ဆယ္တန္း မေၿဖနိုင္တာနဲ႔ပဲ ဘ၀ႀကီး စုတ္ၿပတ္သြားၿပီလို႔ ထင္ေနတဲ႔ ေရႊၿမန္မာတို႔ ဖတ္ၾကည့္လိုက္ေနာ္

မည္သူတစ္ဦးတစ္ေယာက္ကိုမွ ရည္ရြယ္ေရးသားၿခင္းမဟုတ္ဘဲ ဆယ္တန္းမွာ ကၽြန္ေတာ္႔လိုပဲ ရိုးရိုးသမာရိုးက်သာေၿဖနိုင္ခဲ႔တဲ႔ ေက်ာင္းသား/သူမ်ား စိတ္အားတက္ၾကြေစရန္အလို႔ငွာ ဒီစာကိုေရးလိုက္ရၿခင္းၿဖစ္ပါတယ္။ ေနာက္ၿပီးေတာ႔ ဆယ္တန္းမွာ မေအာင္လို႔ၿဖစ္ေစ သို႔မဟုတ္ ရိုးရိုးေအာင္ရင္ ၿဖစ္ေစ ဘ၀ၾကီးကသံုးစားလို႔မရေတာ႔ဘူးလို႔ ထင္ေနတဲ႔ ကၽြန္ေတာ္တို႔ ေရႊ ၿမန္မာေတြရဲ႕အၿမင္ကို ေၿပာင္းေစခ်င္လို႔ပါ။ အထူးသၿဖင္႔ ဒီေဆာင္းပါးကို ဆရာ၊ ဆရာမေတြ၊ လက္ရွိ မိဘ ၿဖစ္ေနသူေတြနဲ႔ မိဘၿဖစ္မယ္႔သူ ၊ ဘ၀ကိုတိုးတက္ေအာင္ၿမင္လိုသူ ေတြ ဖတ္သင္႔ပါတယ္။

ကၽြန္ေတာ္ ဆယ္တန္းကို Bio တြဲနဲ႔ ၂၀၀၅ ခုနွစ္မွာ ေၿဖဆိုေအာင္ၿမင္တုန္းက အမွတ္ ၄၀ ေက်ာ္ ၂ ဘာသာနဲ႔ က်န္တာ ၅၀ ေက်ာ္နဲ႔ စုစုေပါင္း ရမွတ္ ၃၂၆ မွတ္ ၿဖစ္ပါတယ္။ (ေအာက္မွာ ဆယ္တန္း အမွတ္စာရင္းတင္ေပးထားပါတယ္။) အဲဒီလို အမွတ္မေကာင္းၿခင္းေတြေၾကာင္႔ပဲ ကၽြန္ေတာ္႔ဘ၀မွာ ကၽြန္ေတာ္ လိုခ်င္တာေတြနဲ႔ ၿဖစ္ခ်င္တာေတြၿဖစ္ခြင္႔ရခဲ႔ပါတယ္။ လက္ရွိ Company ၁ ခုပိုင္ဆိုင္ထားၿပီး ၊ ေနာက္တစ္ခုမွာ Director အေနနဲ႔ ပါထားတဲ႔အၿပင္ ၊ Training Center ၅ ခု ကိုလည္း ကိုယ္ပိုင္လုပ္နိုင္ခဲ႔တယ္။ ေနာက္ၿပီး တၿခားေသာ လုပ္ငန္း ၃ ခုမွာလည္း Share ၀င္ထားပါေသးတယ္။ ေနာက္ထပ္လည္း ထပ္မံခ်ဲ႕ထြင္မယ္႔အရာေတြ စီစဥ္ထားပါေသးတယ္။ ေအာ္ ေမ႔လို႔ ခ်စ္လွစြာေသာ ဇနီးနဲ႔ သားေလးတစ္ေယာက္လည္း ပိုင္ထားပါေသးတယ္

ကၽြန္ေတာ္ အခု အရမ္းမခ်မ္းသာပါဘူး။ သို႔ေသာ္ အခု အသက္ ၃၀ မၿပည္႔ခင္အခ်ိန္မွာပဲ ေငြေၾကးအတြက္ သိပ္ပူစရာမလိုတဲ႔ ဘ၀ကို ရရွိနိုင္ခဲ႔ၿပီ။ ေနာက္ၿပီး မသံုး မၿဖဳန္းပဲေနမယ္ဆိုရင္ ေအးေဆး တဘ၀လံုးစာ ထိုင္စားလို႔ရနိုင္တဲ႔ ၀င္ေငြရွိခဲ႔ၿပီ။ ဒါေတြက ကိုယ္တိုင္ၾကိဳးစားခဲ႔မႈနဲ႔အတူ မိဘေတြရဲ႕ အားေပးနွစ္သိမ္႔ လမ္းၿပမႈေတြေၾကာင္႔ပဲၿဖစ္ပါတယ္။

