တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုရန္ ေနအိမ္မွထြက္လာသည့္ ေက်ာင္းသူတစ္ဦး ဓားျဖင့္ထိုးခံရ

ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ ဥကၠလာပၿမိဳ႕နယ္၌ မတ္လ ၁၃ ရက္ နံနက္ ပိုင္းက တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုရန္ ေနအိမ္မွ ထြက္လာသည့္ ေက်ာင္းသူတစ္ဦးအား အမ်ဳိးသား တစ္ဦးက ဓားျဖင့္ထိုးရာ ဒဏ္ရာ မ်ားရရွိသျဖင့္ ေျမာက္ဥကၠလာပ ေဆး႐ုံႀကီးသို႔ တင္ပို႔လုိက္ရေၾကာင္း သက္ဆိုင္ရာမွ သိရသည္။

ျဖစ္စဥ္မွာ မတ္လ ၁၃ ရက္ေန႔ နံနက္ ၈ နာရီ ၁၅ မိနစ္ခန္႔က ေျမာက္ ဥကၠလာပၿမိဳ႕နယ္ ေရႊေပါကၠံ ၿမိဳ႕သစ္ေန မဂ်ဴလုိင္သင္းသည္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုရန္ ေနအိမ္မွ အဆိုပါၿမိဳ႕နယ္ရွိ အမွတ္ (၆) အေျခခံပညာအထက္တန္း ေက်ာင္းသို႔ ထြက္လာစဥ္ မင္းရဲနရ ပတိလမ္းေပၚ၌ လင္းထက္(၂၁ ႏွစ္) ႏွင့္ စကားမ်ားရာမွ လင္းထက္ က အသင့္ပါလာေသာ ဓားျဖင့္ ထိုးလိုက္သျဖင့္ မဂ်ဴလုိင္သင္း၏ ဝမ္းဗိုက္တြင္ ထိုးသြင္းဒဏ္ရာ တစ္ ခ်က္၊ ညာဘက္လက္ျပင္တြင္ ထိုး သြင္းဒဏ္ရာ တစ္ခ်က္၊ ဝဲဘက္ ေပါင္တြင္ ျပတ္ရွဒဏ္ရာ တစ္ခ်က္ တို႔ ရရွိခဲ့၍ ေျမာက္ဥကၠလာပေဆး႐ုံ ႀကီးတြင္ အတြင္းလူနာ(စိုးရိမ္ရ) အျဖစ္ ကုသလ်က္ရွိေၾကာင္း သက္ဆုိင္ရာမွ သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လင္းထက္အား ေရႊေပါကၠံနယ္ေျမ ရဲစခန္းက အမႈဖြင့္အေရးယူထား ေၾကာင္း သိရသည္။

ေဇာ္ႀကီး

Source : Myanmaalinn

(Unicode Version)

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် နေအိမ်မှထွက်လာသည့် ကျောင်းသူတစ်ဦး ဓားဖြင့်ထိုးခံရ

ရန်ကုန်တိုင်းဒေသကြီး မြောက် ဥက္ကလာပမြို့နယ်၌ မတ်လ ၁၃ ရက် နံနက် ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် နေအိမ်မှ ထွက်လာသည့် ကျောင်းသူတစ်ဦးအား အမျိုးသား တစ်ဦးက ဓားဖြင့်ထိုးရာ ဒဏ်ရာ များရရှိသဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ်နေ မဂျူလိုင်သင်းသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် နေအိမ်မှ အဆိုပါမြို့နယ်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းသို့ ထွက်လာစဉ် မင်းရဲနရ ပတိလမ်းပေါ်၌ လင်းထက်(၂၁ နှစ်) နှင့် စကားများရာမှ လင်းထက် က အသင့်ပါလာသော ဓားဖြင့် ထိုးလိုက်သဖြင့် မဂျူလိုင်သင်း၏ ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ တစ် ချက်၊ ညာဘက်လက်ပြင်တွင် ထိုး သွင်းဒဏ်ရာ တစ်ချက်၊ ဝဲဘက် ပေါင်တွင် ပြတ်ရှဒဏ်ရာ တစ်ချက် တို့ ရရှိခဲ့၍ မြောက်ဥက္ကလာပဆေးရုံ ကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ် ကုသလျက်ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လင်းထက်အား ရွှေပေါက္ကံနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ဇော်ကြီး

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္