မိဘေတြကိုၾကည့္ၿပီး စိတ္မေကာင္းလိုက္တာ ေမြးကင္းစ ကေလးကို ခိုးယူသြားသူ တစ္ပတ္ေက်ာ္သည္အထိ မမိေသး

ေျမာက္ဥကၠလာေဆး႐ံုႀကီးတြင္ ေမြး ကင္းစကေလးငယ္တစ္ဦး ခိုးယူခံရသည့္အမႈ ရက္သတၱပတ္ေက်ာ္ ၾကာျမင့္ေနျပီျဖစ္ေသာ္ လည္း ဖမ္းဆီးႏိုင္ျခင္းမရွိေသးသျဖင့္ ကေလး ငယ္၏ မိဘမ်ားကအျမန္ဆံုး ေဖာ္ထုတ္ေပး ေစလိုသည္ဟု Speaker သို႔ ေျပာသည္။

ကေလးခိုးခံရသည့္ ဖခင္ျဖစ္သူ ကိုအံ့ ေဇာ္က ”တစ္ပတ္ေက်ာ္ၾကာေနၿပီ။ ဘာမွ အေၾကာင္းမထူးဘူး။ ကေလးျပန္ရဖို႔၊ မရဖို႔ ထက္ ခိုးသြားတဲ့သူက ကေလးကို ဘာလုပ္ဖို႔ ခိုးတယ္ဆိုတာသိဖို႔ ခိုးယူသြားတဲ့သူကို အျမန္ ဆံုး ေဖာ္ထုတ္ေပးေစခ်င္တယ္”ဟု ေျပာသည္။ကေလး၏မိခင္ မေခ်ာစုႏိုင္က ”ကေလးကို လက္ထဲမွာ တစ္နာရီေတာင္ ေပြ႕မထားလိုက္ ရဘူး။ ရက္ရက္စက္စက္ခိုးသြားတယ္။ ေဆး႐ံု မွာ သူမ်ားမိဘေတြ၊ ကေလးေတြ ေပြ႕ခ်ီတာ ျမင္ရင္ ခဏခဏငိုေနရလို႔ ေမြးၿပီးတစ္ရက္ ပဲ ေနခဲ့တယ္။ အျမန္ဆင္းလာခဲ့တယ္” ဟု ေျပာသည္။

ကေလးခိုးခံရသည့္ ျဖစ္စဥ္တြင္ကေလး ၏ဖခင္ ကိုအံ့ေဇာ္သည္ ဇနီးသည္ ဗိုက္နာ လာသျဖင့္ ေျမာက္ဥကၠလာေဆး႐ံုသို႔ ႏွစ္ဦး တည္း သြားေရာက္ခဲ့သည္ဟု ဆိုသည္။

