ပုသိမ္ၿမိဳ႕တြင္ ညအခ်ိန္ ဆိုင္ကယ္ျဖင့္ လုယက္မႈ က်ဴးလြန္သူ လူငယ္မ်ား တစ္လအတြင္း ဒုတိယအႀကိမ္ဖမ္းမိ

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕တြင္ ညအခ်ိန္ဆိုင္ကယ္ျဖင့္ လုယက္မႈ က်ဴးလြန္သည့္ လူငယ္ ၃ ဦးကို ဒုတိယအႀကိမ္အျဖစ္ ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။

မတ္လ ၂ ရက္က ပုသိမ္ၿမိဳ႕ ဘန္႔ေဘြးကုန္းတြင္ အသက္ ၁၇ ႏွစ္ အရြယ္ လူငယ္သံုးဦးက အမ်ိဳးသမီး ၂ ဦးထံမွ ဖုန္းႏွင့္ ပိုက္ဆံအိတ္မ်ားကို လုယက္မႈက်ဴးလြန္ခဲ႔သျဖင့္ ဖမ္းဆီး အေရးယူထားၿပီး လက္ရွိ ဖမ္းဆီးလိုက္ျခင္းမွာ မတ္လအတြင္း ဒုတိယအႀကိမ္ျဖစ္ေၾကာင္း ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔႔ မွတ္တမ္းမ်ားအရ သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁၁ ရက္ ည ၈ နာရီအခ်ိန္ ပုသိမ္ၿမိဳ႕၊ ေရေပၚေစ်းမွ ဆိုင္ကယ္ျဖင္႔ ေစ်းဝယ္ျပန္လာေသာ အမ်ိဳးသမီး ၂ ဦးမွာ ပုသိမ္-မံုရြာလမ္းမ၊ျမက္တိုရပ္ကြက္အေရာက္ ေနာက္မွ အမ်ိဳးသား သံုးဦးေမာင္းႏွင္လာ သည့္ ဆိုင္ကယ္မွ ေက်ာ္တက္ၿပီး လက္ထဲတြင္ ကိုင္ထားသည့္ ဖုန္းႏွင့္ေငြ ထည့္ထားေသာ ပိုက္ဆံအိတ္ တစ္လံုးအား ဆြဲယူ ထြက္ေျပး ေမာင္းႏွင္သြားခဲ့ျခင္း ျဖစ္သည္။ သတင္းအရ နယ္ေျမ လွည့္ကင္း တာဝန္ ေဆာင္ရြက္ေနေသာ ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ ရဲတပ္ဖြဲ႔ဝင္မ်ားက လိုက္လံ စံုစမ္းရာ လုယက္မႈ က်ဴးလြန္သူသံုးဦးမွာ ဒိုက္ထူရြာတြင္းသို႔ ေမာင္းေျပးသြားေၾကာင္း သိရသျဖင့္ ေက်းရြာေန ျပည္သူတို႔၏ အကူအညီျဖင့္ တရားခံမ်ားျဖစ္ေသာ သန္းစိုးေအာင္၊ ေဇာ္မ်ိဳးခိုင္(ခ)လျပည့္(ခ) က်င္၀ွက္၊ ေန၀င္းေအာင္၊ အမွတ္ (၁)ရပ္ကြက္၊ ပုသိမ္ၿမိဳ႕ေနသူ ၃ ဦးအား ဖမ္းဆီးရမိေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ သိရသည္။

“လုယက္မႈက်ဴးလြန္ၿပီး အနားကရြာထဲ ဝင္ေျပးသြားတာသိရေတာ့ ရြာကျပည္သူေတြအကူအညီနဲ႔ပဲ ဖမ္းမိတာ ပါ ျပစ္မႈေဟာင္းေတြရွိ၊ မရွိေတာ့ စစ္ေဆးေနပါတယ္။ မ်ားေသာအားျဖင့္ ဒီလိုဖမ္းမိတဲ့တခ်ိဳ႕ လူငယ္ေတြဆို ျပစ္မႈနဲ႔ တရားရုံးမွာ စစ္ေဆးေနရင္း အသက္မျပည့္လို႔ မိဘဆီျပန္အပ္ၿပီး တရားရင္ဆိုင္ေနဆဲအေျခအေန မွာေတာင္ ထပ္ၿပီးက်ဴးလြန္တာေတြရွိပါတယ္။”ဟု ဧရာဝတီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႔မွ ေျပာေရးဆိုခြင့္ရွိသူ ဒုရဲမွဴးႀကီး ခင္ေမာင္လတ္က ေျပာသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ပုသိမ္ၿမိဳ႕မ ရဲစခန္းမွ(ပ)၁၃၀/၂၀၁၈ ရာဇသတ္ႀကီး ပုဒ္မ ၃၉၂/၁၁၄ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

