တကၠစီကားေပၚ ေမ႔က်န္ခဲ႔တဲ႔ ေငြသိန္း (၁၂၀) ကို ပိုင္႐ွင္ ျဖစ္သူရဲ႕ အိမ္တိုင္ရာေရာက္ လာပို႔ေပးသည္႔ ႐ိုးသားသည့္ တကၠစီသမား

တကၠစီကားေပၚ ေမ႔က်န္ခဲ႔တဲ႔ ေငြသိန္း (၁၂၀) ကို ပိုင္႐ွင္ ျဖစ္သူရဲ႕ အိမ္တိုင္ရာေရာက္ လာပို႔ေပးသည္႔ ႐ိုးသားသည့္ တကၠစီသမား

နာမည္က ဦးခင္ေဇာ္

ေနတာက သမိုင္း (၁) ရပ္ကြက္ (၆) လမ္း

မေန႔က တကၠဆီကားေပၚ ေမ့က်န္ခဲ့ေသာ ေငြသိန္း (၁၂၀) ကို တကၠဆီပိုင္ရွင္ ဦးခင္ေဇာ္မွ ရိုးသားစြာျဖင္႔ အိမ္တိုင္ရာေရာက္ လာပို႔ေပးသည္႔ အတြက္ ကာယကံ ရွင္မ်ားမွ အံ႔ၾသ ဝမ္းသာျပီး အထူးေက်းဇူးတင္ရွိလို႔ ရိုးသားမႈ ဂုဏ္ကို တုံ႔ျပန္ေသာအားျဖင္႔ ၁၀ သိန္းက်ပ္ ျပန္လည္ ေက်းဇူး တုံ႔ျပန္ခဲ႔တယ္လို႔ သိရပါတယ္။

ေက်းဇူးတု႔ံျပန္ေသာအားျဖင္႔ ေငြ ၁၀ သိန္း ေက်းဇူး ျပန္ဆပ္ခဲ႔ေသာ္လည္း တကၠစီဆရာ၏ ရိုးသားမႈကို မည္သည္႔ အရာနဲ႔မွ တန္ဖိုးျဖတ္၍ မရႏိုင္ေၾကာင္း ေျပာၾကားပါတယ္။

ရုိးသားမႈကို ေလးစားဂုဏ္ယူ ဝမ္းေျမာက္မိပါတယ္။ တကယ့္ကို သူေတာ္ေကာင္းလက္ထဲ ေရာက္ရွိၿပီး ျပန္လည္ရရွိတယ္ဆိုတာ မယံုၾကည္ႏိုင္ေလာက္ေအာင္ပါပဲ။ ဦးခင္ေဇာ္အေပၚ ဘုရားရွင္သာ၍ ေကာင္းခ်ီးေပးပါေစ။

ဝိုင္းဝန္းကူညီ ရွယ္ေပးၾက စိတ္ပူပန္ ဆုေတာင္းေပးၾက အၾကံ ဥာဏ္ေကာင္းမ်ား ေျပာေပးၾကတဲ့ အေယာက္စီတိုင္းကိုလဲ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ဟု ကာယကံရွင္မွ သူရဲ႕လူမႈကြန္ယက္မွာ တင္ျပီး ဆုေတာင္းေမတၱာ ပို႔သထားေပးတာကိုလည္း ေတြ႔ရပါတယ္။

Credit : Zin Moe

(Unicode Version)

တက္ကစီကားပေါ် မေ့ကျန်ခဲ့တဲ့ ငွေသိန်း (၁၂၀) ကို ပိုင်ရှင် ဖြစ်သူရဲ့ အိမ်တိုင်ရာရောက် လာပို့ပေးသည့် ရိုးသားသည့် တက္ကစီသမား

နာမည်က ဦးခင်ဇော်

နေတာက သမိုင်း (၁) ရပ်ကွက် (၆) လမ်း

မနေ့က တက္ကဆီကားပေါ် မေ့ကျန်ခဲ့သော ငွေသိန်း (၁၂၀) ကို တက္ကဆီပိုင်ရှင် ဦးခင်ဇော်မှ ရိုးသားစွာဖြင့် အိမ်တိုင်ရာရောက် လာပို့ပေးသည့် အတွက် ကာယကံ ရှင်များမှ အံ့သြ ဝမ်းသာပြီး အထူးကျေးဇူးတင်ရှိလို့ ရိုးသားမှု ဂုဏ်ကို တုံ့ပြန်သောအားဖြင့် ၁၀ သိန်းကျပ် ပြန်လည် ကျေးဇူး တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

ကျေးဇူးတု့ံပြန်သောအားဖြင့် ငွေ ၁၀ သိန်း ကျေးဇူး ပြန်ဆပ်ခဲ့သော်လည်း တက္ကစီဆရာ၏ ရိုးသားမှုကို မည်သည့် အရာနဲ့မှ တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း ပြောကြားပါတယ်။

ရိုးသားမှုကို လေးစားဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ တကယ့်ကို သူတော်ကောင်းလက်ထဲ ရောက်ရှိပြီး ပြန်လည်ရရှိတယ်ဆိုတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဦးခင်ဇော်အပေါ် ဘုရားရှင်သာ၍ ကောင်းချီးပေးပါစေ။

ဝိုင်းဝန်းကူညီ ရှယ်ပေးကြ စိတ်ပူပန် ဆုတောင်းပေးကြ အကြံ ဉာဏ်ကောင်းများ ပြောပေးကြတဲ့ အယောက်စီတိုင်းကိုလဲ ကျေးဇူးအများကြီး တင်ပါတယ်ဟု ကာယကံရှင်မှ သူရဲ့လူမှုကွန်ယက်မှာ တင်ပြီး ဆုတောင်းမေတ္တာ ပို့သထားပေးတာကိုလည်း တွေ့ရပါတယ်။

Credit : Zin Moe