ႏွာေခါင္း ေသြးလၽွံျခင္း ရပ္ေအာင္ လုပ္နည္း

ခုရက္ပိုင္းအတြင္း တစ္ရက္ကို (၃) ႀကိမ္ေလာက္ ႏွာေခါင္းေသြးလွ်ံေနလို႔ ဘယ္လိုသက္သာေအာင္လုပ္ရမလဲဆိုတာ နည္းလမ္းေလးေတြ ရွာရင္း ဖတ္မိတဲ့ အြန္လိုင္းေပၚက နည္းလမ္းေလးေတြကို ေ၀မွ်ေပးလိုက္ပါတယ္။

ႏွာေခါင္းေသြးလၽွံျခင္းသည္ ႏွာေခါင္းအတြင္းရွိ ေသြးေၾကာမ်ား ေပါက္ထြက္ျခင္းေၾကာင့္ျဖစ္ၿပီး ကေလးမ်ားတြင္ အျဖစ္မ်ားသည္။ ႏွာေခါင္း ေသြးလၽွံျခင္းသည္ သူ႔အလိုလို ရပ္သြားႏိုင္ေသာ္လည္း အျမန္ရပ္ေအာင္ လုပ္နည္းမ်ားလည္း ရွိသည္။

(၁) ႏွာေခါင္းအလယ္ပိုင္း ႏွာရိုးကို လက္မႏွင့္ လက္ညႇိူးျဖင့္ ဖိညႇပ္ကာ ၁၅ မိနစ္ၾကာသည္အထိ ဖိထားပါ။

(၂) ေခါင္းကို ေရွ႔ငိုက္ထားပါ။ အေနာက္ေမာ့မထားပါႏွင့္။ သို႔မွသာ ႏွာေခါင္းေသြးမ်ား သင့္လည္ေခ်ာင္းအတြင္း စီးမဝင္ေတာ့ဘဲ ဆို႔မေနေတာ့မွာပါ။

(၃) ပါးစပ္ႏွင့္ အသက္ရႉသြင္း၊ ရႉထုတ္လုပ္ပါ။

(၄) ေအး၍ ႏူးညံ့ေသာ ေရခဲထည့္ထားသည့္ သို႔မဟုတ္ ေရခဲေရစိမ္ မ်က္ႏွာသုပ္ပဝါ အေသးစား သို႔မဟုတ္ လက္ကိုင္ပုဝါကို ႏွာေခါင္းနားတစ္ဝိုက္ တင္ထားေပးပါ။

(၅) ႏွာေခါင္းေသြးယိုျခင္း ရပ္သြားလၽွင္ အိပ္ယာေပၚ သို႔မဟုတ္ ဆိုဖာေပၚ လွဲေနပါက ဦးေခါင္းကို ႏွလံုးအထက္ ျမႇင့္တင္ထားပါ။ သို႔မွသာ ႏွာေခါင္းအတြင္း ဖိအားသက္သာ ေလ်ာ့နည္းသြားမွာပါ။

(၆) ႏွာေခါင္းအတြင္း အေျမႇးပါးအလႊာ ေျခာက္ေသြ႕ျခင္း မရွိေအာင္ ေလေအးေပးစက္ ဖြင့္လိုက္ပါ။သို႔မွသာ ႏွာေခါင္းေသြး ထပ္မံလၽွံျခင္း မရွိေတာ့မွာပါ။

(၇) ႏွာေခါင္းျဖင့္ ေလမႈတ္ထုတ္ျခင္းကို ၂၄ နာရီအတြင္း မျပဳလုပ္ပါႏွင့္။ ေနာက္တစ္ခါ ႏွာေခါင္းျဖင့္ ေလမႈတ္ထုတ္ပါက ညင္သာစြာ မႈတ္ထုတ္ပါ။

