ဗိုက္ျပင္ခ်င္တယ္ဆိုတဲ့ ေမေမမ်ား ဖတ္ၾကည့္ပါ

အသက္ ၂၀ ေက်ာ္ အမ်ိဳးသမီးတစ္ေယာက္ သားဦးကိုယ္ဝန္နဲ႔ ဗိုက္နာၿပီးေမြးဖို႔ ေရာက္လာတယ္ ၾကည့္တဲ့အခါမွာ အသက္ရြယ္အရ ႐ိုး႐ိုးေမြးဖို႔ ျပႆနာမရွိ။ ကေလး အေနထား မွန္တယ္ ေခါင္းနဲ႔ဦးတိုက္ ကေလးႏွလံုးခုန္သံ ပံုမွန္ပါပဲ ေမြးဖို႔လည္း ေန႔ေစ့လေစ့ပါပဲ ေမြလမ္းေၾကာင္းလည္း ပြင့္စျပဳေနၿပီ ေသြးအားေတာ့ နည္းေနတယ္ ဗိုက္ရဲ႕ ဘယ္ဘက္အလယ္ေလာက္မွာ ပိုနာ အေနအထားအရ ႐ိုး႐ိုးေမြးဖို႔ အိုေကပါပဲ။

ဒီလိုနဲ႔ လိုအပ္တာ လုပ္ေပးထားၿပီးေတာ့ ေစာင့္ၾကည္တယ္ မေအကလည္း နာေနတာပဲ ၫွစ္ေနတာပဲ ကိုယ္လည္း သမ႐ိုးက် ေမြးရင္ ဒီလိုပဲ နာတာပဲေလပါ့ ရွင္းျပရင္း လူနာေစာင့္ေတြက ခြဲေမြးေပးေစခ်င္တယ္ ဘာလို႔လည္းဆိုေတာ့ နာေနတာ မၾကည့္ရက္လို႔ပါတဲ့ လိုအပ္ရင္ ခြဲေပးမွာပါလို႔ ေျပာၿပီး ေနာက္တစ္ႀကိမ္ ထပ္စမ္းေတာ့လည္း အေျခေနက ပိုၿပီး ထူးျခားမလာ ဗိုက္ကေတာ့ နာေနဆဲ ေနာက္ဆံုး ခြဲေမြးဖို႔ ဆံုးျဖတ္လိုက္တယ္။

ဗိုက္ဖြင့္ခ်လိုက္တဲ့အခါ ဝမ္းေခါင္းထဲမွာ ေသြးေတြ ေသြးခဲေတြ ေတာ္ေတာ္မ်ားမ်ား ေတြ႕ရတယ္ ဘယ္ေနရာက ထြက္ေနမွန္း မသိေသးဘူး။ ကေလးကိုအျမန္ဆံုး ခြဲထုတ္တယ္။ ကံေကာင္းစြာနဲ႔ ကေလးက က်န္းမာပါတယ္။ ရွင္တယ္ေပါ့ေလ သားအိမ္ကို ျပန္ခ်ဳပ္ၿပီး ေသြးထြက္တဲ့ေနရာ လိုက္ရွာ ေသြးခဲေတြ ဖယ္ထုတ္ ေသြးေတြ စုပ္ထုတ္။

ေတြ႕ပါၿပီ ေသြးထြက္ေနတဲ့ေနရာ သားအိမ္ရဲ႕ေနာက္ ဘယ္ဘက္ သားဥအိမ္ရဲ႕ ေနာက္နားကေန ပန္းထြက္ ေနတာပါ။ ေသြးထြက္ေနတဲ့ ေနရာကို စိတ္ခ်ရေအာင္ ဖမ္းခ်ဳပ္ ျပန္စစ္လုပ္ၿပီး ေသခ်ာၿပီဆိုမွ ျပန္ပိတ္ရပါတယ္။

