သင့္ကိုေတြ႔တဲ့ လူတိုင္းက ခ်စ္ခင္ၿပီး ေမတၱာရွိေအာင္ လုပ္တဲ့နည္း “ပီယ” လြယ္လြယ္ေလးမို႔ လုပ္ၾကည့္ပါ

လူတိုင္း ေန႔စဥ္ မ်က္ႏွာပြင့္ေအာင္ လုပ္လို႔ရတဲ့ ပီယ ​ေလးရွိတယ္​​ေနာ္​။ လူခ်စ္လူခင္ေပါၿပီး သြားေလရာ ေရာက္ေလ ရာမွာ ရန္အေႏွာင့္အယွက္ ကင္းကင္းနဲ႔ အားလံုး အဆင္ေျပေျပျဖစ္ေအာင္ ကူညီသူေပါ၊ က႐ုဏာ ထားသူမ်ား၊ ေမတၲာထားသူမ်ား ေပါမ်ားတဲ့ ဓာတ္ သဘာဝကို ပီယဓာတ္ဟု ေခၚပါတယ္။ ပီယဓာတ္နဲ႔ ေန႔တိုင္း မ်က္ႏွာပြင့္ေစေအာင္ ေဆာင္ရြက္ႏိုင္တဲ့ ျမန္မာ့႐ိုးရာနည္းပညာတစ္ခု တင္ ျပပါမယ္။

အိမ္က အျပင္ထြက္ရင္ သြားေလရာ လမ္း တစ္ေလွ်ာက္ အေႏွာင့္အယွက္ေပးတဲ့လူလည္း ကင္းေဝးခ်င္တယ္။ သူတစ္ပါး သေဘာက်ေလာက္ ေအာင္လည္း စတိုင္ထုတ္ခ်င္တယ္။ ဒီလိုအေနအ ထားမ်ိဳး မိန္းကေလးတိုင္း လိုလားတယ္။ ဒီေနရာ မွာ ပီယဓာတ္က သိပ္အေရးႀကီးတယ္။ လိုက္ေႏွာင့္ယွက္တာမ်ိဳး၊ ဣေျႏၵပ်က္ ေလာက္ေအာင္ ျပဳမူတာေတြ၊ အရွက္ကြဲေအာင္ ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာ ဆို ဒုကၡေပးေစာ္ကားေမာ္ကားေျပာဆိုနာက္ေျပာင္တာမ်ိဳး ဘယ္မိန္းကေလးမွ မလို လားတာ အမွန္ပဲ။ ေနာက္ေျပာင္သူ အေႏွာင့္အယွက္ ကင္းေစ၊ ခ်စ္ခင္သနားစိတ္နဲ႔ ႐ိုင္း႐ိုင္းပင္းပင္း ကူ ညီၿပီး ၿပံဳးျပတာနဲ႔ တစ္ဖက္လူ ကိုယ့္ကို ကူညီလို စိတ္ ညႊတ္က်ေစတဲ့ ဓာတ္ကို ပီယလို႔ ေခၚပါတယ္။

အမ်ိဳးသားမ်ား အဖို႔လည္း ရန္ကင္းၿပီး၊ အေႏွာင့္အယွက္ ကင္းၿပီး မိန္းကေလးေတြ စိတ္ ဝင္စားခံရၿပီး အႀကီးအကဲ ဆရာသမားပင္ ႏွစ္သက္ ခံရတဲ့ မ်က္ႏွာပြင့္ျခင္းကို ပီယေခၚပါတယ္။

မ်က္ႏွာပြင့္ ပီယေကာင္းေအာင္ ဒီလိုလုပ္ပါ။

တနဂၤေႏြေန႔ – အိမ္ကထြက္ရင္ ဦးေခါင္းထိပ္မွာ (အ) အကၡ ရာကို လက္ညႇိဳးနဲ႔တို႔ထိေရးၿပီး ထြက္ပါ။ တစ္ေန႔ တာ စိတ္ခ်မ္းသာေစရမယ္။

တနလၤာေန႔ – ဆိုရင္ေတာ့ လက္ညႇိဳးျဖင့္ နဖူးမွာ (က) အကၡ ရာကို ေရးၿပီး အိမ္က ထြက္ပါ။ တစ္ေန႔လံုး ထူးျခားစြာ အဆင္ေျပပါလိမ့္မယ္။

အဂၤါေန႔မွာ – အိမ္ကအထြက္ မ်က္လံုးမ်က္ခံုးေပၚမွာ (ဆ) အကၡရာေရးၿပီးအိမ္က ထြက္ပါ။ အားလံုးအဆင္ေျပ၊ ခရီးလမ္းပန္းေခ်ာေမြ႕၊ တစ္ေန႔တာ အဆင္ေျပမည္။သ

