သက္ေတာ္ (၁၀၀) ျပည့္ရန္ နာရီပိုင္းအလိုတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားတဲ့ ဆရာေတာ္

သက္ေတာ္ (၁၀၀) ျပည့္ရန္ နာရီပိုင္းအလိုတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားတဲ့ ဆရာေတာ္

—– ေစာေဘာသိုလ္ (ဘားအံ) —–

ပိုး ကရင္စာေပ က်မ္းဂန္မ်ားႏွင့္ ပိုးကရင္ -ျမန္မာအဘိဓါန္ ေရးသားျပဳစုရာတြင္ ဦးေဆာင္ပါ၀င္ခဲ့သည့္ ေကာ့ဒါန္ဆရာေတာ္ ဘဒၶႏၲ ဇာဂရသည္ သက္ေတာ္ (၁၀၀) ျပည့္ရန္ နာရီပိုင္းအလိုတြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။

ဘားအံၿမိဳ႕၊ ေကာ့ဒါန္ေက်းရြာ သာသနရကၡိတေက်ာင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ၊ အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိကဓဇ သိရီႏၷရ ဘြဲ႕ေတာ္ရ ႏိုင္ငံေတာ္ ဝိနည္းဓ္ုရ္ ဆရာေတာ္ႀကီး ဘဒၶႏၲ ဇာဂရသည္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္ (၁၀၀)ႏွင့္ ဝါေတာ္ (၈၀) ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

“ ဒီဆရာေတာ္ႀကီးက ပိုးကရင္စာေပ ဖြံၿဖိဳးတိုးတက္ေအာင္ စာေပက်မ္းဂန္ေတြ အမ်ားႀကီးျပဳစုေရးသားခဲ့ၿပီး ကရင္စာေပအတြက္ ဦးေဆာင္ဦးရြက္ျပဳခဲ့တဲ့ ဆရာေတာ္ႀကီးပါ။ ေနာက္ၿပီး ပိုးကရင္ -ျမန္မာ အဘိဓာန္ ေရးသားျပဳစုရာမွာလည္း ဦးေဆာင္ခဲ့သူပါ ။ ဒီမနက္ဆို သက္ေတာ္ ၁၀ဝ ျပည့္ေမြးေန႔ ျဖစ္ၿပီ။ ညက ျပန္လြန္ေတာ္မူတယ္လို႔ သိရတယ္ ” ဟု ကရင္ျပည္နယ္ သာသနာေရးရာဝန္ႀကီး ဦးမင္းတင္ဝင္းက ေျပာသည္။

ဆရာေတာ္သည္ ကရင္ျပည္နယ္ ၾသဝါဒခံ ဆရာေတာ္ႀကီး တစ္ပါးျဖစ္ၿပီး ကရင္စာေပႏွင့္ ဘာသာေရးဆိုင္ရာ စာေပမ်ား ေရးသားျပဳခဲ့ကာ ပိုးကရင္ -ျမန္မာ အဘိဓါန္ ေရးသားျပဳစုရာတြင္ စာေပဆိုင္ရာ အခ်က္အလက္မ်ား၊ ေဝါဟာရမ်ား၊ ေဒသအသုံးအႏုန္း ၊ ေခတ္ကာလဆိုင္ရာ ကဗ်ာလကၤာမ်ားကို အသံထြက္ အဓိပၸါယ္မ်ား ဆီေလ်ာ္ေအာင္ ျပဳစုေရးသားရာတြင္ ဦးေဆာင္ပါဝင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။ ဆရာေတာ္ၾကီး၏ သက္ေတာ္ (၁၀၀)ျပည့္ ေမြးေန႔ပြဲကို ေက်ာင္းတိုက္အတြင္း က်င္းပရန္ ျပင္ဆင္ေနသည့္ အႀကိဳညတြင္ က်န္းမာေရး အေျခအေနအရ သက္ႀကီး နာမက်န္းေရာဂါျဖင့္ ဘဝနတ္ထံ ျပန္လြန္ေတာ္မူခဲ့ျခင္း ျဖစ္သည္။

“ ညက ရြာမွာက ဆရာေတာ္ႀကီး ေမြးေန႔ပြဲေတြ စတိတ္ရႈိးေတြ ရွိေနတယ္ ။ အဆိုေတာ္မေနာ လာဆိုမယ္ဆိုေတာ့ ရြာတိုင္းက လာၾကတယ္ ။ မနက္ ေမြးေန႔ပြဲဆိုေတာ့ အာ႐ုဏ္ဆြမ္းကပ္မီေအာင္ ညအိပ္လာၾကတာလည္း ရွိတယ္။ အခုလို ျပန္လြန္ေတာ္မူၿပီဆိုေတာ့ မယုံႏိုင္ဘူး။ ကရင္ေတြရဲ႕ စာတတ္ေပတတ္ သက္ေတာ္ရွည္ ဆရာေတာ္ႀကီး တစ္ပါးျဖစ္တဲ့အတြက္ ကရင္ေတြရဲ႕ စာအုပ္ႀကီးၿပိဳၿပီလို႔ ခံစားရတယ္” ဟု ေဒသခံ တစ္ဦးျဖစ္သည့္ လိႈင္ကမၻာေက်းရြာေန ေစာထိေဖာင္က ေျပာသည္။

