ဖမ္းဆီးၿပီး ႐ိုက္ႏွက္သူေတြ ဆြံ႔အခဲ့ရတဲ့ မိုင္းဖုန္းဆရာေတာ္ရဲ႕ ဘုန္းတန္ခိုး အ႐ွိန္အဝါ

“ မိုင္းဖုန္းဆရာေတာ္ ေထ႐ုပၸတၱိအက်ဥ္း ”

မိုင္​းဖုန္​းဆရာ​ေတာ္​ဟာ ထူးျခားတဲ့ ပါရမီရွင္​ တစ္​ပါးျဖစ္​ပါတယ္​။ ​ေမြးဖြားစဥ္​က မိုး​ေတြအဆက္​မျပတ္​ ႐ြာသြန္​းၿဖိဳး ခဲ့တာ​ေၾကာင္​့ အဖြားျဖစ္​သူက ဘုန္​းကံထူးတဲ့ က​ေလးကို ရွမ္​း ဘာသာအားျဖင္​့ “ပုခ​ေ္​းrဝုမ္​့” အဆက္​မျပတ္​​ေသာ မိုးစက္​ကဲ့သို႔ ပုည​ေကာင္​းမႈရိွတဲ့သူဟု အမည္​​ေပးခဲ့ပါတယ္​။ အသံဖလွယ္​စနစ္​ျဖင္​့ “ပ”ကို “မ”သို႔​ေျပာင္​း၊ “မ”မွ “ဝ”သို႔​ေျပာင္​းကာ ရွမ္​းလို “​ေက်ာက္​ဝုမ္​းစုမ္​့”ဟု ​ေခၚတြင္​ပါတယ္​။ ​ေနထိုင္​သီတင္​းသံုးတဲ့ ​ေဒသကို အစြဲျပဳၿပီး “မိုင္​းဖုန္​းဆရာ​ေတာ္​”ဟုလည္​း ​ေခၚၾကပါတယ္​။

ပါရမီရွင္​ရဲ႕ ဘဝနိဒါန္​းက​ေတာ့ ညိဳးႏြမ္​းတာနဲ႔ စခဲ့ရပါတယ္​။ တစ္​ဝမ္​းတစ္​ခါးအတြက္​ ​ရိုးသားစြာ ​ေတာင္​းစားခဲ့ရရွာတယ္​။ မုဆိုးမ မိခင္​ႀကီးကို​ေရာ အ႐ြယ္​မ​ေရာက္​​ေသးတဲ့ ညီမ​ေလးကို​ေရာ အ႐ြယ္​နဲ႔မမ်ွ​ေအာင္​ ျပဳစု​ေစာင္​့​ေရွာက္​လာခဲ့ရတယ္​

ကိုရင္​ဘဝ ထူးျခားလွ

​ေနာက္​ပိုင္​း ပါရမီရဲ႕ အရိွန္​​ေၾကာင္​့ သာမ​ေဏ​ေဘာင္​ကို ​ေရာက္​လာပါတယ္​။ ၁၁ ႏွစ္​သား သာမ​ေဏ​ေလးဘဝကပင္​ ရွမ္​းျပည္​နယ္​ အ​ေရွ႕ပိုင္​းနဲ႔ ထုိင္​းႏိုင္​ငံ ​ေျမာက္​ပိုင္​းမွာ “ပါရမီရွင္​ ကိုရင္​​ေလး”ဆိုၿပီး လူသိမ်ားလာခဲ့တယ္​။ လူသိမ်ာတဲ့ အ​ေၾကာင္​းရင္​းက ကိုရင္​​ေလးဘဝနဲ႔ ​ေက်ာင္​း​ေတာ္​ႀကီးကို ဦး​ေဆာင္​ ​ေဆာက္​လုပ္​လွဴဒါန္​းႏိုင္​ျခင္​း၊ ရလာသမ်ွ အလွဴပစၥည္​းမ်ားကို တြယ္​တာမႈ အလ်ဥ္​းမရိွဘဲ ျပန္​လည္​ စြန္​႔လႊတ္​လွဴဒါန္​းျခင္​း၊ ကိုရင္​​ေလးဘဝကပင္​ ဝါတြင္​း ၃ လပါတ္​လံုး ဂူ​ေအာင္​း တရားက်င္​့ျခင္​း၊ ယခုလို လူသိမမ်ား​ေသးတဲ့ အခ်ိန္​ မိမိရဲ႕ ​ေမြး​ေန႔မွာ သက္​ႀကီး႐ြယ္​အိုမ်ားကို ဝတ္​စင္​ျဖဴမ်ား လွဴဒါန္​းျခင္​း သီလ​ေပးျခင္​း တရား​ေဟာျခင္​းမ်ား ျပဳလုပ္​ခဲ့ပါတယ္​။

အထူးသျဖင္​့ ဆရာ​ေတာ္​​ေလာင္​းလ်ာ ကိုရင္​​ေလး ဉာဏသံဝရရဲ႕ သီလဂုဏ္​၊ ရဲရင္​့ရက္​​ေရာတဲ့ဂုဏ္​အျပင္​ ျဖဴစင္​တဲ့ ​ေမတၱာစိတ္​ရင္​း​ေၾကာင္​့ လူခ်စ္​လူခင္​ ရွင္​ခ်စ္​ရဟန္​း ခ်စ္​ ဆရာ​ေတာ္​ႀကီးမ်ားပါမက်န္​ ကိုရင္​​ေလးကို ​ေမတၱာ​ေရာင္​ျပန္​ဓာတ္​ ထင္​ဟပ္​ခဲ့ပါတယ္​။ ကိုရင္​​ေလး တာခ်ီလိတ္​ၿမိဳ႕ မဟာျမတ္​မုနိဘုရားကို ​ေရာက္​လာရင္​ လာ​ေရာက္​ဖူး​ေမ်ွာ္​တဲ့ ပရိသတ္​မ်ားလြန္​းတာ​ေၾကာင္​့ ကိုရင္​​ေလးကို အမ်ားျမင္​​ေအာင္​ဆိုၿပီး မဟာျမတ္​မုနိ ဆရာ​ေတာ္​​​ဘုရားႀကီး ဘဒၵႏၲပညာသာမိက မိမိရဲ႕ ရင္​ဝယ္သားကဲ့သို႔ ​ေပြ႕ခ်ီၿပီး ပရိသတ္​ဖူးျမင္​ႏိုင္​​ေအာင္​ လုပ္​ခဲ့သလို တာခ်ီလိတ္​ နဂါးႏွစ္​​ေကာင္​ ဆရာ​ေတာ္​ဘုရားႀကီးလည္​း သားတပည္​့လို အၿမဲတမ္​း သြန္​သင္​ဆံုးမခဲ့ပါတယ္​။

