လ်ွပ္​စစ္​ ထမင္​း​ေပါင္​းအိုး ပ်က္​ရင္​ ဒီနည္းလမ္းေလးအတိုင္း ျပင္​ၿပီးသံုးပါ။ (မီးဖို​ေခ်ာင္​ စရိတ္​ ​ေခြၽတာၾကမယ္​)

ၿမိဳ​ေပၚ​ေန မိသားစု​ေတြအတြက္​ လ်ွပ္​စစ္​ထမင္​း​ေပါင္​းအိုးဟာ မရိွမျဖစ္​ အ​ေရးပါတဲ့ အိမ္​သံုးပစၥည္​းတခုပါ။ အသံုးမ်ားသလို အပ်က္​လည္​းမ်ားၾကပါတယ္​။ အခုတစ္ေခါက္​မွာ​ေတာ့ သားခ်င္​းတ​ေယာက္​ရဲ႕ တ႐ုတ္​ ထမင္​း​ေပါင္​အိုး (​ေလးဘူးခ်က္​) တစ္လံုး ပ်က္​​​ေနၿပီး အမိႈက္​ထဲ ​ေရာက္​မဲ့ ​ေပါင္​းအိုး​ေလး ျပဳျပင္​ပံုကို တင္​ျပ​ေပးပါမယ္​။

​ေပါင္​းအိုးျပစ္​ခ်က္​မ်ားက​ေတာ့

1. Power supply မီးအဝင္​​ေခါင္​း အရည္​​ေပ်ာ္​​ေနတယ္။

2. ခလုတ္​(check point) မၾကာခန တက္​​ေနတယ္​။

ျပစ္​ခ်က္​ ၁ အတြက္​…

​ေအာက္​ခံ ​ေႂကြသားပါတဲ့ မီးအဝင္​​ေခါင္​း ​ေဆာ့ကက္​ အထိုင္​​ကို လ်ွပ္​စစ္​အပိုပစၥည္​းဆိုင္​​ေတြမွာ ၅၀၀ိ/-နဲ႔ ဝယ္​ၿပီး ပံုမွာျပထားသလို လဲ​ေပးလိုက္​ရင္​ ​ေရ႐ွည္​ အသံုးခံတဲ့​ေခါင္​းျဖစ္​မယ္​။(ယိုးဒယား ဒယ္​အိုး အနီ သံုးတဲ့ ​ေခါင္​းႀကိဳး တပ္​သံုးလို႔ရသြားၿပီ)။ {အထိုင္​​ေပါက္​က အတူတူဘဲ နတ္​ၾကပ္​ရံုပါ}

​ေအာ္​ရီဂ်င္​နယ္​ သံုး​ေပါက္​​ေခါင္​းႀကိဳးနဲ႔ အထိုင္​ ​ေခါင္​း ​ေတြက အပူဒဏ္​မခံႏိုင္​ဘဲ မၾကာခန အရည္​​ေပ်ာ္​ shock ျဖစ္​ ​ေနတာကို အခုလို ​ေႂကြ​ေခါင္​းခံ​ေပးရင္​ ​ေရ႐ွည္​ စိတ္​ခ်သံုးလို႔ရၿပီ။

ျပစ္​ခ်က္​ ၂ အတြက္​က သာမိုစတက္​ ခလုတ္​​ေမာင္​းကို ​ေအာ္​တိုျဖဳတ္​​ေပးတဲ့ အပူကြိဳင္​ အလည္​က “သံလိုက္​ခလုတ္​​အံု”(check point)​ကို လဲ​ေပးရင္​ ​ေပါင္​းအိုး မၾကာခန ခလုတ္​တက္​​ေနတာ ​​ေကာင္​းသြားမယ္​။

ဒီ​ေပါင္​းအိုးက သူတို႔ကလိထား​ေတာ့ ထမင္​းက်က္​ၿပီး ႏွပ္​တဲ့ circuit ႀကိဳး​ေတြ မပါလာဘူး။ဒါ​ေပမဲ့ ခ်က္​လို႔ရ​ေအာင္​ ျပင္​​ေပးလိုက္​တယ္​။

