အေရျပား အသားတက္ျမန္တဲ့ ေရာဂါ

ျမန္မာႏိုင္ငံမွာ ဆိုရီးေရးစစ္ (Psoriasis) အေရျပားေရာဂါက လူသိနည္းေပမဲ့၊ အျဖစ္မ်ားတဲ့ အေရျပားေရာဂါထဲမွာ ပါေနၿပီး၊ ကုသရ ခက္တာမို႔ ကၽြမ္းက်င္သူေတြနဲ႔သာ ျပသ၊ ကုသသင့္တယ္လို႔ အေရျပားက်န္းမာေရး ပညာရွင္ေတြက အႀကံျပဳေျပာဆိုၾကပါတယ္။

အေရျပား အသားတက္ျမန္တဲ့ေရာဂါက ပိုးေတြေၾကာင့္ ကူးစက္တာမ်ိဳး၊ ကင္ဆာလိုမ်ိဳး မဟုတ္ဘဲ၊ ျဖစ္ရျခင္း အေၾကာင္းရင္းကို အတိအက် မသိရေသးပါဘူး။ ဒါေပမဲ့ ေနာက္ဆံုး ေတြ႔ရွိထားခ်က္အရေတာ့ ေသြးျဖဴဥတစ္မ်ိဳး ပံုမွန္ထက္ လႈပ္ရွားထၾကြၿပီး ေသြးလွည့္ပတ္မႈနဲ႔အတူ လိုက္ပါကာ အေရျပားေနရာမ်ိဳးစံုမွာ ေရာင္ရမ္းမႈျဖစ္ေစၿပီး၊ အေရျပားေအာက္အလႊာအဆင့္ဆင့္ ပံုမွန္ထက္ အသားတက္ျမန္ေစတာေၾကာင့္၊ နီရဲကာ ထူထူအကြက္ေတြေပၚလာၿပီး၊ အေပၚမွာ အျဖဴဖတ္ေတြထပ္ေပၚလာေစတာပါ။ ဒါေပမဲ့ ဘာေၾကာင့္ ဒီေသြးျဖဴဥ ထၾကြလႈပ္ရွားရတာကိုေတာ့ အတိအက် မသိေသးပါဘူး။ ဒီေရာဂါက အစားအေသာက္ေၾကာင့္ျဖစ္တာ မဟုတ္သလို အစားအေသာက္ေၾကာင့္ ပိုဆိုးတာ၊ ပိုသက္သာတာမ်ိဳးလည္း မရွိပါဘူး။

ဒါေပမဲ့ ပိုဆိုးေစတဲ့ တျခားအေၾကာင္းတခ်ဳိ ႔ေတာ့ရွိပါတယ္။ နဂိုထဲက အေရျပားက ေရာင္ရမ္းၿပီး အထိမခံျဖစ္ေနရတာမို႔ ကုတ္မိတာ၊ ျခစ္မိတာ၊ ဖဲ့လိုက္တာ၊ အရည္ျပားပြန္းပဲ့ ထိခိုက္ဒဏ္ရာရတာနဲ႔ ေနေလာင္တာေတြေၾကာင့္ ဒီအကြက္ေတြ ပိုမ်ားလာတတ္ပါတယ္။ ဒါ့အျပင္ ေဆာင္းတြင္လိုမ်ိဳး ေအးၿပီး အသားပတ္တဲ့ ရာသီမွာလဲ ပိုဆိုးလာတတ္ပါတယ္။ အဓိက ကေတာ့ အေရျပားအေျခအေန ေျပာင္းလဲလာတာနဲ႔အမွ် ဒီေရာဂါ ပိုၾကြလာတဲ့သေဘာပါ။

လည္ေခ်ာင္းနာတာ၊ လည္ေခ်ာင္းပိုးဝင္တာ၊ အသက္ရႈလမ္းေၾကာင္းပိုးဝင္တာေတြနဲ႔ တခ်ဳိ ႔ေသာက္ေဆးေတြေၾကာင့္လည္း အထက္မွာေျပာခဲ့တဲ့ ေသြးျဖဴဥေတြ ပိုလႈပ္ရွားတက္ၾကြလာပံုရတာေၾကာင့္ ဒီ အနာကြက္ေတြ ပိုဆိုးလာႏိုင္ပါတယ္။ ဒီပိုဆိုးေစတဲ့ ေသာက္ေဆးေတြထဲမွာ ေကာ္တီစုန္း (Cortisone) လို႔ေခၚတဲ့ စတီးရိြဳက္ (Steroid) ေသာက္ေဆးေတြ၊ အကိုက္အခဲေပ်ာက္ေဆးေတြ၊ ကလိုရိုကြင္း (Chloroquine) ဌက္ဖ်ားေဆးနဲ႔ ပရိုပရန္ႏိုေလာ (Propranolol) လို ေသြးက်ေဆးေတြ ပါတာမို႔ ဒီေရာဂါရွိသူေတြအေနနဲ႔ ဆရာဝန္ကို ေရာဂါရွိေၾကာင္း ႀကိဳေျပာထားဖို႔လိုပါတယ္။

ဒီ ဆိုရီေရးစစ္ ေရာဂါရဲ့ လကၡဏာ ပံုစံကလည္း အမ်ိဳးစံုရွိတတ္ပါတယ္။ အေရျပား အနီကြက္ထူထူေတြက တခ်ဳိ ႔မွာ တစ္ကြက္၊ ႏွစ္ကြက္ သာျဖစ္ၿပီး၊ နည္းလြန္းတာေၾကာင့္ ျဖစ္ေနမွန္းေတာင္ မသိတာမ်ိဳးကေန၊ တခ်ဳိ ႔မွာေတာ့ ဒီအနီကြက္ေတြ ႀကီးလာၿပီး တကြက္နဲ႔တကြက္ ဆက္သြားကာ တကိုယ္လံုး ေခါင္းကေနေျခေထာက္အထိ အနီကြက္ေတြဖံုးသြားၿပီး ေနရထိုင္ရခက္ေအာင္ အလြန္အကၽြံျဖစ္တာမ်ိဳးအထိ အမ်ိဳးမ်ိဳးရွိပါတယ္။ အျဖစ္အမ်ားဆံုးျဖစ္ေလ့ရွိတဲ့ ပံုစံကေတာ့ အေရျပားမွာ အနီစက္ေတြစေပၚၿပီး ႀကီးလာကာ အဖတ္ေတြဆက္ေပၚလာၿပီး၊ ဒီအဖတ္ေတြကို ခြာလိုက္ရင္ ေသြးစို႔က်န္ခဲ့ကာ ဒီအကြက္ေတြက ထပ္ႀကီးလာတာမ်ိဳးပါ။ အျဖစ္အမ်ားဆံုးေနရာေတြကေတာ့ တံေတာင္ဆစ္၊ ဒူး၊ လက္ေမာင္း၊ လက္ဖုဝါး၊ ေျခဖုဝါး၊ ဦးေခါင္း၊ ေျခသည္း၊ လက္သည္း၊ ေက်ာ ေအာက္ပိုင္း စတဲ့ ပြတ္တိုက္မႈမ်ားတဲ့ ေနရာေတြျဖစ္ၿပီး၊ ခႏၶာကိုယ္ ဘယ္ညာ ႏွစ္ဖက္လံုးမွာ ညီညီမွ်မွ် ျဖစ္တာမ်ားပါတယ္။ တခ်ဳိ ႔မွာလည္း လက္သည္းမွာ အေပါက္ေသးေသးေလးေတြအေနနဲ႔ေတြ႔ရတာအျပင္ လက္သည္းထူတာ၊ ၾကမ္းတာ၊ ေခ်ာင္ေနတာေတြမ်ဳိးလည္း ျဖစ္ႏိုင္ပါတယ္။