”သူ ဗိုက္နာလာၿပီဆိုတာနဲ႔ အျခားလူ အပိုမေခၚခဲ့ဘဲ ေဆး႐ံုကိုသြားခဲ့တယ္။ ဟို ေရာက္ေတာ့ မနက္ ၈ နာရီခြဲေလာက္မွာ မီး ဖြားၿပီးတယ္။ အဲဒီအခ်ိန္ ဆရာဝန္ႀကီး Round လွည့္ေတာ့ အမ်ဳိးသမီးခန္းထဲမွာ အမ်ဳိးသား မရွိရဘူးဆိုေတာ့ ကြၽန္ေတာ္က အျပင္ထြက္ရ တယ္။ အဲဒီအခ်ိန္မွာ ကေလးအေမကကေလး ကို မခ်ီႏိုင္ေသးဘူး။ ကြ်န္ေတာ္ခ်ီထားရတယ္။ အဲဒီလို ခ်ီေနတုန္း ေဆးဝယ္ဖို႔ ကေလးကို ဆရာမႀကီးေတြဆီ ျပရမယ္ဆိုတဲ့ အလုပ္ေတြ ေပၚလာတယ္။ အဲဒီအခ်ိန္ အမ်ဳိးသမီးတစ္ ေယာက္ ေရာက္လာၿပီး သူကေလးေခၚေပး ထားမယ္။ လုပ္စရာရွိတာ လုပ္ဆိုေတာ့ ကိုယ္ က သေဘာ႐ိုးနဲ႔ ကူညီတာ မွတ္ေနတာ။ ကေလးကို သူ႔ေပးၿပီး လုပ္စရာေတြလုပ္တယ္။ အဲဒီေတာ့ ဆရာဝန္ႀကီးျပန္သြားေတာ့ ကေလး ျပန္ယူၿပီး ကေလးအေမဆီမွာ ျပန္ေပးထား တယ္။ ကေလးက သူ႔အေမဆီေရာက္ေနေတာ့ ကြၽန္ေတာ္က အေပါ့သြားတယ္။ ၁၅ မိနစ္ ေလာက္ၾကာေတာ့ ကေလးအေမဆီ ကြၽန္ ေတာ္က ျပန္တာေပါ့။ ျပန္လာေတာ့ ကေလး ဘယ္မွာလဲေမးေတာ့ ေစာေစာက အမ်ဳိးသမီး က ဆရာမက ကေလးေခၚခိုင္းေနတယ္။ ကေလးေဆးျပရမယ္ဆိုၿပီး ေခၚသြားတာ။ အဲဒီအခ်ိန္မွာ ကြၽန္ေတာ္ေနာက္ကလိုက္သြား တယ္။ လမ္းမွာ အဲဒီအမ်ဳိးသမီးနဲ႔ ေတြ႕တယ္။ ဟိုအခန္းထဲမွာ ကေလးေဆးျပေနတယ္။ ညေန ၃ နာရီက်မွ ကေလးကို လာေခၚပါဆို ေတာ့ ကြၽန္ေတာ္က ေစာင့္ေနတာေပါ့။ ည ေန ၃ နာရီေရာက္ေတာ့ အဲဒီအခန္းထဲသြား ၾကည့္ေတာ့ ကြၽန္ေတာ့္ကေလးက အဲဒီအထဲ မရွိဘူး ျဖစ္ေနတယ္။ အဲဒီေတာ့မွ ဆရာမေတြ လည္းရွာ၊ ေဆး႐ံုက တာဝန္ရွိသူေတြလည္း သိသြားၿပီး ရဲကိုတိုင္တာပဲ။ ဒါေပမဲ့ ဒီေန႔အထိ ေတာ့ ကေလးခိုးသြားသူကို ျပန္မမိေသးဘူး”ဟု ေျပာသည္။

ကိုအံ့ေဇာ္ႏွင့္ ဇနီး ယခုေမြးသည့္ ကေလးမွာ ဒုတိယေျမာက္ သားရင္ေသြးငယ္ ျဖစ္ၿပီး သားအႀကီးျဖစ္သူမွာ (၁၆) ႏွစ္ရွိၿပီး ျဖစ္ကာ လက္ရွိ ဆယ္တန္းစာေမးပြဲ ေျဖဆို ေနသည္ဟု ဆိုသည္။

”ဒီကေလးခိုးခံရတဲ့ျဖစ္စဥ္က တစ္ႏိုင္ငံ လုံးသိသြားၿပီ။ ဒါေပမဲ့ ဖမ္းမမိေသးတာေတာ့ စိတ္ထဲမေကာင္းဘူး။ က်န္တဲ့လူေတြ ကြၽန္ ေတာ္တို႔လို မျဖစ္ေအာင္ ခိုးတဲ့သူကို အျမန္ ဆံုး ဖမ္းေစခ်င္တာပါ”ဟု ¤င္းကေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေျမာက္ ဥကၠလာေဆး႐ံုအုပ္ႀကီးက ”ဒီေဆး႐ံုႀကီးမွာ ဒီလိုျဖစ္စဥ္မ်ဳိး တစ္ခါမွ မျဖစ္ဖူးဘူး။ ကေလး ေမြးၿပီး ကေလးကိုထားခဲ့တဲ့ ျဖစ္စဥ္ေတြေတာ့ မၾကာခဏျဖစ္ဖူးတယ္။ ဒါပထမဆံုးပဲ။ အဲဒီ ျဖစ္သြားတဲ့ ေနရာနားမွာ CCTV မရွိဘူး။ ဒီမွာက ကုသေရးဌာနေပါင္း ၄ဝ ေလာက္ရွိ ေပမယ့္ CCTV တပ္ဆင္ထားႏိုင္တာက အေရးေပၚခန္းမွာပဲ ထားႏိုင္တယ္။ ဒီလို ျဖစ္စဥ္မ်ဳိးေတြ ျဖစ္လာရင္ေတာ့ ႏိုင္ငံေတာ္ကို ဘတ္ဂ်က္ေတာင္းၿပီး ဘတ္ဂ်က္ရရင္ CCTV ေတြ တပ္မယ္။ အခုေတာ့ အလွဴရွင္ေတြရဲ႕ အကူအညီေတြနဲ႔ တပ္ထားတာေတာ့ရွိတယ္။ ဒီျဖစ္စဥ္ကို ျပန္ၿပီးၾကည့္မယ္ဆို ကေလးရဲ႕ ဖခင္နဲ႔မိခင္က သူမ်ားကို အယံုလြယ္လြန္းလို႔ ျဖစ္သြားတာ ကိုယ္နဲ႔မသိတဲ့ သူစိမ္းကို ကေလးလြယ္လြယ္ မေပးသင့္ဘူးေလ” ဟု ေျပာသည္။