အိမ္​႐ွင္​မမ်ားသို႔ အၾကံျပဳခ်က္​

တ႐ုတ္​ ​ေပါင္​းအိုးမ်ားဟာ ပစၥည္​း အရည္​အ​ေသြး အလြန္​ညံ့ပါတယ္​၊ ျဖစ္​ႏိုင္​ရင္​ ယိုးဒယား ကလာတဲ့ ထမင္​း ​ေပါင္​းအိုးမ်ားကို သံုး​ေစျခင္​ပါတယ္။ Sharp, National, Toshiba, Mitshushita (ယိုးဒယား ျမင္​းတံဆိပ္​), Hanabishi (ဟာနာဘီရီွ)စသည္​ျဖင္​ လာပါတယ္​ ။ ​ေရ႐ွည္​ အသံုးခံပါတယ္​။

တ႐ုတ္​​ေပါင္​အိုးမ်ားက ပစၥည္​း ညံလို႔ မီး​ေဘးအႏၲရယ္​ စိုးရိမ္​ရပါတယ္​။က်​ေနာ္​သံုး​ေနတဲ့ Sharp ထမင္​း​ေပါင္​းအိုးဟာ ဆန္​သားလွသလို မိနစ္​ ၂၀ ဝန္​က်င္​နဲ႔ ထမင္​းက်က္​ပါတယ္​(volt အားျပည္​့လို႔ပါ)။တ႐ုတ္​အိုးက မိနစ္​ ၃၀ ဝန္​းက်င္​ ပါ။

မီးအား က်​ေနရင္​ မသံုးသင္​့ပါ။ အႏၲရယ္​ရိွႏိုင္​လို႔ပါ။​ေပါင္​းအိုး​ေဆာ့ကက္​​ေခါင္​းမ်ားကို မၾကာခန စစ္​​ေဆး​ေပးပါ။​ေခ်ာင္​​ေန/လႈပ္​​ေနလ်ွင္​ စံနစ္​တက် ျပန္​တပ္​ၿပီးမွသံုးပါ။ ​ေပသံုးပါက အရည္​​ေပ်ာ္​ shock ျဖစ္​ၿပီး အႏၲရယ္​ရိွႏိုင္​လို႔ပါ။ ​ေပါင္​းအိုးတည္​လ်ွင္​ အိုး​ေဘးမွ ​ေရမ်ားကို ​အဝတ္​ျဖင္​့ ​ေျခာက္​​ေအာင္​သုတ္​ၿပီးမွ အိုးကို ထည့္​့ပါ။

ခလုတ္​တက္​​ေနတာကို (ဒုတ္​နဲ႔ထိုးၿပီး/တခုခုနဲ႔ ဖိထားျပီး)မသံုးပါနဲ႔ အရမ္​းအႏၲရယ္​ႀကီးပါတယ္​။(အပူကြိဳင္​ အလည္​က သံလိုက္​ခလုတ္​​အံု (check point)လဲရင္​ ​ေကာင္း​သြားတယ္​)။

တည္​မဲ့ဆန္​ နဲ လို႔=ဥပမာ= (ခလုပ္​တက္​ရင္​​ေတာ ့၁ ဘူးဘဲ တည္​ရင္​) အဖံုးအ​ေပၚက တခုခုတင္​လိုက္​ရင္​ အဆင္​​ေျပပါတယ္​။

တခါတ​ေလ ဒန္​အိုး က သိပ္​ၾကာ​ေနၿပီး အလည္​က ခြက္​​ေနရင္​လည္​း ခလုတ္​နဲ႔ အထိုင္​မက်/fitting မျဖစ္​ဘဲ ခလုတ္​တက္​​ေလ့ရိွပါတယ္​။ ဒန္​အိုး ဖင္​ကို မူလအတိုင္​း ျပင္​​ေပးရင္​ရပါတယ္​။

