ္။ဆာဦးသြင္က ဆံေတာ္ သုံးဆူကုိ ႒ာပနာပိတ္ထဲထည့္ဖို႔ ကန္႔ကြက္တာေၾကာင့္ ယခုထိ ဆံေတာ္ကုိ အမ်ားမ်က္ျမင္ ဖူးေတြ႕ေနရျခင္း ျဖစ္ပါတယ္။၁၉၅၅ ခုေနာက္ပိုင္း ျမနန္းႏြယ္အေနနဲ႔ ဗိုလ္တစ္ေထာင္ဘုရားကုိ ေရာက္မလာခဲ့ဘူး။ ၂၇ ရက္ၾကာဗုဒၶဂါယာသြားတယ္ လုိ႔ ဆိုပါတယ္။ဗုဒၶဂါယာကျပန္လာၿပီး ေခ်ာင္းဆိုးပန္နာ ျဖစ္၍ မိုးကုတ္ကုိ ျပန္သြားပါတယ္။ ၁၉၅၇ ေဖေဖာ္ဝါရီလမွာေတာ့ ေခ်ာင္းဆိုးပန္နာေရာဂါနဲ႔ ျမနန္းႏြယ္ ကြယ္လြန္သြားပါတယ္။ဒါက အမေတာ္ ျမနန္းႏြယ္လုိ႔ ေခၚေနၾကတဲ့ ျမနန္းႏြယ္၏ ဇာတ္ေၾကာင္းပါ။

၁၉၉၀ ခုမွာေတာ့ အခု ျမနန္းႏြယ္ဘဝ အေၾကာင္းကုိေရးသားသူ အဘဦးေအာင္ဆုက ျမနန္းႏြယ္ ႐ုပ္ထုကုိ တိတ္တဆိတ္ ထုလုပ္ေစခဲ့တာ ျဖစ္ပါတယ္။ရည္ရြယ္ခ်က္ကေတာ့ အလႉ႐ွင္မတစ္ေယာက္အေနနဲ႔ သူမလႉခဲ့တဲ့ ဗုိလ္တစ္ေထာင္ဘုရားကုိ ၾကည္ညဳိစြာ ဖူးေျမာ္ေနတဲ့ ပုံကေလးေပါ့။႐ုပ္ထု ထုၿပီးေတာ့ ဘုရားဝန္းထဲထားဖို႔ ျသဝါဒစရိယ ဆရာေတာ္ ကုိးပါးကုိ ေလ်ွာက္ထားၿပီး ခြင့္ျပဳ႕ခ်က္ ယူခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီ ႐ုပ္ထု ထုၿပီးေနာက္ေတာ့ မိုးကုတ္ၿမိဳ႕က သူမ၏ ေဆြေတာ္မ်ိဳးေတာ္ေတြကုိ အိမ္မက္ေပးပါသတဲ့။ဗုိလ္တစ္ေထာင္ဘုရားကုိ လာၿပီး လႉတန္းၾကဖို႔။ အမ်ိဳးေတြလည္း လာလႉၾကတယ္။အျပန္ၾကေတာ့မိုးကုတ္က ေက်ာက္တြင္းေတြ ေအာင္ၾကတယ္။ အဲဒီကစၿပီး တစ္ေယာက္စ ႏွစ္ေယာက္စနဲ႔ အမေတာ္ျမနန္းႏြယ္ဆိုၿပီး နာမည္ႀကီးလာတာပဲ ျဖစ္ပါတယ္။

စထုကာစ ႐ုပ္ထုကေတာ့ေယာဂီဝတ္စုံနဲ႔ ဆံပင္မပါပဲ ကတုံးပံု။ေနာက္ပိုင္း သူမ ေဆြေတာ္မ်ိဳးေတာ္ေတြကဝတ္စုံေတြယူလာတယ္။ဆံပင္တုေတြ ယူလာတယ္။သလြန္ေတြ ယူလာတယ္။ဒီလုိနဲ႔ နတ္သမီးလုိလုိ ၊မင္းသမီး လုိလုိ ေတြ ျဖစ္ကုန္တာ။ျမနန္းႏြယ္ဟာ ဝါတြင္းဆိုရင္ သီလ႐ွင္ဝတ္စုံ နဲ႔ေနတာယခုဆိုရင္ ၁၆ ႀကိမ္႐ွိၿပီလုိ႔ ေျပာရေတာ့မွာပါ။က်န္တဲ့ဝါပ အခ်ိန္ေတြေတာ့ လွလွပပ အစိမ္းေရာင္ ဝတ္စုံလုိအဝတ္အစားနဲ႔ ေနပါတယ္ဇာတ္လမ္းကေတာ့ ဒါပဲ။ သာသနာျပဳ ၊ဘုရားတည္ေက်ာင္းေဆာက္တဲ့ အမ်ိဳးသမီး။

