ေရေႏြးေသာက္ျခင္း၏ ေကာင္းက်ိဳး

ေရေႏြးေသာက္တဲ့အက်င့္
လူေတာ္ေတာ္ မ်ားမ်ားမွာ အယူအဆ မွားေနတာ ေလးေတြ ရွိတတ္ ၾကပါတယ္။ ဥပမာ- မနက္ ေစာေစာ အိပ္ရာထ တာနဲ႔ စိတ္အာ႐ံု လန္းဆန္းေအာင္ ေကာ္ဖီပူပူ၊ လက္ဖက္ရည္ ပူပူေလးေတြ ေသာက္ခ်င္ ၾကတာ မ်ဳိးေပါ့။ က်န္းမာေရးနဲ႔ သင့္ေတာ္တဲ့ ေရက်ေတာ့ ဘယ္သူမွ သိပ္မေသာက္ခ်င္ ၾကဘူး။ ေသာက္ရင္လဲ ႐ုိး႐ိုးေရ မဟုတ္ဘဲ ေရခဲေရမွ ေသာက္ခ်င္သူ ေတြကလဲ အမ်ားသားလား။ ေအးမွ ေသာက္ခ်င္တာ လူ႕သဘာဝပါ။ ငယ္စဥ္ကာလ ကေလးဘဝ ကတည္းက ေရေအး တိုက္ခဲ့ၾကတဲ့ လူႀကီးေတြရဲ႕ အျပစ္လဲ ပါလိမ့္မယ္။ အသက္ႀကီး လာျပန္ေတာ့လဲ ေရဆိုေအးမွ ေသာက္တဲ့ အက်င့္ရလာ ပါတယ္။ ဒီလိုဆိုရင္ ေရေအး ေသာက္တာ မေကာင္းဘူးလား၊ က်န္းမာေရး ဆိုးက်ိဳး ရွိလို႔လား၊ ေရပူနဲ႔ ေရေအး ဘာကြာ ျခားလဲ ေမးစရာ ရွိပါတယ္။ အေပၚယံ ၾကည့္ရင္ေတာ့ ေရတိုင္း နီးပါး အတူတူ ပါပဲ။ ေရရဲ႕ အဓိက အာနိသင္က ဆဲလ္ေတြရဲ႕ သယ္ယူ ပို႕ေဆာင္မႈ၊ လုပ္ငန္း ေဆာင္တာေတြ ေကာင္းမြန္ ေစဖို႕သာ ျဖစ္တယ္။ ေရမွာ စြမ္းအင္၊ အာဟာရဓာတ္ မည္မည္ရရ မပါဝင္ ေပမယ့္ သတၱဳဓာတ္ ေတြေတာ့ ပါဝင္တတ္ ၾကတယ္။

ေရ အရင္းအျမစ္ ေပၚလိုက္ၿပီး သတၱဳဓာတ္ (သံဓာတ္၊ ကယ္လ္စီယမ္ နဲ႕ မဂၢနီစီယမ္) ပါဝင္မႈ ေျပာင္းလဲ ႏိုင္ပါတယ္။ ဒါလဲ အဓိကေတာ့ သိပ္မက်ပါ။ ေရရဲ႕ အပူဓာတ္၊ အေအးဓာတ္ သဘာဝေပၚ အေျခခံၿပီး က်န္းမာေရး အက်ဳိး ရလဒ္ေတြ ေျပာင္းလဲ သြားတယ္။
ေရကို အပူေပးတဲ့ အခါ အထဲမွာ ပါတဲ့ ေရာဂါ ပိုးမႊားေတြ ကင္းစင္ သြားတယ္။ ေရေႏြးရဲ႕ အာနိသင္ေၾကာင့္ ခႏၶာကိုယ္ အပူခ်ိန္ ျမႇင့္တက္ လာေစတယ္။ ေသြး လည္ပတ္မႈ အားေကာင္းၿပီး ေခြၽးထြက္မ်ား လာတယ္။ အဆိပ္ အေတာက္၊ ပိုးမႊားေတြ က အေရျပား ကေန ေခြၽးနဲ႔အတူ အျပင္ထြက္ သြားတယ္။ ဒါ့ျပင္ ဆဲလ္ေတြရဲ႕ ဇီဝ ျဖစ္ပ်က္မႈ ျမန္ဆန္ ေစၿပီး အဆီပိုေတြ ေလာင္ကြၽမ္း ေစတယ္။ ၾကြက္သား ေတြကို ေျပေလ်ာ့ေစၿပီး အာ႐ုံေၾကာ ေတြကို ႏိႈးဆြ ေပးတယ္။

