ညစားပြဲထိုးလုပ္ၿပီး ေက်ာင္းစရိတ္႐ွာတဲ့ မဟာတန္း ေက်ာင္းသားတစ္ဦး

မံုရြာျမိဳ႕ရဲ႕ဂုဏ္ယူစရာ ကန္သာယာကို ေမးတင္ျပီးေဆာက္ထားတဲ့ အုပ္စိုးဆိုတဲ့ စားေသာက္ဆုိင္မွာ ကန္ကပ်႕ံ လြင့္လာတဲ့ ေလေျပေလညွင္းကို ရႈရိႈက္လိုသူ၊ယမကာနဲ႕အကင္ေတြကို စားေသာက္လုိသူေတြနဲ႔ အျမဲတမ္း စည္ကားေနတတ္ပါတယ္။

ညမီးေရာင္စံုက ဆုိင္အတြင္းမွာ တလက္လက္ ေတာက္ပေနသလုိ ဖြင့္ရံုဆို သေလာက္ ေလးဖြင့္ထားတဲ့ အေနာက္တိုင္းေတးသြားသံနဲ႔အတူ စားပြဲ၀ိုင္းအသီးသီးဆီက စကားသံေတြက ဆိုင္အျပင္ဘက္ထိ လွ်ံထြက္ေနပါတယ္။စားပြဲ၀ိုင္းေတြဆီကူလူးလုိက္ အကင္နံ႔၊ အေၾကာ္၊ အေလွာ္န႔ံေတြ ေထာင္းေထာင္းထေနတဲ့ မီးဖိုထဲကူးသြားလိုက္နဲ႔ အလုပ္ရႈပ္ေနတဲ့ စားပြဲထုိးေတြၾကားမွာ သူ႔ကိုေတြ႕ႏိုင္ပါတယ္။

အက်ီၤအျဖဴ၊ေဘာင္းဘီအနက္ကို သပ္ရပ္စြာ၀တ္ဆင္ထားတဲ့သူက ေန႔ခင္းဘက္ဆို ေက်ာင္းတက္စာက်က္ျပီး ညဘက္ဆို ဒီဆုိင္ေလးမွာ အလုပ္လုပ္ရင္း ေက်ာင္းစားရိတ္ရွာသူပါ။သူ႔နာမည္ကေတာ့ ျဖိဳးေ၀လင္းပါ။

အသက္ ၂၂ ႏွစ္အရြယ္ ျဖိဳးေ၀လင္းက မံုရြာတကၠသိုလ္၊ ရူပေဗဒအဓိကနဲ႔ ဂုဏ္ထူးတန္းတက္ေနတဲ့ ေက်ာင္းသား တစ္ေယာက္ပါ။ ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္းက ဆားလင္းၾကီးျမိဳ႕နယ္၊ ေရႊခ်မ္းသာဆိုတဲ႔ရြာေလးမွာ ေမြးဖြားခဲ့ေပမဲ့ သူ႕မိဘေတြက သာမာန္လက္လုပ္လက္စား သမားေတြျဖစ္တာေၾကာင့္ သူ႕မိဘေတြကို ၀န္မပိေစဖို႔ အလုပ္လုပ္ရတာျဖစ္တယ္လို႔ သူကဆိုပါတယ္။

”အဓိကကေတာ့ အေမေပါ့။သူ႔ဘ၀တစ္ေလ်ွာက္လံုး ေစ်းေတာင္းေခါင္းရြက္လာတာ ခုထိလည္းမနားရေသးဘူး။ ကၽြန္ေတာ္အလုပ္လုပ္ေတာ့ အေမပင္ပန္းတာ နည္းနည္းသက္သာတာေပါ့”လို႔ သူကေျပာျပပါတယ္။

မိဘႏွစ္ပါးနဲ႔အမတစ္ေယာက္အပါအ၀င္မိသားစုေလးေယာက္သာရွိတဲ့ သူတို႕မိသားစုက သာမာန္ ေတာသူေတာင္သား ေတြလို လယ္ေလးတစ္ကြက္ေတာင္မပိုင္တာေၾကာင့္ ကုန္ေျခာက္ဆိုင္ ေလးတစ္ဆိုင္ကိုသာ မိသားစုထမင္းအိုးအျဖစ္မွီခုိရသလို သူ႔မိခင္ကလည္း ေစ်းေတာင္းေခါင္းရြက္ျပီး အနီးအနားက ရြာေတြအထိ လွည့္လည္ေစ်းေရာင္းရတယ္လုိ႔ သူကဆိုပါတယ္။