အဲဒီမွာ သူမဘဝကလည္း ဆန္းဆန္းၾကယ္ၾကယ္ ျဖစ္ေလာက္ေအာင္ဘဝကုသုိလ္က ေကာင္းေတာ့ အဆင္းကလည္းလွတယ္။ ေပးႏိုင္ကမ္းႏိုင္ လႉႏိုင္တန္းႏိုင္သူလည္းျဖစ္တယ္။အဲဒီမွာ အထိမ္းအမွတ္ ႐ုပ္ထု ထုလုပ္ေပးတယ္။ေနာက္ပုိင္းဆက္ၿပီး ဘယ္လုိ ကေန ဘယ္လုိအိမ္မက္ေတြ၊ အေစာင့္ေ႐ွာက္ေတြနဲ႔ ျမနန္းႏြယ္ဟာမင္းသမီးလုိလုိ၊နတ္လုိလုိ ျဖစ္သြားရတာလဲ ဆိုတာေတာ့ မေျပာတတ္ေတာ့ဘူး။ျမနန္းႏြယ္အေၾကာင္း ေရးသူ အဘဦးေအာင္ဆု ကုိယ္တိုင္ အတိတ္ဘဝက ျမနန္းႏြယ္နဲ႔ ေမာင္ႏွမေတာ္စပ္တယ္လုိ႔ အိမ္မက္ရျပန္သတဲ့။ယုံၾကည္သူတို႔ အဆိုအရ ျမနန္းႏြယ္ဆိုတာသုိက္ေစာင့္တဲ့။အရိမေတၱယ် ဘုရားပြင့္ရင္ ေစာင့္ေနတဲ့ ပစၥည္းဥစၥာေတြ လႉတန္းၿပီး သာသနာျပဳ႕ျပမယ္ ဆိုပဲ။ဘယ္လုိ ေျပာရမလဲ။ျမနန္းႏြယ္ဆိုတာ လူထဲက လူပါပဲ။

တနည္း သူ႔ေခတ္က သာသနာအတြက္ သူယုံၾကည္သလုိ သာသနာျပဳ သြားတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါပဲ။ႏွင္းဆီကုန္းဘုိးဘြားရိပ္သာတည္ေထာင္သြာ တဲ့ဘြား ဦးဇြန္းတို႔လုိပါပဲ။ဒါကုိ ေနာက္အဆက္ လူေတြက ဘယ္လုိ ယံုၾကည္မႈေတြနဲ႔ ကုိးကြယ္လုိက္ၾကသလဲ။အမေတာ္ အမေတာ္ ဆိုၿပီး ျမနန္းႏြယ္ဟာ အမေတာ္ျမနန္းႏြယ္ျဖစ္သြားရပါတယ္။ထူးေပစြ၊ ဆရာဦးဖိုးက်ား၏ သုံးဆယ္ခုႏွစ္မင္း နတ္ဆိုတဲ့ စာအုပ္မွာ ေမွာ္ဘီဆရာသိန္း က မေသေသးဘူး၊အဲဒါကုိ သန္လ်င္ဘက္မွာ ေမွာ္ဘီဆရာသိန္း နတ္ဆိုၿပီးကုိးကြယ္ေနၾကၿပီတဲ့။ဘုိဘုိးေအာင္တို႔၊ဘုိမင္းေခါင္တို႔ လည္း တကယ္႐ွိခဲ့တဲ့လူထဲက လူတစ္ေယာက္ပါပဲ။ဒါပဲ ေနာက္လူေတြက ဝိဇၨာအ႐ွင္ တန္ခိုးေတာ္အ႐ွင္၊ထြက္ရပ္ေပါက္အ႐ွင္ေတြ ျဖစ္ကုန္ေအာင္ ကုိးကြယ္ပစ္လုိက္ၾကတယ္။သူတို႔က ကတိတည္တယ္၊ေအာင္ျမင္ရင္ ကန္ေတာ့ပြဲေပးရမယ္ ဆိုရင္ ေပးရတယ္။အခုလည္း ျမနန္းႏြယ္ဆိုတာ ႐ုပ္ထုေလးထားေပးတာက စၿပီး ကုိးကြယ္ရာ၊မစရာ အျဖစ္ ယုံၾကည္ႁပီး သည္းသည္း လႈပ္ကုန္ၾကတာ ျဖစ္ပါတယ္။႐ုပ္ကေတာ့ မ႐ွိဘူး၊နာမ္ကေတာ့ က်န္ေနတယ္။