ဗုဒၶဟူးေန႔ – အိမ္မွအထြက္ လက္ညႇိဳးေလးနဲ႔ လွ်ာေပၚမွာ (ရ) အကၡရာကို ေရးၿပီးထြက္၊ ထူးျခားစြာ အဆင္ ေျပသြားပါလိမ့္မည္။

ၾကာသပေတးေန႔ – အိမ္ကထြက္ခါနီး လက္ညႇိဳးနဲ႔ ညႇပ္႐ိုးမွာ (ပ) အကၡရာေရးၿပီး ထြက္ပါ။ ဒီေန႔ကိစၥအားလံုး ေခ်ာေမြ႕ပါလိမ့္မယ္။

ေသာၾကာေန႔ – အိမ္ကအထြက္ ရင္ညြန္႔မွာ (သ)အကၡရာ ေရး ၿပီး ထြက္ေပါ့။ ဟန္က်သြားလိမ့္မယ္။

စေနေန႔ – ခ်က္မွာ (တ) အကၡရာေရးၿပီး လိုရာခရီး ထြက္။ သြားေလရာ အကူအညီေပးသူေပၚ၊ ရန္ေဘး အႏၱရာယ္ကင္းပါလိမ့္မယ္။

သတိထားရမွာက အကၡရာေတြကို ေရးတဲ့အခါ ပီသမွန္ကန္ ေအာင္ေရးပါ။ လက္ညႇိဳးထိပ္ဖ်ားနဲ႔ ခပ္ဖြဖြ တို႔ထိၿပီးေရးပါ။ ေယာက်ာ္းေလးဆို ညာလက္ညႇိဳးသံုးပါ။ မိန္းကေလးဆို ဘယ္လက္ညႇိဳးသံုးပါ။ လက္ေတြ႕ သံုးၾကေပေတာ့။ အလွက်က္သေရလည္းရွိ၊ သြားလာေလရာ ပီယရွိေနမွေတာ့ ဘာလိုေသးလဲ။

ဥာဏ္ရွိသလို ခ်ဲ႕သံုးပါ။ အင္တာဗ်ဴးေတြ၊ အလုပ္ကိစၥေတြ၊ စာေမးပြဲေျဖတဲ့အခါေတြကအစ ႏွစ္ဦးေတြ႕ၾကရင္အဆံုး အဆင္ေျပေအာင္ လက္ ေတြ႕သံုးစြဲၾကည့္ၾကေပါ့။ အေရာင္းအဝယ္သမားေတြ လည္း ေဈးေခၚ ေဈးေျပာ ေကာင္းတယ္။ သံုးၾကည့္ ပါ။ မိမိမိတ္ေဆြေတြ အကုန္ဖတ္လို႔ရေအာင္ share သြားေပးေနာ္။

Credit : Sayar San Zarni Bo

(Unicode Version)

သင့်ကိုတွေ့တဲ့ လူတိုင်းက ချစ်ခင်ပြီး မေတ္တာရှိအောင် လုပ်တဲ့နည်း “ပီယ” လွယ်လွယ်လေးမို့ လုပ်ကြည့်ပါ။

လူတိုင်း နေ့စဉ် မျက်နှာပွင့်အောင် လုပ်လို့ရတဲ့ ပီယ ​လေးရှိတယ်​​နော်​။ လူချစ်လူခင်ပေါပြီး သွားလေရာ ရောက်လေ ရာမှာ ရန်အနှောင့်အယှက် ကင်းကင်းနဲ့ အားလုံး အဆင်ပြေပြေဖြစ်အောင် ကူညီသူပေါ၊ ကရုဏာ ထားသူများ၊ မေတ္တာထားသူများ ပေါများတဲ့ ဓာတ် သဘာဝကို ပီယဓာတ်ဟု ခေါ်ပါတယ်။ ပီယဓာတ်နဲ့ နေ့တိုင်း မျက်နှာပွင့်စေအောင် ဆောင်ရွက်နိုင်တဲ့ မြန်မာ့ရိုးရာနည်းပညာတစ်ခု တင် ပြပါမယ်။

အိမ်က အပြင်ထွက်ရင် သွားလေရာ လမ်း တစ်လျှောက် အနှောင့်အယှက်ပေးတဲ့လူလည်း ကင်းဝေးချင်တယ်။ သူတစ်ပါး သဘောကျလောက် အောင်လည်း စတိုင်ထုတ်ချင်တယ်။ ဒီလိုအနေအ ထားမျိုး မိန်းကလေးတိုင်း လိုလားတယ်။ ဒီနေရာ မှာ ပီယဓာတ်က သိပ်အရေးကြီးတယ်။ လိုက်နှောင့်ယှက်တာမျိုး၊ ဣန္ဒြေပျက် လောက်အောင် ပြုမူတာတွေ၊ အရှက်ကွဲအောင် ရိုင်းရိုင်းစိုင်းစိုင်း ပြော ဆို ဒုက္ခပေးစော်ကားမော်ကားပြောဆိုနာက်ပြောင်တာမျိုး ဘယ်မိန်းကလေးမှ မလို လားတာ အမှန်ပဲ။ နောက်ပြောင်သူ အနှောင့်အယှက် ကင်းစေ၊ ချစ်ခင်သနားစိတ်နဲ့ ရိုင်းရိုင်းပင်းပင်း ကူ ညီပြီး ပြုံးပြတာနဲ့ တစ်ဖက်လူ ကိုယ့်ကို ကူညီလို စိတ် ညွှတ်ကျစေတဲ့ ဓာတ်ကို ပီယလို့ ခေါ်ပါတယ်။

