ခ်မ္းေအးသာစံ ၿမိဳ႕နယ္တြင္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အဓမၼျပဳက်င့္ခံရ

မႏၱေလး ခ်မ္းေအးသာစံၿမိဳ့နယ္တြင္ မတ္လ ၁၀ ရက္ေန႔ ညပိုင္းက ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္ဦး အဓမၼျပဳက်င့္ခံရကာ သက္ငယ္မုဒိမ္းမႈျဖစ္ပြားခဲ႔ေႀကာင္း အမွတ္ ၈ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁၀ ရက္ ည ၁၀ နာရီခန္႔က မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံျမိဳ႕နယ္ ၂၈ လမ္း၊ ၇၉လမ္းနွင့္ လမ္း ၈၀ၾကား Royal Myanmar ဟိုတယ္ ညေစာင့္ ဦးခင္ေမာင္ဦး (ဘ)ဦးေမာင္ အသက္ ၆၈ နွစ္သည္ အိမ္အနီးရွိ မ—-၁၂ နွစ္အား မုန္းဝယ္ေက်ြးမည္ဟုဆိုကာ ေခၚေဆာင္ကာ အလုပ္သမားေနအိမ္ေအာက္ထပ္တြင္ ဓမၼာတာ ဆန္႔က်င္ကာ ကာမဆႏၵအား ရယူခဲ႔သည္ဟု သိရသည္။

အဆိုပါ ကိစၥနွင့္ပတ္သက္၍ သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူ ဦးခင္ေမာင္ဦး (ဘ)ဦးေမာင္ အသက္ ၆၈နွစ္အား အမွတ္၈ရဲခန္းမွ ပ-၁၂၁/၂၀၁၈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၇ ျဖင့္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေႀကာင္း သိရသည္။

ေက်ာ္ထူး

Source : The Mandalay News Journal

(Unicode Version)

ချမ်းအေးသာစံ မြို့နယ်တွင် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

မန္တလေး ချမ်းအေးသာစံမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့ ညပိုင်းက ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကာ သက်ငယ်မုဒိမ်းမှုဖြစ်ပွားခဲ့ကြောင်း အမှတ် ၈ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၀ ရက် ည ၁၀ နာရီခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၇၉လမ်းနှင့် လမ်း ၈ဝကြား Royal Myanmar ဟိုတယ် ညစောင့် ဦးခင်မောင်ဦး (ဘ)ဦးမောင် အသက် ၆၈ နှစ်သည် အိမ်အနီးရှိ မ—-၁၂ နှစ်အား မုန်းဝယ်ကျွေးမည်ဟုဆိုကာ ခေါ်ဆောင်ကာ အလုပ်သမားနေအိမ်အောက်ထပ်တွင် ဓမ္မာတာ ဆန့်ကျင်ကာ ကာမဆန္ဒအား ရယူခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ငယ်မုဒိမ်းမှုကျူးလွန်သူ ဦးခင်မောင်ဦး (ဘ)ဦးမောင် အသက် ၆၈နှစ်အား အမှတ်၈ရဲခန်းမှ ပ-၁၂၁/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ထူး

Source : The Mandalay News Journal