ဆရာ​ေတာ္​​ေလာင္​းလ်ာဟာ ကိုရင္​ဘဝကပင္​ သီရိလကၤာ အိႏိၵယသို႔ ဘုရားဖူးႂကြခဲ့တယ္​။ အိႏိၵယ နီ​ေပါ ဟိမဝႏၲာ​ေတာမွာလည္​း တစ္​ပါတည္​း တရားသြားက်င္​့ခဲ့​ေသးတယ္​။ အဲဒီအခ်ိန္​က သက္​​ေတာ္​ ၁၈ ​ေလာက္​ရိွ​ေနပါၿပီ။ တရားသြားက်င္​့ခ်ိန္​ အခက္​အခဲ အ​ေႏွာင္​့အယွက္​​ေတြကို ​ေက်ာ္​ျဖတ္​ႏိုင္​ခဲ့တယ္​။ ​ေရခဲ​ေတာင္​က်ား အစရိွတဲ့ သားရဲတိရစၧာန္​​ေတြနဲ႔လည္​း ႀကံဳခဲ့ပါတယ္​။ လူဆိုး​ေတြ ဖမ္​းဆီးရိုက္​ႏွက္​ျပီး နတ္​ပူ​ေဇာ္​ရန္​ အက်ဥ္​းခ်ထားျခင္​းလည္​း ခံရပါ​ေသးတယ္​။ ​

ေခါင္​းကြဲတဲ့အထိ အရိုက္​ခံရလို႔ ခုထက္ထိ ဆရာ​ေတာ္​ရဲ႕ ဦး​ေခါင္​းမွာ ဒဏ္​ရာ႐ြတ္​​ေတြ က်န္​​ေနပါ​ေသးတယ္​။ ဖမ္​းထားခ်ိန္​မွာ လက္​ျပန္​ႀကိဳးတုပ္​ၿပီး က်ြဲခ်ီးအျပည္​့ရွိတဲ့ က်ြဲ ၿခံထဲမွာတစ္​ညလံုး ​ပစ္​ထားခဲ့ပါတယ္​။ မနက္​လင္​းမွ လူသတ္​ၿပီး ယဇ္​ပူ​ေဇာ္​မယ္​လို႔ ဆိုတယ္​။ ဆရာ​ေတာ္​​ေလာင္​းလ်ာလည္​း တစ္​ညလံုး ဘုရားဂုဏ္​​ေတာ္​ တရားဂုဏ္​​ေတာ္​ သံဃာ့ဂုဏ္​​ေတာ္​​ေတြ န​ေမာ​ ​ေတ ဂါထာ​ေတာ္​​ေတြ ႐ြတ္​ဖတ္​တဲ့အျပင္​ လူဆိုး​ေတြကိုလည္​း ​ေမတၱာပို႔ပါတယ္​။

နံနက္​ အရုဏ္​လင္​းခါနီးမွာ ခ်ည္​ထားတဲ့ႀကိဳး​ေတြ အကုန္​လံုး ျပတ္​ကုန္​ပါတယ္​။ ပိတ္​ထားတဲ့ တံခါး​ေတြလည္​း ဝုန္​းကနဲ ပြင္​့ထြက္​ကုန္​တယ္​။ တာဝန္​က် အ​ေစာင္​့​က လန္​႔ၿပီး သူတို႔​ေခါင္​း​ေဆာင္​ကို သြား​ေခၚလာတယ္​။ ခ်ည္​ထားတဲ့ႀကိဳး​ေတြ ျပတ္​သြားတာ ခိုင္​ခန္​႔တဲ့ တံခါး​ေတြ ပြင္​့ထြက္​သြားတာကို ျမင္​ရ​ေတာ့သူတို႔တ​ေတြ အနားမွာ မကပ္​ရဲၾကပါ။ ဆရာ​ေတာ္​ ​ေလာင္​းလ်ာက နီ​ေပါစကားနဲ႔ “ဘာ​ေၾကာင္​့ သူ႔ကို ဒီလိုဖမ္​းရတာလဲ ငါ့မွာ နီ​ေပါသံဃာ့ဥ​ေသ်ွာင္​​ေပးလာတဲ့ စာတစ္​​ေစာင္​ရိွတယ္​ ​ေရာ႕ဖတ္​ၾကည္​့”ဆိုၿပီး သူတို႔က အဲဒီစာကိုယူဖတ္​ၾကည္​့ ပါတယ္​။ (ဆရာ​ေတာ္​သည္​ ရွမ္​း၊ ထိုင္​း၊ ​ေလာ၊ နီ​ေပါ၊ တိဗက္​ စကား​ေတြကို ​ေျပာတတ္​ပါတယ္​) စာဖတ္​ၿပီးတာနဲ႔ သူတို႔မွားတဲ့အ​ေၾကာင္​း သူတို႔ကို အျပစ္​မယူဖုိ႔ ​ေတာင္​းပန္​ၾကပါတယ္​။ အဲဒီစာက “ကိုရင္​​ေလး ​ေရာက္​တဲ့​ေနရာမွာ ကူညီၾကဖုိ႔” နီ​ေပါသံဃာ့ဥ​ေသ်ွာင္​ႀကီးရဲ႕ ​ေမတၱာ ရပ္​ခံစာပဲျဖစ္​ပါတယ္​။ ​ေနာက္​ပိုင္​း သူတို႔လည္​း လိုအပ္​တာ ျပန္​လည္​ ကူညီခဲ့ျကပါတယ္​။

သတို႔သား​ေလာင္​းဘဝ

ဟိမဝႏၲာမွာ တရားသြားက်င္​့စဥ္​ တစ္​ခါတစ္​​ေလ ႐ြာထဲသြားၿပီး ဆြမ္​းခံႂကြရပါတယ္​။ တစ္​႐ြာဝင္​ တစ္​႐ြာထြက္​ပါ။ တစ္​​ေန႔​ေတာ့ ႐ြာတစ္​႐ြာ ဆြမ္​းခံႂကြသြားခ်ိန္​ အမ်ိဳးသမီးႀကီး တစ္​​ေယာက္​က ကိုရင္​ဉာဏသံဝရကို ျမင္​တာနဲ႔ သားအရင္​းလို သံ​ေယာဇဥ္​ျဖစ္​မိတယ္​။ ​ေနာက္​တစ္​​ေန႔ သူမသ​ေဘာနဲ႔သူ ႀကံစီၿပီး ကိုရင္​ကို အိမ္​သို႔ပင္​့ပါတယ္​။ ႐ြာထဲက လူ​ေတြကိုလည္​း အားလံုး ဖိတ္​လိုက္​ပါ​ေသးတယ္​။ ကိုရင္​အထင္​က​ေတာ့ တစ္​႐ြာလံုး​ေက်ြး​ေမြးတဲ့ အလွဴလို႔ထင္​ထားမိတယ္​။ အခ်ိန္​တန္​လာ​ေတာ့ သူမရဲ႕သမီး​ေလးကို သတို႔သမီးဝတ္​စံုနဲ႔ မဂၤလာ​ေဆာင္​​ေပးပါ​ေတာ့တယ္​။ ကိုရင္​လည္​း အတန္​တန္​ ျငင္​းဆိုခဲ့တယ္​။ အမ်ားနဲ႔ တစ္​​ေယာက္​ဆို​ေတာ့ ထလို႔လည္​း မႏိုင္​ ထုိင္​လို႔လည္​း မျဖစ္​ ကုလားမဂၤ​ေဆာင္​ပြဲကို မႏြဲခ်င္​​ေပမယ္​့ ႏြဲခဲ့ရပါတယ္​။ သတို႔သမီးနဲ႔ အတူထမင္​းစားခိုင္​း​ေသာ္​လည္​း ကုိရင္​မစားခဲ့ပါဘူး။ မိမိသပိတ္​ထဲမွာသာ ဆြမ္​းဘုဥ္​း​ေပးခဲ့ပါတယ္​။