ေရႊထီး

Source : The Speaker သတင္းဂ်ာနယ္ အတြဲ(၂)၊ အမွတ္(၁၇)

(Unicode Version)

မွေးကင်းစ ကလေးကို ခိုးယူသွားသူ တစ်ပတ်ကျော်သည်အထိ မမိသေး

မြောက်ဥက္ကလာဆေးရုံကြီးတွင် မွေး ကင်းစကလေးငယ်တစ်ဦး ခိုးယူခံရသည့်အမှု ရက်သတ္တပတ်ကျော် ကြာမြင့်နေပြီဖြစ်သော် လည်း ဖမ်းဆီးနိုင်ခြင်းမရှိသေးသဖြင့် ကလေး ငယ်၏ မိဘများကအမြန်ဆုံး ဖော်ထုတ်ပေး စေလိုသည်ဟု Speaker သို့ ပြောသည်။

ကလေးခိုးခံရသည့် ဖခင်ဖြစ်သူ ကိုအံ့ ဇော်က ”တစ်ပတ်ကျော်ကြာနေပြီ။ ဘာမှ အကြောင်းမထူးဘူး။ ကလေးပြန်ရဖို့၊ မရဖို့ ထက် ခိုးသွားတဲ့သူက ကလေးကို ဘာလုပ်ဖို့ ခိုးတယ်ဆိုတာသိဖို့ ခိုးယူသွားတဲ့သူကို အမြန် ဆုံး ဖော်ထုတ်ပေးစေချင်တယ်”ဟု ပြောသည်။ကလေး၏မိခင် မချောစုနိုင်က ”ကလေးကို လက်ထဲမှာ တစ်နာရီတောင် ပွေ့မထားလိုက် ရဘူး။ ရက်ရက်စက်စက်ခိုးသွားတယ်။ ဆေးရုံ မှာ သူများမိဘတွေ၊ ကလေးတွေ ပွေ့ချီတာ မြင်ရင် ခဏခဏငိုနေရလို့ မွေးပြီးတစ်ရက် ပဲ နေခဲ့တယ်။ အမြန်ဆင်းလာခဲ့တယ်” ဟု ပြောသည်။

ကလေးခိုးခံရသည့် ဖြစ်စဉ်တွင်ကလေး ၏ဖခင် ကိုအံ့ဇော်သည် ဇနီးသည် ဗိုက်နာ လာသဖြင့် မြောက်ဥက္ကလာဆေးရုံသို့ နှစ်ဦး တည်း သွားရောက်ခဲ့သည်ဟု ဆိုသည်။