သားကုိ ေက်ာင္းဆရာတစ္ေယာက္ ျဖစ္ေစခ်င္တဲ့ သူ႔အေမရဲ႕ဆႏၵကို ျဖည့္ဆည္းေပးခ်င္တဲ့ ျဖိဳးေ၀လင္းက တကၠသိုလ္မွာ ဂုဏ္ထူးတန္းပါေအာင္ၾကိဳးစားခဲ့သလုိ ဆယ္တန္းေျဖျပီးကတည္းက စားေသာက္ဆိုင္ေတြမွာ ေက်ာင္းစရိတ္အတြက္ အလုပ္၀င္လုပ္ခဲ့ပါတယ္။ ေႏြရာသီေက်ာင္းပိတ္ရက္ေတြဆုိ မႏၱေလးအထိသြားျပီး လက္တြန္းလွည္းနဲ႔ စမူဆာသုပ္နဲ႔ဆိတ္သားကင္ေရာင္းခ်တဲ့အလုပ္ေတြကိုပါ လုပ္ကိုင္ခဲ့တယ္လုိ႕သူက ေျပာပါတယ္။

”ကၽြန္ေတာ္အလုပ္လုပ္ဖို႔ ဘယ္ေတာ့မွမရွက္ဘူးဗ်။ အေမပါးလုိက္တဲ့ ပိုက္ဆံကားဂိတ္မွာ သြားသြားယူရတာကိုပဲ ကၽြန္ေတာ္ရွက္တယ္”လို႔ သူကဆုိပါတယ္။

ညပိုင္းဆို ညနက္သန္းေခါင္ထိအလုပ္လုပ္ျပီး မနက္ရွစ္နာရီေလာက္ဆို ေက်ာင္းေျပးတက္ရတဲ့ ျဖိဳးေ၀လင္းက တစ္ခါတရံ ပင္ပန္းလြန္းတဲ့အခါ ေက်ာင္းစာကို ဖိဖိစီးစီးမလုပ္နိုင္တာ၊အလုပ္မွာ စိတ္မပါတာမ်ိဳးေတြျဖစ္တဲ့အခါ ေက်ာင္းကခဏနားျပီး အိမ္ျပန္အိပ္တာ၊တစ္ေယာက္တည္း ေအးေအးေဆးေဆးေနလုိက္တာမ်ိဳးနဲ႕ ေျဖေဖ်ာက္ရတယ္လုိ႕ဆိုပါတယ္။

ဆိုင္မွာအလုပ္လုပ္ရင္း တခါတရံ ေက်ာင္းက ဆရာ၊ဆရာမေတြ ပြဲေတြဘာေတြလာလုပ္ရင္းေတြ႔တဲ့အခါ အားေပးတာေတြေၾကာင့္ စိတ္ဓါတ္ခြန္အားေတြရသလို ဆိုင္မွာလာစားေသာက္တဲ့ အတန္းထဲက သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့အခါမ်ိဳးမွာ ရွက္ေၾကာက္အားငယ္တဲ့စိတ္မ်ိဳး သူ႔ဆီမွာ မရွိဘူးလို႔ သူက ေျပာပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဂုဏ္ထူးတန္းကတဆင့္ မဟာတန္းဆက္ပါႏိုင္ဖို႔ သူ႕အလုပ္ေတြကို ခဏနားထားျပီး ဆိုင္ကလိုအပ္တဲ့အခ်ိန္မ်ိဳးမွာ အေျပးအလႊားသြားျပီး လုပ္ကူေပးတာမ်ိဳးပဲ လုပ္ေပးျဖစ္ျပီးေတာ့ စာၾကည့္တဲ့ အလုပ္ကိုပဲ အာရံုစိုက္ျဖစ္ေနတယ္လို႔ သူကေျပာပါတယ္။