အသက္႐ွဴ လမ္းေၾကာင္း ဆိုင္ရာ ကူးစက္ေရာဂါ ေတြမွာ ေရေႏြးက ပို အသံုးဝင္တယ္။ အေအးမိ၊ ႏွာေစး၊ လည္ေခ်ာင္းနာ၊ ေခ်ာင္းဆိုး၊ အသံဝင္ျခင္း အတြက္ ေရေႏြးရဲ႕ အာနိသင္က ထိေရာက္တယ္။ သလိပ္ေပ်ာ္ ေစၿပီး ခြၽဲထြက္ ေစတယ္။ ႏွာေခါင္း ပိတ္ျခင္းကို သက္သာ ေစတယ္။ အသက္႐ွဴ လမ္းေၾကာင္းကို ရွင္းလင္း ေစတယ္။ အဖ်ားေရာဂါ ေတြမွာ ေရေႏြးက ေရေအးထက္ ပိုေကာင္းတယ္။ ဗမာေဆးေတြ ေသာက္တ့ဲ အခါ ေရေႏြးနဲ႔ ေသာက္ခိုင္းတာ ဒီအာနိသင္ကို ရရွိေစဖို႔ ျဖစ္တယ္။ သို႕ေသာ္ အဂၤလိပ္ေဆး ေတြမွာေတာ့ ေရေႏြးနဲ႔ မေသာက္ဘဲ ႐ိုး႐ိုးေရေအး နဲ႔သာ ေသာက္ေပး သင့္တယ္။ အပူက ေဆးရဲ႕ အာနိသင္ကို ေျပာင္းလဲ ေစတယ္။ ဒါ့ျပင္ ဆရာဝန္ ၫႊန္ၾကားခ်က္ မရွိဘဲ ေကာ္ဖီ၊ လက္ဖက္ရည္၊ အခ်ဳိရည္ စတာေတြနဲ႔ တြဲေသာက္ တာမ်ဳိးကုိ ေရွာင္ၾကဥ္ သင့္တယ္။
အသက္ရွည္ သူေတြကို ေလ့လာၾကည့္ တဲ့အခါမွာလဲ အမ်ားစုဟာ ေရေအး မေသာက္ဘဲ ေရေႏြး ကိုသာ စြဲစြဲၿမဲၿမဲ ေသာက္ၾကတာ ေတြ႕ရ ပါတယ္။ သီအိုရီအရ အစာစားၿပီး ေရေအး ေသာက္တဲ့ အခါ အစားအေသာက္ နဲ႔ပါလာတဲ့ အဆီေလး ေတြကို ခဲသြားေစတယ္။ အဲဒီ အဆီခဲ ေလးေတြဟာ အူနံရံမွာ တြယ္ကပ္တဲ့ အခါ အူလမ္းေၾကာင္း ကင္ဆာကို ျဖစ္ေပၚ ေစတယ္။ မနက္ေစာေစာ အိပ္ရာထမွာ ေရေႏြးေသာက္ ေပးျခင္းျဖင့္ အထက္ပါ ဆိုးက်ဳိးေတြကို ကာကြယ္ ႏိုင္တယ္လို႔ ဆိုတယ္။
ေလ့လာမႈေတြ အရ မနက္ အိပ္ရာထမွာ ႐ိုး႐ိုးေရေႏြး (လက္ဖက္ ေျခာက္မပါ) ေသာက္ျခင္းက က်န္းမာေရး အတြက္ အထူး ေကာင္းမြန္တာ ေတြ႕ရတယ္။ အစာအိမ္ကို စတင္ ႏိႈးဆြေပးၿပီး အူ လမ္းေၾကာင္းကုိ အသက္ဝင္ ေစတယ္။ တစ္ေန႕တာ အစာေျခဖုိ႕ အတြက္ အေျခခံေကာင္း တစ္ခု ျဖစ္တယ္လို႕ ယူဆ ၾကတယ္။ အူလႈပ္ရွားမႈ ကိုျဖစ္ေစၿပီး အစာေျခ စနစ္ကို အားေပးလို႕ ဝမ္းခ်ဳပ္ျခင္းကို ကာကြယ္ၿပီး ျဖစ္တယ္။ တခ်ဳိ႕က လဲ အာနိသင္ ပိုေကာင္းေအာင္ ပိုလီဖီေနာ ( Polyphenol ) ၾကြယ္ဝတဲ့ ေရွာက္သီးကို မနက္ေစာေစာ အိပ္ရာထမွာ ေရေႏြးထဲ စိမ္ၿပီး ေသာက္ၾကတယ္။ ေရွာက္သီးရဲ႕ အာနိသင္ေၾကာင့္ အနံ႔၊ အရသာ ေကာင္းမြန္တဲ့ ေရေႏြးကို ျဖစ္ေပၚ ေစတယ္။ ပိုေကာင္းတာက ေရွာက္သီးမွာ ပါဝင္တဲ့ ပက္တင္ (Pectin ) အမွ်င္ဓာတ္ က ဝမ္းမွန္ေစတယ္။ အူလမ္းေၾကာင္း မွာရွိတဲ့ အစာေဟာင္း ေတြကို စြန္႕ထုတ္ ေပးတယ္။ အဆီပို ေတြကိုလဲ က်ဆင္း ေစတယ္။

တခ်ဳိ႕ကလဲ ေရွာက္သီး ေနရာမွာ သံပရာသီးကုိ သံုးတယ္။ အလ်ဥ္း သင့္လို႔ ေဖာ္ျပရရင္ သံပရာသီး နဲ႔ ေရွာက္သီးမွာ ကြာျခားခ်က္ ေလးေတြ ရွိတယ္။ ပံုစံကို ၾကည့္ရင္ ေယဘုယ် ခြဲႏိုင္တယ္။ သံပရာသီးက အလံုးေသးၿပီး ဝုိင္းတယ္။ အေရာင္က အစိမ္းေရာင္ ရွိတယ္။ ေရွာက္သီး ကေတာ့ ဘဲဥပံုျဖစ္ၿပီး အဝါေရာင္ ျဖစ္တယ္။ ဒီထဲမွာ သံပရာသီးက ပိုခ်ဥ္ၿပီး အက္စစ္ဓာတ္ ကဲတယ္။ ေရွာက္သီး ကေတာ့ နည္းနည္း ပိုခါးတယ္။ ဒါေပမဲ့ ရင့္မွည့္လာရင္ ပိုဝါၿပီး ခ်ဳိလာတယ္။ ေရထဲကို စိမ္ၾကည့္ရင္ သိပ္သည္းဆ ပိုမ်ားတဲ့ သံပရာသီးက ေအာက္ကို နစ္ျမဳပ္ သြားမယ္။ သိပ္သည္းဆ သိပ္မမ်ားတဲ့ ေရွာက္သီး ကေတာ့ ေရေပၚမွာ ေပါေလာေပၚ ေနတာ ေတြ႕ရတယ္။ ဒါက သံပရာသီးလား၊ ေရွာက္သီးလား အလြယ္ကူဆံုး ခြဲျခားတဲ့နည္း ျဖစ္ပါတယ္။ ေရေႏြး ေသာက္တဲ့အခါ ေရွာက္သီး (သို႔မဟုတ္) သံပရာသီး တစ္ညလံုး စိမ္ထားၿပီးသား ေရေႏြး ထက္ ေလာေလာ လတ္လတ္ စိမ္ထားတဲ့ ေရေႏြး ခပ္ပူပူကို ပိုေသာက္ သင့္တယ္။ ေသာက္တဲ့အခါ အေငြ႕ တေထာင္းေထာင္း ထေနတဲ့ ေရေႏြးထက္ အသင့္အတင့္ ပူတဲ့ ေရေႏြးမ်ဳိးက ပါးစပ္၊ အစာမ်ဳိျပြန္ နဲ႔ အစာအိမ္ လမ္းေၾကာင္း ထိခိုက္မႈကို ကာကြယ္ရာ ေရာက္တယ္။
ေရေသာက္တဲ့ အခါ တစ္ထိုင္တည္းနဲ႕ အမ်ားႀကီး ကုန္ေအာင္ ေသာက္တာမ်ဳိးလဲ မလုပ္အပ္ဘူး။ ပ်ဳိ႕ခ်င္၊ အန္ခ်င္၊ ရင္ျပည့္ ရင္ကယ္ ျဖစ္ေစတယ္။ အစာခံၿပီး ဆီးသြားမ်ား ေစတယ္။ ပိန္ခ်င္သူ ေတြက်ေတာ့ ဒီအခ်က္ကို သုံးတယ္။ တခ်ဳိ႕က မစားခင္ နာရီဝက္ ေရႀကိဳ ေသာက္ၿပီး ဗိုက္တင္း ေစတယ္။ လူနာေတြ ထဲမွာ မနက္စာ လံုးဝ မစားဘဲ ေရေႏြး တစ္ခြက္ ေသာက္ၿပီး ငွက္ေပ်ာသီး တစ္လံုးနဲ႕ သိဒၶိၿပီးသူ တကယ္ရွိ ပါတယ္။ အံ့ၾသစရာ အခ်က္က ႏွစ္လ၊ သံုးလေလာက္ ၾကာတဲ့အခါ တကယ္ အဆီက် လာတယ္။ ေသာက္စမွာ မလြယ္ကူ ေပမယ့္ မၾကာခင္ အဆင္ေျပ လာပါတယ္။ ဒါေၾကာင့္ ပိန္ခ်င္သူ၊ က်န္းမာခ်င္သူ မည္သူမဆို မနက္ အိပ္ရာထ ေရေႏြး တစ္ခြက္နဲ႕ စတဲ့အက်င့္ လုပ္ေဆာင္ ၾကည့္ဖို႕ တိုက္တြန္း ႏိႈးေဆာ္ခ်င္ ပါတယ္။

ေဒါက္တာ ေအးမင္းထူး
Source : Myawady Health

Unicode Version
ရေနွေးသောက်တဲ့အကျင့်