(၈) ႏွာေခါင္းေသြးယိုၿပီး ေနာက္ပိုင္း အေလးအပင္ မ,မပါႏွင့္။ ျပင္းထန္စြာ လႈပ္ရွားရေသာ အလုပ္အကိုင္မ်ား မလုပ္ပါႏွင့္။ ေသြးဖိအား မ်ားလာၿပီး ႏွာေခါင္းေသြး ထပ္မံ ယိုလာႏိုင္ပါသည္။

Credit : မူရင္းေရးသားသူ

(Unicode Version)

နှာခေါင်း သွေးလျှံခြင်း ရပ်အောင် လုပ်နည်း

ခုရက်ပိုင်းအတွင်း တစ်ရက်ကို (၃) ကြိမ်လောက် နှာခေါင်းသွေးလျှံနေလို့ ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာ နည်းလမ်းလေးတွေ ရှာရင်း ဖတ်မိတဲ့ အွန်လိုင်းပေါ်က နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

နှာခေါင်းသွေးလျှံခြင်းသည် နှာခေါင်းအတွင်းရှိ သွေးကြောများ ပေါက်ထွက်ခြင်းကြောင့်ဖြစ်ပြီး ကလေးများတွင် အဖြစ်များသည်။ နှာခေါင်း သွေးလျှံခြင်းသည် သူ့အလိုလို ရပ်သွားနိုင်သော်လည်း အမြန်ရပ်အောင် လုပ်နည်းများလည်း ရှိသည်။

(၁) နှာခေါင်းအလယ်ပိုင်း နှာရိုးကို လက်မနှင့် လက်ညှိူးဖြင့် ဖိညှပ်ကာ ၁၅ မိနစ်ကြာသည်အထိ ဖိထားပါ။

(၂) ခေါင်းကို ရှေ့ငိုက်ထားပါ။ အနောက်မော့မထားပါနှင့်။ သို့မှသာ နှာခေါင်းသွေးများ သင့်လည်ချောင်းအတွင်း စီးမဝင်တော့ဘဲ ဆို့မနေတော့မှာပါ။

(၃) ပါးစပ်နှင့် အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။

(၄) အေး၍ နူးညံ့သော ရေခဲထည့်ထားသည့် သို့မဟုတ် ရေခဲရေစိမ် မျက်နှာသုပ်ပဝါ အသေးစား သို့မဟုတ် လက်ကိုင်ပုဝါကို နှာခေါင်းနားတစ်ဝိုက် တင်ထားပေးပါ။

(၅) နှာခေါင်းသွေးယိုခြင်း ရပ်သွားလျှင် အိပ်ယာပေါ် သို့မဟုတ် ဆိုဖာပေါ် လှဲနေပါက ဦးခေါင်းကို နှလုံးအထက် မြှင့်တင်ထားပါ။ သို့မှသာ နှာခေါင်းအတွင်း ဖိအားသက်သာ လျော့နည်းသွားမှာပါ။

(၆) နှာခေါင်းအတွင်း အမြှေးပါးအလွှာ ခြောက်သွေ့ခြင်း မရှိအောင် လေအေးပေးစက် ဖွင့်လိုက်ပါ။သို့မှသာ နှာခေါင်းသွေး ထပ်မံလျှံခြင်း မရှိတော့မှာပါ။

(၇) နှာခေါင်းဖြင့် လေမှုတ်ထုတ်ခြင်းကို ၂၄ နာရီအတွင်း မပြုလုပ်ပါနှင့်။ နောက်တစ်ခါ နှာခေါင်းဖြင့် လေမှုတ်ထုတ်ပါက ညင်သာစွာ မှုတ်ထုတ်ပါ။

(၈) နှာခေါင်းသွေးယိုပြီး နောက်ပိုင်း အလေးအပင် မ,မပါနှင့်။ ပြင်းထန်စွာ လှုပ်ရှားရသော အလုပ်အကိုင်များ မလုပ်ပါနှင့်။ သွေးဖိအား များလာပြီး နှာခေါင်းသွေး ထပ်မံ ယိုလာနိုင်ပါသည်။

Credit : မူရင်းရေးသားသူ