မဟာတန္းျပီးသြားတဲ့အခါ ျဖိဳးေ၀လင္းက စီးပြားေရးလုပ္ငန္းတစ္ခုကို စတင္လုပ္ကိုင္လုိေပမဲ့ သူ႔မိခင္ကေတာ့ ျဖိဳးေ၀လင္းကို ေက်ာင္းဆရာတစ္ေယာက္အျဖစ္သာျမင္လုိတာေၾကာင့္ တကၠသိုလ္မွာေက်ာင္းဆရာမျဖစ္ခဲ့ရင္ေတာင္ အျဖဴ၊အစိမ္း၀တ္ေက်ာင္းဆရာလုပ္ဖို႔ေတာ့ စဥ္းစားထားတယ္လုိ႔ သူကဆုိပါတယ္။

တကၠသိုလ္၀င္တန္းေအာင္ျပီးကတည္းက စားေသာက္ဆိုင္ေတြမွာ ေအာက္ေျခသိမ္းကစျပီး အလုပ္လုပ္ကိုင္ခဲ့တဲ့ ျဖိဳးေ၀လင္းက ေခါက္ဆြဲေၾကာ္၊အကင္စသျဖင့္ အစားအေသာက္ေတြကို ကိုယ္တိုင္ ေၾကာ္ေလွာ္ခ်က္ျပဳတ္တတ္ျပီး စားေသာက္ဆိုင္ေတြရဲ႕သေဘာကို တီးမိေခါက္မိ ရွိေနျပီျဖစ္လို႔ အစားအေသာက္မ်ိဳးစံုရတဲ႔ ဆိုင္တစ္ဆိုင္ဖြင့္လွစ္ဖို႔ စိတ္ကူးရွိေနသူပါ။

အစားအေသာက္ေတြကို စားသံုးသူေတြအရသာရွိရွိ စားေသာက္ႏိုင္ဖို႔ ေရာင္းခ်ေပးခ်င္တဲ့ သူက အရက္နဲ႔မူးယစ္ေစတတ္တဲ့ အရာေတြ ေရာင္းခ်တဲ့ဆိုင္ေတြဘယ္ေတာ့မွ ဖြင့္ျဖစ္မွာမဟုတ္ဘူးလုိ႔ သူကဆုိပါတယ္။

”ကၽြန္ေတာ္ကိုယ္တိုင္က လူငယ္တစ္ေယာက္မို႕ ေသာက္တတ္စားတတ္ေပမဲ့ ျဖစ္ႏိုင္ရင္ ဘယ္သူ႕ကိုမွ မူးရူးရမ္းကားေနတာမ်ိဳးမျမင္ခ်င္ဘူး။ေနာက္တစ္ခုက ရြာေတြမွာဆိုရင္ မူးျပီးေသာင္းက်န္းတာမ်ိဳး ေတြေတြ႔ေနရေတာ့ ကၽြန္ေတာ္အဲ႔လုိ ဆိုင္မ်ိဳးေတြ မဖြင့္ခ်င္ဘူး”လို႔ သူကေျပာျပပါတယ္။

လက္ရွိမွာ ေက်ာင္းတက္ရင္းအလုပ္လုပ္ေနရေပမဲ့ မာန္မာနမရွိဘဲ စားသံုးသူေတြအေပၚ သီးခံနိုင္စြမ္းရွိတာေၾကာင့္ ႏွစ္ႏွစ္အတြင္း ဆုိင္ရဲ႕အားကိုးရတဲ့လူတစ္ေယာက္ျဖစ္လို႔ေနပါတယ္။

”သူတစ္ေယာက္ရဲ႕အားက ဆိုင္က၀န္ထမ္းအသစ္ သံုးေလးေယာက္စာနဲ႔ညီမ်ွတယ္။စားသံုးသူေတြ ဘယ္လုိရစ္ရစ္ သီးခံႏိုင္တယ္။ ယံုၾကည္စိတ္ခ်ရတယ္။ သူနဲ႕ဆို လွည့္ၾကည့္စရာမလုိဘူး၊ မ်က္ႏွာလႊဲထားလို႔တယ္”လို႔ သူအလုပ္လုပ္တဲ့ ဆုိင္ပိုင္ရွင္ ေဒၚခင္ေႏွာင္းကေျပာပါတယ္။