ဒါကို မလုပ္​ပါနဲ႔.. ထမင္​း​ေပါင္​းအိုး ထဲမွာ တျခားအိုးထဲ့ၿပီး ေရ​ေႏြးက်ိဳျခင္း၊ ​တစ္ျခား fitting မက်တဲ့ အိုး​ေတြ ထည္​့ ၿပီးတည္​တာ မလုပ္​ရပါဘူးဗ်ာ။​ ေပါင္​းအိုး ပ်က္​တတ္​လို႔ပါ။ မိတ္​​ေဆြ မ်ားမိမိတို႔ကိုယ္​တိုင္​ ျပဳျပင္​ ၿပီး အိမ္​သံုးစရိတ္​ ​ေခြၽတာႏိုင္​ၾကပါ​ေစ​ဗ်ာ။

ပံု.၁ အလည္​ သံလိုက္​ ခလုတ္​အံု အသစ္​တပ္​ဆင္​​ျခင္​း။

ပံု ၂ power supply မီးအဝင္​ ​ေႂကြ​ေခါင္​း

ပံု ၃ မီးအဝင္​ ​ေႂကြ​ေခါင္​း စံနစ္​တက် တပ္​ဆင္​ျခင္​း။

ပံု ၄ မီးႀကိဳးမ်ားစံနစ္​တက် တပ္​ဆင္​ၿပီး​ေနာက္​ သာမိုစတက္​ ​ေမာင္​းတံႏွင္​့ အလည္​ခလုတ္​အံုအား စံနစ္​တက် ခ်ိတ္​ဆက္​တပ္​ဆင္​​ေပးျခင္​း။

ပံု ၅ .ထမင္​းခ်က္​လို ရသြားတဲ့​ေပါင္​းအိုး

​ေပါင္​းအိုး ျပင္​​ေပးလို႔ သားခ်င္​း က လက္​​ေဖ်ာ္​ လၻက္​ရည္​နဲ႔ ဧည္​့ခံ ​တယ္​ခမ်။ (​ေပါင္​းအိုး​ေဘးမွာၾကည္​့ပါ။) ဝါသနာအရ ျပဳဳ ျပင္​ နည္​းမ်ားကို တင္​ျပ​ေပးပါသည္​။

ကိုတင္​​ေလး​ေဇာ္​

A.G.T.I (E.P), E.T.E.C (Civil), B.A(Psychology) / လ်ွပ္​စစ္​ကြၽမ္​းက်င္​ အဆင္​့ ၂

(Unicode Version)

လျှပ်​စစ်​ ထမင်​း​ပေါင်​းအိုး ပျက်​ရင်​ ဒီနည်းလမ်းလေးအတိုင်း ပြင်​ပြီးသုံးပါ။ (မီးဖို​ချောင်​ စရိတ်​ ​ချွေတာကြမယ်​)

မြို​ပေါ်​နေ မိသားစု​တွေအတွက်​ လျှပ်​စစ်​ထမင်​း​ပေါင်​းအိုးဟာ မရှိမဖြစ်​ အ​ရေးပါတဲ့ အိမ်​သုံးပစ္စည်​းတခုပါ။ အသုံးများသလို အပျက်​လည်​းများကြပါတယ်​။ အခုတစ်ခေါက်​မှာ​တော့ သားချင်​းတ​ယောက်​ရဲ့ တရုတ်​ ထမင်​း​ပေါင်​အိုး (​လေးဘူးချက်​) တစ်လုံး ပျက်​​​နေပြီး အမှိုက်​ထဲ ​ရောက်​မဲ့ ​ပေါင်​းအိုး​လေး ပြုပြင်​ပုံကို တင်​ပြ​ပေးပါမယ်​။

​ပေါင်​းအိုးပြစ်​ချက်​များက​တော့

1. Power supply မီးအဝင်​​ခေါင်​း အရည်​​ပျော်​​နေတယ်။

2. ခလုတ်​(check point) မကြာခန တက်​​နေတယ်​။

ပြစ်​ချက်​ ၁ အတွက်​…

​အောက်​ခံ ​ကြွေသားပါတဲ့ မီးအဝင်​​ခေါင်​း ​ဆော့ကက်​ အထိုင်​​ကို လျှပ်​စစ်​အပိုပစ္စည်​းဆိုင်​​တွေမှာ ၅၀၀ိ/-နဲ့ ဝယ်​ပြီး ပုံမှာပြထားသလို လဲ​ပေးလိုက်​ရင်​ ​ရေရှည်​ အသုံးခံတဲ့​ခေါင်​းဖြစ်​မယ်​။(ယိုးဒယား ဒယ်​အိုး အနီ သုံးတဲ့ ​ခေါင်​းကြိုး တပ်​သုံးလို့ရသွားပြီ)။ {အထိုင်​​ပေါက်​က အတူတူဘဲ နတ်​ကြပ်​ရုံပါ}

​အော်​ရီဂျင်​နယ်​ သုံး​ပေါက်​​ခေါင်​းကြိုးနဲ့ အထိုင်​ ​ခေါင်​း ​တွေက အပူဒဏ်​မခံနိုင်​ဘဲ မကြာခန အရည်​​ပျော်​ shock ဖြစ်​ ​နေတာကို အခုလို ​ကြွေ​ခေါင်​းခံ​ပေးရင်​ ​ရေရှည်​ စိတ်​ချသုံးလို့ရပြီ။

ပြစ်​ချက်​ ၂ အတွက်​က သာမိုစတက်​ ခလုတ်​​မောင်​းကို ​အော်​တိုဖြုတ်​​ပေးတဲ့ အပူကွိုင်​ အလည်​က “သံလိုက်​ခလုတ်​​အုံ”(check point)​ကို လဲ​ပေးရင်​ ​ပေါင်​းအိုး မကြာခန ခလုတ်​တက်​​နေတာ ​​ကောင်​းသွားမယ်​။

ဒီ​ပေါင်​းအိုးက သူတို့ကလိထား​တော့ ထမင်​းကျက်​ပြီး နှပ်​တဲ့ circuit ကြိုး​တွေ မပါလာဘူး။ဒါ​ပေမဲ့ ချက်​လို့ရ​အောင်​ ပြင်​​ပေးလိုက်​တယ်​။

အိမ်​ရှင်​မများသို့ အကြံပြုချက်​

တရုတ်​ ​ပေါင်​းအိုးများဟာ ပစ္စည်​း အရည်​အ​သွေး အလွန်​ညံ့ပါတယ်​၊ ဖြစ်​နိုင်​ရင်​ ယိုးဒယား ကလာတဲ့ ထမင်​း ​ပေါင်​းအိုးများကို သုံး​စေခြင်​ပါတယ်။ Sharp, National, Toshiba, Mitshushita (ယိုးဒယား မြင်​းတံဆိပ်​), Hanabishi (ဟာနာဘီရှီ)စသည်​ဖြင်​ လာပါတယ်​ ။ ​ရေရှည်​ အသုံးခံပါတယ်​။

တရုတ်​​ပေါင်​အိုးများက ပစ္စည်​း ညံလို့ မီး​ဘေးအန္တရယ်​ စိုးရိမ်​ရပါတယ်​။ကျ​နော်​သုံး​နေတဲ့ Sharp ထမင်​း​ပေါင်​းအိုးဟာ ဆန်​သားလှသလို မိနစ်​ ၂၀ ဝန်​ကျင်​နဲ့ ထမင်​းကျက်​ပါတယ်​(volt အားပြည်​့လို့ပါ)။တရုတ်​အိုးက မိနစ်​ ၃၀ ဝန်​းကျင်​ ပါ။

မီးအား ကျ​နေရင်​ မသုံးသင်​့ပါ။ အန္တရယ်​ရှိနိုင်​လို့ပါ။​ပေါင်​းအိုး​ဆော့ကက်​​ခေါင်​းများကို မကြာခန စစ်​​ဆေး​ပေးပါ။​ချောင်​​နေ/လှုပ်​​နေလျှင်​ စံနစ်​တကျ ပြန်​တပ်​ပြီးမှသုံးပါ။ ​ပေသုံးပါက အရည်​​ပျော်​ shock ဖြစ်​ပြီး အန္တရယ်​ရှိနိုင်​လို့ပါ။ ​ပေါင်​းအိုးတည်​လျှင်​ အိုး​ဘေးမှ ​ရေများကို ​အဝတ်​ဖြင်​့ ​ခြောက်​​အောင်​သုတ်​ပြီးမှ အိုးကို ထည့်​့ပါ။

