ခင္ပြန္းျဖစ္သူက ကုိယ္၀န္ ခုႏွစ္လ ရွိေနေသာ ဇနီးသည္၏ ဗုိက္ကုိ ကန္ၿပီး ၀ါးရင္းတုတ္ျဖင့္ရုိက္၊ ဇနီးသည္က ဓားျဖင့္ ျပန္ခုတ္၍ ခင္ပြန္းျဖစ္သူ ေသဆံုး

ခင္ပြန္းျဖစ္သူ က ကုိယ္၀န္ ခုႏွစ္လ ရွိေနေသာ ဇနီးသည္၏ ဗုိက္ကုိ ကန္ၿပီး ၀ါးရင္းတုတ္ျဖင့္ရုိက္ေသာေၾကာင့္ ဇနီးသည္က ဓားျဖင့္ျပန္ခုတ္၍ ခင္ပြန္းျဖစ္သူ ေသဆံုးခဲ့သည့္ အမႈတစ္ခု မတ္လ ၁၁ ရက္ေန႕က မႏၲေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္၊ ခရမ္းစပ္ေက်းရြာ ၊ နတ္ေက်ာက္အိုး ေတာတိုက္၊ ႏွီးစခန္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္သည္။

မတ္လ ၁၁ ရက္၊ မြန္းတည့္ ၁၂ နာရီ အခ်ိန္က ခရမ္းစပ္ ေက်းရြာ နတ္ေက်ာက္အိုး ေတာတိုက္၊ ႏွီးစခန္း၌ ကုိ…. (၃၂) ႏွစ္၊ ၄င္း၏ ဇနီး မ…… (၃၃) ႏွစ္တုိ႕ လင္းမယားခ်င္း စကားမ်ား ရန္ျဖစ္ခဲ့ေၾကာင္း၊ ထုိသုိ႕ ရန္ျဖစ္စဥ္ ကုိ….. (၃၂) ႏွစ္က၊ ကိုယ္ဝန္ (၇) လခန႔္ရွိ ဇနီးျဖစ္သူ မ….. (၃၃) ႏွစ္၏ ဝမ္းဗိုက္အား ကန္ခဲ့ၿပီး ဝါးရင္းတုတ္ျဖင့္ ထပ္မံရိုက္ေန ေသာေၾကာင့္ မ…. (၃၃) ႏွစ္က လက္ထဲတြင္ အသင့္ရွိေနသည့္ ႏွီးထိုးဓားျဖင့္ ခုတ္ခဲ့၍ ကုိ… (၃၂) ႏွစ္တြင္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း၊

ဒဏ္ရာရရွိခဲ့သူ ကုိ… (၃၂) ႏွစ္ကုိ ဓားျဖင့္ခုတ္ခဲ့သူ ဇနီး ႏွင့္ အမ်ိဳးသား တစ္ဦးတုိ႔က ေထာ္လာဂ်ီျဖင့္ တင္ေဆာင္၍ ကန႔္ဘလူၿမိဳ႕နယ္၊ ကုတင္ (၁၀၀) ေဆး႐ုံ သုိ႕ ပုိ႕ေဆာင္စဥ္ ကုိ… (၃၂) ႏွစ္မွာ ေသဆံုးသြားခဲ့ေၾကာင္း၊ ခင္ပြန္းသည္အား ဓားျဖင့္ခုတ္သည္ဆုိေသာ မ …(၃၂) ႏွစ္အား ဥပေဒႏွင့္အညီ အေရးယူထား ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္း ထုတ္္ျပန္သည္။

ႏြယ္နီ

Source : The Asia Heart News

(Unicode Version)

ခင်ပွန်းဖြစ်သူက ကိုယ်ဝန် ခုနှစ်လ ရှိနေသော ဇနီးသည်၏ ဗိုက်ကို ကန်ပြီး ၀ါးရင်းတုတ်ဖြင့်ရိုက်၊ ဇနီးသည်က ဓားဖြင့် ပြန်ခုတ်၍ ခင်ပွန်းဖြစ်သူ သေဆုံး

ခင်ပွန်းဖြစ်သူ က ကိုယ်ဝန် ခုနှစ်လ ရှိနေသော ဇနီးသည်၏ ဗိုက်ကို ကန်ပြီး ၀ါးရင်းတုတ်ဖြင့်ရိုက်သောကြောင့် ဇနီးသည်က ဓားဖြင့်ပြန်ခုတ်၍ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် အမှုတစ်ခု မတ်လ ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ခရမ်းစပ်ကျေးရွာ ၊ နတ်ကျောက်အိုး တောတိုက်၊ နှီးစခန်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မတ်လ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီ အချိန်က ခရမ်းစပ် ကျေးရွာ နတ်ကျောက်အိုး တောတိုက်၊ နှီးစခန်း၌ ကို…. (၃၂) နှစ်၊ ၄င်း၏ ဇနီး မ…… (၃၃) နှစ်တို့ လင်းမယားချင်း စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ရန်ဖြစ်စဉ် ကို….. (၃၂) နှစ်က၊ ကိုယ်ဝန် (၇) လခန့်ရှိ ဇနီးဖြစ်သူ မ….. (၃၃) နှစ်၏ ဝမ်းဗိုက်အား ကန်ခဲ့ပြီး ဝါးရင်းတုတ်ဖြင့် ထပ်မံရိုက်နေ သောကြောင့် မ…. (၃၃) နှစ်က လက်ထဲတွင် အသင့်ရှိနေသည့် နှီးထိုးဓားဖြင့် ခုတ်ခဲ့၍ ကို… (၃၂) နှစ်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊

ဒဏ်ရာရရှိခဲ့သူ ကို… (၃၂) နှစ်ကို ဓားဖြင့်ခုတ်ခဲ့သူ ဇနီး နှင့် အမျိုးသား တစ်ဦးတို့က ထော်လာဂျီဖြင့် တင်ဆောင်၍ ကန့်ဘလူမြို့နယ်၊ ကုတင် (၁၀၀) ဆေးရုံ သို့ ပို့ဆောင်စဉ် ကို… (၃၂) နှစ်မှာ သေဆုံးသွားခဲ့ကြောင်း၊ ခင်ပွန်းသည်အား ဓားဖြင့်ခုတ်သည်ဆိုသော မ …(၃၂) နှစ်အား ဥပဒေနှင့်အညီ အရေးယူထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ််ပြန်သည်။

နွယ်နီ

Source : The Asia Heart News

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္