ပုဂၢိဳလ္ေရး အခ်စ္ေရး ျပႆနာ မေက်နပ္မွုေတြ ေၾကာင့္ ေဘာ္ဒါေဆာင္မွာ မိုင္းခြဲ လက္စားေခ်

စစ္ကိုင္းတိုင္း ေဒသႀကီး ထီးခ်ိဳင့္ၿမိဳ႕နယ္ အလယ္ေတာရြာမွာ ရွိတဲ့ ဖူးပြင့္ေဝဆာ ျပင္ပ ေဘာ္ဒါေဆာင္မွာ မတ္လ ၁၂ရက္ေန႔တုန္းက လက္လုပ္မိုင္း တစ္လုံး ေပါက္ကြဲခဲ့ၿပီး မေပါက္ကြဲေသးတဲ့ ေနာက္ထပ္ မိုင္းေတြ ထပ္ေတြ႕ခဲ့ပါတယ္။

အဲဒီေန႔ မနက္ပိုင္းက ေဘာ္ဒါေဆာင္မွာ လက္လုပ္မိုင္း ၃ လုံးကို စေတြ႕ခဲ့ၿပီး ေန႔လယ္ပိုင္း ၁ နာရီ ဝန္းက်င္မွာေတာ့ အေဆာင္ေန ေက်ာင္းသူ တစ္ဦးရဲ့ မိခင္က လွမ္းထားတဲ့ လုံခ်ည္ ႐ုပ္လိုက္စဥ္မွာ မိုင္းတစ္လုံး ေပါက္ကြဲ ခဲ့ပါတယ္။

အဲဒီေနာက္ သက္ဆိုင္ရာ ရဲ စခန္းက တပ္မေတာ္ မိုင္းရွာေဖြေရး အဖြဲ႕ကို အကူအညီ ေတာင္းၿပီး ေဘာ္ဒါေဆာင္ဝန္းထဲမွာ ပိုက္စိပ္တိုက္ ရွာတာေတြ လုပ္ခဲ့ရာမွာ ဆိုင္ကယ္ တစ္စင္းမွာ ကပ္ခ်ည္ထားတဲ့ လက္လုပ္မိုင္း တစ္လုံး အပါအဝင္ ေနရာအႏွံ့ လူမျမင္နိုင္တဲ့ ေနရာေတြမွာ ခ်ထားတဲ့ ေနာက္ထပ္ လက္လုပ္မိုင္းေတြ ေတြ႕ခဲ့ရပါတယ္။

မိုင္းေပါက္ကြဲမွုက သိပ္မျပင္းထန္လွပဲ ထိခိုက္ ဒဏ္ရာရတာ မရွိပါဘူး။ ေပါက္ကြဲခဲ့တဲ့ မိုင္းနဲ႔ပါ ဆိုရင္ စုစုေပါင္း မိုင္း ၉ လုံး အဲဒီ အေဆာင္မွာ ခ်ထား ခဲ့တာလို႔ ထီးခ်ိဳင့္ၿမိဳ႕နယ္ ကိုယ္စားျပဳ တိုင္းေဒသႀကီး လႊတ္ေတာ္ အမတ္ ဦးသိန္းဟန္က ဘီဘီစီကို ေျပာပါတယ္။

ေရႊဘို ရဲ စခန္းမွာ ဖမ္းဆီး ထားတဲ့ မိုင္းေထာင္ ခဲ့သူလို႔ သံသယ ရွိသူကို ေပါက္ကြဲ ေစတတ္ေသာ ဝတၳဳ ပစၥည္းမ်ား အက္ဥပေဒ ပုဒ္မ ၃ နဲ႔ အမွု ဖြင့္ ထားတယ္လို႔ ထီးခ်ိဳင့္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွူး ဦးလွျမင့္က ဘီဘီစီကို အတည္ျပဳပါတယ္။

ေဘာ္ဒါ ေဆာင္မွာ စာသင္ေနတဲ့ မိန္းကေလး တစ္ဦးနဲ႔ လူငယ္ သဘာဝ ခ်စ္ႀကိဳက္ဖူးသူ တစ္ဦးက ပုဂၢိဳလ္ေရး အခ်စ္ေရး ျပႆနာ မေက်နပ္မွုေတြ ေၾကာင့္ အခုလို လုပ္ခဲ့တာလို႔ ရဲတပ္ဖြဲ႕က စစ္ေဆး ေတြ႕ရွိထားေၾကာင္း ထီးခ်ိဳင့္ ၿမိဳ႕နယ္ ရဲမွူး ဦးလွျမင့္က ဘီဘီစီကို ေျပာပါတယ္။