႐ုပ္႐ွိရင္ နာမ္ကပ္တယ္ကြ လုိ႔ ဆိုၾကအုံးမယ္။ဒါကုိ မယုံၾကည္ဘူးေျပာရင္ ဒါေတြ မင္းမသိဘူး လုိ႔အေျပာခံရတယ္။မေစာ္ကားနဲ႔ လုိ႔ အေျပာခံရတယ္။ျမနန္းႏြယ္ဟာ လူတစ္ေယာက္ပါပဲဗ်ာ။ဘယ္လုိ လုပ္ မစေပးမွာတုန္း။အမွတ္တရ ႐ုပ္ထုေတြ ထားတာ ေတာ့ မေျပာလုိပါဘူး။အ႐ုပ္႐ွိတာနဲ႔အဲဒီအ႐ုပ္ကုိ လုိခ်င္တာ ေတာင္းလုိ႔ရမယ္ဆိုရင္ဘယ္လုိမ်ား ေတြးၾကည့္ရမလဲ မသိေတာ့ဘူး။အခုလည္း ဝါတြင္းမွာ ျမနန္းႏြယ္႐ုပ္ထုကုိ သီလ႐ွင္ဝတ္ေပးတာ ၁၆ ႀကိမ္ေတာင္ ႐ွိပါၿပီတဲ့။ဒါလည္း ျမနန္းႏြယ္ဆိုတာက အိမ္မက္ေပးလုိ႔ ဝတ္ၾကတာလား။သက္႐ွိလူေတြ အျမင္မွာေတာ့႐ုပ္ထုက သီလ႐ွင္ဝတ္စုံနဲ႔ ပုံေပါက္သြားမယ္။ဝါပဆိုရင္ မင္းသီးေလးလုိ အစိမ္းေရာင္ဝတ္စုံ ျပန္ဝတ္ေပးၾကမယ္။အဲဒီမွာ ႐ုပ္ထုဘက္ၾကည့္ရင္ နဲနဲ ကေမာက္ကမျဖစ္မေနဘူးလား။အသက္မဲ့တဲ့ ႐ုပ္တုက သီလ၊သမာဓိ၊ ပညာ ဘယ္လုိလုပ္ တည္ႏိုင္မွာလဲ။ဗုဒၶက ေစတနာသည္ ကံလုိ႔ ေျပာတယ္။

ေစတနာျဖစ္ေပၚႏိုင္ရာ ဇီဝိတိေျႏၵ မ႐ွိတဲ့ သက္မဲ့ ႐ုပ္တုကဘယ္လုိ ေစတနာစိတ္ထားေတြ ေပၚေပါက္လာမလဲ။ဆိုတာက ဝါတြင္းကုိ သီလ႐ွင္ဝတ္ေပးတဲ့ သူေတြအျမင္မွာေတာ့ ျမနန္းႏြယ္႐ုပ္တုဟာ အသြင္းေျပာင္းသြားပါလိမ့္မယ္။ျမနန္းႏြယ္ ႐ုပ္တုဘက္ကေတာ့ ဘာမွထူးျခားမွာ မဟုတ္ပါဘူး။အခုလုိ ေျပာလုိ႔ အမေတာ္ျမနန္းႏြယ္က က်ေနာ့္ကုိဘာမွ လုပ္မယ္မထင္ပါဘူး။သူမက ဘုရားေက်ာင္ကန္ေဆာက္လုပ္လႉတန္းခဲ့တဲ့ သာသနာျပဳ အမ်ိဳးသမီးႀကီးပဲေလ။

(စိတ္မဆိုးပါနဲ႔ အမေတာ္ )