​ေန႔လည္​စာ​ေက်ြးၿပီး ပရိသတ္​​ေတြလည္​း ျပန္​သြားၾကပါၿပီ။ ကိုရင္​လည္​း သပိတ္​​ေဆးဖို႔ ထြက္​လာရင္​း န​ေမာ ​ေတ ဂါထာ​ေတာ္​ကို ႐ြတ္​ဖတ္​ၿပီး ႐ြာက​ေန ထြက္​လာခဲ့တယ္​။ တစ္​​ေယာက္​တစ္​​ေလမွ သူ႔ကို ျမင္​ခဲ့ဟန္​မတူ။ သတို႔သားဘဝက​ေန ကိုရင္​လႊတ္​​ေျမႇာက္​ လာခဲ့ပါတယ္​။ ​ေနာင္​ပိုင္​း က်န္​းမာ​ေရး ခ်ိဳ႕တဲ့ခဲ့တာ​ေၾကာင္​့ ဟိမဝႏၲာက​ေန ထြက္​ခြာၿပီး ထိုင္​းႏိုင္​ငံကို ျပန္​​ေရာက္​လာပါ​ေတာ့တယ္​။ သက္​​ေတာ္​ ၂၀ မွာ ရဟန္​းဘဝသို႔ ​ေရာက္​ရိွခဲ့ပါတယ္​။

ရဟန္​းဘဝ

စာ​ေရးသူက မိုင္​းဖုန္​းဆရာ​ေတာ္​ကို ၁၉၉၃ ခုက ရန္​ကုန္​္​ ​ေခမရဌ္​​ေက်ာင္​းမွာ စတင္​ဖူး​ေတြ႕ရပါတယ္​။ နဂါးႏွစ္​​ေကာင္​ဆရာ​ေတာ္​ဘုရားႀကီးရဲ႕ ​ေက်းဇူး​ေၾကာင္​့ ​ေတြ႕ခြင္​့ရတာပါ။ မိုင္​းဖုန္​းဆရာ​ေတာ္​ကို စ​ေတြ႕​ေတာ့ ဆရာ​ေတာ္​က ႏူးညံ့သိမ္​​ေမြ႕တယ္​။ ဂါရဝတရား လြန္​စြာ အ​ေလးထားတာ​ေတြ႕ရတယ္​။ စာ​ေရးသူတို႔အဖြဲ႕ မိုင္​းဖုန္​းဆရာ​ေတာ္​နဲဲ့အတူ ဓာတ္​ပံုရိုက္​ခြင္​့လဲ ရခဲ့တယ္​။

အဲဒီ​ေခတ္​တံုးက ဖလင္​​ေခတ္​ပါ။ (တခ်ိဳ႕ ဓာတ္​ပံုဆရာ​ေတြ ခြင္​့မရဘဲ မိုင္​းဖုန္​းဆရာ​ေတာ္​ရဲ႕ ပံုကို ရိုက္​ယူ​ေပမယ္​့ ပံုမထြက္​ဘူးလို႔ ဆိုၾကတယ္​) ၁၉၉၆ ခု မိုင္​းဖုန္​းဆရာ​ေတာ္​ရဲ႕ ​ေမြး​ေန႔ကိုႂကြခဲ့တယ္​။ တိုက္​ဆိုင္​မႈ တစ္​ခု​ေျပာျပပါရ​ေစ။ စာ​ေရးသူ မိုင္​းဖုန္​းကို မသြားခင္​ တာခ်ီလိတ္​က​ေန မန္​တံု ဖတ္​ဟိ႐ြာ​ေက်ာင္​းမွာ သြားတည္​း ခဲ့တယ္​။ မန္​တံုဖတ္​ဟိဆရာ​ေတာ္​က မိုင္​းဖုန္​းဆရာ​ေတာ္​ရဲ႕ ငယ္​သူငယ္​ခ်င္​းပါ။ ဖတ္​ဟိဆရာ​ေတာ္​ကလည္​း ထိုင္​းႏိုင္​ငံက​ေန အလည္​ျပန္​​ေရာက္​လာတဲ့ အခ်ိန္​ျဖစ္​တယ္​။

ညစာ​​ေရးသူနဲ႔ စကား​ေျပာရင္​း မိုင္​းဖုန္​းဆရာ​ေတာ္​ အ​ေၾကာင္​း ပါလာတယ္​။ မန္​တုန္​ဖတ္​ဟိဆရာ​ေတာ္​က ထိုင္​းကိုယ္​​ေတာ္​ တစ္​ပါးနဲ႔​ေတြ႕ၿပီး အဲဒီထိုင္​းကိုယ္​​ေတာ္​ကလည္​း ဟိမဝႏၲာ​ေတာင္​က​ေန ျပန္​လာတာ သိပ္​မၾကာ​ေသးဘူးလို႔ ဆိုတယ္​။ သူက မိုင္​းဖုန္​း ဆရာ​ေတာ္​ တရားက်င္​့သြားတဲ့ ​ေနရာ​ေတြကို လိုက္​ၿပီး တရားသြားက်င္​့ခဲ့တယ္​လို႔ ဆိုတယ္​။ ႐ြာတစ္​႐ြာ​ေရာက္​​ေတာ့ ​ေက်ာင္​း​ေဟာင္​းတစ္​​ေက်ာင္​းထဲ့မွာ သူတရားသြားထိုင္​​ေနခ်ိန္​ ႐ြာသားတစ္​​ေယာက္​ လာဖူးပါတယ္​။ ​

ေနာက္​ၿပီး​ေတာ့ ပစၥည္​း တစ္​ခု တယုတယ လာ​ေပးပါတယ္​။ အဲဒီပစၥည္​းက မိုင္​းဖုန္​း ဆရာ​ေတာ္​ရဲ႕ ပစၥည္​း​ေမ့က်န္​ခဲ့တာ လို႔​ေျပာၿပီး ပိုင္​ရွင္​ထံ ႀကံဳရင္​ ျပန္​အပ္​​ေပးဖို႔ ​ေျပာပါတယ္​။ ထိုင္​းကိုယ္​​ေတာ္​လည္​း အဲဒီပစၥည္​းကို လက္​ခံၿပီး ထိုင္​းကို ျပန္​လာခဲ့တယ္​။ ဘန္​​ေကာက္​မွာ ဝမ္​တံုဖတ္​ဟိဆရာ​ေတာ္​ ခူးဝါးခမ္​းလိႈင္​းနဲ႔​ေတြ႕​ေတာ့ အဲဒီပစၥည္​း​ေလး ​ေပးလာ​ေၾကာင္​း သိရပါတယ္​။

စာ​ေရးသူက အဲဒီပစၥည္​း​ေလး ၾကည္​့ပါရ​ေစဆိုၿပီး ​ေတာင္​းဆို​ေတာ့ ခူးဝါးခမ္​းလိႈင္​းက အဖံုးပါတဲ့ ဝါးဆစ္​ဗူး​ေလး တစ္​ခုကို ယူလာျပတယ္​။ ဖြင္​့ၾကည္​့​ေတာ့ ​ေတာၾကက္​ဥအ႐ြယ္​ ၾကည္​လင္​တဲ့ ပယင္​း​ေက်ာက္​တစ္​လံုးျဖစ္​​ေနတယ္​။ ဝမ္​တံုဖတ္​ဟိဆရာ​ေတာ္​က ​ေမြး​ေန႔​ေရာက္​ရင္​ မိုင္​းဖုန္​းဆရာ​ေတာ္​ကို သြားကပ္​​ေပးမယ္​လို႔ ​ေျပာပါတယ္​။