သူ႔ကို အသိတေယာက္က လက္လုပ္မိုင္း ျပဳလုပ္နည္း သင္ေပးခဲ့တာလို႔ ရဲကို ထြက္ဆိုခဲ့တဲ့အတြက္ အဲဒီ အသိ ဆိုသူကို ရဲက ေျခရာခံ စစ္ေဆးမွုေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

Source : ဘီဘီစီ ျမန္မာပိုင္း

(Unicode Version)

ပုဂ္ဂိုလ်ရေး အချစ်ရေး ပြဿနာ မကျေနပ်မှုတွေ ကြောင့် ဘော်ဒါဆောင်မှာ မိုင်းခွဲ လက်စားချေ

စစ်ကိုင်းတိုင်း ဒေသကြီး ထီးချိုင့်မြို့နယ် အလယ်တောရွာမှာ ရှိတဲ့ ဖူးပွင့်ဝေဆာ ပြင်ပ ဘော်ဒါဆောင်မှာ မတ်လ ၁၂ရက်နေ့တုန်းက လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ နောက်ထပ် မိုင်းတွေ ထပ်တွေ့ခဲ့ပါတယ်။

အဲဒီနေ့ မနက်ပိုင်းက ဘော်ဒါဆောင်မှာ လက်လုပ်မိုင်း ၃ လုံးကို စတွေ့ခဲ့ပြီး နေ့လယ်ပိုင်း ၁ နာရီ ဝန်းကျင်မှာတော့ အဆောင်နေ ကျောင်းသူ တစ်ဦးရဲ့ မိခင်က လှမ်းထားတဲ့ လုံချည် ရုပ်လိုက်စဉ်မှာ မိုင်းတစ်လုံး ပေါက်ကွဲ ခဲ့ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာ ရဲ စခန်းက တပ်မတော် မိုင်းရှာဖွေရေး အဖွဲ့ကို အကူအညီ တောင်းပြီး ဘော်ဒါဆောင်ဝန်းထဲမှာ ပိုက်စိပ်တိုက် ရှာတာတွေ လုပ်ခဲ့ရာမှာ ဆိုင်ကယ် တစ်စင်းမှာ ကပ်ချည်ထားတဲ့ လက်လုပ်မိုင်း တစ်လုံး အပါအဝင် နေရာအနှံ့ လူမမြင်နိုင်တဲ့ နေရာတွေမှာ ချထားတဲ့ နောက်ထပ် လက်လုပ်မိုင်းတွေ တွေ့ခဲ့ရပါတယ်။

မိုင်းပေါက်ကွဲမှုက သိပ်မပြင်းထန်လှပဲ ထိခိုက် ဒဏ်ရာရတာ မရှိပါဘူး။ ပေါက်ကွဲခဲ့တဲ့ မိုင်းနဲ့ပါ ဆိုရင် စုစုပေါင်း မိုင်း ၉ လုံး အဲဒီ အဆောင်မှာ ချထား ခဲ့တာလို့ ထီးချိုင့်မြို့နယ် ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးသိန်းဟန်က ဘီဘီစီကို ပြောပါတယ်။

ရွှေဘို ရဲ စခန်းမှာ ဖမ်းဆီး ထားတဲ့ မိုင်းထောင် ခဲ့သူလို့ သံသယ ရှိသူကို ပေါက်ကွဲ စေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှု ဖွင့် ထားတယ်လို့ ထီးချိုင့်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးလှမြင့်က ဘီဘီစီကို အတည်ပြုပါတယ်။

ဘော်ဒါ ဆောင်မှာ စာသင်နေတဲ့ မိန်းကလေး တစ်ဦးနဲ့ လူငယ် သဘာဝ ချစ်ကြိုက်ဖူးသူ တစ်ဦးက ပုဂ္ဂိုလ်ရေး အချစ်ရေး ပြဿနာ မကျေနပ်မှုတွေ ကြောင့် အခုလို လုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိထားကြောင်း ထီးချိုင့် မြို့နယ် ရဲမှူး ဦးလှမြင့်က ဘီဘီစီကို ပြောပါတယ်။

သူ့ကို အသိတယောက်က လက်လုပ်မိုင်း ပြုလုပ်နည်း သင်ပေးခဲ့တာလို့ ရဲကို ထွက်ဆိုခဲ့တဲ့အတွက် အဲဒီ အသိ ဆိုသူကို ရဲက ခြေရာခံ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Source : ဘီဘီစီ မြန်မာပိုင်း

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္