CB ဘဏ္မွာ ေငြသိန္း ၃၀ ထုတ္တာ ဘဏ္ဝန္ထမ္းက သိန္း ၁၅၀ မွားေပးလိုက္ေပမဲ့ ပိုေငြေတြ အကုန္လံုးကို ျပန္အပ္ႏွံေပးခဲ့တဲ့ ေကာင္ေလး

9.3.2018 ရက္​​​ ေသာၾကာ​ေန႔က ​ေတာင္​ႀကီး CB ဘဏ္​မွာ​ ေငြသိန္​းသံုးဆယ္​ ထုတ္​ယူရပါတယ္​။ ဘဏ္​ဝန္​ထမ္​းက တစ္​​ေထာင္​က်ပ္​တန္​ ဆယ္​အုပ္​တြဲ သံုးအုပ္​​ေပးရမွာကို မွားယြင္​းၿပီး ငါး​ေထာင္​တန္​အုပ္​ သံုးဆယ္​ ထုတ္​​ေပးလိုက္​ပါတယ္​။

ဘဏ္​ဝန္​ထမ္​း ကိုယ္​တိုင္​ဘဲ ႂကြပ္​ႂကြပ္​အိတ္ထဲ ထည္​့ၿပီး​ ေပးတာ​ေၾကာင္​့ ကြ်န္ေတာ္​လည္​း ဆယ္​အုပ္​စီး သံုးထုပ္ ကိုသာ သတိထားမိ လိုက္​ပါတယ္။ တစ္​​ေထာင္​တန္​ ငါး​ေထာင္​တန္​ ဆိုတာကို မျမင္​​ေတြ႔လိုက္​ပါဘူး။

​ေက်ာက္​စိမ္​း စက္​ရံုကို​ေရာက္​​ၿပီး ​ေငြစာရင္​း ႐ွင္​လင္​းၾက​ေတာ့မွ ငါး​ေထာင္​တန္​​ေတြ ျဖစ္​​ေနတာကိုသိလိုက္​ရပါတယ္​။ ​ေငြ​ေတြက အမ်ားႀကီးဘဲ ပို​ေနတယ္​။

က်​ေတာ္​က လပြတၱာမွာ အိမ္​ဌား​ေနရတာပါ။ လပြတၱာမွာ အိမ္​တစ္​လံုးကိုယ္​ပိုင္​ ရႏိူင္​ဖို႔ ​ေန႔တိုင္​းစိတ္​ကူးယဥ္​ အိမ္​မက္​​ေနတဲ့သူပါ။ အိမ္​ဌားဘဝနဲ႔ လပြတၱာမွာ မ​ေနခ်င္​ဘူး။ ​ေနာက္​ၿပီး ​ေက်ာက္​စိမ္​းဆီ ျဖန္​႔ခ်ီ​ေရးအတြက္ အ​ေရာင္​းကားတစ္​စီးလည္​း အလြန္​ လိုအပ္ေနတာပါ။ က်​ေတာ္​အရမ္​း​ ေတြ​ေဝၿပီး တုန္​လူပ္​​ ေျခာက္​ျခားလာပါတယ္​။

ဘဏ္​က​ေန​ ေငြအ​ေပးအယူ ကိစၥလုပ္​ၾကရင္​ ​ေကာင္​တာက​ေန ထြက္​ခြာၿပီးတာနဲ႔ အ႐ူတ္​အ႐ွင္​း အျငင္​းအခုန္​ ျပဳဖို႔ရာ မလြယ္​ကူ​ေတာ့ဘူဆိုတာ က်​ေတာ္​သိထားပါတယ္​။ က်​ေတာ္​လိုခ်င္​တာ ရ​ေတာ့မယ္​ ဝယ္​ႏိူင္​မယ္​။ တစ္ဖက္​က လူတစ္​ေယာက္​ သို႔မဟုတ္​ လူတစ္​ဖြဲ႔ ျပသနာ​ေတြၾကံဳၿပီး နစ္​နာမယ္​။ ​ေနာက္​ၿပီး မသူသူမင္​း ႐ူ႔မဝအထည္​ဆိုင္​က တရားပြဲမွာ အလႉလုပ္​တဲ့အခါ လပြတၱာ CB ဘဏ္​ ဝန္​ထမ္​း​ေတြ ဂိုင္​းဝန္​လႉဒါန္​းၾကတာကို ျမင္​​ေယာင္​လာတယ္​။