လူတော်တော် များများမှာ အယူအဆ မှားနေတာ လေးတွေ ရှိတတ် ကြပါတယ်။ ဥပမာ- မနက် စောစော အိပ်ရာထ တာနဲ့ စိတ်အာရုံ လန်းဆန်းအောင် ကော်ဖီပူပူ၊ လက်ဖက်ရည် ပူပူလေးတွေ သောက်ချင် ကြတာ မျိုးပေါ့။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ရေကျတော့ ဘယ်သူမှ သိပ်မသောက်ချင် ကြဘူး။ သောက်ရင်လဲ ရိုးရိုးရေ မဟုတ်ဘဲ ရေခဲရေမှ သောက်ချင်သူ တွေကလဲ အများသားလား။ အေးမှ သောက်ချင်တာ လူ့သဘာဝပါ။ ငယ်စဉ်ကာလ ကလေးဘဝ ကတည်းက ရေအေး တိုက်ခဲ့ကြတဲ့ လူကြီးတွေရဲ့ အပြစ်လဲ ပါလိမ့်မယ်။ အသက်ကြီး လာပြန်တော့လဲ ရေဆိုအေးမှ သောက်တဲ့ အကျင့်ရလာ ပါတယ်။ ဒီလိုဆိုရင် ရေအေး သောက်တာ မကောင်းဘူးလား၊ ကျန်းမာရေး ဆိုးကျိုး ရှိလို့လား၊ ရေပူနဲ့ ရေအေး ဘာကွာ ခြားလဲ မေးစရာ ရှိပါတယ်။ အပေါ်ယံ ကြည့်ရင်တော့ ရေတိုင်း နီးပါး အတူတူ ပါပဲ။ ရေရဲ့ အဓိက အာနိသင်က ဆဲလ်တွေရဲ့ သယ်ယူ ပို့ဆောင်မှု၊ လုပ်ငန်း ဆောင်တာတွေ ကောင်းမွန် စေဖို့သာ ဖြစ်တယ်။ ရေမှာ စွမ်းအင်၊ အာဟာရဓာတ် မည်မည်ရရ မပါဝင် ပေမယ့် သတ္တုဓာတ် တွေတော့ ပါဝင်တတ် ကြတယ်။

ရေ အရင်းအမြစ် ပေါ်လိုက်ပြီး သတ္တုဓာတ် (သံဓာတ်၊ ကယ်လ်စီယမ် နဲ့ မဂ္ဂနီစီယမ်) ပါဝင်မှု ပြောင်းလဲ နိုင်ပါတယ်။ ဒါလဲ အဓိကတော့ သိပ်မကျပါ။ ရေရဲ့ အပူဓာတ်၊ အအေးဓာတ် သဘာဝပေါ် အခြေခံပြီး ကျန်းမာရေး အကျိုး ရလဒ်တွေ ပြောင်းလဲ သွားတယ်။
ရေကို အပူပေးတဲ့ အခါ အထဲမှာ ပါတဲ့ ရောဂါ ပိုးမွှားတွေ ကင်းစင် သွားတယ်။ ရေနွေးရဲ့ အာနိသင်ကြောင့် ခန္ဓာကိုယ် အပူချိန် မြှင့်တက် လာစေတယ်။ သွေး လည်ပတ်မှု အားကောင်းပြီး ချွေးထွက်များ လာတယ်။ အဆိပ် အတောက်၊ ပိုးမွှားတွေ က အရေပြား ကနေ ချွေးနဲ့အတူ အပြင်ထွက် သွားတယ်။ ဒါ့ပြင် ဆဲလ်တွေရဲ့ ဇီဝ ဖြစ်ပျက်မှု မြန်ဆန် စေပြီး အဆီပိုတွေ လောင်ကျွမ်း စေတယ်။ ကြွက်သား တွေကို ပြေလျော့စေပြီး အာရုံကြော တွေကို နှိုးဆွ ပေးတယ်။

အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ တွေမှာ ရေနွေးက ပို အသုံးဝင်တယ်။ အအေးမိ၊ နှာစေး၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ အသံဝင်ခြင်း အတွက် ရေနွေးရဲ့ အာနိသင်က ထိရောက်တယ်။ သလိပ်ပျော် စေပြီး ချွဲထွက် စေတယ်။ နှာခေါင်း ပိတ်ခြင်းကို သက်သာ စေတယ်။ အသက်ရှူ လမ်းကြောင်းကို ရှင်းလင်း စေတယ်။ အဖျားရောဂါ တွေမှာ ရေနွေးက ရေအေးထက် ပိုကောင်းတယ်။ ဗမာဆေးတွေ သောက်တဲ့ အခါ ရေနွေးနဲ့ သောက်ခိုင်းတာ ဒီအာနိသင်ကို ရရှိစေဖို့ ဖြစ်တယ်။ သို့သော် အင်္ဂလိပ်ဆေး တွေမှာတော့ ရေနွေးနဲ့ မသောက်ဘဲ ရိုးရိုးရေအေး နဲ့သာ သောက်ပေး သင့်တယ်။ အပူက ဆေးရဲ့ အာနိသင်ကို ပြောင်းလဲ စေတယ်။ ဒါ့ပြင် ဆရာဝန် ညွှန်ကြားချက် မရှိဘဲ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် စတာတွေနဲ့ တွဲသောက် တာမျိုးကို ရှောင်ကြဉ် သင့်တယ်။
အသက်ရှည် သူတွေကို လေ့လာကြည့် တဲ့အခါမှာလဲ အများစုဟာ ရေအေး မသောက်ဘဲ ရေနွေး ကိုသာ စွဲစွဲမြဲမြဲ သောက်ကြတာ တွေ့ရ ပါတယ်။ သီအိုရီအရ အစာစားပြီး ရေအေး သောက်တဲ့ အခါ အစားအသောက် နဲ့ပါလာတဲ့ အဆီလေး တွေကို ခဲသွားစေတယ်။ အဲဒီ အဆီခဲ လေးတွေဟာ အူနံရံမှာ တွယ်ကပ်တဲ့ အခါ အူလမ်းကြောင်း ကင်ဆာကို ဖြစ်ပေါ် စေတယ်။ မနက်စောစော အိပ်ရာထမှာ ရေနွေးသောက် ပေးခြင်းဖြင့် အထက်ပါ ဆိုးကျိုးတွေကို ကာကွယ် နိုင်တယ်လို့ ဆိုတယ်။
လေ့လာမှုတွေ အရ မနက် အိပ်ရာထမှာ ရိုးရိုးရေနွေး (လက်ဖက် ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေး အတွက် အထူး ကောင်းမွန်တာ တွေ့ရတယ်။ အစာအိမ်ကို စတင် နှိုးဆွပေးပြီး အူ လမ်းကြောင်းကို အသက်ဝင် စေတယ်။ တစ်နေ့တာ အစာခြေဖို့ အတွက် အခြေခံကောင်း တစ်ခု ဖြစ်တယ်လို့ ယူဆ ကြတယ်။ အူလှုပ်ရှားမှု ကိုဖြစ်စေပြီး အစာခြေ စနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့က လဲ အာနိသင် ပိုကောင်းအောင် ပိုလီဖီနော ( Polyphenol ) ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲ စိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊ အရသာ ကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ် စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာ ပါဝင်တဲ့ ပက်တင် (Pectin ) အမျှင်ဓာတ် က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်း မှာရှိတဲ့ အစာဟောင်း တွေကို စွန့်ထုတ် ပေးတယ်။ အဆီပို တွေကိုလဲ ကျဆင်း စေတယ်။

တချို့ကလဲ ရှောက်သီး နေရာမှာ သံပရာသီးကို သုံးတယ်။ အလျဉ်း သင့်လို့ ဖော်ပြရရင် သံပရာသီး နဲ့ ရှောက်သီးမှာ ကွာခြားချက် လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျ ခွဲနိုင်တယ်။ သံပရာသီးက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီး ကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပရာသီးက ပိုချဉ်ပြီး အက်စစ်ဓာတ် ကဲတယ်။ ရှောက်သီး ကတော့ နည်းနည်း ပိုခါးတယ်။ ဒါပေမဲ့ ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆ ပိုများတဲ့ သံပရာသီးက အောက်ကို နစ်မြုပ် သွားမယ်။ သိပ်သည်းဆ သိပ်မများတဲ့ ရှောက်သီး ကတော့ ရေပေါ်မှာ ပေါလောပေါ် နေတာ တွေ့ရတယ်။ ဒါက သံပရာသီးလား၊ ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေး သောက်တဲ့အခါ ရှောက်သီး (သို့မဟုတ်) သံပရာသီး တစ်ညလုံး စိမ်ထားပြီးသား ရေနွေး ထက် လောလော လတ်လတ် စိမ်ထားတဲ့ ရေနွေး ခပ်ပူပူကို ပိုသောက် သင့်တယ်။ သောက်တဲ့အခါ အငွေ့ တထောင်းထောင်း ထနေတဲ့ ရေနွေးထက် အသင့်အတင့် ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊ အစာမျိုပြွန် နဲ့ အစာအိမ် လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာ ရောက်တယ်။
ရေသောက်တဲ့ အခါ တစ်ထိုင်တည်းနဲ့ အများကြီး ကုန်အောင် သောက်တာမျိုးလဲ မလုပ်အပ်ဘူး။ ပျို့ချင်၊ အန်ချင်၊ ရင်ပြည့် ရင်ကယ် ဖြစ်စေတယ်။ အစာခံပြီး ဆီးသွားများ စေတယ်။ ပိန်ချင်သူ တွေကျတော့ ဒီအချက်ကို သုံးတယ်။ တချို့က မစားခင် နာရီဝက် ရေကြို သောက်ပြီး ဗိုက်တင်း စေတယ်။ လူနာတွေ ထဲမှာ မနက်စာ လုံးဝ မစားဘဲ ရေနွေး တစ်ခွက် သောက်ပြီး ငှက်ပျောသီး တစ်လုံးနဲ့ သိဒ္ဓိပြီးသူ တကယ်ရှိ ပါတယ်။ အံ့သြစရာ အချက်က နှစ်လ၊ သုံးလလောက် ကြာတဲ့အခါ တကယ် အဆီကျ လာတယ်။ သောက်စမှာ မလွယ်ကူ ပေမယ့် မကြာခင် အဆင်ပြေ လာပါတယ်။ ဒါကြောင့် ပိန်ချင်သူ၊ ကျန်းမာချင်သူ မည်သူမဆို မနက် အိပ်ရာထ ရေနွေး တစ်ခွက်နဲ့ စတဲ့အကျင့် လုပ်ဆောင် ကြည့်ဖို့ တိုက်တွန်း နှိုးဆော်ချင် ပါတယ်။

ဒေါက်တာ အေးမင်းထူး
Source : Myawady Health