​ေနာက္​တစ္​​ေန႔ စာ​ေရးသူ တစ္​ပါးတည္​း မိုင္​းဖုန္​းထံကို ​ေရာက္​သြားတယ္​။ ​ေရာက္​​ေရာက္​ခ်င္​းပဲ မိုင္​းဖုန္​းဆရာ​ေတာ္​က​ေမးတယ္​။ “​ေနာင္​​ေတာ္​ စ၀္​ပီဆုခမ္​း တပည္​့​ေတာ္​ရဲ႕ လြန္​ခဲ့တဲ့ ၁၄ ႏွစ္​က ​ေပ်ာက္​သြားတဲ့ ​ေက်ာက္​ မယူခဲ့ဘူူလားဘုရား”တဲ့။ (စာ​ေရးသူဟာ မိုင္​းဖုန္​း ဆရာ​ေတာ္​ထက္​ ဝါရာ သက္​​ေတာ္​​ေရာ ၂ ႏွစ္​ႀကီးပါတယ္​။ ဒါ​ေၾကာင္​့ စာရးသူကို ​ေနာင္​​ေတာ္​လို႔ပဲ အၿမဲ​ေခၚတယ္​)

စာ​ေရးသူ စဥ္​းစားတယ္​။ မ​ေန႔ညက ဖတ္​ဟိဆရာ​ေတာ္​နဲ႔ ​၂ ဦးသား ​ေျပာခဲ့တဲ့စကား မိုင္​းဖုန္​းဆရာ​ေတာ္​ ဘယ္​လိုလို႔ သိသလဲ​ေပါ့။ “အရွင္​ဘုရား ဘယ္​လိုလို႔ သိသလဲဘုရား တပည္​့​ေတာ္​ မယူခဲ့ပါဘူး ခူးဝါးခမ္​းလိႈင္​ လာမွပဲ ယူလာမွာတဲ့ဘုရား” “သိတာ​ေပါ့ဘုရား ကိုယ္​့ပစၥည္​းမွန္​ဆိုတာ ကိုယ္​့ထံျပန္​​ေရာက္​စၿမဲပါဘုရား” ​ေနာက္​ပိုင္​း မိုင္​းဖုန္​းဆရာ​ေတာ္​ ​ေမြး​ေန႔ကို မၾကာမၾကာ​ေရာက္​ျဖစ္​ပါတယ္​။

၂၀၀၂ ခုတံုးက ဆရာ​ေတာ္​နဲ႔အတူ တရုတ္​ျပည္​ ဆစ္​​ေဆာင္​ပန္​းနား​ေဒသနဲ႔ ​ေလာႏိုင္​ငံကို ​ေရာက္​သြား​ေသးတယ္​။ သာသနာျပဳခရီးတစ္​​ေလ်ွာက္​လံုး ဆရာ​ေတာ္​ကို လာ​ေရာက္​ဖူး​ေမ်ွာ္​ေၾကတဲ့သူ​ေတြ ​ေတာ​ေရာၿမိဳ႕ပါမက်န္​ ​ေနရာတိုင္​းမွာ လူ​ေတြျပည္​့လ်ွံ​ေနတာ ​ေတြ႕ရ​ေတာ့ ဆရာ​ေတာ္​ရဲ႕ ​ေမတၱာဓာတ္​ကို ပိုၾကည္​ညိဳ​ေလးစားမိတယ္​။ ဆရာ​ေတာ္​နဲ႔အတူ လိုက္​​ေလ့ရိွ​ေတာ့ ဆရာ​ေတာ္​ ဘာ​ေၾကာင္​့ ဘုန္​းႀကီးသလဲဆိုတာ သိသာပါတယ္​။

ဗုဒၶႆ ပူဇံ မဟာ​ေတဇဝ​ေႏၲာ ဘုရားပူ​ေဇာ္​ တန္​ခိုး​ေက်ာ္​ ဆိုတဲ့အတိုင္​း မိုင္​း​ဖုန္​းဆရာ​ေတာ္​ ဘုရားရိွခိုးတာ မနက္​​ေရာ ​ေန႔ခင္​း​ေရာ ည​ေန ညပိုင္​း​ေရာဆိုရင္​ တစ္​​ေန႔ကို အနည္​းဆံုး ၆ နာရီရိွပါတယ္​။ ကားစီး ခရီးထြက္​​ေနတာ​ေတာင္​မွ ဆင္​းတု​ေတာ္​ကို ထုတ္​ၿပီး ​ေပြ႕ထားကာ ဘုရားဝတ္​တက္​ မပ်က္​ခဲ့ပါဘူး။ ​ေရာက္​တဲ့​ေနရာ သြားတဲ့ခရီး လမ္​တစ္​​ေလ်ွာက္​မွာ ​ေမတၱာပို႔တယ္​ အမ်ွ​ေဝပါတယ္​။ အလွဴဒါန အၿမဲလုပ္​ပါတယ္​။ ဆြမ္​းစားတာ​ေတာင္​မွ နီးစပ္​တဲ့ ဆရာ​ေတာ္​ သံဃာ​ေတာ္​မ်ားကို ဆြမ္​း​ေတြ ဆြမ္​းဟင္​း​ေတြ ​ေစတနာပါပါနဲ႔ အၿမဲတမ္​း ခူးထဲ့​ေပးပါတယ္​။ ဆရာ​ေတာ္​က​ေတာ့ ဧကာသနိက္​ တစ္​​ေန႔ကို ဆြမ္​းတစ္​ထပ္​ပဲ ဘုဥ္​း​ေပးပါတယ္​။ ​ဇႏၷဝါရီ ၅ ရက္​ ​ေမြး​ေန႔မွာ အစာ​ေရစာ မသံုး​ေဆာင္​ဘဲ စကားမ​​ေျပာဘဲ ​ေနသြားပါတယ္​။ ငယ္​စဥ္​ကတည္​းက အသားငါး စားခ်င္​စိတ္​မရိွခဲ့လို႔ သက္​သတ္​လႊတ္​ပဲ ဘုဥ္​း​ေပးပါတယ္​။ ဝါတြင္​း ၃ လပတ္​လံုး တစ္​ပါတည္​း ဂူထဲမွာပဲ သီတင္​းသံုးၿပီး ကိုယ္​ပိုင္​ လုပ္​ငန္​းအတြက္​ တရားက်င္​့ပါတယ္​။ ဝါပ ၉ လက​ေတာ့ အမ်ားအက်ိဳး သာသနာအက်ိဳးအတြက္​ သာသနာျပဳ ခရီးထြက္​ပါတယ္​။