ေနာက္ျဖစ္ႏိုင္ေပမဲ့ အျဖစ္နည္းတဲ့ ေနရာေတြကေတာ့ ဂ်ိဳင္း၊ ရင္ဘတ္၊ ရင္သားေအာက္၊ ေပါင္ၿခံ၊ တင္ပါးၾကား၊ လိင္အဂၤါ၊ ေျခလက္အေကြးၾကား ေနရာေတြျဖစ္ၿပီး၊ ဒီေနရာေတြမွာ ျဖစ္လာရင္ေတာ့ နဂိုထဲက ေခၽြးေၾကာင့္ အေနရခက္တာမို႔ ပူၿပီးစပ္ၿပီး ပိုေနရထိုင္ရ ခက္ေစႏိုင္ပါတယ္။ ကေလးေတြမွာလည္း အထူးသျဖင့္ လည္ေခ်ာင္းနာၿပီး လည္ေခ်ာင္းနာပိုးေၾကာင့္ အထက္ပါ ေသြးျဖဴဥတစ္မ်ိဳး ပိုထၾကြလႈပ္ရွားလာပံုရကာ အေရျပားအနီစက္ငယ္ေလးေတြ မိုးစက္ေတြလို အမ်ားအျပားေပၚလာႏိုင္ေပမယ့္ လည္ေခ်ာင္းနာသက္သာသြားခ်ိန္မွာ ဒီအနီစက္ေတြလည္း အလိုလို ျပန္ေပ်ာက္သြားတတ္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါျဖစ္သူေတြရဲ့ ၃၀% ခန္႔မွာ အဆစ္နာတာေတြျဖစ္တတ္ၿပီး အထူးသျဖင့္ လက္ဆစ္၊ ေျခဆစ္လို အဆစ္ငယ္ေတြမွာ အျဖစ္မ်ားကာ၊ ခါးလို အဆစ္ႀကီးေတြမွာ နာတာနည္းၿပီး၊ အေရျပားအနာေတြ ျပင္းထန္လွ်င္ အဆစ္ေတြပိုနာကာ၊ အေရျပားအနာ သက္သာလာလွ်င္လည္း အဆစ္နာတာ သက္သာသြားေလ့ရွိပါတယ္။

အခုလို ေရာဂါျဖစ္တဲ့ လကၡဏာပံုစံ အမ်ိဳးမ်ိဳးရွိေနတာေၾကာင့္ ဒီေရာဂါျဖစ္တာ ေသခ်ာေအာင္ အေရျပားဆရာဝန္ျပၿပီး ေရာဂါအဆံုးအျဖတ္ယူသင့္ပါတယ္။ အေရျပားဆရာဝန္ေတြအေနနဲ႔ ပံုမွန္အားျဖင့္ အထက္ပါလကၡဏာေတြကို ၾကည့္ၿပီး ေရာဂါကို ခြဲျခားသိႏိုင္သလို၊ လိုအပ္လွ်င္လည္း အသားစငယ္ယူၿပီး ဓာတ္ခြဲခန္းမွာစစ္ေဆး ဆံုးျဖတ္ေပးႏိုင္ပါတယ္။

ကုသရာမွာေတာ့ အဓိက ရည္ရြယ္ခ်က္ (၂) ခုရွိပါတယ္။ တစ္ခုက အေရျပားေရာင္ရမ္းတာကို အျမန္ဆံုး ေလွ်ာ့ခ်ဖို႔ျဖစ္ၿပီး၊ ေနာက္တစ္ခုကေတာ့ အေရျပားအဖတ္ေတြ ထူၿပီး ကြာလာတာကို အျမန္ဆံုး ထိန္းႏိုင္ဖို႔ပါ။ ဒီအဖတ္ေတြ ရွိလာလွ်င္ ကုတ္ခ်င္ၿပီး မကုတ္ျဖစ္ေအာင္ ထိန္းရခက္လို႔ပါ။ ခုလိုကုသေပးရာမွာ သက္ဆိုင္ရာလူနာရဲ့ လူေနမႈပံုစံ၊ ေရာဂါအေျခအေန၊ တကိုယ္ေရ သန္႔ရွင္းေရးအေနအထား၊ အသက္အရြယ္ စတာေတြကို ေပါင္းၿခံဳစဥ္းစားၿပီး တဦးခ်င္းအလိုက္ ကုသပံု ခ်မွတ္ဖို႔ လုိပါတယ္။

ဒီေရာဂါက နာတာရွည္ေရာဂါျဖစ္ၿပီး အခ်ိန္အၾကာႀကီးကုရတာအျပင္၊ ေပ်ာက္ၿပီးခ်ိန္မွာ ျပန္လည္းျဖစ္တတ္တာမို႔ ျပန္ေကာင္းသြားခ်ိန္မွာေတာင္ ဆက္ထိန္းထားႏိုင္ဖို႔ ေဆးတခ်ဳိ ႔ ဆက္သံုးဖို႔ လိုေကာင္းလိုႏိုင္ပါတယ္။ ကုသမႈေပးရာမွာ လိမ္းေဆး၊ ေသာက္ေဆး၊ ထုိးေဆး၊ ေရာင္ျခည္ျပေဆး၊ ေလဆာ စသည္ျဖင့္ အမ်ိဳးမ်ိဳးရွိၿပီး လူနာ အေျခအေနအလိုက္ ဒီေဆးေတြကို တြဲဖက္ကုသေပးရတာလည္းရွိပါတယ္။

