မည္သူက အသိအမွတ္ျပဳျပဳ မျပဳျပဳ ကြ်န္ေတာ္တို႔ လုပ္ကို လုပ္ရမည္ဟု မွတ္ယူထားတယ္

အထက-၁ စမ္းေခ်ာင္း ခံုအမွတ္ ဆစခ-၁၁၈၁ ေက်ာင္းသူေလး မအိမ့္ျဖဴဇင္ ေရေၾကာက္ အနာေတြေပါက္လို႔ စာေမးပြဲကိုယ္တိုင္ မေျဖဆိုႏိုင္ေတာ့ဘူး။ ကိုယ္စားေျဖေပးဖို႔ အေရးေပၚ ျဖစ္လာတယ္ ကိုယ္စား ေျဖေပးမဲ႔ နဝမတန္းေက်ာင္းသူ မေအးရည္မြန္လတ္ကို ေက်ာင္းကို အခ်ိန္မွီ ေခၚေဆာင္ႏိုင္ဖို႔အေရး ဒုရဲမွဴးစိုးမိုးေက်ာ္တို႔ ယာဥ္ထိန္းတပ္ဖြဲ႔ဝင္ေတြ ေရွ႕ေျပး မီးတန္း ဆိုင္ကယ္ေရာ မီးတန္း ကားေရာသံုးလို႔ အခ်ိန္မွီ ေက်ာင္းအေရာက္ ပို႔ေဆာင္ႏိုင္ခဲ႔တယ္။

မေန႔က အိမ္မွာ ေမ႔က်န္ေနခဲ႔တဲ့ ေက်ာင္းသားကဒ္အခ်ိန္မွီ ယူေဆာင္ႏိုင္ဖို႔ ယာဥ္ထိန္း ညီေလးတစ္ေယာက္ မီတန္းဆိုင္ကယ္နဲ႔ အေျပး ယူေဆာင္ေပးခဲ႔တယ္။

မေန႔ကပါပဲ မီးပြိဳင့္မီးနီလို႔ ဆိုင္ကယ္ရပ္တဲ႔အခ်ိန္ စာက်က္ရင္း လိုက္လာလို႔ လန္႔က်ပီး ဒဏ္ရာေတြနဲ႔ လဲေနတဲ႔ ေနျပည္ေတာ္ အထက-၆ မွာ ေျဖဆိုမည့္ ေက်ာင္းသူေလး မအိသဥၨာဝင္း ေဆးရံုအျမန္ ပို႔ေဆာင္လို႔ စာေမးပြဲ အခ်ိန္မွီ ေျဖဆိုႏိုင္ေရး ကြ်န္ေတာ္ႀကိဳးစား ေဆာင္ရြက္ခဲ႔တယ္။

ထားဝယ္ၿမိဳ႕မွာလဲ ေျခေထာက္ ထိခိုက္ ဒဏ္ရာရ ေက်ာင္းသား တစ္ေယာက္ကို ယာဥ္ထိန္း တပ္ဖဲြ႔ဝင္တစ္ဦးမွ စာစစ္ဌာနသို႔ ေန႔စဥ္ တာဝန္ယူ ပို႔ေဆာင္ေပးလ်က္ ရိွေၾကာင္း သိရိွရပါတယ္။

ဒါေတြဟာ မည္သူက အသိအမွတ္ျပဳျပဳ မျပဳျပဳ ကြ်န္ေတာ္တို႔ လုပ္ကိုလုပ္ရမည္လို႔ ကြ်န္ေတာ္တို႔တပ္ဖြဲ႔ဝင္အားလံုး မွတ္ယူထားပါတယ္။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ

Credit : Nay Myo Thuya

(Unicode Version)

မည်သူက အသိအမှတ်ပြုပြု မပြုပြု ကျွန်တော်တို့ လုပ်ကိုလုပ်ရမည်ဟု မှတ်ယူထားသည်

အထက-၁ စမ်းချောင်း ခုံအမှတ် ဆစခ-၁၁၈၁ ကျောင်းသူလေး မအိမ့်ဖြူဇင် ရေကြောက် အနာတွေပေါက်လို့ စာမေးပွဲကိုယ်တိုင် မဖြေဆိုနိုင်တော့ဘူး။ ကိုယ်စားဖြေပေးဖို့ အရေးပေါ် ဖြစ်လာတယ် ကိုယ်စား ဖြေပေးမဲ့ နဝမတန်းကျောင်းသူ မအေးရည်မွန်လတ်ကို ကျောင်းကို အချိန်မှီ ခေါ်ဆောင်နိုင်ဖို့အရေး ဒုရဲမှူးစိုးမိုးကျော်တို့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ ရှေ့ပြေး မီးတန်း ဆိုင်ကယ်ရော မီးတန်း ကားရောသုံးလို့ အချိန်မှီ ကျောင်းအရောက် ပို့ဆောင်နိုင်ခဲ့တယ်။

မနေ့က အိမ်မှာ မေ့ကျန်နေခဲ့တဲ့ ကျောင်းသားကဒ်အချိန်မှီ ယူဆောင်နိုင်ဖို့ ယာဉ်ထိန်း ညီလေးတစ်ယောက် မီတန်းဆိုင်ကယ်နဲ့ အပြေး ယူဆောင်ပေးခဲ့တယ်။

မနေ့ကပါပဲ မီးပွိုင့်မီးနီလို့ ဆိုင်ကယ်ရပ်တဲ့အချိန် စာကျက်ရင်း လိုက်လာလို့ လန့်ကျပီး ဒဏ်ရာတွေနဲ့ လဲနေတဲ့ နေပြည်တော် အထက-၆ မှာ ဖြေဆိုမည့် ကျောင်းသူလေး မအိသဥ္ဇာဝင်း ဆေးရုံအမြန် ပို့ဆောင်လို့ စာမေးပွဲ အချိန်မှီ ဖြေဆိုနိုင်ရေး ကျွန်တော်ကြိုးစား ဆောင်ရွက်ခဲ့တယ်။

ထားဝယ်မြို့မှာလဲ ခြေထောက် ထိခိုက် ဒဏ်ရာရ ကျောင်းသား တစ်ယောက်ကို ယာဉ်ထိန်း တပ်ဖွဲ့ဝင်တစ်ဦးမှ စာစစ်ဌာနသို့ နေ့စဉ် တာဝန်ယူ ပို့ဆောင်ပေးလျက် ရှိကြောင်း သိရှိရပါတယ်။

ဒါတွေဟာ မည်သူက အသိအမှတ်ပြုပြု မပြုပြု ကျွန်တော်တို့ လုပ်ကိုလုပ်ရမည်လို့ ကျွန်တော်တို့တပ်ဖွဲ့ဝင်အားလုံး မှတ်ယူထားပါတယ်။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Credit : Nay Myo Thuya

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္