စာ​ေရးသူကို ဆရာ​ေတာ္​က ​ေျပာဖူးတယ္​။ “တခ်ိဳ႕လူ​ေတြက မိုင္​းဖုန္​းဆရာ​ေတာ္ဟာ ​ေငြ​ေတြ အမ်ားႀကီးရိွၿပီး ဘဏ္​မွာ အမ်ားႀကီး စုထားမယ္​လို႔ထင္​ၾကတယ္​။ တပည္​့​ေတာ္​က ဘဏ္​မွာ ​ေငြမစုပါဘူးဘုရား။ ဒါ​ေပမယ္​့ ဘဏ္​တစ္​ခု​ေတာ့ ရိွထားတယ္​။ အၿမဲလည္​းစုတယ္​ ​ေနရာတိုင္​းလည္​း အခိ်န္​မ​ေ႐ြး စုပါတယ္​။ အဲဒီဘဏ္​က ​ေနာင္​ဘဝအထိ အာမခံခက္​ရိွတဲ့ ကုသိုလ္​ဘဏ္​ပါဘုရား”တဲ့။

​ေမြး​ေန႔ရွင္​ မိုင္​းဖုန္​းဆရာ​ေတာ္​ သက္​​ေတာ္​ရာ​ေက်ာ္​ရွည္​ပါ​ေစ။ သာသနာျပဳ လုပ္​ငန္​းမ်ား အစစ အရာရာ ​ေအာင္​ျမင္​ပါ​ေစ။

Credit : ​ေတာင္​တန္​း သာသနာျပဳ ဆရာ​ေတာ္​ အရွင္​သုခမိႏၵ စ၀္​ဆုခမ္

(Unicode Version)

ဖမ်းဆီးပြီး ရိုက်နှက်သူတွေ ဆွံ့အခဲ့ရတဲ့ မိုင်းဖုန်းဆရာတော်ရဲ့ ဘုန်းတန်ခိုး အရှိန်အဝါ

“ မိုင်းဖုန်းဆရာတော် ထေရုပ္ပတ္တိအကျဉ်း ”

မိုင်​းဖုန်​းဆရာ​တော်​ဟာ ထူးခြားတဲ့ ပါရမီရှင်​ တစ်​ပါးဖြစ်​ပါတယ်​။ ​မွေးဖွားစဉ်​က မိုး​တွေအဆက်​မပြတ်​ ရွာသွန်​းဖြိုး ခဲ့တာ​ကြောင်​့ အဖွားဖြစ်​သူက ဘုန်​းကံထူးတဲ့ က​လေးကို ရှမ်​း ဘာသာအားဖြင်​့ “ပုခ​ေ်​းrဝုမ်​့” အဆက်​မပြတ်​​သော မိုးစက်​ကဲ့သို့ ပုည​ကောင်​းမှုရှိတဲ့သူဟု အမည်​​ပေးခဲ့ပါတယ်​။ အသံဖလှယ်​စနစ်​ဖြင်​့ “ပ”ကို “မ”သို့​ပြောင်​း၊ “မ”မှ “ဝ”သို့​ပြောင်​းကာ ရှမ်​းလို “​ကျောက်​ဝုမ်​းစုမ်​့”ဟု ​ခေါ်တွင်​ပါတယ်​။ ​နေထိုင်​သီတင်​းသုံးတဲ့ ​ဒေသကို အစွဲပြုပြီး “မိုင်​းဖုန်​းဆရာ​တော်​”ဟုလည်​း ​ခေါ်ကြပါတယ်​။

ပါရမီရှင်​ရဲ့ ဘဝနိဒါန်​းက​တော့ ညိုးနွမ်​းတာနဲ့ စခဲ့ရပါတယ်​။ တစ်​ဝမ်​းတစ်​ခါးအတွက်​ ​ရိုးသားစွာ ​တောင်​းစားခဲ့ရရှာတယ်​။ မုဆိုးမ မိခင်​ကြီးကို​ရော အရွယ်​မ​ရောက်​​သေးတဲ့ ညီမ​လေးကို​ရော အရွယ်​နဲ့မမျှ​အောင်​ ပြုစု​စောင်​့​ရှောက်​လာခဲ့ရတယ်​

ကိုရင်​ဘဝ ထူးခြားလှ

​နောက်​ပိုင်​း ပါရမီရဲ့ အရှိန်​​ကြောင်​့ သာမ​ဏေ​ဘောင်​ကို ​ရောက်​လာပါတယ်​။ ၁၁ နှစ်​သား သာမ​ဏေ​လေးဘဝကပင်​ ရှမ်​းပြည်​နယ်​ အ​ရှေ့ပိုင်​းနဲ့ ထိုင်​းနိုင်​ငံ ​မြောက်​ပိုင်​းမှာ “ပါရမီရှင်​ ကိုရင်​​လေး”ဆိုပြီး လူသိများလာခဲ့တယ်​။ လူသိမျာတဲ့ အ​ကြောင်​းရင်​းက ကိုရင်​​လေးဘဝနဲ့ ​ကျောင်​း​တော်​ကြီးကို ဦး​ဆောင်​ ​ဆောက်​လုပ်​လှူဒါန်​းနိုင်​ခြင်​း၊ ရလာသမျှ အလှူပစ္စည်​းများကို တွယ်​တာမှု အလျဉ်​းမရှိဘဲ ပြန်​လည်​ စွန်​့လွှတ်​လှူဒါန်​းခြင်​း၊ ကိုရင်​​လေးဘဝကပင်​ ဝါတွင်​း ၃ လပါတ်​လုံး ဂူ​အောင်​း တရားကျင်​့ခြင်​း၊ ယခုလို လူသိမများ​သေးတဲ့ အချိန်​ မိမိရဲ့ ​မွေး​နေ့မှာ သက်​ကြီးရွယ်​အိုများကို ဝတ်​စင်​ဖြူများ လှူဒါန်​းခြင်​း သီလ​ပေးခြင်​း တရား​ဟောခြင်​းများ ပြုလုပ်​ခဲ့ပါတယ်​။

အထူးသဖြင်​့ ဆရာ​တော်​​လောင်​းလျာ ကိုရင်​​လေး ဉာဏသံဝရရဲ့ သီလဂုဏ်​၊ ရဲရင်​့ရက်​​ရောတဲ့ဂုဏ်​အပြင်​ ဖြူစင်​တဲ့ ​မေတ္တာစိတ်​ရင်​း​ကြောင်​့ လူချစ်​လူခင်​ ရှင်​ချစ်​ရဟန်​း ချစ်​ ဆရာ​တော်​ကြီးများပါမကျန်​ ကိုရင်​​လေးကို ​မေတ္တာ​ရောင်​ပြန်​ဓာတ်​ ထင်​ဟပ်​ခဲ့ပါတယ်​။ ကိုရင်​​လေး တာချီလိတ်​မြို့ မဟာမြတ်​မုနိဘုရားကို ​ရောက်​လာရင်​ လာ​ရောက်​ဖူး​မျှော်​တဲ့ ပရိသတ်​များလွန်​းတာ​ကြောင်​့ ကိုရင်​​လေးကို အများမြင်​​အောင်​ဆိုပြီး မဟာမြတ်​မုနိ ဆရာ​တော်​​​ဘုရားကြီး ဘဒ္ဒန္တပညာသာမိက မိမိရဲ့ ရင်​ဝယ်သားကဲ့သို့ ​ပွေ့ချီပြီး ပရိသတ်​ဖူးမြင်​နိုင်​​အောင်​ လုပ်​ခဲ့သလို တာချီလိတ်​ နဂါးနှစ်​​ကောင်​ ဆရာ​တော်​ဘုရားကြီးလည်​း သားတပည်​့လို အမြဲတမ်​း သွန်​သင်​ဆုံးမခဲ့ပါတယ်​။

