ကားဝယ္မေပးသျဖင့္ မိဘႏွစ္ပါးကုိ ဓားျဖင့္ခုတ္ ဖခင္ျဖစ္သူ ေသဆုံး

ဆီဆိုင္​ၿမိဳ႕နယ္​၊ သီရိရပ္ကြက္မွာ မတ္ ၁၂ ရက္​​ေန႔ည ၈ နာရီအခ်ိန္​ ​​​သားျဖစ္​သူက မိဘႏွစ္​ပါးကို ဓားနဲ႔ခုတ္​လုိ႔ ဖခင္ျဖစ္သူ အခင္းျဖစ္ေနရာမွာ ​ေသဆံုးၿပီး ဓားဒဏ္ရာရခဲ့တဲ့ မိခင္ျဖစ္​သူကေတာ့ ​ေတာင္​ႀကီးၿမိဳ႕ စဝ္စံထြန္​း​ေဆး႐ုံကို အ​ေရး​ေပၚလူနာအျဖစ္ ကုသမႈ ခံယူ​ေနရပါတယ္​။ျဖစ္​စဥ္​မွာ သားျဖစ္​သူက မိဘႏွစ္​ပါးကို ကားဝယ္​​ေပးဖုိ႔ ​​ေတာင္​းဆိုတာ ဝယ္​မ​ေပးႏိုင္​တဲ့အတြက္​ ဓားနဲ႔ ခုတ္​သတ္ခဲ့တာလုိ႔ ဆီဆိုင္​စခန္​းမႉး ဒုရဲမႉး ​ေဇာ္​မင္​းခိုင္​က ​ေျပာပါတယ္​။

“စိုင္​းထြန္​းလင္​း ဆိုတဲ့သူက အရင္​က ကိုယ့္​ကိုယ္ကိုယ္​ ဆြဲႀကိဳးခ်ဖို႔ လုပ္​ဖူး​ေသးတယ္​၊ ရန္​ကုန္​ကို ပို႔ထားတာ၊ ျပန္​​ေရာက္​တာ ၅ ရက္​ပဲ ရွိ​ေသးတယ္​၊ ကားဝယ္​​ေပးဖို႔ အ​ေမကို ပူဆာတာ။ အ​ေမက မျဖစ္​ႏိုင္​ဘူးလို႔ ​ေျပာ​ေတာ့ အိုးခြက္​ ပန္​းကန္​​ေတြ ႐ိုက္​ခြဲတယ္​။ နယ္​ထိန္​းနဲ႔ အုပ္​ခ်ဳပ္​​ေရးမႉး​ေတြက ဝိုင္​းထိန္း​​ေပး​ေတာ့ ၿငိမ္သြားတယ္​၊ နယ္​ထိန္​းေတြ ျပန္​သြားၿပီး​ေနာက္​မွာ အ​ေမကို ဓားမနဲ႔ ခုတ္​လိုက္​ၿပီဆို​ေတာ့ ျပန္​သြားၾကည့္တယ္​၊ နယ္​ထိန္​းနဲ႔ရဲ​ေတြက ဝိုင္​းဖမ္​းဖို႔ သြားတဲ့အခါ အ​ေဖျဖစ္​သူမွာ ဓားဒဏ္​ရာနဲ႔​ ေသဆံုး​ေနၿပီ။”

ဆီဆိုင္​​ေဒသခံ ဦးစံဝင္​း​ေမာင္​က “မူးယစ္​​ေဆးဝါး အ​ေျခခံတာ​ေပါ့။ မိဘမွန္​းမသိ၊ လူသူမသိ ဓားနဲ႔ခုတ္​လိုက္​တာ၊ မႏွစ္​တုန္​းကလည္​း အိမ္​ကို မီးျပန္​႐ိႈ႕ခဲ့ဖူး​ေသးတယ္​” လို႔​ေျပာပါတယ္​။“ဆီဆိုင္​ၿမိဳ႕နယ္​ဘက္​မွာ လူငယ္​​ေတြ အရင္​ ၁ ႏွစ္​၊ ၂​ ႏွစ္​က မူးယစ္​​ေဆးဝါး အလြန္​အကၽြံ သံုးခဲ့တဲ့ အက်ိဳးဆက္​​ေတြ​ ျဖစ္​တယ္​၊ မိဘကိုယ္​တိုင္​က သားသမီးကို ပစ္​ထားတာလည္​း ပါတယ္​၊ အမွန္​ အရက္​ ဘီယာ ​ေသာက္​စားမူး႐ူးတာက အစ ရဲ​ေတြကို အ​ေၾကာင္​းၾကား ဝိုင္​းထိန္​းဖို႔ လိုတာ​ေပါ့” လို႔ စခန္​းမႉးက ဆက္​​ေျပာပါတယ္​။

စိုင္​းထြန္​းလင္​း (၂၇-ႏွစ္)​ကို ရဲတပ္​ဖြဲ႔​ေတြ ဝိုင္​းဖမ္​းၿပီး ဆီဆိုင္​ၿမိဳ႕နယ္​ ရဲစခန္​းမွာ ရာဇသတ္​ႀကီး ပုဒ္​မ ၃၀၂ လူသတ္​မႈ၊ ၃၂၆ အခြၽန္​အထက္​​ေတြနဲ႔ အျပင္​းအထန္​ နာက်င္​​ေစမႈ ပုဒ္မေတြနဲ႔ အမႈဖြင့္ထား​တယ္လုိ႔ သိရပါတယ္​။ဆီဆိုင္​ၿမိဳ႕နယ္​မွာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္​က ဘုရားျဖဴရြာမွာ မိဘႏွစ္​ပါးကို သားျဖစ္​သူက ပုဆိန္​နဲ႔ ခုတ္​သတ္​မႈ အလားတူ ျဖစ္ခဲ့ဖူးပါတယ္။

