ဆီဆိုင္မွ တက္လာသည့္ အမ်ိဳးသမီးတစ္ဦး ႏွင့္ကေလး ၂၁ ဦးကို မသကၤာလို႔ ေခၚယူစစ္ေဆးရာမွ ပရဟိတ ေက်ာင္းသို႔ ပို႔ေဆာင္ျခင္းျဖစ္

ဆီဆိုင္မွ တက္လာသည့္ အမ်ိဳးသမီးတစ္ဦး ႏွင့္ကေလး ၂၁ ဦးကို ပရဟိတေက်ာင္းသို႔ ပိုေဆာင္ျခင္းျဖစ္

ဆီဆိုင္ ေတာင္ႀကီး ေျပးဆြဲေနသည့္ ေအာင္တေျပကားေပၚ ပါလာေသာ အမ်ိဳးသမီး တစ္ဦးႏွင့္ ကေလးငယ္ ၂၁ ဦးကို ေတာင္ႀကီးသစ္ေတာ ဂိတ္အေရာက္တြင္ မသကၤာသျဖင့္ မတ္လ၁၁ရက္ေန႔က ၿမိဳ႕မရဲစခန္း က ေခၚယူေမးျမန္းမႈ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။

“မသကၤာလို႔ ေခၚစစ္ေဆးတာပါ၊ အမွန္တကယ္ ပရဟိတေက်ာင္းကိုပို႔ ဖို႔ေခၚလာတဲ့ ကေလးေတြပါ၊ ပခုကၠဴၿမိဳ႕မုန္႔လံုးေတာင္ ပရဟိတေက်ာင္း ဆရာေတာ္ကိုယ္တိုင္ ဖုန္းဆက္ ေျပာလာတာ ျဖစ္တယ္၊ အခုေတာ့ ျပန္လြတ္ေပးေတာ့မွာပါ” ဟု ေတာင္ႀကီးၿမိဳ႕မ စခန္းမွဴက ေျပာသည္။

ကေလးငယ္ ၂၁ ဦးသည္ ၆ ႏွစ္မွ ၁၀ ႏွစ္အတြင္းမ်ားျဖစ္ၾကျပီး ေယာက္က်ားေလးမ်ား ျဖစ္ၾကေၾကာင္း သိရသည္။ ကေလးကိုေခၚလာသည့္ အမ်ိဳးသမီး ေဒၚျမင္ျမင့္ႏြယ္က ရဲစစ္ခ်က္အရ “က်ြန္မ အမအရင္း ေက်ာင္းဆရာမက စိန္ျဖီးနာရြာမွာ တာဝန္က်စဥ္ အမနဲ႔အတူ ေနထိုင္ခဲ့တယ္။ အခု ပခုကၠဴ သို႔ ေျပာင္းေရႊ႕ေနထိုင္ေတာ့ စိန္ျဖီနာရြာက စားဝတ္ေနေရးနဲ႔ ပညာေရး အခက္ခဲ ရွိတဲ့ကေလးကိုေခၚျပီး မိဘခြင့္ျပဳခ်က္အရ ပရဟိတေက်ာင္းကို ပို႔ေဆာင္မွာ ျဖစ္တယ္ “ ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

ကေလး ၂၁ဦးသည္ ပအိုဝ္းေလးမ်ား ျဖစ္ၾကျပီး ပခုကၠဴျမိဳ႕ မုန္႔လံုးေတာင္ ဘုန္းေတာ္ၾကီးသင္ ပရဟိတေက်ာင္း ဆရာေတာ္ဦးဝိသုတထံ အမွန္တကယ္ပို႔ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားသည္ ဆီဆိုင္ၿမိဳ႕နယ္ စိန္ၿဖီးနာရြာတြင္ ေနထိုင္ျခင္းျဖစ္ေၾကာင္း သိရသည္။ ဆီဆိုင္ျမိဳ႕နယ္တြင္ စားဝတ္ေနေရး ခက္ခဲမႈႏွင့္ ပညာသင္ၾကားေရး ခက္ခဲမႈ အမ်ားအျပား ရွိတာေၾကာင့္ မ်ားေသာအားျဖင့္ ပရဟိတေက်ာင္းမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္ မိဘမ်ားက ပို႔ေဆာင္ျပီး ပညာသင္ယူခဲ့ရေၾကာင္း ဆီဆိုင္ျမိဳ႕နယ္ ျပည္သူတစ္ဦး ေျပာျပခ်က္အရ သိရသည္။