က်​ေတာ္​ ​ေတာင္​ႀကီးၿမိဳ႕မရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႉးရံုးကတဆင္​့ CB ဘဏ္​ကို ပို​ေငြ​ေတြ အကုန္​ျပန္​ အပ္ႏွံခဲ့ပါတယ္​။ က်​ေတာ္​ ​ေငြျပန္​အပ္​​ေနစဥ္​ လက္​​ေတြ တုန္​ယင္​ၿပီး မ်က္​ရည္​​ေတြ က်​ေနခဲ့ပါတယ္​။ လပြတၱာမွာ အိမ္​ဌား​ေနရတဲ့ ဘဝက မ်က္​ႏွာငယ္​ပါတယ္​။ ဆိုင္​ကယ္​​ေလး တစ္​စီးနဲ႔ ဆီပံုး​ေတြ အ​ေခါက္​​ေခါက္​ အခါခါ ပို႔ရတာကလည္​း ပင္​ပန္​းပါတယ္​။

က်​ေတာ္​ မ႐ိုးသားခ်င္​ဘူး အဆင္​​ေျပ​ေျပ​ေနခ်င္​တယ္​ ​ေလာဘလည္​း႐ွိတယ္​။ ဒါ​ေပမဲ့ က်​ေတာ့မူဝါဒျဖစ္​တဲ့ “သူတစ္ပါး အက်ိဳးစီးပြား ပ်က္​စီးရာကို မ​ေတြးႏွင္​့ မ​ေျပာႏွင္​့ မလုပ္​မိ​ေစႏွင့္” ဆိုတဲ့ မင္​းကြန္​းဆရာ​ေတာ္​ႀကီးရဲ႕ ၾသဝါဒကိုသာ ခိုင္​ၿမဲေစခဲ့တယ္​။

​ေမာင္​အားရီ ​ေက်ာက္​စိမ္​းဆီ​ေရာင္​းဝယ္​​ေရး လပြတၱာၿမိဳ႕

Credit : Kyauk Seinn

(Unicode Version)

CB ဘဏ်မှာ ငွေသိန်း ၃၀ ထုတ်တာ ဘဏ်ဝန်ထမ်းက သိန်း ၁၅၀ မှားပေးလိုက်ပေမဲ့ ပိုငွေတွေ အကုန်လုံးကို ပြန်အပ်နှံပေးခဲ့တဲ့ ကောင်လေး

9.3.2018 ရက်​​​ သောကြာ​နေ့က ​တောင်​ကြီး CB ဘဏ်​မှာ​ ငွေသိန်​းသုံးဆယ်​ ထုတ်​ယူရပါတယ်​။ ဘဏ်​ဝန်​ထမ်​းက တစ်​​ထောင်​ကျပ်​တန်​ ဆယ်​အုပ်​တွဲ သုံးအုပ်​​ပေးရမှာကို မှားယွင်​းပြီး ငါး​ထောင်​တန်​အုပ်​ သုံးဆယ်​ ထုတ်​​ပေးလိုက်​ပါတယ်​။

ဘဏ်​ဝန်​ထမ်​း ကိုယ်​တိုင်​ဘဲ ကြွပ်​ကြွပ်​အိတ်ထဲ ထည်​့ပြီး​ ပေးတာ​ကြောင်​့ ကျွန်တော်​လည်​း ဆယ်​အုပ်​စီး သုံးထုပ် ကိုသာ သတိထားမိ လိုက်​ပါတယ်။ တစ်​​ထောင်​တန်​ ငါး​ထောင်​တန်​ ဆိုတာကို မမြင်​​တွေ့လိုက်​ပါဘူး။

​ကျောက်​စိမ်​း စက်​ရုံကို​ရောက်​​ပြီး ​ငွေစာရင်​း ရှင်​လင်​းကြ​တော့မှ ငါး​ထောင်​တန်​​တွေ ဖြစ်​​နေတာကိုသိလိုက်​ရပါတယ်​။ ​ငွေ​တွေက အများကြီးဘဲ ပို​နေတယ်​။

