ေလးစားပါတယ္ ေဒါက္တာတို႔ ျပည္သူေတြအတြက္ ဝမ္းသာစရာ သတင္းပါဗ်ာ လူနာရွင္ေတြ ဖတ္ျဖစ္ေအာင္ ဖတ္ထားပါ

ေလးစားပါတယ္ ေဒါက္တာတို႔ ျပည္သူေတြအတြက္ ဝမ္းသာစရာသတင္းပါဗ်ာ။

ေက်းဇူး အရုိးေရာဂါ အထူးကု ေဆးရုံႀကီး ေျပာင္းလဲခ်ိန္ တန္ခဲ႔ေလသလား။ ဒူးနာေနတာကုိ ေပၿပီးေနလာတာ ၁၀ ႏွစ္ေက်ာ္ၿပီ နာတာ မခံႏုိင္လြန္းလုိ႔ မေန႔က ေန႔လည္ ၂ နာရီမွာ ေဆးရုံမွာ သြားျပတယ္။ ဒီေန႔မနက္ ၉ နာရီ (ျပန္ခ်ိန္း) အေရာက္ သြား စာအုပ္လုပ္ စာအုပ္ထပ္ နာမည္ အေခၚေစာင့္ ၃ နာရီမွ ကုိယ့္အလွည့္ ေရာက္ပါတယ္။

ေဆးရုံက အေတာ္ေျပာင္းလဲ သြားပါၿပီ။ အနယ္နယ္ အရပ္ရပ္က လာျပတဲ႔ သူေတြမ်ားေတာ့ ေစာင့္ရတာေပါ့။ က်ြန္ေတာ့္ အမွတ္စဥ္က 07831 ေနာက္မွာေၚ ေစာင့္ေနသူေတြက အမ်ာႀကီး က်န္ေသးတယ္။ ဘာေၾကာင့္ လူနာ မ်ားလည္းဆုိတာ က်ြန္ေတာ့္အတြက္ ေဆးသြားထုတ္မွ သိတယ္ ပုိက္ဆံတစ္ျပားမွ မယူ စမ္းသပ္ခ စာအုပ္ဖုိး ဘာဖုိးမွ မယူ (စားရိတ္မ်ွေပး ဘာညာ ၾကားပါတယ္။ ဒါေပမယ့္လဲေပါ့။ ဒီေဆးရုံက လက္ေတြ႔ ဘာဖုိးမွ မယူ ၁၂ နာရီနားမယ္ ၂ နာရီ ျပန္စမယ္ အတိအက်) ဆရာဝန္က ၂ ပတ္ ေဆးေသာက္ပါ မသက္သာမွ ဒူးအဆစ္ၾကားက အရုိးႏု ပ်က္စီးသြားတာ လုိအပ္မွ ခြဲထုတ္မယ္ ေလဆာနဲ႔ ေခ်လုိ႔လဲရတယ္ လုိ႔ေျပာတယ္။

အဓိက ေျပာခ်င္တာက ပုိက္ဆံ ေဆးခန္း အထူးကုေတြနဲ႔ ျပမိရင္ ဒီလုိရွင္းျပရင္ေတာင္ ခြဲခန္းထဲ ဆြဲသြင္းမယ္။ A ကေန Z အထိ ေသြးစစ္မယ္။ ေသြးစစ္ခ ခြဲစိတ္ခ စမ္းသပ္ခ အခန္းငွားခ အခ အခ ေတြေၾကာင့္ သိန္းဘယ္ေလာက္ ကုန္မလဲ မစဥ္းစားရဲ။ အခုေတာ့ ေဆးရုံမွာ မရွိတဲ႔ ေဆး အျပင္မွာ ဝယ္တာ ၇၀၀၀ ဘဲက်တယ္။ ေဆးဆုိင္ေတြ ေဆးရုုံအဝန္းအဝုိင္း အနီးအနားမွာ မရွိပါ ဆရာဝန္ကလဲ ဘယ္ဆုိင္မွာ ဝယ္ပါလုိ႔ မညႊန္ၾကားပါ။ ေျပာင္းလဲခ်ိန္တန္ၿပီ ေပါ့ေလ။

အသက္ ၄၀ ေက်ာ္အထိ ေဘာလုံးကန္ခဲ႔လုိ ရတဲ႔ အက်ဳိးပါ ။ အသိတစ္ေယာက္က မင္းဒူးကုိ အဲဒီေဆးရုံမွာျပ ဆရာဝန္ႀကီးေတြက စိတ္ခ်ရတယ္ ေကာင္းတယ္ဆုိလုိ႔ သြားျပတာ (အခ်ိန္ေတာ့ ေပးရတယ္) ေငြလဲ အကုန္ သက္သာပါတယ္။