ကြၽႏ္ုပ္ျပဳ႕သမ်ွ ကုသုိလ္အစုစုကုိ အမွ်ေပးပါတယ္။ ေရာက္ရာ ဘဝက သာဓု ေခၚပါ အမေတာ္ ျမနန္းႏြယ္၊ ယုံၾကည္သူေတြ အတြက္ေတာ့ ျမနန္းႏြယ္ဟာ မင္းသမီး ျဖစ္လုိက္၊ ဥစၥာေစာင့္ျဖစ္လုိက္၊ သုိက္နန္း႐ွင္ျဖစ္လုိက္၊ သီလ႐ွင္ ျဖစ္လုိက္ပါ ပဲ။

Credit : Oo Thaw

(Unicode Version)

ဝါတွင်းတိုင်း သီလရှင် ဝတ်ပါတယ်ဆိုသော အစ်မတော် မြနန်းနွယ် သမိုင်းကြောင်း

မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ဦးသန့်က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ်ပါသေးတယ်။နောက်ပြီး ၁၉၁၅ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ်အောက် ၉ နှစ်လောက် ငယ်ကြပါသေးတယ်။မြနန်းနွယ်မွေးတဲ့အချိန်ဟာ အင်္ဂလိပ်လက်အောက်က ရုန်းထကြဖို့၊ လွတ်လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊မျိုးချစ်စိတ် တွေ ပေါက်ဖွားရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။

အခုရေးပြတဲ့ အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။စာရေးသူ က အဘဦးအောင်ဆု နဲ့တွေ့ပြီးမြနန်းနွယ်အကြောင်း မေးမြန်းစပ်စု ထားတာဖြစ်ပါတယ်။မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ၏ အဖေအမေတွေက မိုးကုတ်ကျောက်တွင်းပိုင်တွေ၊သူမမွေးပြီးနောက် မိဘတွေမှာ ကျောက်တွင်းက ကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာလို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျောပေးခဲ့ကြတာ ဖြစ်ပါတယ်။မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံကိုတက္ကသိုလ်ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ပြန်လာပါတယ်။မိုးကုတ်တစ်မြို့လုံး ဂုဏ်သရေရှိအမျိုးသားတွေက မြနန်းနွယ်ကို လက်ထပ်လိုကြပေမဲ့ အားလုံးကို ငြင်းဆန်၍ အပျိုကြီးပဲ လုပ်၍ နေခဲ့တယ်။

မြနန်းနွယ်ဟာ ငယ်ငယ်ကတည်းက အသားမစားပါဘူးတဲ့။ နွားနို့တော့ သောက်တယ်။ ၁၉၄၁ ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး တော့ မြနန်းနွယ်ဟာ ၃၅ နှစ်အပျိုကြီး ဖြစ်နေပါပြီ။အိမ်မက်ထဲမှာ ဝတ်ဖြူ စင်ကြယ် အဘိုးတစ်ဦးကမြနန်းနွယ်ကို ရန်ကုန်ပြောင်းဖို့ ၊သာသနာပြု့ဖို့အချိန်တန်ပြီ လို့ အိမ်မက်ပေးသတဲ့။ ရန်ကုန်ပြောင်းတယ်။ဗိုလ်တစ်ထောင် ဘုရားလမ်း မှာ အိမ်တစ်လုံးဝယ်တယ်။စာတိုက်နဲ့ ကပ်လျှက်။ညနေတိုင်း ကိုယ်ပိုင်ရထား လုံးနဲ့ ဗိုလ်တစ်ထောင်ဘုရားကြီးကို လာတယ်။အစိမ်းရောင် ဝတ်စုံဝတ်တယ်။ရုပ်ရုည်က ပြေပြစ်လှပလွန်းတော့ အများကမြစိမ်းရောင် မင်းသမီးလေးလို့ တင်စားခေါ်ကြတယ်။

အိမ်မက်ထဲ ဘဝဟောင်းက ညီမတစ်တွေက မြန်မာပြည်အရပ်ရပ် စေတီပုထိုးတွေ ပြု့ပြင်ရအောင်လို့ခေါ်ပါတယ်။တစ်နိုင်ငံလုံး လှည့်၍ ဘုရားပြင် ကျောင်းဆောက် လုပ်ခဲ့တယ်။ မိဘတွေက ချမ်းသာတော့သမီး စိတ်ကြိုက် လှူတာ တန်းကို ကြည်ဖြူ စွာပဲ ခွင့်ပြု ခဲ့တယ်။၁၉၄၅ စစ်ဘေးဒဏ်ကြောင့် ဗိုလ်တစ်ထောင်ဘုရားကြီး ပျက်စီးပါတယ်။မြနန်းနွယ် အကြီးအကျယ် ဝမ်းနည်းပါတယ်။ အဲဒီမှာပဲ ဆုတောင်းပါတယ်။ဗိုလ်တစ်ထောင်ဘုရားကြီး ပြု ပြင်ရန် အများဆုံး မတည်ဒါန ပြု နိုင်သော အလှူအမ ဖြစ်ရပါလို၏ တဲ့။