အမျိုးသားများ အဖို့လည်း ရန်ကင်းပြီး၊ အနှောင့်အယှက် ကင်းပြီး မိန်းကလေးတွေ စိတ် ဝင်စားခံရပြီး အကြီးအကဲ ဆရာသမားပင် နှစ်သက် ခံရတဲ့ မျက်နှာပွင့်ခြင်းကို ပီယခေါ်ပါတယ်။

မျက်နှာပွင့် ပီယကောင်းအောင် ဒီလိုလုပ်ပါ။

တနင်္ဂနွေနေ့ – အိမ်ကထွက်ရင် ဦးခေါင်းထိပ်မှာ (အ) အက္ခ ရာကို လက်ညှိုးနဲ့တို့ထိရေးပြီး ထွက်ပါ။ တစ်နေ့ တာ စိတ်ချမ်းသာစေရမယ်။

တနင်္လာနေ့ – ဆိုရင်တော့ လက်ညှိုးဖြင့် နဖူးမှာ (က) အက္ခ ရာကို ရေးပြီး အိမ်က ထွက်ပါ။ တစ်နေ့လုံး ထူးခြားစွာ အဆင်ပြေပါလိမ့်မယ်။

အင်္ဂါနေ့မှာ – အိမ်ကအထွက် မျက်လုံးမျက်ခုံးပေါ်မှာ (ဆ) အက္ခရာရေးပြီးအိမ်က ထွက်ပါ။ အားလုံးအဆင်ပြေ၊ ခရီးလမ်းပန်းချောမွေ့၊ တစ်နေ့တာ အဆင်ပြေမည်။သ

ဗုဒ္ဓဟူးနေ့ – အိမ်မှအထွက် လက်ညှိုးလေးနဲ့ လျှာပေါ်မှာ (ရ) အက္ခရာကို ရေးပြီးထွက်၊ ထူးခြားစွာ အဆင် ပြေသွားပါလိမ့်မည်။

ကြာသပတေးနေ့ – အိမ်ကထွက်ခါနီး လက်ညှိုးနဲ့ ညှပ်ရိုးမှာ (ပ) အက္ခရာရေးပြီး ထွက်ပါ။ ဒီနေ့ကိစ္စအားလုံး ချောမွေ့ပါလိမ့်မယ်။

သောကြာနေ့ – အိမ်ကအထွက် ရင်ညွန့်မှာ (သ)အက္ခရာ ရေး ပြီး ထွက်ပေါ့။ ဟန်ကျသွားလိမ့်မယ်။

စနေနေ့ – ချက်မှာ (တ) အက္ခရာရေးပြီး လိုရာခရီး ထွက်။ သွားလေရာ အကူအညီပေးသူပေါ်၊ ရန်ဘေး အန္တရာယ်ကင်းပါလိမ့်မယ်။

သတိထားရမှာက အက္ခရာတွေကို ရေးတဲ့အခါ ပီသမှန်ကန် အောင်ရေးပါ။ လက်ညှိုးထိပ်ဖျားနဲ့ ခပ်ဖွဖွ တို့ထိပြီးရေးပါ။ ယောကျာ်းလေးဆို ညာလက်ညှိုးသုံးပါ။ မိန်းကလေးဆို ဘယ်လက်ညှိုးသုံးပါ။ လက်တွေ့ သုံးကြပေတော့။ အလှကျက်သရေလည်းရှိ၊ သွားလာလေရာ ပီယရှိနေမှတော့ ဘာလိုသေးလဲ။

ဉာဏ်ရှိသလို ချဲ့သုံးပါ။ အင်တာဗျူးတွေ၊ အလုပ်ကိစ္စတွေ၊ စာမေးပွဲဖြေတဲ့အခါတွေကအစ နှစ်ဦးတွေ့ကြရင်အဆုံး အဆင်ပြေအောင် လက် တွေ့သုံးစွဲကြည့်ကြပေါ့။ အရောင်းအဝယ်သမားတွေ လည်း ဈေးခေါ် ဈေးပြော ကောင်းတယ်။ သုံးကြည့် ပါ။ မိမိမိတ်ဆွေတွေ အကုန်ဖတ်လို့ရအောင် share သွားပေးနော်။

Credit : Sayar San Zarni Bo