ဆိုင္ပိုင္ရွင္ေတြက သူ႔ပညာေရးအတြက္ ေထာက္ပံ့မႈေတြရွိသလုိ အေဆာင္လခကုန္က်မွာစိုး တဲ့အတြက္ ေက်ာင္းနားက သူတို႔ပိုင္တဲ့ျခံတစ္ခုက တုိက္ပုေလးမွာ ျဖိဳးေ၀လင္းက ေနထိုင္ေက်ာင္း တက္ေစခဲ့တာပါ။ ေရခဲေသတၱာ၊တီဗြီစတဲ့ပစၥည္းေတြ စံုလင္ေအာင္ထားေပးသလို အသီးအရြက္နဲ႕ သားငါးေတြ တစ္ပတ္တစ္ခါလာပို႕ေပးတယ္လုိ႔ သူက ဆုိပါတယ္။

ျဖိဳးေ၀လင္းကို ကူညီေထာက္ပံ့ေပးျဖစ္တာနဲ႔ ပတ္သက္ျပီး ဆိုင္ပိုင္ရွင္ကေတာ့ ”သူက စာလည္း ေတာ္ရွာတယ္။ ဆိုင္ကလည္း လက္လြတ္လို႔မရေအာင္ အားကိုးရတယ္။လုပ္ေပးတယ္ဆိုတာထက္ သူၾကိဳးစားလို႔ သူနဲ႕တန္ရာရတာပါ” လို႔ ဆိုပါတယ္။

စားေသာက္ဆိုင္ပိုင္ရွင္တစ္ေယာက္ျဖစ္ခ်င္တဲ့ ျဖိဳးေ၀လင္းအတြက္ သူ႔ဆုိင္ပိုင္ရွင္က နည္းယူစရာ အျပည့္နဲ႕ စံျပပုဂၢိဳလ္တစ္ေယာက္ျဖစ္တယ္လုိ႔ ဆိုပါတယ္။အခု ၾကီးမားတဲ့ဆိုင္ တစ္ဆိုင္ျဖစ္လာတဲ့ အထိ အဆင့္ဆင့္ၾကိဳးစားခဲ့မႈ၊ စီးပြားေရးအျမင္ရွိမႈေတြက သူအတြက္ သင္ယူစရာမကုန္တဲ့ ဘ၀အတြက္ ေအာင္ျမင္ေရးစာအုပ္တစ္အုပ္လုိ႔ သူကေျပာပါတယ္။

မူလတန္းကို ေမြးရပ္ေျမမွာတက္ျပီး အထက္တန္းကို ရြာနားက က်ားတက္ရြာမွာ ထမင္းခ်ိဳင့္ကိုင္ စက္ဘီးစီးျပီး ေက်ာင္းတက္ခဲ့တဲ့ ျဖိဳးေ၀လင္းက သူအသက္ၾကီးလာတဲ့အခါ ျဖစ္ခ်င္တဲ့ အိမ္မက္တစ္ခုက ၾကီးၾကီးမားမားရွိခဲ့ပါတယ္။

က်ားတက္ရြာက က်ဴရွင္ေကာင္းေကာင္းေတြရွိေပမဲ့ ေငြေၾကးမျပည့္စံုခဲ့တဲ့ ျဖိဳးေ၀လင္းက ဘုန္းေတာ္ၾကီးေတြဦးစီးျပီးဖြင့္တဲ့ က်ဴရွင္မွာေနျပီး ဆယ္တန္းေအာင္ေအာင္ၾကိဳးစားခဲ့ရတဲ့အျပင္ ေက်ာင္းက ဆရာေတာ္ေတြက ဒီက်ဴရွင္ေလးရဲ႕ေက်းဇူးကိုဆပ္ခ်င္ရင္ ေက်ာင္းဆရာအျဖစ္ပဲလုပ္ေပးဖုိ႔ မိန္႕ၾကားထားတာ မ်ိဳးရွိတယ္လို႔ သူကဆိုပါတယ္။