အဆိုပါ ဆရာေတာ္ႀကီး၏ စ်ာပန အခမ္းအနားကို ျပည္နယ္အစိုးရမွ ေဒသတြင္း သာသနာဆိုင္ရာ ၾသဝါဒခံ ေတာင္ကေလးဆရာေတာ္၊ ဇြဲကပင္ေတာင္ဆရာေတာ္၊ ၾကားေတာရ ဆရာေတာ္ႀကီးမ်ား၏ စီစဥ္မႈအတိုင္း ျပည္နယ္အစိုးရမွ လိုအပ္သည္မ်ားကို ေပါင္းစပ္ညွိႏိႈင္းကာ က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Source : Akonthi

(Unicode Version)

သက်တော် (၁၀၀) ပြည့်ရန် နာရီပိုင်းအလိုတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားတဲ့ ဆရာတော်

—– စောဘောသိုလ် (ဘားအံ) —–

ပိုး ကရင်စာပေ ကျမ်းဂန်များနှင့် ပိုးကရင် -မြန်မာအဘိဓါန် ရေးသားပြုစုရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကော့ဒါန်ဆရာတော် ဘဒ္ဓန္တ ဇာဂရသည် သက်တော် (၁၀၀) ပြည့်ရန် နာရီပိုင်းအလိုတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

ဘားအံမြို့၊ ကော့ဒါန်ကျေးရွာ သာသနရက္ခိတကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သိရီန္နရ ဘွဲ့တော်ရ နိုင်ငံတော် ဝိနည်းဓ်ုရ် ဆရာတော်ကြီး ဘဒ္ဓန္တ ဇာဂရသည် ဘဝနတ်ထံ ပျံလွန်တော်မူချိန်တွင် သက်တော် (၁၀၀)နှင့် ဝါတော် (၈၀) ရှိပြီ ဖြစ်ကြောင်း သိရသည်။

“ ဒီဆရာတော်ကြီးက ပိုးကရင်စာပေ ဖွံဖြိုးတိုးတက်အောင် စာပေကျမ်းဂန်တွေ အများကြီးပြုစုရေးသားခဲ့ပြီး ကရင်စာပေအတွက် ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဆရာတော်ကြီးပါ။ နောက်ပြီး ပိုးကရင် -မြန်မာ အဘိဓာန် ရေးသားပြုစုရာမှာလည်း ဦးဆောင်ခဲ့သူပါ ။ ဒီမနက်ဆို သက်တော် ၁ဝဝ ပြည့်မွေးနေ့ ဖြစ်ပြီ။ ညက ပြန်လွန်တော်မူတယ်လို့ သိရတယ် ” ဟု ကရင်ပြည်နယ် သာသနာရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

ဆရာတော်သည် ကရင်ပြည်နယ် သြဝါဒခံ ဆရာတော်ကြီး တစ်ပါးဖြစ်ပြီး ကရင်စာပေနှင့် ဘာသာရေးဆိုင်ရာ စာပေများ ရေးသားပြုခဲ့ကာ ပိုးကရင် -မြန်မာ အဘိဓါန် ရေးသားပြုစုရာတွင် စာပေဆိုင်ရာ အချက်အလက်များ၊ ဝေါဟာရများ၊ ဒေသအသုံးအနုန်း ၊ ခေတ်ကာလဆိုင်ရာ ကဗျာလင်္ကာများကို အသံထွက် အဓိပ္ပါယ်များ ဆီလျော်အောင် ပြုစုရေးသားရာတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီး၏ သက်တော် (၁၀၀)ပြည့် မွေးနေ့ပွဲကို ကျောင်းတိုက်အတွင်း ကျင်းပရန် ပြင်ဆင်နေသည့် အကြိုညတွင် ကျန်းမာရေး အခြေအနေအရ သက်ကြီး နာမကျန်းရောဂါဖြင့် ဘဝနတ်ထံ ပြန်လွန်တော်မူခဲ့ခြင်း ဖြစ်သည်။

“ ညက ရွာမှာက ဆရာတော်ကြီး မွေးနေ့ပွဲတွေ စတိတ်ရှိုးတွေ ရှိနေတယ် ။ အဆိုတော်မနော လာဆိုမယ်ဆိုတော့ ရွာတိုင်းက လာကြတယ် ။ မနက် မွေးနေ့ပွဲဆိုတော့ အာရုဏ်ဆွမ်းကပ်မီအောင် ညအိပ်လာကြတာလည်း ရှိတယ်။ အခုလို ပြန်လွန်တော်မူပြီဆိုတော့ မယုံနိုင်ဘူး။ ကရင်တွေရဲ့ စာတတ်ပေတတ် သက်တော်ရှည် ဆရာတော်ကြီး တစ်ပါးဖြစ်တဲ့အတွက် ကရင်တွေရဲ့ စာအုပ်ကြီးပြိုပြီလို့ ခံစားရတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သည့် လှိုင်ကမ္ဘာကျေးရွာနေ စောထိဖောင်က ပြောသည်။

အဆိုပါ ဆရာတော်ကြီး၏ စျာပန အခမ်းအနားကို ပြည်နယ်အစိုးရမှ ဒေသတွင်း သာသနာဆိုင်ရာ သြဝါဒခံ တောင်ကလေးဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်၊ ကြားတောရ ဆရာတော်ကြီးများ၏ စီစဉ်မှုအတိုင်း ပြည်နယ်အစိုးရမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Source : Akonthi

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္