ကျ​တော်​က လပွတ္တာမှာ အိမ်​ဌား​နေရတာပါ။ လပွတ္တာမှာ အိမ်​တစ်​လုံးကိုယ်​ပိုင်​ ရနိူင်​ဖို့ ​နေ့တိုင်​းစိတ်​ကူးယဉ်​ အိမ်​မက်​​နေတဲ့သူပါ။ အိမ်​ဌားဘဝနဲ့ လပွတ္တာမှာ မ​နေချင်​ဘူး။ ​နောက်​ပြီး ​ကျောက်​စိမ်​းဆီ ဖြန်​့ချီ​ရေးအတွက် အ​ရောင်​းကားတစ်​စီးလည်​း အလွန်​ လိုအပ်နေတာပါ။ ကျ​တော်​အရမ်​း​ တွေ​ဝေပြီး တုန်​လူပ်​​ ခြောက်​ခြားလာပါတယ်​။

ဘဏ်​က​နေ​ ငွေအ​ပေးအယူ ကိစ္စလုပ်​ကြရင်​ ​ကောင်​တာက​နေ ထွက်​ခွာပြီးတာနဲ့ အရူတ်​အရှင်​း အငြင်​းအခုန်​ ပြုဖို့ရာ မလွယ်​ကူ​တော့ဘူဆိုတာ ကျ​တော်​သိထားပါတယ်​။ ကျ​တော်​လိုချင်​တာ ရ​တော့မယ်​ ဝယ်​နိူင်​မယ်​။ တစ်ဖက်​က လူတစ်​ယောက်​ သို့မဟုတ်​ လူတစ်​ဖွဲ့ ပြသနာ​တွေကြုံပြီး နစ်​နာမယ်​။ ​နောက်​ပြီး မသူသူမင်​း ရူ့မဝအထည်​ဆိုင်​က တရားပွဲမှာ အလှူလုပ်​တဲ့အခါ လပွတ္တာ CB ဘဏ်​ ဝန်​ထမ်​း​တွေ ဂိုင်​းဝန်​လှူဒါန်​းကြတာကို မြင်​​ယောင်​လာတယ်​။

ကျ​တော်​ ​တောင်​ကြီးမြို့မရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးရုံးကတဆင်​့ CB ဘဏ်​ကို ပို​ငွေ​တွေ အကုန်​ပြန်​ အပ်နှံခဲ့ပါတယ်​။ ကျ​တော်​ ​ငွေပြန်​အပ်​​နေစဉ်​ လက်​​တွေ တုန်​ယင်​ပြီး မျက်​ရည်​​တွေ ကျ​နေခဲ့ပါတယ်​။ လပွတ္တာမှာ အိမ်​ဌား​နေရတဲ့ ဘဝက မျက်​နှာငယ်​ပါတယ်​။ ဆိုင်​ကယ်​​လေး တစ်​စီးနဲ့ ဆီပုံး​တွေ အ​ခေါက်​​ခေါက်​ အခါခါ ပို့ရတာကလည်​း ပင်​ပန်​းပါတယ်​။

ကျ​တော်​ မရိုးသားချင်​ဘူး အဆင်​​ပြေ​ပြေ​နေချင်​တယ်​ ​လောဘလည်​းရှိတယ်​။ ဒါ​ပေမဲ့ ကျ​တော့မူဝါဒဖြစ်​တဲ့ “သူတစ်ပါး အကျိုးစီးပွား ပျက်​စီးရာကို မ​တွေးနှင်​့ မ​ပြောနှင်​့ မလုပ်​မိ​စေနှင့်” ဆိုတဲ့ မင်​းကွန်​းဆရာ​တော်​ကြီးရဲ့ သြဝါဒကိုသာ ခိုင်​မြဲစေခဲ့တယ်​။

​မောင်​အားရီ ​ကျောက်​စိမ်​းဆီ​ရောင်​းဝယ်​​ရေး လပွတ္တာမြို့

Credit : Kyauk Seinn