ဆရာ​တော်​​လောင်​းလျာဟာ ကိုရင်​ဘဝကပင်​ သီရိလင်္ကာ အိန္ဒိယသို့ ဘုရားဖူးကြွခဲ့တယ်​။ အိန္ဒိယ နီ​ပေါ ဟိမဝန္တာ​တောမှာလည်​း တစ်​ပါတည်​း တရားသွားကျင်​့ခဲ့​သေးတယ်​။ အဲဒီအချိန်​က သက်​​တော်​ ၁၈ ​လောက်​ရှိ​နေပါပြီ။ တရားသွားကျင်​့ချိန်​ အခက်​အခဲ အ​နှောင်​့အယှက်​​တွေကို ​ကျော်​ဖြတ်​နိုင်​ခဲ့တယ်​။ ​ရေခဲ​တောင်​ကျား အစရှိတဲ့ သားရဲတိရစ္ဆာန်​​တွေနဲ့လည်​း ကြုံခဲ့ပါတယ်​။ လူဆိုး​တွေ ဖမ်​းဆီးရိုက်​နှက်​ပြီး နတ်​ပူ​ဇော်​ရန်​ အကျဉ်​းချထားခြင်​းလည်​း ခံရပါ​သေးတယ်​။ ​

ခေါင်​းကွဲတဲ့အထိ အရိုက်​ခံရလို့ ခုထက်ထိ ဆရာ​တော်​ရဲ့ ဦး​ခေါင်​းမှာ ဒဏ်​ရာရွတ်​​တွေ ကျန်​​နေပါ​သေးတယ်​။ ဖမ်​းထားချိန်​မှာ လက်​ပြန်​ကြိုးတုပ်​ပြီး ကျွဲချီးအပြည်​့ရှိတဲ့ ကျွဲ ခြံထဲမှာတစ်​ညလုံး ​ပစ်​ထားခဲ့ပါတယ်​။ မနက်​လင်​းမှ လူသတ်​ပြီး ယဇ်​ပူ​ဇော်​မယ်​လို့ ဆိုတယ်​။ ဆရာ​တော်​​လောင်​းလျာလည်​း တစ်​ညလုံး ဘုရားဂုဏ်​​တော်​ တရားဂုဏ်​​တော်​ သံဃာ့ဂုဏ်​​တော်​​တွေ န​မော​ ​တေ ဂါထာ​တော်​​တွေ ရွတ်​ဖတ်​တဲ့အပြင်​ လူဆိုး​တွေကိုလည်​း ​မေတ္တာပို့ပါတယ်​။

နံနက်​ အရုဏ်​လင်​းခါနီးမှာ ချည်​ထားတဲ့ကြိုး​တွေ အကုန်​လုံး ပြတ်​ကုန်​ပါတယ်​။ ပိတ်​ထားတဲ့ တံခါး​တွေလည်​း ဝုန်​းကနဲ ပွင်​့ထွက်​ကုန်​တယ်​။ တာဝန်​ကျ အ​စောင်​့​က လန်​့ပြီး သူတို့​ခေါင်​း​ဆောင်​ကို သွား​ခေါ်လာတယ်​။ ချည်​ထားတဲ့ကြိုး​တွေ ပြတ်​သွားတာ ခိုင်​ခန်​့တဲ့ တံခါး​တွေ ပွင်​့ထွက်​သွားတာကို မြင်​ရ​တော့သူတို့တ​တွေ အနားမှာ မကပ်​ရဲကြပါ။ ဆရာ​တော်​ ​လောင်​းလျာက နီ​ပေါစကားနဲ့ “ဘာ​ကြောင်​့ သူ့ကို ဒီလိုဖမ်​းရတာလဲ ငါ့မှာ နီ​ပေါသံဃာ့ဥ​သျှောင်​​ပေးလာတဲ့ စာတစ်​​စောင်​ရှိတယ်​ ​ရော့ဖတ်​ကြည်​့”ဆိုပြီး သူတို့က အဲဒီစာကိုယူဖတ်​ကြည်​့ ပါတယ်​။ (ဆရာ​တော်​သည်​ ရှမ်​း၊ ထိုင်​း၊ ​လော၊ နီ​ပေါ၊ တိဗက်​ စကား​တွေကို ​ပြောတတ်​ပါတယ်​) စာဖတ်​ပြီးတာနဲ့ သူတို့မှားတဲ့အ​ကြောင်​း သူတို့ကို အပြစ်​မယူဖို့ ​တောင်​းပန်​ကြပါတယ်​။ အဲဒီစာက “ကိုရင်​​လေး ​ရောက်​တဲ့​နေရာမှာ ကူညီကြဖို့” နီ​ပေါသံဃာ့ဥ​သျှောင်​ကြီးရဲ့ ​မေတ္တာ ရပ်​ခံစာပဲဖြစ်​ပါတယ်​။ ​နောက်​ပိုင်​း သူတို့လည်​း လိုအပ်​တာ ပြန်​လည်​ ကူညီခဲ့ကြပါတယ်​။

သတို့သား​လောင်​းဘဝ

ဟိမဝန္တာမှာ တရားသွားကျင်​့စဉ်​ တစ်​ခါတစ်​​လေ ရွာထဲသွားပြီး ဆွမ်​းခံကြွရပါတယ်​။ တစ်​ရွာဝင်​ တစ်​ရွာထွက်​ပါ။ တစ်​​နေ့​တော့ ရွာတစ်​ရွာ ဆွမ်​းခံကြွသွားချိန်​ အမျိုးသမီးကြီး တစ်​​ယောက်​က ကိုရင်​ဉာဏသံဝရကို မြင်​တာနဲ့ သားအရင်​းလို သံ​ယောဇဉ်​ဖြစ်​မိတယ်​။ ​နောက်​တစ်​​နေ့ သူမသ​ဘောနဲ့သူ ကြံစီပြီး ကိုရင်​ကို အိမ်​သို့ပင်​့ပါတယ်​။ ရွာထဲက လူ​တွေကိုလည်​း အားလုံး ဖိတ်​လိုက်​ပါ​သေးတယ်​။ ကိုရင်​အထင်​က​တော့ တစ်​ရွာလုံး​ကျွေး​မွေးတဲ့ အလှူလို့ထင်​ထားမိတယ်​။ အချိန်​တန်​လာ​တော့ သူမရဲ့သမီး​လေးကို သတို့သမီးဝတ်​စုံနဲ့ မင်္ဂလာ​ဆောင်​​ပေးပါ​တော့တယ်​။ ကိုရင်​လည်​း အတန်​တန်​ ငြင်​းဆိုခဲ့တယ်​။ အများနဲ့ တစ်​​ယောက်​ဆို​တော့ ထလို့လည်​း မနိုင်​ ထိုင်​လို့လည်​း မဖြစ်​ ကုလားမင်္ဂ​ဆောင်​ပွဲကို မနွဲချင်​​ပေမယ်​့ နွဲခဲ့ရပါတယ်​။ သတို့သမီးနဲ့ အတူထမင်​းစားခိုင်​း​သော်​လည်​း ကိုရင်​မစားခဲ့ပါဘူး။ မိမိသပိတ်​ထဲမှာသာ ဆွမ်​းဘုဉ်​း​ပေးခဲ့ပါတယ်​။