ေၿပာရမယ္ဆိုရင္ လြန္ခဲ႔တဲ႔ ၁၂ နွစ္ေက်ာ္ကာလ အခုလိုအခ်ိန္မွာ ကၽြန္ေတာ္ ဆယ္တန္းစာေမးပြဲကို အသည္းအသန္ေၿဖဆိုခဲ႔ရတဲ႔ကာလေပါ႔။ အသည္းအသန္ဆိုလို႔ အထင္ၾကီးမသြားၾကပါနဲ႔အံုးသူမ်ားလို ဂုဏ္ထူးေတြပါဖို႔ မဟုတ္ပါဘူး။ ရိုးရိုးေလး ေအာင္ဖို႔ မနည္းၾကိဳးစားခဲ႔ရတဲ႔အခ်ိန္ေပါ႔။

မွတ္မွတ္ရရ ဆယ္တန္းေၿဖခါနီး ၂လ/၃လ ေလာက္အလိုမွာ ညဘက္ လံုး၀ အိပ္မေပ်ာ္တဲ႔ေရာဂါတစ္ခုရခဲ႔တယ္။ ဘာၿဖစ္လို႔လဲ အဲဒီေရာဂါရလဲဆိုတာ ကိုယ္႔ဘာသာအသိဆံုးပါ။ ဆယ္တန္းေၿဖခါနီးေနၿပီ ဘာစာတစ္လံုးမွမရလို႔ပဲ ၿဖစ္ပါတယ္။ အဲဒါနဲ႔ပဲ အေဖနဲ႔အေမတိုင္ပင္ၿပီး ရန္ကုန္က ဆရာ၀န္ေတြဆီကို ေဆးခန္းသြားၿပတာ ေၿဖခါနီးမွပဲ ၿပန္ေရာက္လာတယ္။ (မွတ္ခ်က္။ ကၽြန္ေတာ္က ဆယ္တန္းအထိ ပဲခူးတိုင္း ၊ မင္းလွမွာ ေက်ာင္တက္ခဲ႔တာပါ။)

ေၿဖခါနီးမွနယ္ကို ကၽြန္ေတာ္ၿပန္ေရာက္လာတယ္။ ေနာက္ဆံုးဆယ္တန္းသာ သြားေၿဖတာ ၿမန္မာစာက ကဗ်ာ ၅ပုဒ္ ၊ စကားေၿပ ၅ပုဒ္ပဲရပါတယ္။ English စာဆိုလည္း တ၀က္ေလာက္ပဲသင္လို႔ၿပီးတယ္။ Essay , Letter ဆိုရင္ တသက္လံုး ေရးခဲ႔တာမဟုတ္ဘူး။ မွတ္မွတ္ရရ သခ်ာၤဆိုရင္ Chapter 7 Probability အထိပဲ သင္ခံခဲ႔ရတယ္။ အဲ႔ေနာက္ပိုင္းဘာမွမသိခဲ႔ပါဘူး။ Physics နဲ႔ Chemistry ကလည္း အကုန္အသင္မခံခဲ႔ရဘူး။ Bio က်ေတာ႔ အေမလိုခ်စ္ရတဲ႔ဆရာမက အတင္းတိုက္တြန္းၿပီး က်တ္ခိုင္းလို႔ ၆၇မွတ္ရခဲ႔တယ္ဆုိပါေတာ႔ေလ။ အားလံုးက ကၽြန္ေတာ္႔ အၿပစ္ေတြပါပဲ။ နွစ္စကတည္းက စာေတြကို လံုး၀မလုပ္ခဲ႔သလို နွစ္လယ္ နဲ႔ နွစ္ဆံုးမွာလည္း မလုပ္ခဲ႔ပါဘူး။ က်ဴရွင္ေၿပးခဲ႔တာေတြလည္း ပါတာေပါ႔ေလ။

တကယ္တမ္းေၿဖမယ္လုပ္ေတာ႔ ေၾကာက္ၿပီး မေၿဖရဲေတာ႔ဘဲ ေရာဂါထၿဖစ္တာပါပဲ။ အေဖ နဲ႔အေမ လည္း ကၽြန္ေတာ္႔အတြက္နဲ႔ ေတာ္ေတာ္ ဒုကၡေရာက္ ခဲ႔ၾကရပါတယ္။ က်ဴရွင္ဆိုလည္း one by one ေသခ်ာ ရွယ္ထားေပးခဲ႔တာပါ။ သို႔ေသာ္ ကၽြန္ေတာ္ငယ္၂တုန္းက စာနဲ႔ပတ္သက္ရင္ အသံုးမက်ခဲ႔ပါဘူး။ အသံုးမက်တာထက္စာရင္ ၏ ၊ သည္မေရြး က်တ္တူေရြးစာရြတ္သလို ရြတ္ၿပီး ခ်ေရးရတဲ႔စနစ္ကို မၾကိဳက္တာဆိုရင္ေတာ႔ ပိုမွန္ပါလိမ္႔မယ္။

