Fire Power စစ္လက္နက္ အင္အား ျမန္မာက ဘဂၤလားေဒ့ရွ္ ထက္သာ

ကမာၻ႔လက္နက္ပုိင္ဆိုင္မႈ ေစာင့္ၾကည့္တဲ့ Global Fire Power အဖြဲ႔ရဲ့ ၂၀၁၇ ခုႏွစ္အတြက္ အညႊန္းကိန္းမွာ အင္အားအမ်ားဆံုးက အေမရိကန္ျပည္ေထာင္စုျဖစ္ၿပီး ဒုတိယက ရုရွား၊ တတိယက တရုတ္နဲ႔ စတုတၳက အိႏၵိယျဖစ္ ေၾကာင္းေဖၚျပထားပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အိမ္နီးခ်င္း ၂ ႏုိင္ငံၾကား ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္ၿပီး ဆက္ဆံေရးေတြ တင္းမာေနခ်ိန္မွာ ၂ ႏိုင္ငံ စစ္အင္အားပိုင္ဆိုင္မႈကိုလည္း Global Fire Power အညႊန္းကိန္းမွာ ေဖၚျပထားတာပါ။ လက္နက္အင္အားပိုင္ဆိုင္မႈကိုၾကည့္ရင္ ျမန္မာက ကမာၻမွာ အဆင့္ ၃၁ ေနရာမွာ ရွိၿပီး ဘဂၤလားေဒ့ရွ္က အဆင့္ ၅၇ ေနရာမွာ ရွိေနတယ္လို႔ ေဖၚျပပါတယ္။

တပ္သားအေရအတြက္ကို ယွဥ္ၾကည့္ရင္ လူဦးေရ ၁၆၃ သန္းရွိတဲ့ ဘဂၤလားေဒ့ရွ္ကတပ္သား အေရအတြက္ ၂ သိန္း ၂ ေသာင္းခြဲရွိၿပီး လူဦးေရး ၅၂ သန္းရွိတဲ့ ျမန္မာႏိုင္ငံကတပ္သား ၅ သိန္းေက်ာ္ရွိသလို ကာကြယ္ေရးအသံုးစားရိတ္ကို ယွဥ္ရင္လည္း ဘဂၤလားေဒ့ရွ္က ေဒၚလာ ၁.၅၉ ဘီလ်ံရွိခ်ိန္မွာ ျမန္မာက ေဒၚလာ ၂.၄ ဘီလ်ံ ဘတ္ဂ်က္ရွိေနပါတယ္။

ေလတပ္အင္အားကို ၾကည့္ရင္ စစ္ေလယာဥ္ေတြမွာ တုိက္ေလယာဥ္ေတြ အပါအဝင္ ဘဂၤလားေဒ့ရွ္က ၁၆၆ စင္းရွိၿပီး ျမန္မာကေတာ့ တိုက္ေလယာဥ္အပါအဝင္ စစ္ေလယာဥ္ ၁၃၃ စင္းရွိပါတယ္။ ရဟတ္ယာဥ္ မွာေတာ့ ျမန္မာက ၈၆ စင္းရွိၿပီး ဘဂၤလားေဒ့ရွ္က ၆၁ စင္းရွိပါတယ္။

တင့္ကား အေရအတြက္ကလည္း ျမန္မာက ၅၉၂ စီး ဘဂၤလားေဒ့ရွ္က ၅၃၄ စီးရွိၿပီး armoured သံခ်ပ္ကာကား ကေတာ့ ျမန္မာက ၁၃၅၈ စီးရွိၿပီး ဘဂၤလားေဒ့ရွ္က ၉၈၂ စီး ရွိပါတယ္။ လက္နက္ႀကီးအင္အားမွာ ဆိုရင္ ဘဂၤလားေဒ့ရွ္က သံခ်ပ္ကာ အေျမွာက္ကား ၁၈ စီး၊ ဒံုးစင္တင္ကား ၃၂ စီးရွိၿပီး ျမန္မာကေတာ့ သံခ်ပ္ကာအေျမွာက္ကား ၁၀၈ စီးနဲ႔ ဒံုးစင္တင္ကား ၁၀၈ စီးရွိတယ္လို႔ ဆိုပါတယ္။

ေရတပ္အင္အားကေတာ့ ဘဂၤလားေဒ့ရွ္က စစ္ေရယာဥ္ ၉၀ ေလာက္ရွိၿပီး ျမန္မာက အစင္း ၁၅၀ ေက်ာ္ရွိေနတယ္လုိ႔ ေဖၚျပထားပါတယ္။ ၂ ႏိုင္ငံစလံုးဟာ ေလယာဥ္တင္သေဘၤာ- ဖ်က္သေဘၤာေတြ မပိုင္ၾကေပမယ့္ မၾကာေသးခင္ကပဲ ဘဂၤလားေဒ့ရွ္က ေရငုပ္သေဘၤာ ၂ စင္း ဝယ္ယူခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

