ခိုးဆိုး လုယက္ ခိုက္ရန္ ဖ်က္ဆီးျခင္း လံုးဝမရိွပဲ ညေနတိုင္း လမ္းေလၽွာက္ ဓမၼစၾကာ ရြတ္ၾကေသာ ျမန္မာနိုင္ငံက ထူးျခားလွသည့္ သူေတာ္ေကာင္းရြာေလး

ထူးျခားလွသည့္ သူေတာ္ေကာင္းရြာေလး

ညေနတိုင္းလမ္းေလၽွာက္ ဓမၼစၾကာရြတ္ၾကေသာရြာကေလးျဖစ္သည္။ ဘာသာျခားမ်ား အနၱရာယ္ ၾကံဳေနရေသာ္လည္း ႏွစ္ေပါင္း (၁၀၀) ေက်ာ္သည္အထိ ေက်းရြာေန အမ်ိဳးသမီးမ်ားက ညေနတိုင္း ရြာလမ္းတေလၽွာက္ လမ္းေလၽွာက္ကာ သုံးပတ္ပတ္၍ ဓမၼစၾကာ ရြတ္ဆိုၾကသည္။ အမ်ိဳးသားမ်ားက ဝါတြင္း လျပည့္ လကြယ္ ဥပုသ္ေန့ညတိုင္း ည ၈ နာရီမွ နံနက္ မိုးလင္းအထိ ပဌာန္းတရာေတာ္ ရြတ္ဖတ္ ပူေဇာ္ၾကသည့္ ထူးျခားလွသည့္ ရြာကေလး ျဖစ္ပါသည္။

ၾကည္ညိုစရာ အတုယူစရာ ေကာင္းလွပါသည္။ ခိုက္ရန္ျဖစ္ျခင္း ခိုးဆိုး လုယက္ ဖ်က္ဆီးျခင္း စသည္ျဖင့္ မည္သည့္မွဳခင္းမွ မျဖစ္ဖူးေၾကာင္း ၾကားသိရသည္မွာ အလြန္ပင္ အ့ံၾသ ၾကည္နူးစရာ ေကာင္းလွပါသည္။ ထိုရြာကေလးသိ့ု ေရွ့ေနႀကီး ဦးေအးပိုင္၏ အစီအစဥ္ျဖင့္ စြမ္းနိုင္သမ်ွ လွဴဒါန္းခြင့္ အမွတ္တရ ၾသဝါဒစကား ေျပာၾကားခြင့္ ရသည့္ အတြက္လည္း အတိုင္းမသိ ဝမ္းေျမာက္မိပါသည္။

သြားေရာက္ေလ့လာျခင္း လွဴဒါန္းျခင္း ျပဳလိုပါက ေက်ာင္းစုေက်းရြာ လပြတၱာျမိ့ုနယ္ ဧရာဝတီတိုင္း ။ ေျမာင္းျမမွ လပြတၱာ လမ္းအတိုင္း သြား၍ ၾကာကန္လမ္းခဲြ အတိုင္းတာထိပ္ ထိုမွ စက္ေလွျဖင့္ နာရီဝက္ခန္႔ ေမာင္းလ်ွင္ ေရာက္ပါသည္။

အရွင္စႏိၵမာဝံသ ဇာနည္ေသြး Pho Pyone Cho acc တိ့ုနွင့္ ဆက္သြယ္နိုင္ပါသည္။

ေအာင္သုခ ဆရာေတာ္

Credit : Ashin Ganda Sara

(Unicode Version)

ခိုးဆိုး လုယက် ခိုက်ရန် ဖျက်ဆီးခြင်း လုံးဝမရှိပဲ ညနေတိုင်း လမ်းလျှောက် ဓမ္မစကြာ ရွတ်ကြသော မြန်မာနိုင်ငံက ထူးခြားလှသည့် သူတော်ကောင်းရွာလေး

ထူးခြားလှသည့် သူတော်ကောင်းရွာလေး

ညနေတိုင်းလမ်းလျှောက် ဓမ္မစကြာရွတ်ကြသောရွာကလေးဖြစ်သည်။ ဘာသာခြားများ အန္တရာယ် ကြုံနေရသော်လည်း နှစ်ပေါင်း (၁၀၀) ကျော်သည်အထိ ကျေးရွာနေ အမျိုးသမီးများက ညနေတိုင်း ရွာလမ်းတလျှောက် လမ်းလျှောက်ကာ သုံးပတ်ပတ်၍ ဓမ္မစကြာ ရွတ်ဆိုကြသည်။ အမျိုးသားများက ဝါတွင်း လပြည့် လကွယ် ဥပုသ်နေ့ညတိုင်း ည ၈ နာရီမှ နံနက် မိုးလင်းအထိ ပဌာန်းတရာတော် ရွတ်ဖတ် ပူဇော်ကြသည့် ထူးခြားလှသည့် ရွာကလေး ဖြစ်ပါသည်။

ကြည်ညိုစရာ အတုယူစရာ ကောင်းလှပါသည်။ ခိုက်ရန်ဖြစ်ခြင်း ခိုးဆိုး လုယက် ဖျက်ဆီးခြင်း စသည်ဖြင့် မည်သည့်မှုခင်းမှ မဖြစ်ဖူးကြောင်း ကြားသိရသည်မှာ အလွန်ပင် အ့ံသြ ကြည်နူးစရာ ကောင်းလှပါသည်။ ထိုရွာကလေးသို့ ရှေ့နေကြီး ဦးအေးပိုင်၏ အစီအစဉ်ဖြင့် စွမ်းနိုင်သမျှ လှူဒါန်းခွင့် အမှတ်တရ သြဝါဒစကား ပြောကြားခွင့် ရသည့် အတွက်လည်း အတိုင်းမသိ ဝမ်းမြောက်မိပါသည်။

သွားရောက်လေ့လာခြင်း လှူဒါန်းခြင်း ပြုလိုပါက ကျောင်းစုကျေးရွာ လပွတ္တာမြိ့ုနယ် ဧရာဝတီတိုင်း ။ မြောင်းမြမှ လပွတ္တာ လမ်းအတိုင်း သွား၍ ကြာကန်လမ်းခွဲ အတိုင်းတာထိပ် ထိုမှ စက်လှေဖြင့် နာရီဝက်ခန့် မောင်းလျှင် ရောက်ပါသည်။

အရှင်စန္ဒိမာဝံသ ဇာနည်သွေး Pho Pyone Cho acc တို့နှင့် ဆက်သွယ်နိုင်ပါသည်။

အောင်သုခ ဆရာတော်

Credit : Ashin Ganda Sara

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္