ရူပေဗဒပညာရွင္ စတီဗင္ေဟာကင္း အသက္ (၇၆) ႏွစ္မွာ ကြယ္လြန္

ကမာၻေက်ာ္ ၿဗိတိသွ် သိပၸံ ပညာရွင္ႀကီး စတီဗင္ ေဟာကင္း (အသက္ ၇၆ ႏွစ္) ကြယ္လြန္သြားၿပီလို႔ မိသားစု ေျပာခြင့္ရသူက ေျပာပါတယ္။

စတီဗင္ေဟာကင္းဟာ “အခ်ိန္ရဲ႕သမိုင္းအက်ဥ္း” စာအုပ္ အပါအဝင္ နာမည္ႀကီး သိပၸံဆိုင္ရာ က်မ္းေတြ ျပဳစုခဲ့သလို စၾက၀ဠာ အာကာသထဲက တြင္းနက္ေတြ အေၾကာင္းနဲ႔ ႏႈိင္းရ သေဘာတရား ေတြမွာလည္း အႀကီးအက်ယ္ ေျပာင္းလဲေစခဲ့သူ အျဖစ္ လူသိမ်ားပါတယ္။

စတီဗင္ ေဟာကင္း ဟာ အသက္ ၂၀ ေက်ာ္႐ုံ က စၿပီး အာ႐ုံေၾကာ ဆဲလ္ေတြ လႈပ္ရွားလို႔ မရတဲ့ ေဝဒနာ တမ်ိဳးကို ခံစားေနရေပမယ့္ သူ႔ရဲ႕ ထူးခြၽန္မႈ ေတြေၾကာင့္ ကမာၻေက်ာ္ၿပီး လူသိမ်ားခဲ့တာ ျဖစ္ပါတယ္။

စတီဗင္ ေဟာကင္း ကို ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္ေန႔ ေအာက္စဖို႔ဒ္ မွာ ေမြးဖြားခဲ့ပါတယ္။ ၁၉၅၉ ခုႏွစ္မွာ ေအာက္စဖို႔ဒ္ တကၠသိုလ္ကို ဝင္ခြင့္ရခဲ့ၿပီး သဘာဝ သိပၸံ ဘာသာရပ္ကို ေလ့လာသင္ယူခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ကင္းဘရစ္ခ်္ တကၠသိုလ္ကေနလည္း ပါရဂူဘြဲ႕ရယူခဲ့ပါတယ္။

၁၉၆၃ ခုႏွစ္မွာ အာရံုေၾကာေရာဂါခံစားရၿပီး ၂ ႏွစ္ပဲ အသက္ ရွင္ႏိုင္မယ္လို႔ ေျပာခံခဲ့ရဖူးပါတယ္။

၁၉၇၄ ခုႏွစ္မွာ အာကာသထဲက ဘလက္ဟိုး တြင္းနက္ေတြ အေၾကာင္းကို “Hawking radiation” အျဖစ္ သီအိုရီ ထုတ္ခဲ့ပါတယ္။

၁၉၈၈ ခုႏွစ္မွာ သူ႔ရဲ႕ အေက်ာ္ၾကားဆံုး စာအုပ္ ျဖစ္တဲ့ “အခ်ိန္ရဲ႕သမိုင္းအက်ဥ္း” (A Brief History of Time) ကို ထုတ္ေဝခဲ့ၿပီး ကမၻာတဝန္း စာအုပ္ေရ ၁၀ သန္း ေက်ာ္ ေရာင္းခဲ့ရပါတယ္။ သူ႔စာအုပ္၊ စာတမ္း တခ်ိဳ႕ကို ျမန္မာဘာသာကို ျပန္ဆိုၾကတာေတြလည္း ရွိပါတယ္။

စတီဗင္ ေဟာကင္းဟာ စကားေျပာတာက အစ အသံတု စက္ကေန တဆင့္ ေျပာေနရၿပီး ဘဝရဲ႕ အခ်ိန္ ေတာ္ေတာ္မ်ားမ်ား ကို ဘီးတပ္ကုလားထိုင္နဲ႔ သြားလာခဲ့ ရသူလည္း ျဖစ္ပါတယ္။

Source : ဘီဘီစီျမန္မာပိုင္း

(Unicode Version)

ရူပဗေဒပညာရှင် စတီဗင်ဟောကင်း အသက် (၇၆) နှစ်မှာ ကွယ်လွန်

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။

စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြဝဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။

စတီဗင် ဟောကင်း ဟာ အသက် ၂၀ ကျော်ရုံ က စပြီး အာရုံကြော ဆဲလ်တွေ လှုပ်ရှားလို့ မရတဲ့ ဝေဒနာ တမျိုးကို ခံစားနေရပေမယ့် သူ့ရဲ့ ထူးချွန်မှု တွေကြောင့် ကမ္ဘာကျော်ပြီး လူသိများခဲ့တာ ဖြစ်ပါတယ်။

စတီဗင် ဟောကင်း ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အောက်စဖို့ဒ် မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ အောက်စဖို့ဒ် တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး သဘာဝ သိပ္ပံ ဘာသာရပ်ကို လေ့လာသင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ကင်းဘရစ်ချ် တက္ကသိုလ်ကနေလည်း ပါရဂူဘွဲ့ရယူခဲ့ပါတယ်။

၁၉၆၃ ခုနှစ်မှာ အာရုံကြောရောဂါခံစားရပြီး ၂ နှစ်ပဲ အသက် ရှင်နိုင်မယ်လို့ ပြောခံခဲ့ရဖူးပါတယ်။

၁၉၇၄ ခုနှစ်မှာ အာကာသထဲက ဘလက်ဟိုး တွင်းနက်တွေ အကြောင်းကို “Hawking radiation” အဖြစ် သီအိုရီ ထုတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ သူ့ရဲ့ အကျော်ကြားဆုံး စာအုပ် ဖြစ်တဲ့ “အချိန်ရဲ့သမိုင်းအကျဉ်း” (A Brief History of Time) ကို ထုတ်ဝေခဲ့ပြီး ကမ္ဘာတဝန်း စာအုပ်ရေ ၁၀ သန်း ကျော် ရောင်းခဲ့ရပါတယ်။ သူ့စာအုပ်၊ စာတမ်း တချို့ကို မြန်မာဘာသာကို ပြန်ဆိုကြတာတွေလည်း ရှိပါတယ်။

စတီဗင် ဟောကင်းဟာ စကားပြောတာက အစ အသံတု စက်ကနေ တဆင့် ပြောနေရပြီး ဘဝရဲ့ အချိန် တော်တော်များများ ကို ဘီးတပ်ကုလားထိုင်နဲ့ သွားလာခဲ့ ရသူလည်း ဖြစ်ပါတယ်။

Source : ဘီဘီစီမြန်မာပိုင်း