ေနအိမ္အတြင္း ဝင္ေရာက္ ၿခိမ္းေျခာက္ၿပီး သားမယားအျဖစ္ ျပဳက်င့္သူကုိ အေရးယူ

ၿမိဳ႕သစ္ၿမိဳ႕နယ္ သဲကန္ေက်း ရြာေန အမ်ဳိးသမီးတစ္ဦးသည္ ၄င္းအား တစ္ရြာတည္းေန အမ်ဳိးသားက ေနအိမ္အတြင္း ဝင္ေရာက္ၿပီး သားမယား ျပဳက်င့္ခဲ့သည္ဆိုကာ ယခုလ ၁ဝ ရက္တြင္ တုိင္ၾကား အမႈဖြင့္ခဲ့ေၾကာင္း ဝါးႀကီးအုိင္နယ္ေျမ ရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ၿမိဳ႕သစ္ၿမိဳ႕နယ္ သဲကန္ေက်းရြာေန မ——(ပ်ဳိ) (၁၅ ႏွစ္) သည္ ယခုလ ၃ ရက္ ည ၉ နာရီက ေနအိမ္ေအာက္ရွိ ခုတင္ေပၚ၌ တစ္ဦးတည္း ထမင္းစားေနစဥ္ တစ္ရြာတည္းေန အိမ္နီး ခ်င္းျဖစ္သူ တင္မိုး (၅၂ ႏွစ္) သည္ ေနအိမ္ဝိုင္းထဲသုိ႔ အမ်ဳိးအစားမသိ အျပာေရာင္ ဆိုင္ကယ္ျဖင့္ ဝင္ ေရာက္လာၿပီး မ—-(၁၅ ႏွစ္) အား ခ်စ္ႀကိဳက္ေၾကာင္း ေျပာဆိုကာ ခုတင္ေပၚသုိ႔ အတင္းဆြဲလွဲသျဖင့္ ပက္လက္လန္ လဲက်သြားစဥ္ တင္မုိးသည္ အေပၚမွခြ၍ ေအာ္ရင္ သတ္ပစ္မည္ဟု ႀကိမ္းဝါး ေျပာဆိုကာ အလိုမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့ၿပီး ဆိုင္ကယ္ေပၚသို႔ အတင္း ဆြဲတင္ေနစဥ္ ေနအိမ္တစ္ဝိုင္းတည္းေန ေဒၚႏုႏုဝင္းက သားသမီးခ်င္း ကိုယ္ခ်င္းစာရန္ ဝင္ေရာက္ေျပာဆိုမွသာ တင္မိုးသည္ ဆုိင္ကယ္ျဖင့္ ျပန္လည္ ထြက္သြားခဲ့ျခင္း ျဖစ္ေၾကာင္း တရားလို၏ တုိင္ၾကားခ်က္အရ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အလိုမတူပဲ သားမယား အျဖစ္ ျပဳက်င့္သူ တင္မုိးအား အေရးယူေပးရန္ မ—–၊ (၁၅ ႏွစ္) က ယခုလ ၁ဝ ရက္တြင္ တရားလိုျပဳတိုင္ ၾကားခဲ့၍ ၿမိဳ႕သစ္ၿမိဳ႕နယ္ ဝါးႀကီးအုိင္နယ္ေျမ ရဲစခန္းမွ (ပ)၉/၂ဝ၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈ ဖြင့္ထားသည္။

ႏြယ္ႏြယ္ (မေကြး)

Source : The Union Daily

(Unicode Version)

နေအိမ်အတွင်း ဝင်ရောက် ခြိမ်းခြောက်ပြီး သားမယားအဖြစ် ပြုကျင့်သူကို အရေးယူ

မြို့သစ်မြို့နယ် သဲကန်ကျေး ရွာနေ အမျိုးသမီးတစ်ဦးသည် ၄င်းအား တစ်ရွာတည်းနေ အမျိုးသားက နေအိမ်အတွင်း ဝင်ရောက်ပြီး သားမယား ပြုကျင့်ခဲ့သည်ဆိုကာ ယခုလ ၁ဝ ရက်တွင် တိုင်ကြား အမှုဖွင့်ခဲ့ကြောင်း ဝါးကြီးအိုင်နယ်မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် သဲကန်ကျေးရွာနေ မ——(ပျို) (၁၅ နှစ်) သည် ယခုလ ၃ ရက် ည ၉ နာရီက နေအိမ်အောက်ရှိ ခုတင်ပေါ်၌ တစ်ဦးတည်း ထမင်းစားနေစဉ် တစ်ရွာတည်းနေ အိမ်နီး ချင်းဖြစ်သူ တင်မိုး (၅၂ နှစ်) သည် နေအိမ်ဝိုင်းထဲသို့ အမျိုးအစားမသိ အပြာရောင် ဆိုင်ကယ်ဖြင့် ဝင် ရောက်လာပြီး မ—-(၁၅ နှစ်) အား ချစ်ကြိုက်ကြောင်း ပြောဆိုကာ ခုတင်ပေါ်သို့ အတင်းဆွဲလှဲသဖြင့် ပက်လက်လန် လဲကျသွားစဉ် တင်မိုးသည် အပေါ်မှခွ၍ အော်ရင် သတ်ပစ်မည်ဟု ကြိမ်းဝါး ပြောဆိုကာ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး ဆိုင်ကယ်ပေါ်သို့ အတင်း ဆွဲတင်နေစဉ် နေအိမ်တစ်ဝိုင်းတည်းနေ ဒေါ်နုနုဝင်းက သားသမီးချင်း ကိုယ်ချင်းစာရန် ဝင်ရောက်ပြောဆိုမှသာ တင်မိုးသည် ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အလိုမတူပဲ သားမယား အဖြစ် ပြုကျင့်သူ တင်မိုးအား အရေးယူပေးရန် မ—–၊ (၁၅ နှစ်) က ယခုလ ၁ဝ ရက်တွင် တရားလိုပြုတိုင် ကြားခဲ့၍ မြို့သစ်မြို့နယ် ဝါးကြီးအိုင်နယ်မြေ ရဲစခန်းမှ (ပ)၉/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှု ဖွင့်ထားသည်။

နွယ်နွယ် (မကွေး)

Source : The Union Daily

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္