Credit : Mi San
(Unicode Version)
ချောင်းဆိုးတာ ရက်​၂၀​ ကျော်​​နေပြီ ဆေးခန်​းသွားပြတယ် မသက်သာဘူး ဒါကိုသောက်မှပဲ ပျောက်သွားတော့တယ် ကျမနဲ့ ရောဂါတူသူများရှိရင်​ စမ်​း​သောက်​ကြည်​့​စေချင်​ပါတယ်
​နေ့စဉ်​ရက်​ဆက်​ ချောင်​းဆိုးရင်​ကျပ်​ ဖြစ်​​နေတာရက်​ ၂၀ ကျော်​​နေပြီ ဖြစ်​ခါစ တစ်ပါတ်​​လောက်​အထိ နေ့တိုင်​း ဆေးခန်​းသွားပြတယ်​။ မသက်​သာဘူး လေပြွန်​​ ရောင်​တာနဲ့ ချောင်​းဆိုးရင်​ကျပ်​ တွဲဖြစ်​​တော့ နေရဆိုး ​ဆေးနည်​းမိူးစုံ ဝယ်​​သောက်​။
ဒါလဲ မ​ပျောက်​ဘူး ရက်​ ၂၀​ ကျော်​လာ​တော့ လူကြီး​တွေက စိုးရိမ်​လာလို့ အထူးကုနဲ့ ပြ​တော့ ဒီတိုင်​းမဖြစ်​ဘူးဆိုပြီး ဆေးရုံသွားဖို့ စီစဉ်​​နေတုန်​း အိမ်​ကို ရွာကဦး​လေး အလည်​​ရောက်​တာနဲ့ ကြုံ​ရော ဦး​လေးက နေဦး ​ဆေးရုံမသွား​သေးနဲ့ဦး သ​ဘောင်္ရွက်​ ​ရေ​နွေးစိမ်​​ သောက်​ကြည်​့စမ်​း ဆိုတာနဲ့ အာ့​နေ့ တစ်​နေ့လုံး ဝင်​သ​လောက်​ သ​ဘောင်္ရွက်​ကို​ ရေ​နွေးစိမ်​​ သောက်​တာ ညကျ ​အိပ်​နိုင်​တယ်​။
ဒါနဲ့​ရောဂါ သက်​သာတာပဲ ဆိုပြီး ​နောက်​ရက်​​တွေ ဆက်​တိုက်​​ သောက်​​ပေးတာ ၅ ရက်​​လောက်​​ နေ​တော့ ​ချောင်​းဆိုး ရင်​ကျပ်​ ​လေပြွန်​​ရောင်​တာ အရှင်​း​ပျောက်​သွားတယ်။
သ​ဘောင်္ရွက်ကို အသုံးပြုပုံက အရွက်​စိုကိုပဲဖြစ်​ဖြစ်​ အရွက်​​ခြောက်​ကိုပဲ ဖြစ်​ဖြစ်​ ခွက်​ထဲ ထည်​့ အ​ပေါ်က​နေ ​ရေ​နွေးပူပူကို ​လောင်​းထည့် မပူ မ​အေး​လေးမှာ ​သောက်​လို့ရပီ ​သောက်​ခါစမှာ အရွက်​စိမ်​း​စော်​ နံ​နေ​ပေမဲ့ သုံးခွက်​​လောက်​ ​သောက်​ပြီးသွားရင်​ အဆင်​​ပြေ​ပြေ​ ေ​သာက်​နိုင်​သွားပြီ။ ​ငွေမကုန်​ပဲ ​ရောဂါ သက်​သာ​စေတဲ့ ​ဆေးနည်​းမို့ ကျမနဲ့ ရောဂါတူသူများရှိရင်​ စမ်​း​သောက်​ကြည်​့​စေ ချင်​ပါတယ်​။
ကျန်​းမာ ဝဖြိုး အလှတိုးကျပါ​စေ
Credit : Mi San