လြန္ခဲ့တဲ့ ၁၂ ႏွစ္ကသာ ခ်စ္သူေတြျဖစ္ခဲ့ၾကမယ္ဆုိရင္ လက္ထပ္လို႔မရႏုိင္တဲ့ ေဆာင္းဂြ်န္ကီႏွင့္ ေဆာင္းေဟက်ိဳ

မၾကာခင္ လက္ထပ္ေတာ့မယ္လုိ႔ ေၾကညာခဲ့တဲ့ ေတာင္ကိုရီးယား သ႐ုပ္ေဆာင္စံုတြဲ ေဆာင္းဂၽြန္ကီနဲ႔ ေဆာင္းေဟက်ဳိတုိ႔ဟာ ႏွစ္ေယာက္စလံုး ၃၀ ေက်ာ္ေတြ ျဖစ္ေနၾကေပမဲ့ သူတို႔ေတြ အသက္ ၂၀ ေလာက္သာ ေတြ႕ဆံု ခ်စ္ႀကိဳက္ခဲ့ၾကမယ္ဆုိရင္ ဥပေဒအရ လက္ထပ္ခြင့္လည္း မရွိပါဘူး။

ယခင္က ေတာင္ကိုရီးယားဥပေဒအရ ေနာက္ဆံုးနာမည္တူၿပီး မ်ဳိးႏြယ္လည္းတူတဲ့ သူေတြကို လက္ထပ္ခြင့္မရွိပါဘူး။
ေတာင္ကိုရီးယားမွာ ေနာက္ဆံုးနာမည္ ကင္ (Kim) ပါတဲ့ မ်ဳိးႏြယ္ ၂၈၂ မ်ဳိးႏြယ္ရွိၿပီး အမ်ားအားျဖင့္ Gyeongsang နဲ႔ Gyeongju ျပည္နယ္ေတြက ျဖစ္ပါတယ္။
ပုဒ္မ ၈၀၉ အရ Gimhae Kim ေတြက Gyeongju Kim ေတြနဲ႔ လက္ထပ္ခြင့္ရွိေပမဲ့ အျခား လူေပါင္း ၄ သန္းရွိတဲ့ Gimhae Kim တစ္ေယာက္နဲ႔ လက္ထပ္ခြင့္ မရွိပါဘူး။

အရင္တုန္းက မ်ဳိးႏြယ္တူခ်င္း ခ်စ္ႀကိဳက္မိရင္ ျပႆနာရွိႏုိင္ေပမဲ့ ယေန႔ေခတ္ႀကီးမွာေတာ့ ကိုရီးယားေတြဟာ မ်ဳိးႏြယ္တူခ်င္းလည္း ခ်စ္ႀကိဳက္ လက္ထပ္ကုန္ၾကပါၿပီ။
ယင္းဥပေဒကို ႏွစ္ ၄၀ အတြင္းမွာ ၃ ႀကိမ္ ယာယီပယ္ဖ်က္ၿပီးတဲ့ေနာက္မွာေတာ့ ၁၉၉၇ ခုႏွစ္မွာ ဖြဲ႕စည္းပံုအေျခခံဥပေဒကေန ဖယ္ထုတ္ခဲ့ပါတယ္။
ဒါေပမဲ့ ယင္းဥပေဒကို တရားဝင္ ပယ္ဖ်က္က္လုိက္တာကေတာ့ ၂၀၀၅ ခုႏွစ္မွျဖစ္ၿပီး အခု မ်ဳိးႏြယ္တူေတြဟာ ေသြးသားမနီးစပ္ရင္ တရားဝင္လက္ထပ္ခြင့္ ရရွိၾကပါၿပီ။

ဒါေၾကာင့္ ေဆာင္း-ေဆာင္းစံုေတြဟာ အခုမွ လက္ထပ္ဖို႔ စဥ္းစားတာဟာ ကံေကာင္းလွၿပီး ကန္႔ကြက္သူမရွိ အဆင္ေျပေခ်ာေမြ႕ေနပါတယ္။
ေတာင္ကိုရီးယားမင္းသား ေဆာင္းဂၽြန္ကီနဲ႔ ေဆာင္းေဟက်ဳိတုိ႔ဟာ ေအာက္တုိဘာလထဲမွာ လက္ထပ္ေတာ့မယ္လို႔ သူတုိ႔ရဲ႕ေအဂ်င္စီေတြက ဇူလိုင္လ ၅ ရက္ေန႔မွာ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

Source : Duwun

Unicode Version
မကြာခင် လက်ထပ်တော့မယ်လို့ ကြေညာခဲ့တဲ့ တောင်ကိုရီးယား သရုပ်ဆောင်စုံတွဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ နှစ်ယောက်စလုံး ၃၀ ကျော်တွေ ဖြစ်နေကြပေမဲ့ သူတို့တွေ အသက် ၂၀ လောက်သာ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြမယ်ဆိုရင် ဥပဒေအရ လက်ထပ်ခွင့်လည်း မရှိပါဘူး။

ယခင်က တောင်ကိုရီးယားဥပဒေအရ နောက်ဆုံးနာမည်တူပြီး မျိုးနွယ်လည်းတူတဲ့ သူတွေကို လက်ထပ်ခွင့်မရှိပါဘူး။
တောင်ကိုရီးယားမှာ နောက်ဆုံးနာမည် ကင် (Kim) ပါတဲ့ မျိုးနွယ် ၂၈၂ မျိုးနွယ်ရှိပြီး အများအားဖြင့် Gyeongsang နဲ့ Gyeongju ပြည်နယ်တွေက ဖြစ်ပါတယ်။
ပုဒ်မ ၈၀၉ အရ Gimhae Kim တွေက Gyeongju Kim တွေနဲ့ လက်ထပ်ခွင့်ရှိပေမဲ့ အခြား လူပေါင်း ၄ သန်းရှိတဲ့ Gimhae Kim တစ်ယောက်နဲ့ လက်ထပ်ခွင့် မရှိပါဘူး။

အရင်တုန်းက မျိုးနွယ်တူချင်း ချစ်ကြိုက်မိရင် ပြဿနာရှိနိုင်ပေမဲ့ ယနေ့ခေတ်ကြီးမှာတော့ ကိုရီးယားတွေဟာ မျိုးနွယ်တူချင်းလည်း ချစ်ကြိုက် လက်ထပ်ကုန်ကြပါပြီ။
ယင်းဥပဒေကို နှစ် ၄၀ အတွင်းမှာ ၃ ကြိမ် ယာယီပယ်ဖျက်ပြီးတဲ့နောက်မှာတော့ ၁၉၉၇ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ဖယ်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းဥပဒေကို တရားဝင် ပယ်ဖျက်က်လိုက်တာကတော့ ၂၀၀၅ ခုနှစ်မှဖြစ်ပြီး အခု မျိုးနွယ်တူတွေဟာ သွေးသားမနီးစပ်ရင် တရားဝင်လက်ထပ်ခွင့် ရရှိကြပါပြီ။

ဒါကြောင့် ဆောင်း-ဆောင်းစုံတွေဟာ အခုမှ လက်ထပ်ဖို့ စဉ်းစားတာဟာ ကံကောင်းလှပြီး ကန့်ကွက်သူမရှိ အဆင်ပြေချောမွေ့နေပါတယ်။
တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကျိုတို့ဟာ အောက်တိုဘာလထဲမှာ လက်ထပ်တော့မယ်လို့ သူတို့ရဲ့အေဂျင်စီတွေက ဇူလိုင်လ ၅ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Source : Duwun