​နေ့လည်​စာ​ကျွေးပြီး ပရိသတ်​​တွေလည်​း ပြန်​သွားကြပါပြီ။ ကိုရင်​လည်​း သပိတ်​​ဆေးဖို့ ထွက်​လာရင်​း န​မော ​တေ ဂါထာ​တော်​ကို ရွတ်​ဖတ်​ပြီး ရွာက​နေ ထွက်​လာခဲ့တယ်​။ တစ်​​ယောက်​တစ်​​လေမှ သူ့ကို မြင်​ခဲ့ဟန်​မတူ။ သတို့သားဘဝက​နေ ကိုရင်​လွှတ်​​မြှောက်​ လာခဲ့ပါတယ်​။ ​နောင်​ပိုင်​း ကျန်​းမာ​ရေး ချို့တဲ့ခဲ့တာ​ကြောင်​့ ဟိမဝန္တာက​နေ ထွက်​ခွာပြီး ထိုင်​းနိုင်​ငံကို ပြန်​​ရောက်​လာပါ​တော့တယ်​။ သက်​​တော်​ ၂၀ မှာ ရဟန်​းဘဝသို့ ​ရောက်​ရှိခဲ့ပါတယ်​။

ရဟန်​းဘဝ

စာ​ရေးသူက မိုင်​းဖုန်​းဆရာ​တော်​ကို ၁၉၉၃ ခုက ရန်​ကုန်​်​ ​ခေမရဌ်​​ကျောင်​းမှာ စတင်​ဖူး​တွေ့ရပါတယ်​။ နဂါးနှစ်​​ကောင်​ဆရာ​တော်​ဘုရားကြီးရဲ့ ​ကျေးဇူး​ကြောင်​့ ​တွေ့ခွင်​့ရတာပါ။ မိုင်​းဖုန်​းဆရာ​တော်​ကို စ​တွေ့​တော့ ဆရာ​တော်​က နူးညံ့သိမ်​​မွေ့တယ်​။ ဂါရဝတရား လွန်​စွာ အ​လေးထားတာ​တွေ့ရတယ်​။ စာ​ရေးသူတို့အဖွဲ့ မိုင်​းဖုန်​းဆရာ​တော်​နဲဲ့အတူ ဓာတ်​ပုံရိုက်​ခွင်​့လဲ ရခဲ့တယ်​။

အဲဒီ​ခေတ်​တုံးက ဖလင်​​ခေတ်​ပါ။ (တချို့ ဓာတ်​ပုံဆရာ​တွေ ခွင်​့မရဘဲ မိုင်​းဖုန်​းဆရာ​တော်​ရဲ့ ပုံကို ရိုက်​ယူ​ပေမယ်​့ ပုံမထွက်​ဘူးလို့ ဆိုကြတယ်​) ၁၉၉၆ ခု မိုင်​းဖုန်​းဆရာ​တော်​ရဲ့ ​မွေး​နေ့ကိုကြွခဲ့တယ်​။ တိုက်​ဆိုင်​မှု တစ်​ခု​ပြောပြပါရ​စေ။ စာ​ရေးသူ မိုင်​းဖုန်​းကို မသွားခင်​ တာချီလိတ်​က​နေ မန်​တုံ ဖတ်​ဟိရွာ​ကျောင်​းမှာ သွားတည်​း ခဲ့တယ်​။ မန်​တုံဖတ်​ဟိဆရာ​တော်​က မိုင်​းဖုန်​းဆရာ​တော်​ရဲ့ ငယ်​သူငယ်​ချင်​းပါ။ ဖတ်​ဟိဆရာ​တော်​ကလည်​း ထိုင်​းနိုင်​ငံက​နေ အလည်​ပြန်​​ရောက်​လာတဲ့ အချိန်​ဖြစ်​တယ်​။

ညစာ​​ရေးသူနဲ့ စကား​ပြောရင်​း မိုင်​းဖုန်​းဆရာ​တော်​ အ​ကြောင်​း ပါလာတယ်​။ မန်​တုန်​ဖတ်​ဟိဆရာ​တော်​က ထိုင်​းကိုယ်​​တော်​ တစ်​ပါးနဲ့​တွေ့ပြီး အဲဒီထိုင်​းကိုယ်​​တော်​ကလည်​း ဟိမဝန္တာ​တောင်​က​နေ ပြန်​လာတာ သိပ်​မကြာ​သေးဘူးလို့ ဆိုတယ်​။ သူက မိုင်​းဖုန်​း ဆရာ​တော်​ တရားကျင်​့သွားတဲ့ ​နေရာ​တွေကို လိုက်​ပြီး တရားသွားကျင်​့ခဲ့တယ်​လို့ ဆိုတယ်​။ ရွာတစ်​ရွာ​ရောက်​​တော့ ​ကျောင်​း​ဟောင်​းတစ်​​ကျောင်​းထဲ့မှာ သူတရားသွားထိုင်​​နေချိန်​ ရွာသားတစ်​​ယောက်​ လာဖူးပါတယ်​။ ​

နောက်​ပြီး​တော့ ပစ္စည်​း တစ်​ခု တယုတယ လာ​ပေးပါတယ်​။ အဲဒီပစ္စည်​းက မိုင်​းဖုန်​း ဆရာ​တော်​ရဲ့ ပစ္စည်​း​မေ့ကျန်​ခဲ့တာ လို့​ပြောပြီး ပိုင်​ရှင်​ထံ ကြုံရင်​ ပြန်​အပ်​​ပေးဖို့ ​ပြောပါတယ်​။ ထိုင်​းကိုယ်​​တော်​လည်​း အဲဒီပစ္စည်​းကို လက်​ခံပြီး ထိုင်​းကို ပြန်​လာခဲ့တယ်​။ ဘန်​​ကောက်​မှာ ဝမ်​တုံဖတ်​ဟိဆရာ​တော်​ ခူးဝါးခမ်​းလှိုင်​းနဲ့​တွေ့​တော့ အဲဒီပစ္စည်​း​လေး ​ပေးလာ​ကြောင်​း သိရပါတယ်​။

စာ​ရေးသူက အဲဒီပစ္စည်​း​လေး ကြည်​့ပါရ​စေဆိုပြီး ​တောင်​းဆို​တော့ ခူးဝါးခမ်​းလှိုင်​းက အဖုံးပါတဲ့ ဝါးဆစ်​ဗူး​လေး တစ်​ခုကို ယူလာပြတယ်​။ ဖွင်​့ကြည်​့​တော့ ​တောကြက်​ဥအရွယ်​ ကြည်​လင်​တဲ့ ပယင်​း​ကျောက်​တစ်​လုံးဖြစ်​​နေတယ်​။ ဝမ်​တုံဖတ်​ဟိဆရာ​တော်​က ​မွေး​နေ့​ရောက်​ရင်​ မိုင်​းဖုန်​းဆရာ​တော်​ကို သွားကပ်​​ပေးမယ်​လို့ ​ပြောပါတယ်​။