Source : ရတနာပုံ သတင္းစာ

(Unicode Version)

ပုသိမ်မြို့တွင် ညအချိန် ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သူ လူငယ်များ တစ်လအတွင်း ဒုတိယအကြိမ်ဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ညအချိန်ဆိုင်ကယ်ဖြင့် လုယက်မှု ကျူးလွန်သည့် လူငယ် ၃ ဦးကို ဒုတိယအကြိမ်အဖြစ် ပုသိမ်မြို့မ ရဲစခန်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၂ ရက်က ပုသိမ်မြို့ ဘန့်ဘွေးကုန်းတွင် အသက် ၁၇ နှစ် အရွယ် လူငယ်သုံးဦးက အမျိုးသမီး ၂ ဦးထံမှ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယက်မှုကျူးလွန်ခဲ့သဖြင့် ဖမ်းဆီး အရေးယူထားပြီး လက်ရှိ ဖမ်းဆီးလိုက်ခြင်းမှာ မတ်လအတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့့ မှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၁ ရက် ည ၈ နာရီအချိန် ပုသိမ်မြို့၊ ရေပေါ်စျေးမှ ဆိုင်ကယ်ဖြင့် စျေးဝယ်ပြန်လာသော အမျိုးသမီး ၂ ဦးမှာ ပုသိမ်-မုံရွာလမ်းမ၊မြက်တိုရပ်ကွက်အရောက် နောက်မှ အမျိုးသား သုံးဦးမောင်းနှင်လာ သည့် ဆိုင်ကယ်မှ ကျော်တက်ပြီး လက်ထဲတွင် ကိုင်ထားသည့် ဖုန်းနှင့်ငွေ ထည့်ထားသော ပိုက်ဆံအိတ် တစ်လုံးအား ဆွဲယူ ထွက်ပြေး မောင်းနှင်သွားခဲ့ခြင်း ဖြစ်သည်။ သတင်းအရ နယ်မြေ လှည့်ကင်း တာဝန် ဆောင်ရွက်နေသော ပုသိမ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းရာ လုယက်မှု ကျူးလွန်သူသုံးဦးမှာ ဒိုက်ထူရွာတွင်းသို့ မောင်းပြေးသွားကြောင်း သိရသဖြင့် ကျေးရွာနေ ပြည်သူတို့၏ အကူအညီဖြင့် တရားခံများဖြစ်သော သန်းစိုးအောင်၊ ဇော်မျိုးခိုင်(ခ)လပြည့်(ခ) ကျင်ဝှက်၊ နေဝင်းအောင်၊ အမှတ် (၁)ရပ်ကွက်၊ ပုသိမ်မြို့နေသူ ၃ ဦးအား ဖမ်းဆီးရမိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

“လုယက်မှုကျူးလွန်ပြီး အနားကရွာထဲ ဝင်ပြေးသွားတာသိရတော့ ရွာကပြည်သူတွေအကူအညီနဲ့ပဲ ဖမ်းမိတာ ပါ ပြစ်မှုဟောင်းတွေရှိ၊ မရှိတော့ စစ်ဆေးနေပါတယ်။ များသောအားဖြင့် ဒီလိုဖမ်းမိတဲ့တချို့ လူငယ်တွေဆို ပြစ်မှုနဲ့ တရားရုံးမှာ စစ်ဆေးနေရင်း အသက်မပြည့်လို့ မိဘဆီပြန်အပ်ပြီး တရားရင်ဆိုင်နေဆဲအခြေအနေ မှာတောင် ထပ်ပြီးကျူးလွန်တာတွေရှိပါတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်မြို့မ ရဲစခန်းမှ(ပ)၁၃၀/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Source : ရတနာပုံ သတင်းစာ