Source : ဗြီအိုေအ (ျမန္မာပုိင္း)

(Unicode Version)

Fire Power စစ်လက်နက် အင်အား မြန်မာက ဘင်္ဂလားဒေ့ရှ် ထက်သာ

ကမ္ဘာ့လက်နက်ပိုင်ဆိုင်မှု စောင့်ကြည့်တဲ့ Global Fire Power အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်အတွက် အညွှန်းကိန်းမှာ အင်အားအများဆုံးက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ဒုတိယက ရုရှား၊ တတိယက တရုတ်နဲ့ စတုတ္ထက အိန္ဒိယဖြစ် ကြောင်းဖေါ်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း ၂ နိုင်ငံကြား ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေးတွေ တင်းမာနေချိန်မှာ ၂ နိုင်ငံ စစ်အင်အားပိုင်ဆိုင်မှုကိုလည်း Global Fire Power အညွှန်းကိန်းမှာ ဖေါ်ပြထားတာပါ။ လက်နက်အင်အားပိုင်ဆိုင်မှုကိုကြည့်ရင် မြန်မာက ကမ္ဘာမှာ အဆင့် ၃၁ နေရာမှာ ရှိပြီး ဘင်္ဂလားဒေ့ရှ်က အဆင့် ၅၇ နေရာမှာ ရှိနေတယ်လို့ ဖေါ်ပြပါတယ်။

တပ်သားအရေအတွက်ကို ယှဉ်ကြည့်ရင် လူဦးရေ ၁၆၃ သန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်ကတပ်သား အရေအတွက် ၂ သိန်း ၂ သောင်းခွဲရှိပြီး လူဦးရေး ၅၂ သန်းရှိတဲ့ မြန်မာနိုင်ငံကတပ်သား ၅ သိန်းကျော်ရှိသလို ကာကွယ်ရေးအသုံးစားရိတ်ကို ယှဉ်ရင်လည်း ဘင်္ဂလားဒေ့ရှ်က ဒေါ်လာ ၁.၅၉ ဘီလျံရှိချိန်မှာ မြန်မာက ဒေါ်လာ ၂.၄ ဘီလျံ ဘတ်ဂျက်ရှိနေပါတယ်။

လေတပ်အင်အားကို ကြည့်ရင် စစ်လေယာဉ်တွေမှာ တိုက်လေယာဉ်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်က ၁၆၆ စင်းရှိပြီး မြန်မာကတော့ တိုက်လေယာဉ်အပါအဝင် စစ်လေယာဉ် ၁၃၃ စင်းရှိပါတယ်။ ရဟတ်ယာဉ် မှာတော့ မြန်မာက ၈၆ စင်းရှိပြီး ဘင်္ဂလားဒေ့ရှ်က ၆၁ စင်းရှိပါတယ်။

တင့်ကား အရေအတွက်ကလည်း မြန်မာက ၅၉၂ စီး ဘင်္ဂလားဒေ့ရှ်က ၅၃၄ စီးရှိပြီး armoured သံချပ်ကာကား ကတော့ မြန်မာက ၁၃၅၈ စီးရှိပြီး ဘင်္ဂလားဒေ့ရှ်က ၉၈၂ စီး ရှိပါတယ်။ လက်နက်ကြီးအင်အားမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်က သံချပ်ကာ အမြှောက်ကား ၁၈ စီး၊ ဒုံးစင်တင်ကား ၃၂ စီးရှိပြီး မြန်မာကတော့ သံချပ်ကာအမြှောက်ကား ၁၀၈ စီးနဲ့ ဒုံးစင်တင်ကား ၁၀၈ စီးရှိတယ်လို့ ဆိုပါတယ်။

ရေတပ်အင်အားကတော့ ဘင်္ဂလားဒေ့ရှ်က စစ်ရေယာဉ် ၉၀ လောက်ရှိပြီး မြန်မာက အစင်း ၁၅၀ ကျော်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။ ၂ နိုင်ငံစလုံးဟာ လေယာဉ်တင်သင်္ဘော- ဖျက်သင်္ဘောတွေ မပိုင်ကြပေမယ့် မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်က ရေငုပ်သင်္ဘော ၂ စင်း ဝယ်ယူခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Source : ဗွီအိုအေ (မြန်မာပိုင်း)