ဒီလိုနဲ႔ ဆယ္တန္းေၿဖေနတုန္း ကၽြန္ေတာ္႔ အေဖ နဲ႔ အေမကို ကၽြန္ေတာ္ ေမးတယ္။ ကၽြန္ေတာ္ ေမးလိုက္တာက “ဆယ္တန္းမေအာင္ဘဲ က်ရင္ ဘယ္လို လုပ္မလဲ?” ပဲၿဖစ္ပါတယ္။ အဲဒီမွာ အေဖက ခ်က္ၿခင္းေၿဖတယ္။ “သားက အတတ္နိုင္ဆံုးၾကိဳးစားၿပီးသာေၿဖပါ။ က်တာ ၊ ေအာင္တာက ကိစၥမရွိဘူး။ တကယ္လို႔က်ခဲ႔ရင္လည္း ေနာက္နွစ္ၿပန္ေၿဖလို႔ရတာပဲ” တဲ႔။ သို႔ေသာ္ ကၽြန္ေတာ္ အဲဒီနွစ္မွာပဲ ဆယ္တစ္ကို တစ္နွစ္ထဲနဲ႔ေအာင္ၿမင္ခဲ႔ပါတယ္။ ကၽြန္ေတာ္ ရိုးရိုးေအာင္တာကိုပဲ ကၽြန္ေတာ္႔မိဘေတြက ၾကံဖန္ၿပီး ဂုဏ္ယူေပးခဲ႔ၾကပါေသးတယ္။ တခ်ိဳ႕မိဘေတြ ၃ဘာသာပဲ D ထြက္လို႔ ရိုက္ၾက ၊ ဆူၾက 5D ထြက္ၿပီး All D မထြက္လို႔ဆူရတာနဲ႔ All D ေတာ႔ထြက္ပါရဲ႕ အမွတ္နည္းလို႔ ၿဖစ္ရၿပန္တယ္။

တကယ္တမ္း ကေလးတစ္ေယာက္ေအာင္ၿမင္ဖို႔ဆိုတာ ကၽြန္ေတာ္ အၿမဲတမ္းေၿပာသလိုပဲ စာအုပ္ထဲကစာေတြကို ၏ ၊ သည္ မေရြးက်တ္ၿပီး စာအုပ္ထဲကို တစ္လံုးမက်န္ေရးနိုင္တာမ်ိဳးမဟုတ္ပါဘူး။ ကေလးတစ္ေယာက္ ေအာင္ၿမင္ဖို႔ဆိုတာက သူ၀ါသနာပါတဲ႔ အရာေတြ နဲ႔ ၿဖစ္ခ်င္တာ ေတြ ၊ လုပ္ခ်င္တာေတြကို မိဘက ေနာက္ကေနပံပိုးေပးရတာၿဖစ္ပါတယ္။

အဲဒီလိုနဲ႔ ေအာင္စာရင္းေတြထြက္ေတာ႔ D တစ္လံုးမွ မထြက္တဲ႔ ကၽြန္ေတာ္က သူငယ္ခ်င္းေတြနဲ႔ မေတြ႔ရဲခဲ႔ပါဘူး။ အေၾကာင္းကေတာ႔ သိတဲ႔အတိုင္းပဲေပါ႔။ စိတ္ထဲမွာ ရွက္မိသလို ၀မ္းနည္း အားငယ္သလိုလိုၾကီးခံစားရတယ္။ ဒါေတာင္ မိဘက ဘာမွမေၿပာပဲ ကူညီအားေပးတတ္တဲ႔သူၿဖစ္ေနလို႔ပါ။ တခ်ိဳ႔ဆို “နင္က အသံုးမွမက်တာ ၊ သူမ်ားေတြ D ပါတယ္။ နင္က မပါဘူး။” စသည္ၿဖင္႔ ဆူပူတတ္ၾကပါေသးတယ္။ ၿပီးေတာ႔ ဆရာကန္ေတာ႔ပြဲေတြလည္း ကၽြန္ေတာ္ ရွက္လို႔ မသြားရဲခဲ႔ပါဘူး။