”ကၽြန္ေတာ္အသက္ၾကီးလာတဲ့အခါ က်ားတက္မွာျပန္ျပီး ေက်ာင္းဆရာလုပ္ခ်င္တယ္။” လို႔သူက ဆိုပါတယ္။ လက္ရွိမွာေတာ့ ေက်ာင္းျပီးသြားရင္ စီးပြားေရးလုပ္ဖုိ႕ သူၾကိဳစဥ္းစားထားသလုိ သူ႔အေမရဲ႕ ေက်ာင္းဆရာျဖစ္ေစခ်င္တဲ့ဆႏၵကိုလည္း သူမပယ္ဖ်က္ဘူးလုိ႔ ဆိုပါတယ္။

”အလုုပ္ႏွစ္ခုလုပ္ရတာမပင္ပန္းပါဘူးဗ်ာ။အဓိကကေတာ့ ကၽြန္ေတာ္ ဒီေလာကမွာ လိပ္ျပာသန္႔သန္႔ အသက္ရႈႏိုင္ဖုိ႔နဲ႕ အေမစိတ္ခ်မ္းသာဖုိ႔ပဲ”လို႔ သူကေျပာခ်ိန္မွာ သူ႔ႏႈတ္ခမ္းမွာ အျပံဳးတစ္စံုက တြဲလ်ားခိုလို႔ေနပါေတာ့တယ္။

ႏွင္းသက္ေ၀ခိုင္

Source : Monywa Gazette

(Unicode Version)

ညစားပွဲထိုးလုပ်ပြီး ကျောင်းစရိတ်ရှာတဲ့ မဟာတန်း ကျောင်းသားတစ်ဦး

မုံရွာမြို့ရဲ့ဂုဏ်ယူစရာ ကန်သာယာကို မေးတင်ပြီးဆောက်ထားတဲ့ အုပ်စိုးဆိုတဲ့ စားသောက်ဆိုင်မှာ ကန်ကပျ့ံ လွင့်လာတဲ့ လေပြေလေညှင်းကို ရှုရှိုက်လိုသူ၊ယမကာနဲ့အကင်တွေကို စားသောက်လိုသူတွေနဲ့ အမြဲတမ်း စည်ကားနေတတ်ပါတယ်။

ညမီးရောင်စုံက ဆိုင်အတွင်းမှာ တလက်လက် တောက်ပနေသလို ဖွင့်ရုံဆို သလောက် လေးဖွင့်ထားတဲ့ အနောက်တိုင်းတေးသွားသံနဲ့အတူ စားပွဲဝိုင်းအသီးသီးဆီက စကားသံတွေက ဆိုင်အပြင်ဘက်ထိ လျှံထွက်နေပါတယ်။စားပွဲဝိုင်းတွေဆီကူလူးလိုက် အကင်နံ့၊ အကြော်၊ အလှော်န့ံတွေ ထောင်းထောင်းထနေတဲ့ မီးဖိုထဲကူးသွားလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ စားပွဲထိုးတွေကြားမှာ သူ့ကိုတွေ့နိုင်ပါတယ်။

အကျီင်္အဖြူ၊ဘောင်းဘီအနက်ကို သပ်ရပ်စွာဝတ်ဆင်ထားတဲ့သူက နေ့ခင်းဘက်ဆို ကျောင်းတက်စာကျက်ပြီး ညဘက်ဆို ဒီဆိုင်လေးမှာ အလုပ်လုပ်ရင်း ကျောင်းစားရိတ်ရှာသူပါ။သူ့နာမည်ကတော့ ဖြိုးဝေလင်းပါ။

အသက် ၂၂ နှစ်အရွယ် ဖြိုးဝေလင်းက မုံရွာတက္ကသိုလ်၊ ရူပဗေဒအဓိကနဲ့ ဂုဏ်ထူးတန်းတက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ဆားလင်းကြီးမြို့နယ်၊ ရွှေချမ်းသာဆိုတဲ့ရွာလေးမှာ မွေးဖွားခဲ့ပေမဲ့ သူ့မိဘတွေက သာမာန်လက်လုပ်လက်စား သမားတွေဖြစ်တာကြောင့် သူ့မိဘတွေကို ဝန်မပိစေဖို့ အလုပ်လုပ်ရတာဖြစ်တယ်လို့ သူကဆိုပါတယ်။