Credit : Kyawdin Aung’s Facebook

(Unicode Version)

လေးစားပါတယ် ဒေါက်တာတို့ ပြည်သူတွေအတွက် ဝမ်းသာစရာ သတင်းပါဗျာ လူနာရှင်တွေ ဖတ်ဖြစ်အောင် ဖတ်ထားပါ

လေးစားပါတယ် ဒေါက်တာတို့ ပြည်သူတွေအတွက် ဝမ်းသာစရာသတင်းပါဗျာ။

ကျေးဇူး အရိုးရောဂါ အထူးကု ဆေးရုံကြီး ပြောင်းလဲချိန် တန်ခဲ့လေသလား။ ဒူးနာနေတာကို ပေပြီးနေလာတာ ၁၀ နှစ်ကျော်ပြီ နာတာ မခံနိုင်လွန်းလို့ မနေ့က နေ့လည် ၂ နာရီမှာ ဆေးရုံမှာ သွားပြတယ်။ ဒီနေ့မနက် ၉ နာရီ (ပြန်ချိန်း) အရောက် သွား စာအုပ်လုပ် စာအုပ်ထပ် နာမည် အခေါ်စောင့် ၃ နာရီမှ ကိုယ့်အလှည့် ရောက်ပါတယ်။

ဆေးရုံက အတော်ပြောင်းလဲ သွားပါပြီ။ အနယ်နယ် အရပ်ရပ်က လာပြတဲ့ သူတွေများတော့ စောင့်ရတာပေါ့။ ကျွန်တော့် အမှတ်စဉ်က 07831 နောက်မှာေါ် စောင့်နေသူတွေက အမျာကြီး ကျန်သေးတယ်။ ဘာကြောင့် လူနာ များလည်းဆိုတာ ကျွန်တော့်အတွက် ဆေးသွားထုတ်မှ သိတယ် ပိုက်ဆံတစ်ပြားမှ မယူ စမ်းသပ်ခ စာအုပ်ဖိုး ဘာဖိုးမှ မယူ (စားရိတ်မျှပေး ဘာညာ ကြားပါတယ်။ ဒါပေမယ့်လဲပေါ့။ ဒီဆေးရုံက လက်တွေ့ ဘာဖိုးမှ မယူ ၁၂ နာရီနားမယ် ၂ နာရီ ပြန်စမယ် အတိအကျ) ဆရာဝန်က ၂ ပတ် ဆေးသောက်ပါ မသက်သာမှ ဒူးအဆစ်ကြားက အရိုးနု ပျက်စီးသွားတာ လိုအပ်မှ ခွဲထုတ်မယ် လေဆာနဲ့ ချေလို့လဲရတယ် လို့ပြောတယ်။

အဓိက ပြောချင်တာက ပိုက်ဆံ ဆေးခန်း အထူးကုတွေနဲ့ ပြမိရင် ဒီလိုရှင်းပြရင်တောင် ခွဲခန်းထဲ ဆွဲသွင်းမယ်။ A ကနေ Z အထိ သွေးစစ်မယ်။ သွေးစစ်ခ ခွဲစိတ်ခ စမ်းသပ်ခ အခန်းငှားခ အခ အခ တွေကြောင့် သိန်းဘယ်လောက် ကုန်မလဲ မစဉ်းစားရဲ။ အခုတော့ ဆေးရုံမှာ မရှိတဲ့ ဆေး အပြင်မှာ ဝယ်တာ ၇၀၀၀ ဘဲကျတယ်။ ဆေးဆိုင်တွေ ဆေးရုုံအဝန်းအဝိုင်း အနီးအနားမှာ မရှိပါ ဆရာဝန်ကလဲ ဘယ်ဆိုင်မှာ ဝယ်ပါလို့ မညွှန်ကြားပါ။ ပြောင်းလဲချိန်တန်ပြီ ပေါ့လေ။

အသက် ၄၀ ကျော်အထိ ဘောလုံးကန်ခဲ့လို ရတဲ့ အကျိုးပါ ။ အသိတစ်ယောက်က မင်းဒူးကို အဲဒီဆေးရုံမှာပြ ဆရာဝန်ကြီးတွေက စိတ်ချရတယ် ကောင်းတယ်ဆိုလို့ သွားပြတာ (အချိန်တော့ ပေးရတယ်) ငွေလဲ အကုန် သက်သာပါတယ်။

Credit : Kyawdin Aung’s Facebook

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္