အဲဒီအခ်ိန္မွာ ကၽြန္ေတာ္ အခုလိုၿဖစ္ေအာင္ အားေပးကူညီခဲ႔သူကေတာ႔ အေဖ နဲ႔ အေမပါပဲ။ သူတို႔က ေၿပာတယ္။ “သားေလး ဆယ္တန္း မေအာင္ပဲ ေအာင္ၿမင္ ခ်မ္းသာေနတဲ႔သူေတြ အမ်ားၾကီးရွိတယ္။ သားက ဆယ္တန္းေတာင္ ေအာင္ေနၿပီပဲ။ ဘာလို႔ ရွက္ေနရမွာလဲ ။ ဘာလို႔ ၀မ္းနည္းရမွာလဲ။ အခုဆယ္တန္းေအာင္ၿပီဆိုမွေတာ႔ သားလုပ္ခ်င္တာေတြ စၿပီး လုပ္လို႔ရေနၿပီေလ။ သူမ်ားေတြ ေက်ာင္း ၅နွစ္ ၊ ၆နွစ္တက္ေနတဲ႔အခ်ိန္မွာ သားက အေ၀းသင္တက္ၿပီး သား၀ါသနာပါတာေတြကို လုပ္လို႔ရၿပီေလ” လို႔ အားေပးနွစ္သိမ္႔ခဲ႔ပါတယ္။

အဲဒီ အားေပးစကားေတြေၾကာင္႔ပဲ ကၽြန္ေတာ္ ဒီေန႔လို အေၿခအေနကို ေရာက္ခဲ႔ရပါတယ္။ ကၽြန္ေတာ္ အခု အရမ္းမခ်မ္းသာပါဘူး။ သို႔ေသာ္ အခု အသက္၃၀မၿပည္႔ခင္အခ်ိန္မွာပဲ ေငြေၾကးအတြက္ သိပ္ပူစရာမလိုတဲ႔ ဘ၀ကို ရရွိနိုင္ခဲ႔ၿပီ။ ေနာက္ၿပီး မသံုး မၿဖဳန္းပဲေနမယ္ဆိုရင္ ေအးေဆး တဘ၀လံုးစာ ထိုင္စားလို႔ရနိုင္တဲ႔ ၀င္ေငြရွိခဲ႔ၿပီ။ ဒါေတြက ကိုယ္တိုင္ၾကိဳးစားခဲ႔မႈနဲ႔အတူ မိဘေတြရဲ႕ အားေပးနွစ္သိမ္႔ လမ္းၿပမႈေတြေၾကာင္႔ပဲၿဖစ္ပါတယ္။

ကၽြန္ေတာ္ေၿပာခ်င္တာက ဆယ္တန္းကို အေရးမပါဘူးလို႔ ေၿပာခ်င္တာမဟုတ္ဘူးေနာ္။ ဆယ္တန္းသည္ အတိုင္းအတာတစ္ခုအထိအေရးပါတယ္။ သို႔ေသာ္ ဆယ္တန္းက ဘ၀ၾကီးတစ္ခုလံုးမဟုတ္ပါဘူး။ ဆယ္တန္းစာေမးပြဲ ဆိုတာ ဘ၀ရဲ႕ တစ္စိတ္တစ္ပိုင္းပဲၿဖစ္ပါတယ္။ ဆယ္တန္း မေၿဖနိုင္တာနဲ႔ပဲ ဘ၀ၾကီး စုတ္ၿပတ္သြားၿပီလို႔ ထင္ေနတဲ႔ ၿမန္မာေတြရဲ႕ အေတြး အၿမင္ေတြကို ၿပင္ေစခ်င္တာပါ။ မေအာင္ရင္ ၿပန္ေၿဖပါ။ အခ်ိန္ ၁နွစ္ေနာက္က်သြားတာက လြဲၿပီး ဘာမွၿဖစ္မသြားပါဘူး။ ရိုးရိုးေအာင္ခဲ႔ရင္လည္း ေက်နပ္ပါ။ ထပ္မံၾကိဳးစားပါ။

မိဘေတြအေနဲ႔ ကေလးေတြကို အတင္းဖိအားမေပးပါနဲ႔။ ကေလး တစ္ေယာက္နဲ႔တစ္ေယာက္ Talent နဲ႔ IQ ေတြက မတူညီၾကပါဘူး။ တခ်ိဳ႕က စာေတာ္မယ္။ တခ်ိဳ႕က အဆိုေတာ္မယ္။ တခ်ိဳ႕က အက ေတာ္မယ္။ တခ်ိဳ႕က ေဘာလံုးကန္တာေတာ္မယ္။ သူတို႔ ေတာ္တာကို ကူညီပံပိုးေပးရမွာက မိဘေတြရဲ႕တာ၀န္ပါ။ စာကိုေတာ႔ သူတို႔ ဖတ္နိုင္သေလာက္ပဲ ဖတ္ၾကပေစဒါမွ သူတို႔သည္ သူတို႔၀ါသနာပါတဲ႔အရာမွာ ေအာင္ၿမင္ထူးခ်ြန္တဲ႔ သူေတြၿဖစ္နိုင္ၾကမွာပါ။