​နောက်​တစ်​​နေ့ စာ​ရေးသူ တစ်​ပါးတည်​း မိုင်​းဖုန်​းထံကို ​ရောက်​သွားတယ်​။ ​ရောက်​​ရောက်​ချင်​းပဲ မိုင်​းဖုန်​းဆရာ​တော်​က​မေးတယ်​။ “​နောင်​​တော်​ စဝ်​ပီဆုခမ်​း တပည်​့​တော်​ရဲ့ လွန်​ခဲ့တဲ့ ၁၄ နှစ်​က ​ပျောက်​သွားတဲ့ ​ကျောက်​ မယူခဲ့ဘူူလားဘုရား”တဲ့။ (စာ​ရေးသူဟာ မိုင်​းဖုန်​း ဆရာ​တော်​ထက်​ ဝါရာ သက်​​တော်​​ရော ၂ နှစ်​ကြီးပါတယ်​။ ဒါ​ကြောင်​့ စာရးသူကို ​နောင်​​တော်​လို့ပဲ အမြဲ​ခေါ်တယ်​)

စာ​ရေးသူ စဉ်​းစားတယ်​။ မ​နေ့ညက ဖတ်​ဟိဆရာ​တော်​နဲ့ ​၂ ဦးသား ​ပြောခဲ့တဲ့စကား မိုင်​းဖုန်​းဆရာ​တော်​ ဘယ်​လိုလို့ သိသလဲ​ပေါ့။ “အရှင်​ဘုရား ဘယ်​လိုလို့ သိသလဲဘုရား တပည်​့​တော်​ မယူခဲ့ပါဘူး ခူးဝါးခမ်​းလှိုင်​ လာမှပဲ ယူလာမှာတဲ့ဘုရား” “သိတာ​ပေါ့ဘုရား ကိုယ်​့ပစ္စည်​းမှန်​ဆိုတာ ကိုယ်​့ထံပြန်​​ရောက်​စမြဲပါဘုရား” ​နောက်​ပိုင်​း မိုင်​းဖုန်​းဆရာ​တော်​ ​မွေး​နေ့ကို မကြာမကြာ​ရောက်​ဖြစ်​ပါတယ်​။

၂၀၀၂ ခုတုံးက ဆရာ​တော်​နဲ့အတူ တရုတ်​ပြည်​ ဆစ်​​ဆောင်​ပန်​းနား​ဒေသနဲ့ ​လောနိုင်​ငံကို ​ရောက်​သွား​သေးတယ်​။ သာသနာပြုခရီးတစ်​​လျှောက်​လုံး ဆရာ​တော်​ကို လာ​ရောက်​ဖူး​မျှော်​ကြေတဲ့သူ​တွေ ​တော​ရောမြို့ပါမကျန်​ ​နေရာတိုင်​းမှာ လူ​တွေပြည်​့လျှံ​နေတာ ​တွေ့ရ​တော့ ဆရာ​တော်​ရဲ့ ​မေတ္တာဓာတ်​ကို ပိုကြည်​ညို​လေးစားမိတယ်​။ ဆရာ​တော်​နဲ့အတူ လိုက်​​လေ့ရှိ​တော့ ဆရာ​တော်​ ဘာ​ကြောင်​့ ဘုန်​းကြီးသလဲဆိုတာ သိသာပါတယ်​။

ဗုဒ္ဓဿ ပူဇံ မဟာ​တေဇဝ​န္တော ဘုရားပူ​ဇော်​ တန်​ခိုး​ကျော်​ ဆိုတဲ့အတိုင်​း မိုင်​း​ဖုန်​းဆရာ​တော်​ ဘုရားရှိခိုးတာ မနက်​​ရော ​နေ့ခင်​း​ရော ည​နေ ညပိုင်​း​ရောဆိုရင်​ တစ်​​နေ့ကို အနည်​းဆုံး ၆ နာရီရှိပါတယ်​။ ကားစီး ခရီးထွက်​​နေတာ​တောင်​မှ ဆင်​းတု​တော်​ကို ထုတ်​ပြီး ​ပွေ့ထားကာ ဘုရားဝတ်​တက်​ မပျက်​ခဲ့ပါဘူး။ ​ရောက်​တဲ့​နေရာ သွားတဲ့ခရီး လမ်​တစ်​​လျှောက်​မှာ ​မေတ္တာပို့တယ်​ အမျှ​ဝေပါတယ်​။ အလှူဒါန အမြဲလုပ်​ပါတယ်​။ ဆွမ်​းစားတာ​တောင်​မှ နီးစပ်​တဲ့ ဆရာ​တော်​ သံဃာ​တော်​များကို ဆွမ်​း​တွေ ဆွမ်​းဟင်​း​တွေ ​စေတနာပါပါနဲ့ အမြဲတမ်​း ခူးထဲ့​ပေးပါတယ်​။ ဆရာ​တော်​က​တော့ ဧကာသနိက်​ တစ်​​နေ့ကို ဆွမ်​းတစ်​ထပ်​ပဲ ဘုဉ်​း​ပေးပါတယ်​။ ​ဇန္နဝါရီ ၅ ရက်​ ​မွေး​နေ့မှာ အစာ​ရေစာ မသုံး​ဆောင်​ဘဲ စကားမ​​ပြောဘဲ ​နေသွားပါတယ်​။ ငယ်​စဉ်​ကတည်​းက အသားငါး စားချင်​စိတ်​မရှိခဲ့လို့ သက်​သတ်​လွှတ်​ပဲ ဘုဉ်​း​ပေးပါတယ်​။ ဝါတွင်​း ၃ လပတ်​လုံး တစ်​ပါတည်​း ဂူထဲမှာပဲ သီတင်​းသုံးပြီး ကိုယ်​ပိုင်​ လုပ်​ငန်​းအတွက်​ တရားကျင်​့ပါတယ်​။ ဝါပ ၉ လက​တော့ အများအကျိုး သာသနာအကျိုးအတွက်​ သာသနာပြု ခရီးထွက်​ပါတယ်​။

စာ​ရေးသူကို ဆရာ​တော်​က ​ပြောဖူးတယ်​။ “တချို့လူ​တွေက မိုင်​းဖုန်​းဆရာ​တော်ဟာ ​ငွေ​တွေ အများကြီးရှိပြီး ဘဏ်​မှာ အများကြီး စုထားမယ်​လို့ထင်​ကြတယ်​။ တပည်​့​တော်​က ဘဏ်​မှာ ​ငွေမစုပါဘူးဘုရား။ ဒါ​ပေမယ်​့ ဘဏ်​တစ်​ခု​တော့ ရှိထားတယ်​။ အမြဲလည်​းစုတယ်​ ​နေရာတိုင်​းလည်​း အချိန်​မ​ရွေး စုပါတယ်​။ အဲဒီဘဏ်​က ​နောင်​ဘဝအထိ အာမခံခက်​ရှိတဲ့ ကုသိုလ်​ဘဏ်​ပါဘုရား”တဲ့။

​မွေး​နေ့ရှင်​ မိုင်​းဖုန်​းဆရာ​တော်​ သက်​​တော်​ရာ​ကျော်​ရှည်​ပါ​စေ။ သာသနာပြု လုပ်​ငန်​းများ အစစ အရာရာ ​အောင်​မြင်​ပါ​စေ။

Credit : ​တောင်​တန်​း သာသနာပြု ဆရာ​တော်​ အရှင်​သုခမိန္ဒ စဝ်​ဆုခမ်