Photo and Source : The People’s Voice – ခမ္းသားေငါဝ္:

(Unicode Version)

ဆီဆိုင်မှ တက်လာသည့် အမျိုးသမီးတစ်ဦး နှင့်ကလေး ၂၁ ဦးကို ပရဟိတကျောင်းသို့ ပိုဆောင်ခြင်းဖြစ်

ဆီဆိုင် တောင်ကြီး ပြေးဆွဲနေသည့် အောင်တပြေကားပေါ် ပါလာသော အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် ၂၁ ဦးကို တောင်ကြီးသစ်တော ဂိတ်အရောက်တွင် မသင်္ကာသဖြင့် မတ်လ၁၁ရက်နေ့က မြို့မရဲစခန်း က ခေါ်ယူမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

“မသင်္ကာလို့ ခေါ်စစ်ဆေးတာပါ၊ အမှန်တကယ် ပရဟိတကျောင်းကိုပို့ ဖို့ခေါ်လာတဲ့ ကလေးတွေပါ၊ ပခုက္ကူမြို့မုန့်လုံးတောင် ပရဟိတကျောင်း ဆရာတော်ကိုယ်တိုင် ဖုန်းဆက် ပြောလာတာ ဖြစ်တယ်၊ အခုတော့ ပြန်လွတ်ပေးတော့မှာပါ” ဟု တောင်ကြီးမြို့မ စခန်းမှူက ပြောသည်။

ကလေးငယ် ၂၁ ဦးသည် ၆ နှစ်မှ ၁၀ နှစ်အတွင်းများဖြစ်ကြပြီး ယောက်ကျားလေးများ ဖြစ်ကြကြောင်း သိရသည်။ ကလေးကိုခေါ်လာသည့် အမျိုးသမီး ဒေါ်မြင်မြင့်နွယ်က ရဲစစ်ချက်အရ “ကျွန်မ အမအရင်း ကျောင်းဆရာမက စိန်ဖြီးနာရွာမှာ တာဝန်ကျစဉ် အမနဲ့အတူ နေထိုင်ခဲ့တယ်။ အခု ပခုက္ကူ သို့ ပြောင်းရွှေ့နေထိုင်တော့ စိန်ဖြီနာရွာက စားဝတ်နေရေးနဲ့ ပညာရေး အခက်ခဲ ရှိတဲ့ကလေးကိုခေါ်ပြီး မိဘခွင့်ပြုချက်အရ ပရဟိတကျောင်းကို ပို့ဆောင်မှာ ဖြစ်တယ် “ ဟု ထွက်ဆိုထားကြောင်း သိရသည်။

ကလေး ၂၁ဦးသည် ပအိုဝ်းလေးများ ဖြစ်ကြပြီး ပခုက္ကူမြို့ မုန့်လုံးတောင် ဘုန်းတော်ကြီးသင် ပရဟိတကျောင်း ဆရာတော်ဦးဝိသုတထံ အမှန်တကယ်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ကလေးများသည် ဆီဆိုင်မြို့နယ် စိန်ဖြီးနာရွာတွင် နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် စားဝတ်နေရေး ခက်ခဲမှုနှင့် ပညာသင်ကြားရေး ခက်ခဲမှု အများအပြား ရှိတာကြောင့် များသောအားဖြင့် ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများတွင် မိဘများက ပို့ဆောင်ပြီး ပညာသင်ယူခဲ့ရကြောင်း ဆီဆိုင်မြို့နယ် ပြည်သူတစ်ဦး ပြောပြချက်အရ သိရသည်။

Photo and Source : The People’s Voice – ခမ်းသားငေါဝ်: