ပိုက္ဆံသိပ္မ႐ွိေတာ့လို႔ သားက အေမစားလို႔ မကုန္တာမွ စားပါတယ္တဲ့

ပိုက္ဆံသိပ္မ႐ွိေတာ့လို႔ သားက အေမစားလို႔ မကုန္တာမွ စားပါတယ္တဲ့

ဒီသားေလးက အသက္ ၁၂ ႏွစ္ပဲ ရွိေသးတယ္။ ဒါေပမယ့္ သူဟာ ကင္ဆာေရာဂါသည္ အေမႀကီးရဲ႕ တစ္ဦးတည္းေသာ လူနာေစာင့္ပဲ။ သူ႔အေဖ ဆိုတာကလဲ လြန္ခဲ့တဲ့ ၆ ႏွစ္က ဆုံးသြားၿပီဆိုေတာ့ ဒီအေမသာသူရဲ႕ တစ္ခုတည္းေသာ အားကိုးရာ ခုေတာ့လဲ သူ႔အေမက သူ႔ကို အားကိုး ေနရတာေပါ့ေလ။

သူ႔အေမ ေသာက္ရမယ့္ ေဆးေတြ၊ လိုအပ္တာေတြ သူပဲ သြားဝယ္ေပးရတယ္။ လူနာနာမည္က မဇင္မ်ိဳးခိုင္ ကာတာႏိုင္ငံက ကုိဝင္းသိန္းႏုိင္၊ မေခ်ာေအးေအးထြန္းမင္း သမီးမေအးခ်မ္းခင္၊ မေမျမတ္ခင္ မိသားစုက လႈဒါန္းတဲ့ တစ္သိန္းက်ပ္ကို သြားလႈေပးတာပါ။

ကၽြန္ေတာ္ျပန္ေတာ့ အဲ့ကေလးကလဲ ေအာက္ထပ္ကိုဆင္းၿပီး စားစရာဝယ္မလို႔ဆိုလို႔ အတူတူဆင္းလာခဲ့တယ္။

“သားက ဘာဝယ္မလို႔လဲ ေမေမအတြက္လား”

“ဟုတ္တယ္ဦး အေမ အတြက္ တိုဟူးသုတ္ ဝယ္မလို႔ အေမ ထမင္းနဲ႔ စားဖို႔”

“ဟင္ အေမအတြက္ ဟင္း မဝယ္ဘူးလား”

“အေမက ဟင္းနံေတြ မခံႏိုင္လို႔တဲ့ ဦးရဲ႕”

“သားအတြက္ေရာ မဝယ္ဘူးလား”

“သားက အေမမကုန္လို႔ က်န္တဲ့ဟာမွ စားမွာေလ”

“ဟင္ ဘာလို႔”

“သားတို႔မွာ ပိုက္ဆံမွ သိပ္မရွိေတာ့တာ ဦးရယ္”

သူ႔စကား ၾကားလိုက္ရေတာ့ ကၽြန္ေတာ့္ ရင္ထဲ ဆို႔နစ္သြားတယ္ သူ႔မ်က္ႏွာကိုၾကည့္ၿပီး “သားရယ္ သား အေမအတြက္ တစ္ခုခု လိုအပ္ခဲ့ရင္ ဦးဆီဖုန္းဆက္ေနာ္” လို႔သာ ေျပာၿပီး ထြက္လာခဲ့ေတာ့တယ္။ လူနာက ဗဟိုအမ်ိဳးသမီး ေဆး႐ုံမွာ တက္ေရာက္ ကုသေနပါတယ္။

ONE TO ONE ျပည္သူ႔ကူညီေရးအဖြဲ႕

ကုိဝမ္း – ဖုန္း ၀၉၄၅၆၅၆၇၈၇၈ ( မႏၲေလးၿမိဳ႕ )

(Unicode Version)

သားက အမေစားလို့ မကုန်တာမှ စားပါတယ်တဲ့

ဒီသားလေးက အသက် ၁၂ နှစ်ပဲ ရှိသေးတယ်။ ဒါပေမယ့် သူဟာ ကင်ဆာရောဂါသည် အမေကြီးရဲ့ တစ်ဦးတည်းသော လူနာစောင့်ပဲ။ သူ့အဖေ ဆိုတာကလဲ လွန်ခဲ့တဲ့ ၆ နှစ်က ဆုံးသွားပြီဆိုတော့ ဒီအမေသာသူရဲ့ တစ်ခုတည်းသော အားကိုးရာ ခုတော့လဲ သူ့အမေက သူ့ကို အားကိုး နေရတာပေါ့လေ။

သူ့အမေ သောက်ရမယ့် ဆေးတွေ၊ လိုအပ်တာတွေ သူပဲ သွားဝယ်ပေးရတယ်။ လူနာနာမည်က မဇင်မျိုးခိုင် ကာတာနိုင်ငံက ကိုဝင်းသိန်းနိုင်၊ မချောအေးအေးထွန်းမင်း သမီးမအေးချမ်းခင်၊ မမေမြတ်ခင် မိသားစုက လှုဒါန်းတဲ့ တစ်သိန်းကျပ်ကို သွားလှုပေးတာပါ။

ကျွန်တော်ပြန်တော့ အဲ့ကလေးကလဲ အောက်ထပ်ကိုဆင်းပြီး စားစရာဝယ်မလို့ဆိုလို့ အတူတူဆင်းလာခဲ့တယ်။

“သားက ဘာဝယ်မလို့လဲ မေမေအတွက်လား”

“ဟုတ်တယ်ဦး အမေ အတွက် တိုဟူးသုတ် ဝယ်မလို့ အမေ ထမင်းနဲ့ စားဖို့”

“ဟင် အမေအတွက် ဟင်း မဝယ်ဘူးလား”

“အမေက ဟင်းနံတွေ မခံနိုင်လို့တဲ့ ဦးရဲ့”

“သားအတွက်ရော မဝယ်ဘူးလား”

“သားက အမေမကုန်လို့ ကျန်တဲ့ဟာမှ စားမှာလေ”

“ဟင် ဘာလို့”

“သားတို့မှာ ပိုက်ဆံမှ သိပ်မရှိတော့တာ ဦးရယ်”

သူ့စကား ကြားလိုက်ရတော့ ကျွန်တော့် ရင်ထဲ ဆို့နစ်သွားတယ် သူ့မျက်နှာကိုကြည့်ပြီး “သားရယ် သား အမေအတွက် တစ်ခုခု လိုအပ်ခဲ့ရင် ဦးဆီဖုန်းဆက်နော်” လို့သာ ပြောပြီး ထွက်လာခဲ့တော့တယ်။ လူနာက ဗဟိုအမျိုးသမီး ဆေးရုံမှာ တက်ရောက် ကုသနေပါတယ်။

ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့

ကိုဝမ်း – ဖုန်း ၀၉၄၅၆၅၆၇၈၇၈ ( မန္တလေးမြို့ )