ဒါ႔ေၾကာင္႔ ဆယ္တန္းမွာ ရိုးရိုး သာမာန္ပဲ ေအာင္ခဲ႔ၾကတဲ႔သူေတြကိုေၿပာ ခ်င္တာကေတာ႔ ဘယ္ေတာ႔မွ အားမငယ္ပါနဲ႔။ စိတ္ဓာတ္မက်ပါနဲ႔။ ဘ၀ကို အရံႈးမေပးပါနဲ႔။ ဆယ္တန္းဆိုတာ ဘ၀ၾကီးတစ္ခုမဟုတ္ပါဘူး။ ဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုေလးပါပဲ။ ဘ၀မွာ ဆယ္တန္းထက္ အေရးပါ တဲ႔အရာေတြအမ်ားၾကီးရွိသလို သင္႔အေနနဲ႔ အၿပင္ေလာကမွာ ၾကိဳးစားနိုင္ရင္ ၾကိဳးစားသေလာက္ရမယ္႔ အခြင္႔အေရးေတြ အမ်ားၾကီးရွိေသးတယ္ ဆိုတာကိုလည္း သိေစခ်င္ပါတယ္။ ကဲစာေတာ္ေတာ္ရွည္သြားၿပီမို႔ ဒီမွာပဲ နားလိုက္ပါေတာ႔မယ္ေနာ္

အားလံုးပဲ ေအာင္ၿမင္တိုးတက္ ၾကီးပြားခ်မ္းသာၾကပါေစေနာ္ ကၽြန္ေတာ္ေရးတဲ႔ စာေတြကိုဖတ္ခ်င္တယ္ဆိုရင္ေတာ႔ Like & See First လုပ္ထားနိုင္ပါတယ္။ အားလံုးကိုေက်းဇူးတင္ပါတယ္။

Credit : Phyo Arkar Facebook Page မွ ေလးစားစြာ ကူးယူေဖာ္ျပအပ္ပါသည္။

(Unicode Version)

ဆယ်တန်း မဖြေနိုင်တာနဲ့ပဲ ဘဝကြီး စုတ်ပြတ်သွားပြီလို့ ထင်နေတဲ့ ရွှေမြန်မာတို့ ဖတ်ကြည့်လိုက်နော်

မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ဘဲ ဆယ်တန်းမှာ ကျွန်တော့်လိုပဲ ရိုးရိုးသမာရိုးကျသာဖြေနိုင်ခဲ့တဲ့ ကျောင်းသား/သူများ စိတ်အားတက်ကြွစေရန်အလို့ငှာ ဒီစာကိုရေးလိုက်ရခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ဆယ်တန်းမှာ မအောင်လို့ဖြစ်စေ သို့မဟုတ် ရိုးရိုးအောင်ရင် ဖြစ်စေ ဘဝကြီးကသုံးစားလို့မရတော့ဘူးလို့ ထင်နေတဲ့ ကျွန်တော်တို့ ရွှေ မြန်မာတွေရဲ့အမြင်ကို ပြောင်းစေချင်လို့ပါ။ အထူးသဖြင့် ဒီဆောင်းပါးကို ဆရာ၊ ဆရာမတွေ၊ လက်ရှိ မိဘ ဖြစ်နေသူတွေနဲ့ မိဘဖြစ်မယ့်သူ ၊ ဘဝကိုတိုးတက်အောင်မြင်လိုသူ တွေ ဖတ်သင့်ပါတယ်။

ကျွန်တော် ဆယ်တန်းကို Bio တွဲနဲ့ ၂၀၀၅ ခုနှစ်မှာ ဖြေဆိုအောင်မြင်တုန်းက အမှတ် ၄၀ ကျော် ၂ ဘာသာနဲ့ ကျန်တာ ၅၀ ကျော်နဲ့ စုစုပေါင်း ရမှတ် ၃၂၆ မှတ် ဖြစ်ပါတယ်။ (အောက်မှာ ဆယ်တန်း အမှတ်စာရင်းတင်ပေးထားပါတယ်။) အဲဒီလို အမှတ်မကောင်းခြင်းတွေကြောင့်ပဲ ကျွန်တော့်ဘဝမှာ ကျွန်တော် လိုချင်တာတွေနဲ့ ဖြစ်ချင်တာတွေဖြစ်ခွင့်ရခဲ့ပါတယ်။ လက်ရှိ Company ၁ ခုပိုင်ဆိုင်ထားပြီး ၊ နောက်တစ်ခုမှာ Director အနေနဲ့ ပါထားတဲ့အပြင် ၊ Training Center ၅ ခု ကိုလည်း ကိုယ်ပိုင်လုပ်နိုင်ခဲ့တယ်။ နောက်ပြီး တခြားသော လုပ်ငန်း ၃ ခုမှာလည်း Share ဝင်ထားပါသေးတယ်။ နောက်ထပ်လည်း ထပ်မံချဲ့ထွင်မယ့်အရာတွေ စီစဉ်ထားပါသေးတယ်။ အော် မေ့လို့ ချစ်လှစွာသော ဇနီးနဲ့ သားလေးတစ်ယောက်လည်း ပိုင်ထားပါသေးတယ်