ကာကြယ္ေရးအတြက္ေတာ့ ဒီေရာဂါက တစ္ဦးကေန တစ္ဦးကို ထိေတြ႔ကူးစက္တာ မဟုတ္တာေၾကာင့္ ထူးထူးျခားျခား ကာကြယ္ႏိုင္တဲ့နည္း မရွိပါဘူး။ ဒါေပမဲ့ မ်ိဳးရိုးလိုက္တတ္တာေၾကာင့္ မိဘေတြ၊ ေဆြမ်ိဳးသားခ်င္းေတြမွာ ဒီေရာဂါရွိထားၿပီးျဖစ္လွ်င္ ထိခိုက္ဒဏ္ရာ မရေအာင္ေနတာ၊ ပြတ္တာ၊ ကုတ္တာ စတဲ့ ဆြေပးတာမ်ိဳး ေရွာင္ရွားဖို႔ လိုပါတယ္။

ဒီအေရးျပာေရာဂါအေၾကာင္း ပိုမုိသိရွိနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံက အေရးျပားအထူးကု ဆရာဝန္ႀကီး ေဒါက္တာစိုးဝင္းဦး ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

Source : ကိုဝင္းမင္း / ဗြီအိုေအ (ျမန္မာပုိင္း)

(Unicode Version)

အရေပြား အသားတက်မြန်တဲ့ ရောဂါ

မြန်မာနိုင်ငံမှာ ဆိုရီးရေးစစ် (Psoriasis) အရေပြားရောဂါက လူသိနည်းပေမဲ့၊ အဖြစ်များတဲ့ အရေပြားရောဂါထဲမှာ ပါနေပြီး၊ ကုသရ ခက်တာမို့ ကျွမ်းကျင်သူတွေနဲ့သာ ပြသ၊ ကုသသင့်တယ်လို့ အရေပြားကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

အရေပြား အသားတက်မြန်တဲ့ရောဂါက ပိုးတွေကြောင့် ကူးစက်တာမျိုး၊ ကင်ဆာလိုမျိုး မဟုတ်ဘဲ၊ ဖြစ်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံး တွေ့ရှိထားချက်အရတော့ သွေးဖြူဥတစ်မျိုး ပုံမှန်ထက် လှုပ်ရှားထကြွပြီး သွေးလှည့်ပတ်မှုနဲ့အတူ လိုက်ပါကာ အရေပြားနေရာမျိုးစုံမှာ ရောင်ရမ်းမှုဖြစ်စေပြီး၊ အရေပြားအောက်အလွှာအဆင့်ဆင့် ပုံမှန်ထက် အသားတက်မြန်စေတာကြောင့်၊ နီရဲကာ ထူထူအကွက်တွေပေါ်လာပြီး၊ အပေါ်မှာ အဖြူဖတ်တွေထပ်ပေါ်လာစေတာပါ။ ဒါပေမဲ့ ဘာကြောင့် ဒီသွေးဖြူဥ ထကြွလှုပ်ရှားရတာကိုတော့ အတိအကျ မသိသေးပါဘူး။ ဒီရောဂါက အစားအသောက်ကြောင့်ဖြစ်တာ မဟုတ်သလို အစားအသောက်ကြောင့် ပိုဆိုးတာ၊ ပိုသက်သာတာမျိုးလည်း မရှိပါဘူး။

ဒါပေမဲ့ ပိုဆိုးစေတဲ့ တခြားအကြောင်းတချို ့တော့ရှိပါတယ်။ နဂိုထဲက အရေပြားက ရောင်ရမ်းပြီး အထိမခံဖြစ်နေရတာမို့ ကုတ်မိတာ၊ ခြစ်မိတာ၊ ဖဲ့လိုက်တာ၊ အရည်ပြားပွန်းပဲ့ ထိခိုက်ဒဏ်ရာရတာနဲ့ နေလောင်တာတွေကြောင့် ဒီအကွက်တွေ ပိုများလာတတ်ပါတယ်။ ဒါ့အပြင် ဆောင်းတွင်လိုမျိုး အေးပြီး အသားပတ်တဲ့ ရာသီမှာလဲ ပိုဆိုးလာတတ်ပါတယ်။ အဓိက ကတော့ အရေပြားအခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ဒီရောဂါ ပိုကြွလာတဲ့သဘောပါ။

