လွည္းကူးတြင္ မီနီဘတ္စ္ယာဥ္က ရပ္ထားသည့္ ယာဥ္သုံးစီးအား ဝင္တိုက္၊ သုံးဦးဒဏ္ရာရ တစ္ဦးေသဆုံး

ရန္ကုန္တုိင္းေဒသႀကီး လွည္းကူး ၿမိဳ႕နယ္တြင္ မတ္ ၁၆ ရက္ နံနက္ ၉ နာရီက တိုယိုတာဟိုက္ေအ့ မီနီဘတ္စ္ ယာဥ္က လမ္းေဘးတြင္ရပ္ထားေသာ ယာဥ္သုံးစီးအား ဝင္တိုက္ရာ သုံးဦး ဒဏ္ရာရၿပီး တစ္ဦးေသဆုံးေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရန္ကုန္-ပဲခူးလမ္း အတိုင္း ပဲခူးဘက္မွ ရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း ဟန္မိုးေအာင္(၃၇)ႏွစ္ တိုင္းလုံးေအာင္လမ္း ေရႊေညာင္(၁) ရပ္ကြက္ မေကြးၿမိဳ႕နယ္ေနသူေမာင္းႏွင္ လာသည့္ တိုယိုတာ ဟိုက္ေအ့ မီနီဘတ္စ္ယာဥ္သည္ ရိ္ပ္သာရပ္ကြက္ လမ္းလယ္ကြၽန္း အမွတ္(၁၁ဝ)အေရာက္တြင္ ယာဘက္လမ္းအစပ္ တြင္ ရပ္ထားေသာ ေဖာယာဥ္ႏွင့္ ၎ယာဥ္၏ ဝဲဘက္တြင္ ရပ္ေနသူ ႏွစ္ဦးကုိ တိုက္မိခဲ့ၿပီး ရပ္ထားေသာ ေဖာလန္ယာဥ္အား ထပ္မံတိုက္မိခဲ့ သျဖင့္ ယာဥ္သုံးစီး ပ်က္စီးခဲ့သည္။

ယာဥ္ေမာင္း ဟန္မိုးေအာင္တြင္ ဖူးေရာင္ဒဏ္ရာႏွင့္ ေအာင္ကိုကိုၿဖိဳး တြင္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိကာ ေျမာက္ဥကၠလာပေဆး႐ုံတြင္ အတြင္း လူနာအျဖစ္ႏွင့္ ေဖာယာဥ္ေမာင္း ေအာင္ေက်ာ္ထြန္းတြင္ ဖူးေရာင္ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိသျဖင့္ လွည္းကူးေဆး႐ုံတြင္ တက္ေရာက္ ကုသေနၿပီး ေဖာလန္ယာဥ္ေမာင္း စည္သူတြင္ ဒဏ္ရာမ်ားရရွိကာ အခင္း ျဖစ္ေနရာတြင္ ေသဆုံးသြားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္အား မဆင္မျခင္ေမာင္းသူ ယာဥ္ေမာင္း ဟန္မိုးေအာင္အား လွည္းကူးၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူထားသည္။

သန္းဝင္း(လွည္းကူး)

Source : The Mirror Daily

(Unicode Version)

လှည်းကူးတွင် မီနီဘတ်စ်ယာဉ်က ရပ်ထားသည့် ယာဉ်သုံးစီးအား ဝင်တိုက်၊ သုံးဦးဒဏ်ရာရ တစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် မတ် ၁၆ ရက် နံနက် ၉ နာရီက တိုယိုတာဟိုက်အေ့ မီနီဘတ်စ် ယာဉ်က လမ်းဘေးတွင်ရပ်ထားသော ယာဉ်သုံးစီးအား ဝင်တိုက်ရာ သုံးဦး ဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဟန်မိုးအောင်(၃၇)နှစ် တိုင်းလုံးအောင်လမ်း ရွှေညောင်(၁) ရပ်ကွက် မကွေးမြို့နယ်နေသူမောင်းနှင် လာသည့် တိုယိုတာ ဟိုက်အေ့ မီနီဘတ်စ်ယာဉ်သည် ရိ်ပ်သာရပ်ကွက် လမ်းလယ်ကျွန်း အမှတ်(၁၁ဝ)အရောက်တွင် ယာဘက်လမ်းအစပ် တွင် ရပ်ထားသော ဖောယာဉ်နှင့် ၎င်းယာဉ်၏ ဝဲဘက်တွင် ရပ်နေသူ နှစ်ဦးကို တိုက်မိခဲ့ပြီး ရပ်ထားသော ဖောလန်ယာဉ်အား ထပ်မံတိုက်မိခဲ့ သဖြင့် ယာဉ်သုံးစီး ပျက်စီးခဲ့သည်။

ယာဉ်မောင်း ဟန်မိုးအောင်တွင် ဖူးရောင်ဒဏ်ရာနှင့် အောင်ကိုကိုဖြိုး တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်း လူနာအဖြစ်နှင့် ဖောယာဉ်မောင်း အောင်ကျော်ထွန်းတွင် ဖူးရောင် ပေါက်ပြဲဒဏ်ရာများ ရရှိသဖြင့် လှည်းကူးဆေးရုံတွင် တက်ရောက် ကုသနေပြီး ဖောလန်ယာဉ်မောင်း စည်သူတွင် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းသူ ယာဉ်မောင်း ဟန်မိုးအောင်အား လှည်းကူးမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားသည်။

သန်းဝင်း(လှည်းကူး)

Source : The Mirror Daily