”အဓိကကတော့ အမေပေါ့။သူ့ဘဝတစ်လျှောက်လုံး စျေးတောင်းခေါင်းရွက်လာတာ ခုထိလည်းမနားရသေးဘူး။ ကျွန်တော်အလုပ်လုပ်တော့ အမေပင်ပန်းတာ နည်းနည်းသက်သာတာပေါ့”လို့ သူကပြောပြပါတယ်။

မိဘနှစ်ပါးနဲ့အမတစ်ယောက်အပါအဝင်မိသားစုလေးယောက်သာရှိတဲ့ သူတို့မိသားစုက သာမာန် တောသူတောင်သား တွေလို လယ်လေးတစ်ကွက်တောင်မပိုင်တာကြောင့် ကုန်ခြောက်ဆိုင် လေးတစ်ဆိုင်ကိုသာ မိသားစုထမင်းအိုးအဖြစ်မှီခိုရသလို သူ့မိခင်ကလည်း စျေးတောင်းခေါင်းရွက်ပြီး အနီးအနားက ရွာတွေအထိ လှည့်လည်စျေးရောင်းရတယ်လို့ သူကဆိုပါတယ်။

သားကို ကျောင်းဆရာတစ်ယောက် ဖြစ်စေချင်တဲ့ သူ့အမေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ ဖြိုးဝေလင်းက တက္ကသိုလ်မှာ ဂုဏ်ထူးတန်းပါအောင်ကြိုးစားခဲ့သလို ဆယ်တန်းဖြေပြီးကတည်းက စားသောက်ဆိုင်တွေမှာ ကျောင်းစရိတ်အတွက် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေဆို မန္တလေးအထိသွားပြီး လက်တွန်းလှည်းနဲ့ စမူဆာသုပ်နဲ့ဆိတ်သားကင်ရောင်းချတဲ့အလုပ်တွေကိုပါ လုပ်ကိုင်ခဲ့တယ်လို့သူက ပြောပါတယ်။

”ကျွန်တော်အလုပ်လုပ်ဖို့ ဘယ်တော့မှမရှက်ဘူးဗျ။ အမေပါးလိုက်တဲ့ ပိုက်ဆံကားဂိတ်မှာ သွားသွားယူရတာကိုပဲ ကျွန်တော်ရှက်တယ်”လို့ သူကဆိုပါတယ်။

ညပိုင်းဆို ညနက်သန်းခေါင်ထိအလုပ်လုပ်ပြီး မနက်ရှစ်နာရီလောက်ဆို ကျောင်းပြေးတက်ရတဲ့ ဖြိုးဝေလင်းက တစ်ခါတရံ ပင်ပန်းလွန်းတဲ့အခါ ကျောင်းစာကို ဖိဖိစီးစီးမလုပ်နိုင်တာ၊အလုပ်မှာ စိတ်မပါတာမျိုးတွေဖြစ်တဲ့အခါ ကျောင်းကခဏနားပြီး အိမ်ပြန်အိပ်တာ၊တစ်ယောက်တည်း အေးအေးဆေးဆေးနေလိုက်တာမျိုးနဲ့ ဖြေဖျောက်ရတယ်လို့ဆိုပါတယ်။

ဆိုင်မှာအလုပ်လုပ်ရင်း တခါတရံ ကျောင်းက ဆရာ၊ဆရာမတွေ ပွဲတွေဘာတွေလာလုပ်ရင်းတွေ့တဲ့အခါ အားပေးတာတွေကြောင့် စိတ်ဓါတ်ခွန်အားတွေရသလို ဆိုင်မှာလာစားသောက်တဲ့ အတန်းထဲက သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါမျိုးမှာ ရှက်ကြောက်အားငယ်တဲ့စိတ်မျိုး သူ့ဆီမှာ မရှိဘူးလို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဂုဏ်ထူးတန်းကတဆင့် မဟာတန်းဆက်ပါနိုင်ဖို့ သူ့အလုပ်တွေကို ခဏနားထားပြီး ဆိုင်ကလိုအပ်တဲ့အချိန်မျိုးမှာ အပြေးအလွှားသွားပြီး လုပ်ကူပေးတာမျိုးပဲ လုပ်ပေးဖြစ်ပြီးတော့ စာကြည့်တဲ့ အလုပ်ကိုပဲ အာရုံစိုက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