လည်ချောင်းနာတာ၊ လည်ချောင်းပိုးဝင်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေနဲ့ တချို ့သောက်ဆေးတွေကြောင့်လည်း အထက်မှာပြောခဲ့တဲ့ သွေးဖြူဥတွေ ပိုလှုပ်ရှားတက်ကြွလာပုံရတာကြောင့် ဒီ အနာကွက်တွေ ပိုဆိုးလာနိုင်ပါတယ်။ ဒီပိုဆိုးစေတဲ့ သောက်ဆေးတွေထဲမှာ ကော်တီစုန်း (Cortisone) လို့ခေါ်တဲ့ စတီးရွိုက် (Steroid) သောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ကလိုရိုကွင်း (Chloroquine) ဌက်ဖျားဆေးနဲ့ ပရိုပရန်နိုလော (Propranolol) လို သွေးကျဆေးတွေ ပါတာမို့ ဒီရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ကို ရောဂါရှိကြောင်း ကြိုပြောထားဖို့လိုပါတယ်။

ဒီ ဆိုရီရေးစစ် ရောဂါရဲ့ လက္ခဏာ ပုံစံကလည်း အမျိုးစုံရှိတတ်ပါတယ်။ အရေပြား အနီကွက်ထူထူတွေက တချို ့မှာ တစ်ကွက်၊ နှစ်ကွက် သာဖြစ်ပြီး၊ နည်းလွန်းတာကြောင့် ဖြစ်နေမှန်းတောင် မသိတာမျိုးကနေ၊ တချို ့မှာတော့ ဒီအနီကွက်တွေ ကြီးလာပြီး တကွက်နဲ့တကွက် ဆက်သွားကာ တကိုယ်လုံး ခေါင်းကနေခြေထောက်အထိ အနီကွက်တွေဖုံးသွားပြီး နေရထိုင်ရခက်အောင် အလွန်အကျွံဖြစ်တာမျိုးအထိ အမျိုးမျိုးရှိပါတယ်။ အဖြစ်အများဆုံးဖြစ်လေ့ရှိတဲ့ ပုံစံကတော့ အရေပြားမှာ အနီစက်တွေစပေါ်ပြီး ကြီးလာကာ အဖတ်တွေဆက်ပေါ်လာပြီး၊ ဒီအဖတ်တွေကို ခွာလိုက်ရင် သွေးစို့ကျန်ခဲ့ကာ ဒီအကွက်တွေက ထပ်ကြီးလာတာမျိုးပါ။ အဖြစ်အများဆုံးနေရာတွေကတော့ တံတောင်ဆစ်၊ ဒူး၊ လက်မောင်း၊ လက်ဖုဝါး၊ ခြေဖုဝါး၊ ဦးခေါင်း၊ ခြေသည်း၊ လက်သည်း၊ ကျော အောက်ပိုင်း စတဲ့ ပွတ်တိုက်မှုများတဲ့ နေရာတွေဖြစ်ပြီး၊ ခန္ဓာကိုယ် ဘယ်ညာ နှစ်ဖက်လုံးမှာ ညီညီမျှမျှ ဖြစ်တာများပါတယ်။ တချို ့မှာလည်း လက်သည်းမှာ အပေါက်သေးသေးလေးတွေအနေနဲ့တွေ့ရတာအပြင် လက်သည်းထူတာ၊ ကြမ်းတာ၊ ချောင်နေတာတွေမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်ဖြစ်နိုင်ပေမဲ့ အဖြစ်နည်းတဲ့ နေရာတွေကတော့ ဂျိုင်း၊ ရင်ဘတ်၊ ရင်သားအောက်၊ ပေါင်ခြံ၊ တင်ပါးကြား၊ လိင်အင်္ဂါ၊ ခြေလက်အကွေးကြား နေရာတွေဖြစ်ပြီး၊ ဒီနေရာတွေမှာ ဖြစ်လာရင်တော့ နဂိုထဲက ချွေးကြောင့် အနေရခက်တာမို့ ပူပြီးစပ်ပြီး ပိုနေရထိုင်ရ ခက်စေနိုင်ပါတယ်။ ကလေးတွေမှာလည်း အထူးသဖြင့် လည်ချောင်းနာပြီး လည်ချောင်းနာပိုးကြောင့် အထက်ပါ သွေးဖြူဥတစ်မျိုး ပိုထကြွလှုပ်ရှားလာပုံရကာ အရေပြားအနီစက်ငယ်လေးတွေ မိုးစက်တွေလို အများအပြားပေါ်လာနိုင်ပေမယ့် လည်ချောင်းနာသက်သာသွားချိန်မှာ ဒီအနီစက်တွေလည်း အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒီရောဂါဖြစ်သူတွေရဲ့ ၃၀% ခန့်မှာ အဆစ်နာတာတွေဖြစ်တတ်ပြီး အထူးသဖြင့် လက်ဆစ်၊ ခြေဆစ်လို အဆစ်ငယ်တွေမှာ အဖြစ်များကာ၊ ခါးလို အဆစ်ကြီးတွေမှာ နာတာနည်းပြီး၊ အရေပြားအနာတွေ ပြင်းထန်လျှင် အဆစ်တွေပိုနာကာ၊ အရေပြားအနာ သက်သာလာလျှင်လည်း အဆစ်နာတာ သက်သာသွားလေ့ရှိပါတယ်။