သတင္း – ခြန္​ရာဇာ

Source : DVB TV News

(Unicode Version)

ကားဝယ်မပေးသဖြင့် မိဘနှစ်ပါးကို ဓားဖြင့်ခုတ် ဖခင်ဖြစ်သူ သေဆုံး

ဆီဆိုင်​မြို့နယ်​၊ သီရိရပ်ကွက်မှာ မတ် ၁၂ ရက်​​နေ့ည ၈ နာရီအချိန်​ ​​​သားဖြစ်​သူက မိဘနှစ်​ပါးကို ဓားနဲ့ခုတ်​လို့ ဖခင်ဖြစ်သူ အခင်းဖြစ်နေရာမှာ ​သေဆုံးပြီး ဓားဒဏ်ရာရခဲ့တဲ့ မိခင်ဖြစ်​သူကတော့ ​တောင်​ကြီးမြို့ စဝ်စံထွန်​း​ဆေးရုံကို အ​ရေး​ပေါ်လူနာအဖြစ် ကုသမှု ခံယူ​နေရပါတယ်​။ဖြစ်​စဉ်​မှာ သားဖြစ်​သူက မိဘနှစ်​ပါးကို ကားဝယ်​​ပေးဖို့ ​​တောင်​းဆိုတာ ဝယ်​မ​ပေးနိုင်​တဲ့အတွက်​ ဓားနဲ့ ခုတ်​သတ်ခဲ့တာလို့ ဆီဆိုင်​စခန်​းမှူး ဒုရဲမှူး ​ဇော်​မင်​းခိုင်​က ​ပြောပါတယ်​။

“စိုင်​းထွန်​းလင်​း ဆိုတဲ့သူက အရင်​က ကိုယ့်​ကိုယ်ကိုယ်​ ဆွဲကြိုးချဖို့ လုပ်​ဖူး​သေးတယ်​၊ ရန်​ကုန်​ကို ပို့ထားတာ၊ ပြန်​​ရောက်​တာ ၅ ရက်​ပဲ ရှိ​သေးတယ်​၊ ကားဝယ်​​ပေးဖို့ အ​မေကို ပူဆာတာ။ အ​မေက မဖြစ်​နိုင်​ဘူးလို့ ​ပြော​တော့ အိုးခွက်​ ပန်​းကန်​​တွေ ရိုက်​ခွဲတယ်​။ နယ်​ထိန်​းနဲ့ အုပ်​ချုပ်​​ရေးမှူး​တွေက ဝိုင်​းထိန်း​​ပေး​တော့ ငြိမ်သွားတယ်​၊ နယ်​ထိန်​းတွေ ပြန်​သွားပြီး​နောက်​မှာ အ​မေကို ဓားမနဲ့ ခုတ်​လိုက်​ပြီဆို​တော့ ပြန်​သွားကြည့်တယ်​၊ နယ်​ထိန်​းနဲ့ရဲ​တွေက ဝိုင်​းဖမ်​းဖို့ သွားတဲ့အခါ အ​ဖေဖြစ်​သူမှာ ဓားဒဏ်​ရာနဲ့​ သေဆုံး​နေပြီ။”

ဆီဆိုင်​​ဒေသခံ ဦးစံဝင်​း​မောင်​က “မူးယစ်​​ဆေးဝါး အ​ခြေခံတာ​ပေါ့။ မိဘမှန်​းမသိ၊ လူသူမသိ ဓားနဲ့ခုတ်​လိုက်​တာ၊ မနှစ်​တုန်​းကလည်​း အိမ်​ကို မီးပြန်​ရှို့ခဲ့ဖူး​သေးတယ်​” လို့​ပြောပါတယ်​။“ဆီဆိုင်​မြို့နယ်​ဘက်​မှာ လူငယ်​​တွေ အရင်​ ၁ နှစ်​၊ ၂​ နှစ်​က မူးယစ်​​ဆေးဝါး အလွန်​အကျွံ သုံးခဲ့တဲ့ အကျိုးဆက်​​တွေ​ ဖြစ်​တယ်​၊ မိဘကိုယ်​တိုင်​က သားသမီးကို ပစ်​ထားတာလည်​း ပါတယ်​၊ အမှန်​ အရက်​ ဘီယာ ​သောက်​စားမူးရူးတာက အစ ရဲ​တွေကို အ​ကြောင်​းကြား ဝိုင်​းထိန်​းဖို့ လိုတာ​ပေါ့” လို့ စခန်​းမှူးက ဆက်​​ပြောပါတယ်​။

စိုင်​းထွန်​းလင်​း (၂၇-နှစ်)​ကို ရဲတပ်​ဖွဲ့​တွေ ဝိုင်​းဖမ်​းပြီး ဆီဆိုင်​မြို့နယ်​ ရဲစခန်​းမှာ ရာဇသတ်​ကြီး ပုဒ်​မ ၃၀၂ လူသတ်​မှု၊ ၃၂၆ အချွန်​အထက်​​တွေနဲ့ အပြင်​းအထန်​ နာကျင်​​စေမှု ပုဒ်မတွေနဲ့ အမှုဖွင့်ထား​တယ်လို့ သိရပါတယ်​။ဆီဆိုင်​မြို့နယ်​မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်​က ဘုရားဖြူရွာမှာ မိဘနှစ်​ပါးကို သားဖြစ်​သူက ပုဆိန်​နဲ့ ခုတ်​သတ်​မှု အလားတူ ဖြစ်ခဲ့ဖူးပါတယ်။

သတင်း – ခွန်​ရာဇာ

Source : DVB TV News