ခလုတ်​တက်​​နေတာကို (ဒုတ်​နဲ့ထိုးပြီး/တခုခုနဲ့ ဖိထားပြီး)မသုံးပါနဲ့ အရမ်​းအန္တရယ်​ကြီးပါတယ်​။(အပူကွိုင်​ အလည်​က သံလိုက်​ခလုတ်​​အုံ (check point)လဲရင်​ ​ကောင်း​သွားတယ်​)။

တည်​မဲ့ဆန်​ နဲ လို့=ဥပမာ= (ခလုပ်​တက်​ရင်​​တော ့၁ ဘူးဘဲ တည်​ရင်​) အဖုံးအ​ပေါ်က တခုခုတင်​လိုက်​ရင်​ အဆင်​​ပြေပါတယ်​။

တခါတ​လေ ဒန်​အိုး က သိပ်​ကြာ​နေပြီး အလည်​က ခွက်​​နေရင်​လည်​း ခလုတ်​နဲ့ အထိုင်​မကျ/fitting မဖြစ်​ဘဲ ခလုတ်​တက်​​လေ့ရှိပါတယ်​။ ဒန်​အိုး ဖင်​ကို မူလအတိုင်​း ပြင်​​ပေးရင်​ရပါတယ်​။

ဒါကို မလုပ်​ပါနဲ့.. ထမင်​း​ပေါင်​းအိုး ထဲမှာ တခြားအိုးထဲ့ပြီး ရေ​နွေးကျိုခြင်း၊ ​တစ်ခြား fitting မကျတဲ့ အိုး​တွေ ထည်​့ ပြီးတည်​တာ မလုပ်​ရပါဘူးဗျာ။​ ပေါင်​းအိုး ပျက်​တတ်​လို့ပါ။ မိတ်​​ဆွေ များမိမိတို့ကိုယ်​တိုင်​ ပြုပြင်​ ပြီး အိမ်​သုံးစရိတ်​ ​ချွေတာနိုင်​ကြပါ​စေ​ဗျာ။

ပုံ.၁ အလည်​ သံလိုက်​ ခလုတ်​အုံ အသစ်​တပ်​ဆင်​​ခြင်​း။

ပုံ ၂ power supply မီးအဝင်​ ​ကြွေ​ခေါင်​း

ပုံ ၃ မီးအဝင်​ ​ကြွေ​ခေါင်​း စံနစ်​တကျ တပ်​ဆင်​ခြင်​း။

ပုံ ၄ မီးကြိုးများစံနစ်​တကျ တပ်​ဆင်​ပြီး​နောက်​ သာမိုစတက်​ ​မောင်​းတံနှင်​့ အလည်​ခလုတ်​အုံအား စံနစ်​တကျ ချိတ်​ဆက်​တပ်​ဆင်​​ပေးခြင်​း။

ပုံ ၅ .ထမင်​းချက်​လို ရသွားတဲ့​ပေါင်​းအိုး

​ပေါင်​းအိုး ပြင်​​ပေးလို့ သားချင်​း က လက်​​ဖျော်​ လ္ဘက်​ရည်​နဲ့ ဧည်​့ခံ ​တယ်​ခမျ။ (​ပေါင်​းအိုး​ဘေးမှာကြည်​့ပါ။) ဝါသနာအရ ပြုု ပြင်​ နည်​းများကို တင်​ပြ​ပေးပါသည်​။

ကိုတင်​​လေး​ဇော်​

A.G.T.I (E.P), E.T.E.C (Civil), B.A(Psychology) / လျှပ်​စစ်​ကျွမ်​းကျင်​ အဆင်​့ ၂