ေသြးကဘာေၾကာင့္ ပန္းထြက္ေနတာပါလိမ့္။ ကေလး မထုတ္ခင္တုန္းကေတာ့ သားအိမ္က တင္းေနတဲ့အတြက္ ေသြးက နည္းနည္းခ်င္းပဲ ထြက္ေနရာက ကေလး ထြက္သြားေတာ့မွ ေသြးစီးဆင္းမႈ အား ပိုေကာင္းလာၿပီး ပန္းထြက္လာတဲ့ သေဘာပါ။ မေအေရာ ကေလးေရာ က်န္းမာပါတယ္။ ေသြးေတာ့ သြင္းလိုက္ရပါတယ္။

ေမြးၿပီးေနာက္ ေမးၾကည့္ေတာ့မွ ဗိုက္ျပင္ထားတယ္လို႔ ေျပာျပပါတယ္။ ရက္ပိုင္းေလးပဲ ႐ွိေသးတယ္ အရပ္လက္သည္နဲ႔ ျပင္တာပါတဲ့ ဘယ္လိုလုပ္တာလည္းဆိုေတာ့ ဗိုက္ကိုႏွိပ္တယ္ ဖိတယ္ တြန္းတယ္တဲ့။ အခုမွ တရားခံက မိေတာ့တယ္ေလ။ ဗိုက္ျပင္တာေၾကာင့္ သားအိမ္မွာရွိတဲ့ ေသြးေၾကာေပါက္သြားတယ္လို႔ ယူဆရပါတယ္။ ကံေကာင္းလို႔ မေအေရာ ကေလးပါ မေသခဲ့တာပါ။

နိဂုံးခ်ဳပ္ရရင္ ရြာမွာ ေတာမွာ ( ၿမိဳ႕မွာေတာ့ ရွားမယ္ထင္) လက္သည္ ေျပာစကားနဲ႔ လံုးဝ ဗိုက္မျပင္ပါနဲ႔ သြားလာ ဆက္သြယ္ေရး လြယ္ကူေနတဲ့ ေခတ္မွာ နီးစပ္ရာ သားဖြားဆရာမ ေဆးခန္း ေဆးရံုမ်ားတြင္ ျပၾကပါ။ လက္သည္က မည္သို႔ပင္ ေျပာေစကာမူ ျဖစ္လာလွ်င္ လက္ေတြ႕ခံရမည္မွာ မိမိသာလွ်င္ျဖစ္ေၾကာင္း ေမာင္းခတ္လိုက္ပါသည္။

အားလံုး က်န္းမာခ်မ္းသာၾကပါေစ။

Source : Htay Nyunt’s Facebook

(Unicode Version)

ဗိုက်ပြင်ချင်တယ်ဆိုတဲ့ မေမေများ ဖတ်ကြည့်ပါ

အသက် ၂၀ ကျော် အမျိုးသမီးတစ်ယောက် သားဦးကိုယ်ဝန်နဲ့ ဗိုက်နာပြီးမွေးဖို့ ရောက်လာတယ် ကြည့်တဲ့အခါမှာ အသက်ရွယ်အရ ရိုးရိုးမွေးဖို့ ပြဿနာမရှိ။ ကလေး အနေထား မှန်တယ် ခေါင်းနဲ့ဦးတိုက် ကလေးနှလုံးခုန်သံ ပုံမှန်ပါပဲ မွေးဖို့လည်း နေ့စေ့လစေ့ပါပဲ မွေလမ်းကြောင်းလည်း ပွင့်စပြုနေပြီ သွေးအားတော့ နည်းနေတယ် ဗိုက်ရဲ့ ဘယ်ဘက်အလယ်လောက်မှာ ပိုနာ အနေအထားအရ ရိုးရိုးမွေးဖို့ အိုကေပါပဲ။

ဒီလိုနဲ့ လိုအပ်တာ လုပ်ပေးထားပြီးတော့ စောင့်ကြည်တယ် မအေကလည်း နာနေတာပဲ ညှစ်နေတာပဲ ကိုယ်လည်း သမရိုးကျ မွေးရင် ဒီလိုပဲ နာတာပဲလေပါ့ ရှင်းပြရင်း လူနာစောင့်တွေက ခွဲမွေးပေးစေချင်တယ် ဘာလို့လည်းဆိုတော့ နာနေတာ မကြည့်ရက်လို့ပါတဲ့ လိုအပ်ရင် ခွဲပေးမှာပါလို့ ပြောပြီး နောက်တစ်ကြိမ် ထပ်စမ်းတော့လည်း အခြေနေက ပိုပြီး ထူးခြားမလာ ဗိုက်ကတော့ နာနေဆဲ နောက်ဆုံး ခွဲမွေးဖို့ ဆုံးဖြတ်လိုက်တယ်။

ဗိုက်ဖွင့်ချလိုက်တဲ့အခါ ဝမ်းခေါင်းထဲမှာ သွေးတွေ သွေးခဲတွေ တော်တော်များများ တွေ့ရတယ် ဘယ်နေရာက ထွက်နေမှန်း မသိသေးဘူး။ ကလေးကိုအမြန်ဆုံး ခွဲထုတ်တယ်။ ကံကောင်းစွာနဲ့ ကလေးက ကျန်းမာပါတယ်။ ရှင်တယ်ပေါ့လေ သားအိမ်ကို ပြန်ချုပ်ပြီး သွေးထွက်တဲ့နေရာ လိုက်ရှာ သွေးခဲတွေ ဖယ်ထုတ် သွေးတွေ စုပ်ထုတ်။

တွေ့ပါပြီ သွေးထွက်နေတဲ့နေရာ သားအိမ်ရဲ့နောက် ဘယ်ဘက် သားဥအိမ်ရဲ့ နောက်နားကနေ ပန်းထွက် နေတာပါ။ သွေးထွက်နေတဲ့ နေရာကို စိတ်ချရအောင် ဖမ်းချုပ် ပြန်စစ်လုပ်ပြီး သေချာပြီဆိုမှ ပြန်ပိတ်ရပါတယ်။

သွေးကဘာကြောင့် ပန်းထွက်နေတာပါလိမ့်။ ကလေး မထုတ်ခင်တုန်းကတော့ သားအိမ်က တင်းနေတဲ့အတွက် သွေးက နည်းနည်းချင်းပဲ ထွက်နေရာက ကလေး ထွက်သွားတော့မှ သွေးစီးဆင်းမှု အား ပိုကောင်းလာပြီး ပန်းထွက်လာတဲ့ သဘောပါ။ မအေရော ကလေးရော ကျန်းမာပါတယ်။ သွေးတော့ သွင်းလိုက်ရပါတယ်။

မွေးပြီးနောက် မေးကြည့်တော့မှ ဗိုက်ပြင်ထားတယ်လို့ ပြောပြပါတယ်။ ရက်ပိုင်းလေးပဲ ရှိသေးတယ် အရပ်လက်သည်နဲ့ ပြင်တာပါတဲ့ ဘယ်လိုလုပ်တာလည်းဆိုတော့ ဗိုက်ကိုနှိပ်တယ် ဖိတယ် တွန်းတယ်တဲ့။ အခုမှ တရားခံက မိတော့တယ်လေ။ ဗိုက်ပြင်တာကြောင့် သားအိမ်မှာရှိတဲ့ သွေးကြောပေါက်သွားတယ်လို့ ယူဆရပါတယ်။ ကံကောင်းလို့ မအေရော ကလေးပါ မသေခဲ့တာပါ။

နိဂုံးချုပ်ရရင် ရွာမှာ တောမှာ ( မြို့မှာတော့ ရှားမယ်ထင်) လက်သည် ပြောစကားနဲ့ လုံးဝ ဗိုက်မပြင်ပါနဲ့ သွားလာ ဆက်သွယ်ရေး လွယ်ကူနေတဲ့ ခေတ်မှာ နီးစပ်ရာ သားဖွားဆရာမ ဆေးခန်း ဆေးရုံများတွင် ပြကြပါ။ လက်သည်က မည်သို့ပင် ပြောစေကာမူ ဖြစ်လာလျှင် လက်တွေ့ခံရမည်မှာ မိမိသာလျှင်ဖြစ်ကြောင်း မောင်းခတ်လိုက်ပါသည်။

အားလုံး ကျန်းမာချမ်းသာကြပါစေ။

Source : Htay Nyunt’s Facebook

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္