မဟာတန်းပြီးသွားတဲ့အခါ ဖြိုးဝေလင်းက စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်လိုပေမဲ့ သူ့မိခင်ကတော့ ဖြိုးဝေလင်းကို ကျောင်းဆရာတစ်ယောက်အဖြစ်သာမြင်လိုတာကြောင့် တက္ကသိုလ်မှာကျောင်းဆရာမဖြစ်ခဲ့ရင်တောင် အဖြူ၊အစိမ်းဝတ်ကျောင်းဆရာလုပ်ဖို့တော့ စဉ်းစားထားတယ်လို့ သူကဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းအောင်ပြီးကတည်းက စားသောက်ဆိုင်တွေမှာ အောက်ခြေသိမ်းကစပြီး အလုပ်လုပ်ကိုင်ခဲ့တဲ့ ဖြိုးဝေလင်းက ခေါက်ဆွဲကြော်၊အကင်စသဖြင့် အစားအသောက်တွေကို ကိုယ်တိုင် ကြော်လှော်ချက်ပြုတ်တတ်ပြီး စားသောက်ဆိုင်တွေရဲ့သဘောကို တီးမိခေါက်မိ ရှိနေပြီဖြစ်လို့ အစားအသောက်မျိုးစုံရတဲ့ ဆိုင်တစ်ဆိုင်ဖွင့်လှစ်ဖို့ စိတ်ကူးရှိနေသူပါ။

အစားအသောက်တွေကို စားသုံးသူတွေအရသာရှိရှိ စားသောက်နိုင်ဖို့ ရောင်းချပေးချင်တဲ့ သူက အရက်နဲ့မူးယစ်စေတတ်တဲ့ အရာတွေ ရောင်းချတဲ့ဆိုင်တွေဘယ်တော့မှ ဖွင့်ဖြစ်မှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။

”ကျွန်တော်ကိုယ်တိုင်က လူငယ်တစ်ယောက်မို့ သောက်တတ်စားတတ်ပေမဲ့ ဖြစ်နိုင်ရင် ဘယ်သူ့ကိုမှ မူးရူးရမ်းကားနေတာမျိုးမမြင်ချင်ဘူး။နောက်တစ်ခုက ရွာတွေမှာဆိုရင် မူးပြီးသောင်းကျန်းတာမျိုး တွေတွေ့နေရတော့ ကျွန်တော်အဲ့လို ဆိုင်မျိုးတွေ မဖွင့်ချင်ဘူး”လို့ သူကပြောပြပါတယ်။

လက်ရှိမှာ ကျောင်းတက်ရင်းအလုပ်လုပ်နေရပေမဲ့ မာန်မာနမရှိဘဲ စားသုံးသူတွေအပေါ် သီးခံနိုင်စွမ်းရှိတာကြောင့် နှစ်နှစ်အတွင်း ဆိုင်ရဲ့အားကိုးရတဲ့လူတစ်ယောက်ဖြစ်လို့နေပါတယ်။

”သူတစ်ယောက်ရဲ့အားက ဆိုင်ကဝန်ထမ်းအသစ် သုံးလေးယောက်စာနဲ့ညီမျှတယ်။စားသုံးသူတွေ ဘယ်လိုရစ်ရစ် သီးခံနိုင်တယ်။ ယုံကြည်စိတ်ချရတယ်။ သူနဲ့ဆို လှည့်ကြည့်စရာမလိုဘူး၊ မျက်နှာလွှဲထားလို့တယ်”လို့ သူအလုပ်လုပ်တဲ့ ဆိုင်ပိုင်ရှင် ဒေါ်ခင်နှောင်းကပြောပါတယ်။

ဆိုင်ပိုင်ရှင်တွေက သူ့ပညာရေးအတွက် ထောက်ပံ့မှုတွေရှိသလို အဆောင်လခကုန်ကျမှာစိုး တဲ့အတွက် ကျောင်းနားက သူတို့ပိုင်တဲ့ခြံတစ်ခုက တိုက်ပုလေးမှာ ဖြိုးဝေလင်းက နေထိုင်ကျောင်း တက်စေခဲ့တာပါ။ ရေခဲသေတ္တာ၊တီဗွီစတဲ့ပစ္စည်းတွေ စုံလင်အောင်ထားပေးသလို အသီးအရွက်နဲ့ သားငါးတွေ တစ်ပတ်တစ်ခါလာပို့ပေးတယ်လို့ သူက ဆိုပါတယ်။

