လင္မယားခ်င္း စကားမ်ားရာမွ ဇနီးျဖစ္သူ ႏွင့္ ရပ္ကြက္ ဆယ္အိမ္မႉး အရိုက္ခံရ၍ ေသဆုံး

သာစည္ၿမိဳ႕နယ္ ယင္းမာပင္ေက်းရြာ၌ ၂၀၁၈ မတ္ ၉ရက္ နံနက္ ၄နာရီအခ်ိန္ခန္႔တြင္ အရက္ေၾကာင္၍ စကားမ်ားရာမွ သံတုတ္ျဖင့္ ရိုက္ႏွက္ျခင္းေၾကာင့္ ဇနီးျဖစ္သူႏွင့္ ျဖန္ေျဖရန္လာသူ အိမ္နီးခ်င္းတစ္ဦးပါ ႏွစ္ဦးစလုံးေသဆုံးမႈျဖစ္ပြားခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ သာစည္ၿမိဳ႕နယ္ ယင္းမာပင္ေက်းရြာ ေပသုံဆယ္ရပ္ကြက္ေန ေဒၚစိန္ၿမိဳင္ (၄၁) ႏွစ္ ေနအိမ္တြင္ ၄င္း၏ ခင္ပြန္းျဖစ္သူ ကိုထြန္းဝင္း (ခ)ကိုထြန္း (၄၀) ႏွစ္သည္ အရက္ေသစာ မူးယစ္၍ အရက္ေၾကာင္ၿပီး လင္မယားခ်င္း စကားမ်ား၍ အနီးရွိလုံးပါတ္ (၅) မူးလုံး အရွည္ (၂) ေပ (၅) လက္မခန္႔ရွိေသာ သံတုတ္ျဖင့္ရိုက္ခ့ဲရာ ေဒၚစိန္ၿမိဳင္တြင္ ဝဲဘက္ဂ်ိဳေစာင္း ေပါက္ၿပဲဒဏ္ရာ ဝဲပါး ညိုမဲဒဏ္ရာမ်ားျဖင့္ေနအိမ္ ေအာက္တြင္ ေသဆုံးသြားခဲ့သည္။

္၄င္းတို႔လင္မယား ရန္ျဖစ္စကားမ်ား သံၾကား၍ အိမ္နီးခ်င္းျဖစ္သူ ဦးဖိုးနႈတ္ (၄၂) ႏွစ္မွ ျဖန္ေျဖေပးရန္ ထြက္ခြာလာရာ ကိုထြန္းဝင္းႏွင့္ ၄င္း၏ ေနအိမ္အေပါက္တြင္ ေတြ႕ရွိရၿပီး ကိုထြန္းဝင္းမွ ၄င္း၏ လက္ထဲတြင္ အသင့္ပါလာေသာ သံတုတ္ျဖင့္ ဦးဖိုးႏႈတ္အား ထပ္မံရိုက္ခ့ဲရာ ဦးဖိုးႏႈတ္တြင္ ဦးေခါင္းေနာက္ေစ့ ေပါက္ၿပဲဒဏ္ရာ ေမးေစ့ေပါက္ၿပဲဒဏ္ရာမ်ားျဖင့္ လမ္းတြင္ေသဆုံး ခ့ဲေၾကာင္း မႈခင္းမွတ္တမ္းအရ သိရသည္။

ေဒၚစိန္ျမိဳင္ႏွင့္ ဦးဖိုးႏႈတ္တို႔အား အသက္ေသဆုံးေအာင္ ႐ိုက္ႏွက္ခ့ဲသူ ကိုထြန္းဝင္း(ခ) ကိုထြန္းအား ယင္းမာပင္နယ္ေျမ ရဲစခန္းမွ ဖမ္းဆီး အေရးယူေဆာင္ရြက္ထားေၾကာင္း သိရွိရသည္။

ဘိုဘို(မလိႈင္)

Source : Myanmaalinn

ဓါတ္ပုံ – ကရုဏာရွင္ ယင္းမာပင္ သာစည္

(Unicode Version)

လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ နှင့် ရပ်ကွက် ဆယ်အိမ်မှူး အရိုက်ခံရ၍ သေဆုံး

သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ၌ ၂၀၁၈ မတ် ၉ရက် နံနက် ၄နာရီအချိန်ခန့်တွင် အရက်ကြောင်၍ စကားများရာမှ သံတုတ်ဖြင့် ရိုက်နှက်ခြင်းကြောင့် ဇနီးဖြစ်သူနှင့် ဖြန်ဖြေရန်လာသူ အိမ်နီးချင်းတစ်ဦးပါ နှစ်ဦးစလုံးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သာစည်မြို့နယ် ယင်းမာပင်ကျေးရွာ ပေသုံဆယ်ရပ်ကွက်နေ ဒေါ်စိန်မြိုင် (၄၁) နှစ် နေအိမ်တွင် ၄င်း၏ ခင်ပွန်းဖြစ်သူ ကိုထွန်းဝင်း (ခ)ကိုထွန်း (၄၀) နှစ်သည် အရက်သေစာ မူးယစ်၍ အရက်ကြောင်ပြီး လင်မယားချင်း စကားများ၍ အနီးရှိလုံးပါတ် (၅) မူးလုံး အရှည် (၂) ပေ (၅) လက်မခန့်ရှိသော သံတုတ်ဖြင့်ရိုက်ခဲ့ရာ ဒေါ်စိန်မြိုင်တွင် ဝဲဘက်ဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ဝဲပါး ညိုမဲဒဏ်ရာများဖြင့်နေအိမ် အောက်တွင် သေဆုံးသွားခဲ့သည်။

်၄င်းတို့လင်မယား ရန်ဖြစ်စကားများ သံကြား၍ အိမ်နီးချင်းဖြစ်သူ ဦးဖိုးနှုတ် (၄၂) နှစ်မှ ဖြန်ဖြေပေးရန် ထွက်ခွာလာရာ ကိုထွန်းဝင်းနှင့် ၄င်း၏ နေအိမ်အပေါက်တွင် တွေ့ရှိရပြီး ကိုထွန်းဝင်းမှ ၄င်း၏ လက်ထဲတွင် အသင့်ပါလာသော သံတုတ်ဖြင့် ဦးဖိုးနှုတ်အား ထပ်မံရိုက်ခဲ့ရာ ဦးဖိုးနှုတ်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ မေးစေ့ပေါက်ပြဲဒဏ်ရာများဖြင့် လမ်းတွင်သေဆုံး ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ဒေါ်စိန်မြိုင်နှင့် ဦးဖိုးနှုတ်တို့အား အသက်သေဆုံးအောင် ရိုက်နှက်ခဲ့သူ ကိုထွန်းဝင်း(ခ) ကိုထွန်းအား ယင်းမာပင်နယ်မြေ ရဲစခန်းမှ ဖမ်းဆီး အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

ဘိုဘို(မလှိုင်)

Source : Myanmaalinn