မင်းတုန်းမင်းကြီး တစ်ချိန်က ကိုးကွယ်ခဲ့တဲ့ နန်းဦးဆင်းတုတော်ကို ဗြိတိသျှဘုရင်မကြီး အဲလိဇဘတ်ဆီက ပြန်တောင်းတယ်။အဲဒီဆင်းတုတော်ကိုလည်းစေတီပျက်ကတွေ့ရတဲ့ ဆံတော်သုံးဆူနဲ့အတူ အများပြည်သူများကြည်ညိုနိုင်ရန် အ ပူဇော်ခံထားပါတယ်။ဆာဦးသွင်က ဆံတော် သုံးဆူကို ဋ္ဌာပနာပိတ်ထဲထည့်ဖို့ ကန့်ကွက်တာကြောင့် ယခုထိ ဆံတော်ကို အများမျက်မြင် ဖူးတွေ့နေရခြင်း ဖြစ်ပါတယ်။၁၉၅၅ ခုနောက်ပိုင်း မြနန်းနွယ်အနေနဲ့ ဗိုလ်တစ်ထောင်ဘုရားကို ရောက်မလာခဲ့ဘူး။ ၂၇ ရက်ကြာဗုဒ္ဓဂါယာသွားတယ် လို့ ဆိုပါတယ်။ဗုဒ္ဓဂါယာကပြန်လာပြီး ချောင်းဆိုးပန်နာ ဖြစ်၍ မိုးကုတ်ကို ပြန်သွားပါတယ်။ ၁၉၅၇ ဖေဖော်ဝါရီလမှာတော့ ချောင်းဆိုးပန်နာရောဂါနဲ့ မြနန်းနွယ် ကွယ်လွန်သွားပါတယ်။ဒါက အမတော် မြနန်းနွယ်လို့ ခေါ်နေကြတဲ့ မြနန်းနွယ်၏ ဇာတ်ကြောင်းပါ။

၁၉၉၀ ခုမှာတော့ အခု မြနန်းနွယ်ဘဝ အကြောင်းကိုရေးသားသူ အဘဦးအောင်ဆုက မြနန်းနွယ် ရုပ်ထုကို တိတ်တဆိတ် ထုလုပ်စေခဲ့တာ ဖြစ်ပါတယ်။ရည်ရွယ်ချက်ကတော့ အလှူရှင်မတစ်ယောက်အနေနဲ့ သူမလှူခဲ့တဲ့ ဗိုလ်တစ်ထောင်ဘုရားကို ကြည်ညိုစွာ ဖူးမြော်နေတဲ့ ပုံကလေးပေါ့။ရုပ်ထု ထုပြီးတော့ ဘုရားဝန်းထဲထားဖို့ သြဝါဒစရိယ ဆရာတော် ကိုးပါးကို လျှောက်ထားပြီး ခွင့်ပြု့ချက် ယူခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ထု ထုပြီးနောက်တော့ မိုးကုတ်မြို့က သူမ၏ ဆွေတော်မျိုးတော်တွေကို အိမ်မက်ပေးပါသတဲ့။ဗိုလ်တစ်ထောင်ဘုရားကို လာပြီး လှူတန်းကြဖို့။ အမျိုးတွေလည်း လာလှူကြတယ်။အပြန်ကြတော့မိုးကုတ်က ကျောက်တွင်းတွေ အောင်ကြတယ်။ အဲဒီကစပြီး တစ်ယောက်စ နှစ်ယောက်စနဲ့ အမတော်မြနန်းနွယ်ဆိုပြီး နာမည်ကြီးလာတာပဲ ဖြစ်ပါတယ်။

စထုကာစ ရုပ်ထုကတော့ယောဂီဝတ်စုံနဲ့ ဆံပင်မပါပဲ ကတုံးပုံ။နောက်ပိုင်း သူမ ဆွေတော်မျိုးတော်တွေကဝတ်စုံတွေယူလာတယ်။ဆံပင်တုတွေ ယူလာတယ်။သလွန်တွေ ယူလာတယ်။ဒီလိုနဲ့ နတ်သမီးလိုလို ၊မင်းသမီး လိုလို တွေ ဖြစ်ကုန်တာ။မြနန်းနွယ်ဟာ ဝါတွင်းဆိုရင် သီလရှင်ဝတ်စုံ နဲ့နေတာယခုဆိုရင် ၁၆ ကြိမ်ရှိပြီလို့ ပြောရတော့မှာပါ။ကျန်တဲ့ဝါပ အချိန်တွေတော့ လှလှပပ အစိမ်းရောင် ဝတ်စုံလိုအဝတ်အစားနဲ့ နေပါတယ်ဇာတ်လမ်းကတော့ ဒါပဲ။ သာသနာပြု ၊ဘုရားတည်ကျောင်းဆောက်တဲ့ အမျိုးသမီး။

အဲဒီမှာ သူမဘဝကလည်း ဆန်းဆန်းကြယ်ကြယ် ဖြစ်လောက်အောင်ဘဝကုသိုလ်က ကောင်းတော့ အဆင်းကလည်းလှတယ်။ ပေးနိုင်ကမ်းနိုင် လှူနိုင်တန်းနိုင်သူလည်းဖြစ်တယ်။အဲဒီမှာ အထိမ်းအမှတ် ရုပ်ထု ထုလုပ်ပေးတယ်။နောက်ပိုင်းဆက်ပြီး ဘယ်လို ကနေ ဘယ်လိုအိမ်မက်တွေ၊ အစောင့်ရှောက်တွေနဲ့ မြနန်းနွယ်ဟာမင်းသမီးလိုလို၊နတ်လိုလို ဖြစ်သွားရတာလဲ ဆိုတာတော့ မပြောတတ်တော့ဘူး။မြနန်းနွယ်အကြောင်း ရေးသူ အဘဦးအောင်ဆု ကိုယ်တိုင် အတိတ်ဘဝက မြနန်းနွယ်နဲ့ မောင်နှမတော်စပ်တယ်လို့ အိမ်မက်ရပြန်သတဲ့။ယုံကြည်သူတို့ အဆိုအရ မြနန်းနွယ်ဆိုတာသိုက်စောင့်တဲ့။အရိမတ္တေယျ ဘုရားပွင့်ရင် စောင့်နေတဲ့ ပစ္စည်းဥစ္စာတွေ လှူတန်းပြီး သာသနာပြု့ပြမယ် ဆိုပဲ။ဘယ်လို ပြောရမလဲ။မြနန်းနွယ်ဆိုတာ လူထဲက လူပါပဲ။

တနည်း သူ့ခေတ်က သာသနာအတွက် သူယုံကြည်သလို သာသနာပြု သွားတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။နှင်းဆီကုန်းဘိုးဘွားရိပ်သာတည်ထောင်သွာ တဲ့ဘွား ဦးဇွန်းတို့လိုပါပဲ။ဒါကို နောက်အဆက် လူတွေက ဘယ်လို ယုံကြည်မှုတွေနဲ့ ကိုးကွယ်လိုက်ကြသလဲ။အမတော် အမတော် ဆိုပြီး မြနန်းနွယ်ဟာ အမတော်မြနန်းနွယ်ဖြစ်သွားရပါတယ်။ထူးပေစွ၊ ဆရာဦးဖိုးကျား၏ သုံးဆယ်ခုနှစ်မင်း နတ်ဆိုတဲ့ စာအုပ်မှာ မှော်ဘီဆရာသိန်း က မသေသေးဘူး၊အဲဒါကို သန်လျင်ဘက်မှာ မှော်ဘီဆရာသိန်း နတ်ဆိုပြီးကိုးကွယ်နေကြပြီတဲ့။ဘိုဘိုးအောင်တို့၊ဘိုမင်းခေါင်တို့ လည်း တကယ်ရှိခဲ့တဲ့လူထဲက လူတစ်ယောက်ပါပဲ။ဒါပဲ နောက်လူတွေက ဝိဇ္ဇာအရှင် တန်ခိုးတော်အရှင်၊ထွက်ရပ်ပေါက်အရှင်တွေ ဖြစ်ကုန်အောင် ကိုးကွယ်ပစ်လိုက်ကြတယ်။သူတို့က ကတိတည်တယ်၊အောင်မြင်ရင် ကန်တော့ပွဲပေးရမယ် ဆိုရင် ပေးရတယ်။အခုလည်း မြနန်းနွယ်ဆိုတာ ရုပ်ထုလေးထားပေးတာက စပြီး ကိုးကွယ်ရာ၊မစရာ အဖြစ် ယုံကြည်ပြီး သည်းသည်း လှုပ်ကုန်ကြတာ ဖြစ်ပါတယ်။ရုပ်ကတော့ မရှိဘူး၊နာမ်ကတော့ ကျန်နေတယ်။

ရုပ်ရှိရင် နာမ်ကပ်တယ်ကွ လို့ ဆိုကြအုံးမယ်။ဒါကို မယုံကြည်ဘူးပြောရင် ဒါတွေ မင်းမသိဘူး လို့အပြောခံရတယ်။မစော်ကားနဲ့ လို့ အပြောခံရတယ်။မြနန်းနွယ်ဟာ လူတစ်ယောက်ပါပဲဗျာ။ဘယ်လို လုပ် မစပေးမှာတုန်း။အမှတ်တရ ရုပ်ထုတွေ ထားတာ တော့ မပြောလိုပါဘူး။အရုပ်ရှိတာနဲ့အဲဒီအရုပ်ကို လိုချင်တာ တောင်းလို့ရမယ်ဆိုရင်ဘယ်လိုများ တွေးကြည့်ရမလဲ မသိတော့ဘူး။အခုလည်း ဝါတွင်းမှာ မြနန်းနွယ်ရုပ်ထုကို သီလရှင်ဝတ်ပေးတာ ၁၆ ကြိမ်တောင် ရှိပါပြီတဲ့။ဒါလည်း မြနန်းနွယ်ဆိုတာက အိမ်မက်ပေးလို့ ဝတ်ကြတာလား။သက်ရှိလူတွေ အမြင်မှာတော့ရုပ်ထုက သီလရှင်ဝတ်စုံနဲ့ ပုံပေါက်သွားမယ်။ဝါပဆိုရင် မင်းသီးလေးလို အစိမ်းရောင်ဝတ်စုံ ပြန်ဝတ်ပေးကြမယ်။အဲဒီမှာ ရုပ်ထုဘက်ကြည့်ရင် နဲနဲ ကမောက်ကမဖြစ်မနေဘူးလား။အသက်မဲ့တဲ့ ရုပ်တုက သီလ၊သမာဓိ၊ ပညာ ဘယ်လိုလုပ် တည်နိုင်မှာလဲ။ဗုဒ္ဓက စေတနာသည် ကံလို့ ပြောတယ်။

စေတနာဖြစ်ပေါ်နိုင်ရာ ဇီဝိတိန္ဒြေ မရှိတဲ့ သက်မဲ့ ရုပ်တုကဘယ်လို စေတနာစိတ်ထားတွေ ပေါ်ပေါက်လာမလဲ။ဆိုတာက ဝါတွင်းကို သီလရှင်ဝတ်ပေးတဲ့ သူတွေအမြင်မှာတော့ မြနန်းနွယ်ရုပ်တုဟာ အသွင်းပြောင်းသွားပါလိမ့်မယ်။မြနန်းနွယ် ရုပ်တုဘက်ကတော့ ဘာမှထူးခြားမှာ မဟုတ်ပါဘူး။အခုလို ပြောလို့ အမတော်မြနန်းနွယ်က ကျနော့်ကိုဘာမှ လုပ်မယ်မထင်ပါဘူး။သူမက ဘုရားကျောင်ကန်ဆောက်လုပ်လှူတန်းခဲ့တဲ့ သာသနာပြု အမျိုးသမီးကြီးပဲလေ။

(စိတ်မဆိုးပါနဲ့ အမတော် )

ကျွန်ုပ်ပြု့သမျှ ကုသိုလ်အစုစုကို အမျှပေးပါတယ်။ ရောက်ရာ ဘဝက သာဓု ခေါ်ပါ အမတော် မြနန်းနွယ်၊ ယုံကြည်သူတွေ အတွက်တော့ မြနန်းနွယ်ဟာ မင်းသမီး ဖြစ်လိုက်၊ ဥစ္စာစောင့်ဖြစ်လိုက်၊ သိုက်နန်းရှင်ဖြစ်လိုက်၊ သီလရှင် ဖြစ်လိုက်ပါ ပဲ။

Credit : Oo Thaw