ပြဲၾကည့္ေနသည့္ မယားပါ သမီးအား ပေထြးက လိမ္ေခၚကာ လယ္ကြင္းထဲ အဓမၼျပဳက်င့္

ပြဲၾကည့္ေနသည့္ မယားပါသမီးအား ပေထြးက လိမ္ေခၚကာ လယ္ကြင္းထဲ အဓမၼျပဳက်င့္မႈ ေဖာင္းျပင္တြင္ ျဖစ္ပြား

ေဖာင္းျပင္၊ မတ္ – ၁၃

႐ြာအလႉပြဲတြင္ အၿငိမ့္ၾကည့္ေနသည့္ မယားပါသမီးအား ပေထြးျဖစ္သူက လိမ္ေခၚကာ လယ္ကြင္းထဲတြင္ အဓမၼျပဳက်င့္ခဲ့သည့္ သက္ငယ္ အဓမၼျပဳက်င့္မႈ ျဖစ္ရပ္တစ္ခု ေဖာင္းျပင္တြင္ မတ္လ ၁၁ ရက္က ျဖစ္ပြားခဲ့တယ္လုိ႔ ျပည္ထဲေရး သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ မတ္လ ၁၁ ရက္ ည ၈ နာရီအခ်ိန္က ေဖာင္းျပင္ၿမိဳ႕နယ္၊ ကပၸိေက်း႐ြာေန မxxxxx (၁၄) ႏွစ္သည္ ၎တို႔႐ြာ အလႉပြဲတြင္ အၿငိမ့္ၾကည့္ေနစဥ္ ပေထြးျဖစ္သူ ေက်ာ္ေက်ာ္ႏိုင္(ခ)ကိုႏိုင္ (၄၀) ႏွစ္ ေရာက္ရွိလာၿပီး ေဒၚxxxxx (မxxxxx ၏ မိခင္) ဗိုက္နာေနေၾကာင္း ေျပာကာ လာေရာက္ ေခၚေဆာင္သျဖင့္ လိုက္သြားရာမွ ခုံသာေက်း႐ြာႏွင့္ ႐ြာသာေက်း႐ြာၾကား လယ္ကြင္းထဲ၌ ေက်ာ္ေက်ာ္ႏိုင္(ခ)ကိုႏိုင္ မွ မxxxxx (၁၄) ႏွစ္အား အက်ႌျဖင့္ ပါးစပ္ပိတ္ကာ သားမယားျပဳက်င့္ခဲ့ပါတယ္။

ထုိသုိ႔ ျပဳက်င့္ခံရမႈကုိ မxxxxx (၁၄) ႏွစ္ ေျပာျပသိရွိရသျဖင့္ မတ္လ ၁၂ ရက္တြင္ အေဒၚျဖစ္သူ ေဒၚxxxxx က သက္ဆုိင္ရာသုိ႔ တိုင္တန္းခဲ့ရာ သက္ငယ္အဓမၼက်ဴးလြန္သူ ေက်ာ္ေက်ာ္ႏိုင္(ခ)ကိုႏိုင္ (ဖမ္းမိ) အား ေဖာင္းျပင္ ၿမိဳ႕မရဲစခန္း (ပ) ၄၁/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ (မုဒိမ္းမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရပါတယ္။

Source : Opinion Leaders Media

(Unicode Version)

ပွဲကြည့်နေသည့် မယားပါ သမီးအား ပထွေးက လိမ်ခေါ်ကာ လယ်ကွင်းထဲ အဓမ္မပြုကျင့်

ပွဲကြည့်နေသည့် မယားပါသမီးအား ပထွေးက လိမ်ခေါ်ကာ လယ်ကွင်းထဲ အဓမ္မပြုကျင့်မှု ဖောင်းပြင်တွင် ဖြစ်ပွား

ဖောင်းပြင်၊ မတ် – ၁၃

ရွာအလှူပွဲတွင် အငြိမ့်ကြည့်နေသည့် မယားပါသမီးအား ပထွေးဖြစ်သူက လိမ်ခေါ်ကာ လယ်ကွင်းထဲတွင် အဓမ္မပြုကျင့်ခဲ့သည့် သက်ငယ် အဓမ္မပြုကျင့်မှု ဖြစ်ရပ်တစ်ခု ဖောင်းပြင်တွင် မတ်လ ၁၁ ရက်က ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေး သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၁၁ ရက် ည ၈ နာရီအချိန်က ဖောင်းပြင်မြို့နယ်၊ ကပ္ပိကျေးရွာနေ မxxxxx (၁၄) နှစ်သည် ၎င်းတို့ရွာ အလှူပွဲတွင် အငြိမ့်ကြည့်နေစဉ် ပထွေးဖြစ်သူ ကျော်ကျော်နိုင်(ခ)ကိုနိုင် (၄၀) နှစ် ရောက်ရှိလာပြီး ဒေါ်xxxxx (မxxxxx ၏ မိခင်) ဗိုက်နာနေကြောင်း ပြောကာ လာရောက် ခေါ်ဆောင်သဖြင့် လိုက်သွားရာမှ ခုံသာကျေးရွာနှင့် ရွာသာကျေးရွာကြား လယ်ကွင်းထဲ၌ ကျော်ကျော်နိုင်(ခ)ကိုနိုင် မှ မxxxxx (၁၄) နှစ်အား အကျႌဖြင့် ပါးစပ်ပိတ်ကာ သားမယားပြုကျင့်ခဲ့ပါတယ်။

ထိုသို့ ပြုကျင့်ခံရမှုကို မxxxxx (၁၄) နှစ် ပြောပြသိရှိရသဖြင့် မတ်လ ၁၂ ရက်တွင် အဒေါ်ဖြစ်သူ ဒေါ်xxxxx က သက်ဆိုင်ရာသို့ တိုင်တန်းခဲ့ရာ သက်ငယ်အဓမ္မကျူးလွန်သူ ကျော်ကျော်နိုင်(ခ)ကိုနိုင် (ဖမ်းမိ) အား ဖောင်းပြင် မြို့မရဲစခန်း (ပ) ၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

Source : Opinion Leaders Media