ကျွန်တော် အခု အရမ်းမချမ်းသာပါဘူး။ သို့သော် အခု အသက် ၃၀ မပြည့်ခင်အချိန်မှာပဲ ငွေကြေးအတွက် သိပ်ပူစရာမလိုတဲ့ ဘဝကို ရရှိနိုင်ခဲ့ပြီ။ နောက်ပြီး မသုံး မဖြုန်းပဲနေမယ်ဆိုရင် အေးဆေး တဘဝလုံးစာ ထိုင်စားလို့ရနိုင်တဲ့ ဝင်ငွေရှိခဲ့ပြီ။ ဒါတွေက ကိုယ်တိုင်ကြိုးစားခဲ့မှုနဲ့အတူ မိဘတွေရဲ့ အားပေးနှစ်သိမ့် လမ်းပြမှုတွေကြောင့်ပဲဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကာလ အခုလိုအချိန်မှာ ကျွန်တော် ဆယ်တန်းစာမေးပွဲကို အသည်းအသန်ဖြေဆိုခဲ့ရတဲ့ကာလပေါ့။ အသည်းအသန်ဆိုလို့ အထင်ကြီးမသွားကြပါနဲ့အုံးသူများလို ဂုဏ်ထူးတွေပါဖို့ မဟုတ်ပါဘူး။ ရိုးရိုးလေး အောင်ဖို့ မနည်းကြိုးစားခဲ့ရတဲ့အချိန်ပေါ့။

မှတ်မှတ်ရရ ဆယ်တန်းဖြေခါနီး ၂လ/၃လ လောက်အလိုမှာ ညဘက် လုံးဝ အိပ်မပျော်တဲ့ရောဂါတစ်ခုရခဲ့တယ်။ ဘာဖြစ်လို့လဲ အဲဒီရောဂါရလဲဆိုတာ ကိုယ့်ဘာသာအသိဆုံးပါ။ ဆယ်တန်းဖြေခါနီးနေပြီ ဘာစာတစ်လုံးမှမရလို့ပဲ ဖြစ်ပါတယ်။ အဲဒါနဲ့ပဲ အဖေနဲ့အမေတိုင်ပင်ပြီး ရန်ကုန်က ဆရာဝန်တွေဆီကို ဆေးခန်းသွားပြတာ ဖြေခါနီးမှပဲ ပြန်ရောက်လာတယ်။ (မှတ်ချက်။ ကျွန်တော်က ဆယ်တန်းအထိ ပဲခူးတိုင်း ၊ မင်းလှမှာ ကျောင်တက်ခဲ့တာပါ။)

ဖြေခါနီးမှနယ်ကို ကျွန်တော်ပြန်ရောက်လာတယ်။ နောက်ဆုံးဆယ်တန်းသာ သွားဖြေတာ မြန်မာစာက ကဗျာ ၅ပုဒ် ၊ စကားပြေ ၅ပုဒ်ပဲရပါတယ်။ English စာဆိုလည်း တဝက်လောက်ပဲသင်လို့ပြီးတယ်။ Essay , Letter ဆိုရင် တသက်လုံး ရေးခဲ့တာမဟုတ်ဘူး။ မှတ်မှတ်ရရ သချာင်္ဆိုရင် Chapter 7 Probability အထိပဲ သင်ခံခဲ့ရတယ်။ အဲ့နောက်ပိုင်းဘာမှမသိခဲ့ပါဘူး။ Physics နဲ့ Chemistry ကလည်း အကုန်အသင်မခံခဲ့ရဘူး။ Bio ကျတော့ အမေလိုချစ်ရတဲ့ဆရာမက အတင်းတိုက်တွန်းပြီး ကျတ်ခိုင်းလို့ ၆ရမှတ်ရခဲ့တယ်ဆိုပါတော့လေ။ အားလုံးက ကျွန်တော့် အပြစ်တွေပါပဲ။ နှစ်စကတည်းက စာတွေကို လုံးဝမလုပ်ခဲ့သလို နှစ်လယ် နဲ့ နှစ်ဆုံးမှာလည်း မလုပ်ခဲ့ပါဘူး။ ကျူရှင်ပြေးခဲ့တာတွေလည်း ပါတာပေါ့လေ။

တကယ်တမ်းဖြေမယ်လုပ်တော့ ကြောက်ပြီး မဖြေရဲတော့ဘဲ ရောဂါထဖြစ်တာပါပဲ။ အဖေ နဲ့အမေ လည်း ကျွန်တော့်အတွက်နဲ့ တော်တော် ဒုက္ခရောက် ခဲ့ကြရပါတယ်။ ကျူရှင်ဆိုလည်း one by one သေချာ ရှယ်ထားပေးခဲ့တာပါ။ သို့သော် ကျွန်တော်ငယ်၂တုန်းက စာနဲ့ပတ်သက်ရင် အသုံးမကျခဲ့ပါဘူး။ အသုံးမကျတာထက်စာရင် ၏ ၊ သည်မရွေး ကျတ်တူရွေးစာရွတ်သလို ရွတ်ပြီး ချရေးရတဲ့စနစ်ကို မကြိုက်တာဆိုရင်တော့ ပိုမှန်ပါလိမ့်မယ်။

ဒီလိုနဲ့ ဆယ်တန်းဖြေနေတုန်း ကျွန်တော့် အဖေ နဲ့ အမေကို ကျွန်တော် မေးတယ်။ ကျွန်တော် မေးလိုက်တာက “ဆယ်တန်းမအောင်ဘဲ ကျရင် ဘယ်လို လုပ်မလဲ?” ပဲဖြစ်ပါတယ်။ အဲဒီမှာ အဖေက ချက်ခြင်းဖြေတယ်။ “သားက အတတ်နိုင်ဆုံးကြိုးစားပြီးသာဖြေပါ။ ကျတာ ၊ အောင်တာက ကိစ္စမရှိဘူး။ တကယ်လို့ကျခဲ့ရင်လည်း နောက်နှစ်ပြန်ဖြေလို့ရတာပဲ” တဲ့။ သို့သော် ကျွန်တော် အဲဒီနှစ်မှာပဲ ဆယ်တစ်ကို တစ်နှစ်ထဲနဲ့အောင်မြင်ခဲ့ပါတယ်။ ကျွန်တော် ရိုးရိုးအောင်တာကိုပဲ ကျွန်တော့်မိဘတွေက ကြံဖန်ပြီး ဂုဏ်ယူပေးခဲ့ကြပါသေးတယ်။ တချို့မိဘတွေ ၃ဘာသာပဲ D ထွက်လို့ ရိုက်ကြ ၊ ဆူကြ 5D ထွက်ပြီး All D မထွက်လို့ဆူရတာနဲ့ All D တော့ထွက်ပါရဲ့ အမှတ်နည်းလို့ ဖြစ်ရပြန်တယ်။

တကယ်တမ်း ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာ ကျွန်တော် အမြဲတမ်းပြောသလိုပဲ စာအုပ်ထဲကစာတွေကို ၏ ၊ သည် မရွေးကျတ်ပြီး စာအုပ်ထဲကို တစ်လုံးမကျန်ရေးနိုင်တာမျိုးမဟုတ်ပါဘူး။ ကလေးတစ်ယောက် အောင်မြင်ဖို့ဆိုတာက သူဝါသနာပါတဲ့ အရာတွေ နဲ့ ဖြစ်ချင်တာ တွေ ၊ လုပ်ချင်တာတွေကို မိဘက နောက်ကနေပံပိုးပေးရတာဖြစ်ပါတယ်။

အဲဒီလိုနဲ့ အောင်စာရင်းတွေထွက်တော့ D တစ်လုံးမှ မထွက်တဲ့ ကျွန်တော်က သူငယ်ချင်းတွေနဲ့ မတွေ့ရဲခဲ့ပါဘူး။ အကြောင်းကတော့ သိတဲ့အတိုင်းပဲပေါ့။ စိတ်ထဲမှာ ရှက်မိသလို ဝမ်းနည်း အားငယ်သလိုလိုကြီးခံစားရတယ်။ ဒါတောင် မိဘက ဘာမှမပြောပဲ ကူညီအားပေးတတ်တဲ့သူဖြစ်နေလို့ပါ။ တချို့ဆို “နင်က အသုံးမှမကျတာ ၊ သူများတွေ D ပါတယ်။ နင်က မပါဘူး။” စသည်ဖြင့် ဆူပူတတ်ကြပါသေးတယ်။ ပြီးတော့ ဆရာကန်တော့ပွဲတွေလည်း ကျွန်တော် ရှက်လို့ မသွားရဲခဲ့ပါဘူး။

အဲဒီအချိန်မှာ ကျွန်တော် အခုလိုဖြစ်အောင် အားပေးကူညီခဲ့သူကတော့ အဖေ နဲ့ အမေပါပဲ။ သူတို့က ပြောတယ်။ “သားလေး ဆယ်တန်း မအောင်ပဲ အောင်မြင် ချမ်းသာနေတဲ့သူတွေ အများကြီးရှိတယ်။ သားက ဆယ်တန်းတောင် အောင်နေပြီပဲ။ ဘာလို့ ရှက်နေရမှာလဲ ။ ဘာလို့ ဝမ်းနည်းရမှာလဲ။ အခုဆယ်တန်းအောင်ပြီဆိုမှတော့ သားလုပ်ချင်တာတွေ စပြီး လုပ်လို့ရနေပြီလေ။ သူများတွေ ကျောင်း ၅နှစ် ၊ ၆နှစ်တက်နေတဲ့အချိန်မှာ သားက အဝေးသင်တက်ပြီး သားဝါသနာပါတာတွေကို လုပ်လို့ရပြီလေ” လို့ အားပေးနှစ်သိမ့်ခဲ့ပါတယ်။

အဲဒီ အားပေးစကားတွေကြောင့်ပဲ ကျွန်တော် ဒီနေ့လို အခြေအနေကို ရောက်ခဲ့ရပါတယ်။ ကျွန်တော် အခု အရမ်းမချမ်းသာပါဘူး။ သို့သော် အခု အသက်၃ဝမပြည့်ခင်အချိန်မှာပဲ ငွေကြေးအတွက် သိပ်ပူစရာမလိုတဲ့ ဘဝကို ရရှိနိုင်ခဲ့ပြီ။ နောက်ပြီး မသုံး မဖြုန်းပဲနေမယ်ဆိုရင် အေးဆေး တဘဝလုံးစာ ထိုင်စားလို့ရနိုင်တဲ့ ဝင်ငွေရှိခဲ့ပြီ။ ဒါတွေက ကိုယ်တိုင်ကြိုးစားခဲ့မှုနဲ့အတူ မိဘတွေရဲ့ အားပေးနှစ်သိမ့် လမ်းပြမှုတွေကြောင့်ပဲဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာက ဆယ်တန်းကို အရေးမပါဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်။ ဆယ်တန်းသည် အတိုင်းအတာတစ်ခုအထိအရေးပါတယ်။ သို့သော် ဆယ်တန်းက ဘဝကြီးတစ်ခုလုံးမဟုတ်ပါဘူး။ ဆယ်တန်းစာမေးပွဲ ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။ ဆယ်တန်း မဖြေနိုင်တာနဲ့ပဲ ဘဝကြီး စုတ်ပြတ်သွားပြီလို့ ထင်နေတဲ့ မြန်မာတွေရဲ့ အတွေး အမြင်တွေကို ပြင်စေချင်တာပါ။ မအောင်ရင် ပြန်ဖြေပါ။ အချိန် ၁နှစ်နောက်ကျသွားတာက လွဲပြီး ဘာမှဖြစ်မသွားပါဘူး။ ရိုးရိုးအောင်ခဲ့ရင်လည်း ကျေနပ်ပါ။ ထပ်မံကြိုးစားပါ။

မိဘတွေအနေဲ့ ကလေးတွေကို အတင်းဖိအားမပေးပါနဲ့။ ကလေး တစ်ယောက်နဲ့တစ်ယောက် Talent နဲ့ IQ တွေက မတူညီကြပါဘူး။ တချို့က စာတော်မယ်။ တချို့က အဆိုတော်မယ်။ တချို့က အက တော်မယ်။ တချို့က ဘောလုံးကန်တာတော်မယ်။ သူတို့ တော်တာကို ကူညီပံပိုးပေးရမှာက မိဘတွေရဲ့တာဝန်ပါ။ စာကိုတော့ သူတို့ ဖတ်နိုင်သလောက်ပဲ ဖတ်ကြပစေဒါမှ သူတို့သည် သူတို့ဝါသနာပါတဲ့အရာမှာ အောင်မြင်ထူးချွန်တဲ့ သူတွေဖြစ်နိုင်ကြမှာပါ။

ဒါ့ကြောင့် ဆယ်တန်းမှာ ရိုးရိုး သာမာန်ပဲ အောင်ခဲ့ကြတဲ့သူတွေကိုပြော ချင်တာကတော့ ဘယ်တော့မှ အားမငယ်ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ ဘဝကို အရှုံးမပေးပါနဲ့။ ဆယ်တန်းဆိုတာ ဘဝကြီးတစ်ခုမဟုတ်ပါဘူး။ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလေးပါပဲ။ ဘဝမှာ ဆယ်တန်းထက် အရေးပါ တဲ့အရာတွေအများကြီးရှိသလို သင့်အနေနဲ့ အပြင်လောကမှာ ကြိုးစားနိုင်ရင် ကြိုးစားသလောက်ရမယ့် အခွင့်အရေးတွေ အများကြီးရှိသေးတယ် ဆိုတာကိုလည်း သိစေချင်ပါတယ်။ ကဲစာတော်တော်ရှည်သွားပြီမို့ ဒီမှာပဲ နားလိုက်ပါတော့မယ်နော်

အားလုံးပဲ အောင်မြင်တိုးတက် ကြီးပွားချမ်းသာကြပါစေနော် ကျွန်တော်ရေးတဲ့ စာတွေကိုဖတ်ချင်တယ်ဆိုရင်တော့ Like & See First လုပ်ထားနိုင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Credit : Phyo Arkar Facebook Page မှ လေးစားစွာ ကူးယူဖော်ပြအပ်ပါသည်။