အခုလို ရောဂါဖြစ်တဲ့ လက္ခဏာပုံစံ အမျိုးမျိုးရှိနေတာကြောင့် ဒီရောဂါဖြစ်တာ သေချာအောင် အရေပြားဆရာဝန်ပြပြီး ရောဂါအဆုံးအဖြတ်ယူသင့်ပါတယ်။ အရေပြားဆရာဝန်တွေအနေနဲ့ ပုံမှန်အားဖြင့် အထက်ပါလက္ခဏာတွေကို ကြည့်ပြီး ရောဂါကို ခွဲခြားသိနိုင်သလို၊ လိုအပ်လျှင်လည်း အသားစငယ်ယူပြီး ဓာတ်ခွဲခန်းမှာစစ်ဆေး ဆုံးဖြတ်ပေးနိုင်ပါတယ်။

ကုသရာမှာတော့ အဓိက ရည်ရွယ်ချက် (၂) ခုရှိပါတယ်။ တစ်ခုက အရေပြားရောင်ရမ်းတာကို အမြန်ဆုံး လျှော့ချဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အရေပြားအဖတ်တွေ ထူပြီး ကွာလာတာကို အမြန်ဆုံး ထိန်းနိုင်ဖို့ပါ။ ဒီအဖတ်တွေ ရှိလာလျှင် ကုတ်ချင်ပြီး မကုတ်ဖြစ်အောင် ထိန်းရခက်လို့ပါ။ ခုလိုကုသပေးရာမှာ သက်ဆိုင်ရာလူနာရဲ့ လူနေမှုပုံစံ၊ ရောဂါအခြေအနေ၊ တကိုယ်ရေ သန့်ရှင်းရေးအနေအထား၊ အသက်အရွယ် စတာတွေကို ပေါင်းခြုံစဉ်းစားပြီး တဦးချင်းအလိုက် ကုသပုံ ချမှတ်ဖို့ လိုပါတယ်။

ဒီရောဂါက နာတာရှည်ရောဂါဖြစ်ပြီး အချိန်အကြာကြီးကုရတာအပြင်၊ ပျောက်ပြီးချိန်မှာ ပြန်လည်းဖြစ်တတ်တာမို့ ပြန်ကောင်းသွားချိန်မှာတောင် ဆက်ထိန်းထားနိုင်ဖို့ ဆေးတချို ့ ဆက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ကုသမှုပေးရာမှာ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ ရောင်ခြည်ပြဆေး၊ လေဆာ စသည်ဖြင့် အမျိုးမျိုးရှိပြီး လူနာ အခြေအနေအလိုက် ဒီဆေးတွေကို တွဲဖက်ကုသပေးရတာလည်းရှိပါတယ်။

ကာကွယ်ရေးအတွက်တော့ ဒီရောဂါက တစ်ဦးကနေ တစ်ဦးကို ထိတွေ့ကူးစက်တာ မဟုတ်တာကြောင့် ထူးထူးခြားခြား ကာကွယ်နိုင်တဲ့နည်း မရှိပါဘူး။ ဒါပေမဲ့ မျိုးရိုးလိုက်တတ်တာကြောင့် မိဘတွေ၊ ဆွေမျိုးသားချင်းတွေမှာ ဒီရောဂါရှိထားပြီးဖြစ်လျှင် ထိခိုက်ဒဏ်ရာ မရအောင်နေတာ၊ ပွတ်တာ၊ ကုတ်တာ စတဲ့ ဆွပေးတာမျိုး ရှောင်ရှားဖို့ လိုပါတယ်။

ဒီအရေးပြာရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Source : ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)