အကယ္ဒမီ ေရႊစင္႐ုပ္တုက ေရႊငါးက်ပ္သားပါ ေရႊၾကယ္ (၁၃) ခုကို ေအာင္သမာဓိ ေရႊဆုိင္မွာ ျပဳလုပ္ေန

အခုလ (၂၃) ရက္မွာ က်င္းပမယ့္ (၂၀၁၇) ခုႏွစ္ အကယ္ဒမီ ထူးခၽြန္ဆု ေပးပြဲမွာ ခ်ီးျမႇင့္မယ့္ အကယ္ဒမီ ေရႊစင္႐ုပ္တုက ေရႊၾကယ္ (၁၃) ခုကို မႏၱေလးၿမိဳ႕ရွိ ေအာင္သမာဓိ စိန္ေရႊရတနာဆိုင္ႏွင့္ ေရႊသန္႔စင္ လုပ္ငန္းမွာ ျပဳလုပ္ေနပါတယ္။ အခုလ (၁၃) ရက္က စတင္ျပဳလုပ္ေနတာျဖစ္ၿပီး ေရႊၾကယ္တစ္ခုကို ငါးက်ပ္သားရွိတယ္လို႔ ေအာင္သမာဓိ စိန္ေရႊ ရတနာဆိုင္ႏွင့္ ေရႊသန္႔စင္လုပ္ငန္း ဒါ႐ိုက္တာ ဦးလူဟန္က ေျပာပါတယ္။

ေရႊၾကယ္ဒီဇိုင္းဟာ စိန္ေတာင္ စက္ျဖတ္ ဒီဇိုင္းျဖစ္ၿပီး (၂၀၁၅) ခုႏွစ္က ေအာင္သမာဓိက အကယ္ဒမီထူးခၽြန္ဆုအတြက္ ျပဳလုပ္ေပးခဲ့တဲ့ ဒီဇိုင္းျဖစ္တယ္လို႔ ဆိုပါတယ္။ ေရႊၾကယ္ေတြရဲ႕ ကုန္က် စရိတ္ကို ေအာင္သမာဓိနဲ႔ Forever Group က တစ္၀က္စီ တာ၀န္ယူထားတယ္လို႔ သိရပါတယ္။ ဒီေရႊၾကယ္ေတြကို အခုလ (၂၀) ရက္မွာ အၿပီးသတ္ေပး အပ္ရမွာ ျဖစ္ပါတယ္။

သတင္း – ရဲရင့္မာန္ (မႏၱေလး)

Source : 5 Plus News

(Unicode Version)

အကယ်ဒမီ ရွှေစင်ရုပ်တုက ရွှေငါးကျပ်သားပါ ရွှေကြယ် (၁၃) ခုကို အောင်သမာဓိ ရွှေဆိုင်မှာ ပြုလုပ်နေ

အခုလ (၂၃) ရက်မှာ ကျင်းပမယ့် (၂၀၁၇) ခုနှစ် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲမှာ ချီးမြှင့်မယ့် အကယ်ဒမီ ရွှေစင်ရုပ်တုက ရွှေကြယ် (၁၃) ခုကို မန္တလေးမြို့ရှိ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင် လုပ်ငန်းမှာ ပြုလုပ်နေပါတယ်။ အခုလ (၁၃) ရက်က စတင်ပြုလုပ်နေတာဖြစ်ပြီး ရွှေကြယ်တစ်ခုကို ငါးကျပ်သားရှိတယ်လို့ အောင်သမာဓိ စိန်ရွှေ ရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်း ဒါရိုက်တာ ဦးလူဟန်က ပြောပါတယ်။

ရွှေကြယ်ဒီဇိုင်းဟာ စိန်တောင် စက်ဖြတ် ဒီဇိုင်းဖြစ်ပြီး (၂၀၁၅) ခုနှစ်က အောင်သမာဓိက အကယ်ဒမီထူးချွန်ဆုအတွက် ပြုလုပ်ပေးခဲ့တဲ့ ဒီဇိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရွှေကြယ်တွေရဲ့ ကုန်ကျ စရိတ်ကို အောင်သမာဓိနဲ့ Forever Group က တစ်ဝက်စီ တာဝန်ယူထားတယ်လို့ သိရပါတယ်။ ဒီရွှေကြယ်တွေကို အခုလ (၂၀) ရက်မှာ အပြီးသတ်ပေး အပ်ရမှာ ဖြစ်ပါတယ်။

သတင်း – ရဲရင့်မာန် (မန္တလေး)

Source : 5 Plus News