”သူ ဗိုက်နာလာပြီဆိုတာနဲ့ အခြားလူ အပိုမခေါ်ခဲ့ဘဲ ဆေးရုံကိုသွားခဲ့တယ်။ ဟို ရောက်တော့ မနက် ၈ နာရီခွဲလောက်မှာ မီး ဖွားပြီးတယ်။ အဲဒီအချိန် ဆရာဝန်ကြီး Round လှည့်တော့ အမျိုးသမီးခန်းထဲမှာ အမျိုးသား မရှိရဘူးဆိုတော့ ကျွန်တော်က အပြင်ထွက်ရ တယ်။ အဲဒီအချိန်မှာ ကလေးအမေကကလေး ကို မချီနိုင်သေးဘူး။ ကျွန်တော်ချီထားရတယ်။ အဲဒီလို ချီနေတုန်း ဆေးဝယ်ဖို့ ကလေးကို ဆရာမကြီးတွေဆီ ပြရမယ်ဆိုတဲ့ အလုပ်တွေ ပေါ်လာတယ်။ အဲဒီအချိန် အမျိုးသမီးတစ် ယောက် ရောက်လာပြီး သူကလေးခေါ်ပေး ထားမယ်။ လုပ်စရာရှိတာ လုပ်ဆိုတော့ ကိုယ် က သဘောရိုးနဲ့ ကူညီတာ မှတ်နေတာ။ ကလေးကို သူ့ပေးပြီး လုပ်စရာတွေလုပ်တယ်။ အဲဒီတော့ ဆရာဝန်ကြီးပြန်သွားတော့ ကလေး ပြန်ယူပြီး ကလေးအမေဆီမှာ ပြန်ပေးထား တယ်။ ကလေးက သူ့အမေဆီရောက်နေတော့ ကျွန်တော်က အပေါ့သွားတယ်။ ၁၅ မိနစ် လောက်ကြာတော့ ကလေးအမေဆီ ကျွန် တော်က ပြန်တာပေါ့။ ပြန်လာတော့ ကလေး ဘယ်မှာလဲမေးတော့ စောစောက အမျိုးသမီး က ဆရာမက ကလေးခေါ်ခိုင်းနေတယ်။ ကလေးဆေးပြရမယ်ဆိုပြီး ခေါ်သွားတာ။ အဲဒီအချိန်မှာ ကျွန်တော်နောက်ကလိုက်သွား တယ်။ လမ်းမှာ အဲဒီအမျိုးသမီးနဲ့ တွေ့တယ်။ ဟိုအခန်းထဲမှာ ကလေးဆေးပြနေတယ်။ ညနေ ၃ နာရီကျမှ ကလေးကို လာခေါ်ပါဆို တော့ ကျွန်တော်က စောင့်နေတာပေါ့။ ည နေ ၃ နာရီရောက်တော့ အဲဒီအခန်းထဲသွား ကြည့်တော့ ကျွန်တော့်ကလေးက အဲဒီအထဲ မရှိဘူး ဖြစ်နေတယ်။ အဲဒီတော့မှ ဆရာမတွေ လည်းရှာ၊ ဆေးရုံက တာဝန်ရှိသူတွေလည်း သိသွားပြီး ရဲကိုတိုင်တာပဲ။ ဒါပေမဲ့ ဒီနေ့အထိ တော့ ကလေးခိုးသွားသူကို ပြန်မမိသေးဘူး”ဟု ပြောသည်။

ကိုအံ့ဇော်နှင့် ဇနီး ယခုမွေးသည့် ကလေးမှာ ဒုတိယမြောက် သားရင်သွေးငယ် ဖြစ်ပြီး သားအကြီးဖြစ်သူမှာ (၁၆) နှစ်ရှိပြီး ဖြစ်ကာ လက်ရှိ ဆယ်တန်းစာမေးပွဲ ဖြေဆို နေသည်ဟု ဆိုသည်။

”ဒီကလေးခိုးခံရတဲ့ဖြစ်စဉ်က တစ်နိုင်ငံ လုံးသိသွားပြီ။ ဒါပေမဲ့ ဖမ်းမမိသေးတာတော့ စိတ်ထဲမကောင်းဘူး။ ကျန်တဲ့လူတွေ ကျွန် တော်တို့လို မဖြစ်အောင် ခိုးတဲ့သူကို အမြန် ဆုံး ဖမ်းစေချင်တာပါ”ဟု ¤င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက် ဥက္ကလာဆေးရုံအုပ်ကြီးက ”ဒီဆေးရုံကြီးမှာ ဒီလိုဖြစ်စဉ်မျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကလေး မွေးပြီး ကလေးကိုထားခဲ့တဲ့ ဖြစ်စဉ်တွေတော့ မကြာခဏဖြစ်ဖူးတယ်။ ဒါပထမဆုံးပဲ။ အဲဒီ ဖြစ်သွားတဲ့ နေရာနားမှာ CCTV မရှိဘူး။ ဒီမှာက ကုသရေးဌာနပေါင်း ၄ဝ လောက်ရှိ ပေမယ့် CCTV တပ်ဆင်ထားနိုင်တာက အရေးပေါ်ခန်းမှာပဲ ထားနိုင်တယ်။ ဒီလို ဖြစ်စဉ်မျိုးတွေ ဖြစ်လာရင်တော့ နိုင်ငံတော်ကို ဘတ်ဂျက်တောင်းပြီး ဘတ်ဂျက်ရရင် CCTV တွေ တပ်မယ်။ အခုတော့ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ တပ်ထားတာတော့ရှိတယ်။ ဒီဖြစ်စဉ်ကို ပြန်ပြီးကြည့်မယ်ဆို ကလေးရဲ့ ဖခင်နဲ့မိခင်က သူများကို အယုံလွယ်လွန်းလို့ ဖြစ်သွားတာ ကိုယ်နဲ့မသိတဲ့ သူစိမ်းကို ကလေးလွယ်လွယ် မပေးသင့်ဘူးလေ” ဟု ပြောသည်။

ရွှေထီး

Source : The Speaker သတင်းဂျာနယ် အတွဲ(၂)၊ အမှတ်(၁၇)