ဖုန္းပြတ္ၿပီး အျပာကားေတြပဲ ၾကည့္ေနတဲ့ သားျဖစ္သူရဲ႕လက္ကို ဖခင္က ဓါးျဖင့္ခုတ္ျဖတ္

အိႏၵိယနိုင္ငံေတာင္ပိုင္း ဟိႏၵာဘတ္ ျပည္နယ္မွ အသက္ ၄၅ ႏွစ္အရြယ္ ဖခင္တစ္ဦးက တစ္ေန႔တစ္ေန႔ ဖုန္းပြတ္ၿပီး အျပာကားေတြပဲ ၾကည့္ေနတဲ့ သားျဖစ္သူရဲ့ လက္ကို သားခုတ္ဓါးျဖင့္ ခုတ္ျဖတ္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ မတ္လ ၅ ရက္ေန႔က ျဖစ္ပ်က္ခဲ့ၿပီး အသက္ ၄၅ ႏွစ္အရြယ္ “Mohammed Qayyum Qureshi” က အသက္ ၁၉ ႏွစ္အရြယ္ သားျဖစ္သူ “Mohammad Khalid Qureshi” ရဲ့ ညာဘက္လက္ကို လက္ေကာက္ဝတ္ကေန ခုတ္ျဖတ္ခဲ့တာပါ။ သားျဖစ္သူ Khalid ဟာ တီဗီလိုင္းႀကိဳးေတြ သြယ္တန္းတဲ့အလုပ္ လုပ္ကိုင္သူျဖစ္ၿပီး စမတ္ဖုန္းအသစ္ တစ္လုံး ဝယ္လာၿပီးထဲက အျပာကားေတြ၊ အျပာဆိုက္ေတြကိုပဲ စြဲစြဲလန္းလန္း ၾကည့္ရွုေနပါတယ္။

တစ္ရက္မွာေတာ့ ဖခင္က သိသြားၿပီး ဒါမ်ိဳးေတြ မၾကည့္ဖို႔ ေျပာဆိုရာက သားအဖႏွစ္ေယာက္ အခ်င္းမ်ားခဲ့ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သားျဖစ္သူဟာ အျပာကားေတြ ထပ္ၾကည့္ေနတာေၾကာင့္ ဖုန္းကိုဆြဲလုဖို႔ ႀကိဳးစားေပးမယ့္ သားက ျပန္လည္ခုခံၿပီး ဖခင္ကို အေရးမလုပ္သလို ေျပာဆိုကာ အိမ္ကေနထြက္သြားခဲ့ပါတယ္။ ညအိမ္ျပန္ေရာက္တဲ့အခါ ဒါေတြပဲ ထပ္ၾကည့္ေနျပန္ပါတယ္။

ေနာက္တစ္ေန႔မွာေတာ့ ဖခင္ျဖစ္သူနဲ႔ အႀကီးက်ယ္စကားမ်ားၿပီး ဖခင္က ေဒါသအိုးေပါက္ကြဲကာ အနီးနားမွာရွိတဲ့ သားခုတ္ဓါးနဲ႔ သူ႔ရဲ့ ညာဘက္လက္ကို လက္ေကာက္ဝတ္ကေန ခုတ္ျဖတ္လိုက္ပါတယ္။ လက္ျပတ္သြားတဲ့ Khalid ကို ခ်ိဳင္တန္ရာပူရီ မွာရွိတဲ့ ပုဂၢလိကေဆး႐ုံကို အေရးေပၚ ပို႔ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ ဆရာဝန္ေတြရဲ့ မွတ္ခ်က္အရ လက္ကို ျပန္ဆက္နိုင္မယ္ဆိုရင္ေတာင္ လွုပ္ရွားကိုင္တြယ္လို႔ ရမွာမဟုတ္ေတာ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဖခင္ျဖစ္သူ “Mohammed Qayyum Qureshi” က ေဒသရဲစခန္းမွာ ကိုယ္တိုင္သြားေရာက္ အဖမ္းခံခဲ့ေၾကာင္း အိႏၵိယသတင္းမွာ ေဖာ္ျပထားပါတယ္။

Source : Popolay

(Unicode Version)

ဖုန်းပွတ်ပြီး အပြာကားတွေပဲ ကြည့်နေတဲ့ သားဖြစ်သူရဲ့လက်ကို ဖခင်က ဓါးဖြင့်ခုတ်ဖြတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ဟိန္ဒာဘတ်ပြည်နယ်မှ အသက် ၄၅ နှစ်အရွယ်ဖခင်တစ်ဦးက တစ်နေ့တစ်နေ့ ဖုန်းပွတ်ပြီး အပြာကားတွေပဲ ကြည့်နေတဲ့ သားဖြစ်သူရဲ့ လက်ကို သားခုတ်ဓါးဖြင့် ခုတ်ဖြတ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး အသက် ၄၅ နှစ်အရွယ် “Mohammed Qayyum Qureshi” က အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ “Mohammad Khalid Qureshi” ရဲ့ ညာဘက်လက်ကို လက်ကောက်ဝတ်ကနေ ခုတ်ဖြတ်ခဲ့တာပါ။ သားဖြစ်သူ Khalid ဟာ တီဗီလိုင်းကြိုးတွေ သွယ်တန်းတဲ့အလုပ် လုပ်ကိုင်သူဖြစ်ပြီး စမတ်ဖုန်းအသစ်တစ်လုံး ဝယ်လာပြီးထဲက အပြာကားတွေ၊ အပြာဆိုက်တွေကိုပဲ စွဲစွဲလန်းလန်းကြည့်ရှုနေပါတယ်။

တစ်ရက်မှာတော့ ဖခင်က သိသွားပြီး ဒါမျိုးတွေမကြည့်ဖို့ ပြောဆိုရာက သားအဖနှစ်ယောက် အချင်းများခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သားဖြစ်သူဟာ အပြာကားတွေ ထပ်ကြည့်နေတာကြောင့် ဖုန်းကိုဆွဲလုဖို့ ကြိုးစားပေးမယ့် သားက ပြန်လည်ခုခံပြီး ဖခင်ကို အရေးမလုပ်သလို ပြောဆိုကာ အိမ်ကနေထွက်သွားခဲ့ပါတယ်။ ညအိမ်ပြန်ရောက်တဲ့အခါ ဒါတွေပဲ ထပ်ကြည့်နေပြန်ပါတယ်။

နောက်တစ်နေ့မှာတော့ ဖခင်ဖြစ်သူနဲ့ အကြီးကျယ်စကားများပြီး ဖခင်က ဒေါသအိုးပေါက်ကွဲကာ အနီးနားမှာရှိတဲ့ သားခုတ်ဓါးနဲ့ သူ့ရဲ့ ညာဘက်လက်ကို လက်ကောက်ဝတ်ကနေ ခုတ်ဖြတ်လိုက်ပါတယ်။ လက်ပြတ်သွားတဲ့ Khalid ကို ချိုင်တန်ရာပူရီ မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဆရာဝန်တွေရဲ့ မှတ်ချက်အရ လက်ကို ပြန်ဆက်နိုင်မယ်ဆိုရင်တောင် လှုပ်ရှားကိုင်တွယ်လို့ ရမှာမဟုတ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဖခင်ဖြစ်သူ “Mohammed Qayyum Qureshi” က ဒေသရဲစခန်းမှာ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ကြောင်း အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။

Source : Popolay