ဖြိုးဝေလင်းကို ကူညီထောက်ပံ့ပေးဖြစ်တာနဲ့ ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ကတော့ ”သူက စာလည်း တော်ရှာတယ်။ ဆိုင်ကလည်း လက်လွတ်လို့မရအောင် အားကိုးရတယ်။လုပ်ပေးတယ်ဆိုတာထက် သူကြိုးစားလို့ သူနဲ့တန်ရာရတာပါ” လို့ ဆိုပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ချင်တဲ့ ဖြိုးဝေလင်းအတွက် သူ့ဆိုင်ပိုင်ရှင်က နည်းယူစရာ အပြည့်နဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။အခု ကြီးမားတဲ့ဆိုင် တစ်ဆိုင်ဖြစ်လာတဲ့ အထိ အဆင့်ဆင့်ကြိုးစားခဲ့မှု၊ စီးပွားရေးအမြင်ရှိမှုတွေက သူအတွက် သင်ယူစရာမကုန်တဲ့ ဘဝအတွက် အောင်မြင်ရေးစာအုပ်တစ်အုပ်လို့ သူကပြောပါတယ်။

မူလတန်းကို မွေးရပ်မြေမှာတက်ပြီး အထက်တန်းကို ရွာနားက ကျားတက်ရွာမှာ ထမင်းချိုင့်ကိုင် စက်ဘီးစီးပြီး ကျောင်းတက်ခဲ့တဲ့ ဖြိုးဝေလင်းက သူအသက်ကြီးလာတဲ့အခါ ဖြစ်ချင်တဲ့ အိမ်မက်တစ်ခုက ကြီးကြီးမားမားရှိခဲ့ပါတယ်။

ကျားတက်ရွာက ကျူရှင်ကောင်းကောင်းတွေရှိပေမဲ့ ငွေကြေးမပြည့်စုံခဲ့တဲ့ ဖြိုးဝေလင်းက ဘုန်းတော်ကြီးတွေဦးစီးပြီးဖွင့်တဲ့ ကျူရှင်မှာနေပြီး ဆယ်တန်းအောင်အောင်ကြိုးစားခဲ့ရတဲ့အပြင် ကျောင်းက ဆရာတော်တွေက ဒီကျူရှင်လေးရဲ့ကျေးဇူးကိုဆပ်ချင်ရင် ကျောင်းဆရာအဖြစ်ပဲလုပ်ပေးဖို့ မိန့်ကြားထားတာ မျိုးရှိတယ်လို့ သူကဆိုပါတယ်။

”ကျွန်တော်အသက်ကြီးလာတဲ့အခါ ကျားတက်မှာပြန်ပြီး ကျောင်းဆရာလုပ်ချင်တယ်။” လို့သူက ဆိုပါတယ်။ လက်ရှိမှာတော့ ကျောင်းပြီးသွားရင် စီးပွားရေးလုပ်ဖို့ သူကြိုစဉ်းစားထားသလို သူ့အမေရဲ့ ကျောင်းဆရာဖြစ်စေချင်တဲ့ဆန္ဒကိုလည်း သူမပယ်ဖျက်ဘူးလို့ ဆိုပါတယ်။

”အလုုပ်နှစ်ခုလုပ်ရတာမပင်ပန်းပါဘူးဗျာ။အဓိကကတော့ ကျွန်တော် ဒီလောကမှာ လိပ်ပြာသန့်သန့် အသက်ရှုနိုင်ဖို့နဲ့ အမေစိတ်ချမ်းသာဖို့ပဲ”လို့ သူကပြောချိန်မှာ သူ့နှုတ်ခမ်းမှာ အပြုံးတစ်စုံက တွဲလျားခိုလို့နေပါတော့တယ်။

နှင်းသက်ဝေခိုင်

Source : Monywa Gazette