သမီးျဖစ္သူကို သမက္က အႏိုင္က်င့္ရာမွ ေယာကၡမျဖစ္သူက သမက္ကို ဓါးျဖင့္ ခုတ္သတ္

သမီးႏွင့္ သမက္ စကားမ်ားရန္ျဖစ္ရာ သမက္ျဖစ္သူက သမီးျဖစ္သူကို အႏိုင္က်င့္ ဗိုလ္က်သျဖင့္ ေယာကၡမလုပ္သူက သမက္ျဖစ္သူကို ဓါးျဖင့္ခုတ္သတ္သည့္ လူသတ္မႈ တစ္ခု ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္တြင္ မတ္လ ၉ ရက္ေန႔ ညတြင္ ျဖစ္ပြားခဲ့သည္ဟု သတင္းရရွိသည္။

လူသတ္မႈႏွင့္ ပတ္သက္ျပီး နိရဥၥရာသတင္းဌာနမွ တပ္ေတာင္ရဲစခန္းသို႕ ဆက္သြယ္ရာ တာ၀န္က် ရဲအရွိတစ္ဦးမွ လူသတ္မႈ ျဖစ္ပြားျခင္းကို အတည္ျပဳေျပာၾကားသည္။

“ျပစ္မႈက်ဴးလြန္သူက ဦးေက်ာက္ေတာင္ ျဖစ္ပါတယ္။ ေသဆံုးသူက ဦးေမာင္ၾကီး ျဖစ္ပါတယ္။ လူသတ္မႈက်ဴးလြန္သူကို ဖမ္းဆီးႏိုင္ေအာင္ လိုက္လံရွာေဖြလ်က္ရွိပါတယ္။ အခုထိ မဖမ္း မိေသးပါဘူး” ဟု တပ္ေတာင္ရဲစခန္းမွ တာ၀န္ရွိသူ ရဲအရာရွိတစ္ဦးက နိရဥၥရာသတင္းဌာနသို႔ ေျပာၾကားသည္။

အခင္းျဖစ္ပြားပံုမွာ အမ္းၿမိဳ႕နယ္ သာစည္ေက်းရြာ အုပ္စု၊ သရြဲ (ခ်င္း) ေက်းရြာတြင္ ေနထိုင္ေသာ ဦးေမာင္ႀကီး (၂၉ )ႏွစ္ (ဘ) ဦးေအးညြန္႔ေအာင္သည္ ၎၏ ဇနီးျဖစ္သူ မခင္စန္းေဝ (၂၃) ႏွစ္ (ဘ) ဦးေက်ာက္ေတာင္ ႏွင့္ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊ ရန္ျဖစ္စဥ္ ဦးေမာင္ၾကီးမွ ဇနီးျဖစ္သူ မခင္စန္းေ၀အား အႏိုင္က်င့္ ဗိုလ္က်မႈမ်ားရွိခဲ့ေၾကာင္း၊ ၎ကို ျမင္၍ မခင္စန္းေဝ ၏ ဖခင္ျဖစ္သူ ဦးေက်ာက္ေတာင္မွ မခံမရပ္ ျဖစ္ျပီး သမက္ျဖစ္သူ ဦးေမာင္ႀကီးအား ဓားျဖင့္ ခုတ္သတ္ခဲ့ေၾကာင္း၊ သမက္ျဖစ္သူ ဦးေမာင္ႀကီးမွာ အခင္းျဖစ္ပြားသည့္ေန႔ ည ၁၀ နာရီတြင္ ကြယ္လြန္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ သိရသည္။

ေသဆံုးသူ ဦးေမာင္ႀကီး ႏွင့္ လူသတ္မႈ က်ဴးလြန္သူ ဦးေက်ာက္ေတာင္တို႔ ႏွစ္ဦးစလံုးတြင္ လသားအရြယ္ ကေလးငယ္မ်ား က်န္ရွိခဲ့သည္ဟု သိရွိရသည္။

ဓါတ္ပံု – Khin Mgshwe ေဖ့စ္ဘုတ္

Source : Narinjara

(Unicode Version)

သမီးဖြစ်သူကို သမက်က အနိုင်ကျင့်ရာမှ ယောက္ခမဖြစ်သူက သမက်ကို ဓါးဖြင့် ခုတ်သတ်

သမီးနှင့် သမက် စကားများရန်ဖြစ်ရာ သမက်ဖြစ်သူက သမီးဖြစ်သူကို အနိုင်ကျင့် ဗိုလ်ကျသဖြင့် ယောက္ခမလုပ်သူက သမက်ဖြစ်သူကို ဓါးဖြင့်ခုတ်သတ်သည့် လူသတ်မှု တစ်ခု ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် မတ်လ ၉ ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

လူသတ်မှုနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ တပ်တောင်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရှိတစ်ဦးမှ လူသတ်မှု ဖြစ်ပွားခြင်းကို အတည်ပြုပြောကြားသည်။

“ပြစ်မှုကျူးလွန်သူက ဦးကျောက်တောင် ဖြစ်ပါတယ်။ သေဆုံးသူက ဦးမောင်ကြီး ဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်အောင် လိုက်လံရှာဖွေလျက်ရှိပါတယ်။ အခုထိ မဖမ်း မိသေးပါဘူး” ဟု တပ်တောင်ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

အခင်းဖြစ်ပွားပုံမှာ အမ်းမြို့နယ် သာစည်ကျေးရွာ အုပ်စု၊ သရွဲ (ချင်း) ကျေးရွာတွင် နေထိုင်သော ဦးမောင်ကြီး (၂၉ )နှစ် (ဘ) ဦးအေးညွန့်အောင်သည် ၎င်း၏ ဇနီးဖြစ်သူ မခင်စန်းဝေ (၂၃) နှစ် (ဘ) ဦးကျောက်တောင် နှင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ရန်ဖြစ်စဉ် ဦးမောင်ကြီးမှ ဇနီးဖြစ်သူ မခင်စန်းဝေအား အနိုင်ကျင့် ဗိုလ်ကျမှုများရှိခဲ့ကြောင်း၊ ၎င်းကို မြင်၍ မခင်စန်းဝေ ၏ ဖခင်ဖြစ်သူ ဦးကျောက်တောင်မှ မခံမရပ် ဖြစ်ပြီး သမက်ဖြစ်သူ ဦးမောင်ကြီးအား ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း၊ သမက်ဖြစ်သူ ဦးမောင်ကြီးမှာ အခင်းဖြစ်ပွားသည့်နေ့ ည ၁၀ နာရီတွင် ကွယ်လွန်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

သေဆုံးသူ ဦးမောင်ကြီး နှင့် လူသတ်မှု ကျူးလွန်သူ ဦးကျောက်တောင်တို့ နှစ်ဦးစလုံးတွင် လသားအရွယ် ကလေးငယ်များ ကျန်ရှိခဲ့သည်ဟု သိရှိရသည်။

ဓါတ်ပုံ – Khin Mgshwe ဖေ့စ်ဘုတ်

Source : Narinjara