အသက္ ၆ ႏွစ္အရြယ္ မယားပါ သမီးငယ္အား အဓမၼျပဳက်င့္ရန္ ႀကံစည္သူကို ဖမ္းမိ

ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕ ကၽြန္းေတာရပ္ကြက္တြင္ မတ္ (၁၇) ရက္၊ ည (၈) နာရီခန္႔က ပေထြးျဖစ္သူမွ ၆ ႏွစ္အရြယ္ မယားပါသမီးငယ္ကို အဓမၼျပဳက်င့္ရန္ ႀကံစည္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားမွ ၎၏ ေနအိမ္သို႔ သြားေရာက္ ေမးျမန္းရာ က်ဴးလြန္ၾကံစည္သူ၏ ဇနီးမွ ေျပာျပခ်က္ အရ ၎ရွိသည့္ ေနရာကို သိရသည့္အတြက္ မတ္လ (၁၈) ရက္ေန႔၊ ည (၈) နာရီက မိုးေကာင္း ဘူတာအတြင္းမွ ဖမ္းဆီးႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ရွဒူးဇြတ္၊ ေမွာ္ဘက္မွာ ရခဲ့ၾကတဲ့ ေမွာ္လင္ေမွာ္ မယားေတြပါ။ ရပ္ကြက္ ထဲေနတာ (၃) ႏွစ္ေလာက္ရွိၿပီ ဆိုေပမဲ့ ပေထြးျဖစ္သူက အေနနည္း ပါတယ္၊ တစ္လမွ တစ္ေခါက္ေလာက္ ျပန္လာၿပီး ရပ္ကြက္မွာလဲ သိပ္ေရာ ေရာ ေႏွာေႏွာေနတာ မရွိေတာ့ သူ႔ရုပ္ေတာင္ သိပ္မမွတ္မိခ်င္ဘူူး” ဟု သြားေရာက္ဖမ္းဆီးစဥ္ လိုက္ပါခဲ့သူ ကၽြန္းေတာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္ေအးမွ ဆိုသည္။

ျဖစ္စဥ္မွာ ကၽြန္းေတာရပ္ေန ေဒၚစႏၵာဝင္းသည္ အျပင္မွ ျပန္လာစဥ္ သမီး…… (၆) ႏွစ္ကို မေတြ႕သျဖင့္ သားျဖစ္သူကို ေမးျမန္းရာ ပေထြးျဖစ္သူ ဦးသက္ပိုင္ (၃၈) ႏွစ္မွ နန္႔ရင္းေခ်ာင္းဘက္သို႔ ေခၚသြားေၾကာင္း ေျဖဆို သျဖင့္ လိုက္လံရွာေဖြရာ သက္ပိုင္မွာ ထြက္ေျပးသြားၿပီး သမီးငယ္ကို အိမ္သို႔ေခၚယူ ေမးျမန္းရာ အဓမၼျပဳက်င့္ရန္ ၾကံစည္ေနစဥ္ မိခင္အသံၾကား သျဖင့္ ထြက္ေျပးသြားေၾကာင္း မိခင္က ေျပာျပသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဓမၼျပဳက်င့္ရန္ ႀကံစည္သူူ ဦးသက္ပိုင္ကို မိုးေကာင္းၿမိဳ႕မ ရဲစခန္းမွ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

မင္းမင္းဦး

Source : Myanmaalinn

(Unicode Version)

အသက် ၆ နှစ်အရွယ် မယားပါ သမီးငယ်အား အဓမ္မပြုကျင့်ရန် ကြံစည်သူကို ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်တွင် မတ် (၁၇) ရက်၊ ည (၈) နာရီခန့်က ပထွေးဖြစ်သူမှ ၆ နှစ်အရွယ် မယားပါသမီးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ၎င်း၏ နေအိမ်သို့ သွားရောက် မေးမြန်းရာ ကျူးလွန်ကြံစည်သူ၏ ဇနီးမှ ပြောပြချက် အရ ၎င်းရှိသည့် နေရာကို သိရသည့်အတွက် မတ်လ (၁၈) ရက်နေ့၊ ည (၈) နာရီက မိုးကောင်း ဘူတာအတွင်းမှ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ရှဒူးဇွတ်၊ မှော်ဘက်မှာ ရခဲ့ကြတဲ့ မှော်လင်မှော် မယားတွေပါ။ ရပ်ကွက် ထဲနေတာ (၃) နှစ်လောက်ရှိပြီ ဆိုပေမဲ့ ပထွေးဖြစ်သူက အနေနည်း ပါတယ်၊ တစ်လမှ တစ်ခေါက်လောက် ပြန်လာပြီး ရပ်ကွက်မှာလဲ သိပ်ရော ရော နှောနှောနေတာ မရှိတော့ သူ့ရုပ်တောင် သိပ်မမှတ်မိချင်ဘူူး” ဟု သွားရောက်ဖမ်းဆီးစဉ် လိုက်ပါခဲ့သူ ကျွန်းတော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်အေးမှ ဆိုသည်။

ဖြစ်စဉ်မှာ ကျွန်းတောရပ်နေ ဒေါ်စန္ဒာဝင်းသည် အပြင်မှ ပြန်လာစဉ် သမီး…… (၆) နှစ်ကို မတွေ့သဖြင့် သားဖြစ်သူကို မေးမြန်းရာ ပထွေးဖြစ်သူ ဦးသက်ပိုင် (၃၈) နှစ်မှ နန့်ရင်းချောင်းဘက်သို့ ခေါ်သွားကြောင်း ဖြေဆို သဖြင့် လိုက်လံရှာဖွေရာ သက်ပိုင်မှာ ထွက်ပြေးသွားပြီး သမီးငယ်ကို အိမ်သို့ခေါ်ယူ မေးမြန်းရာ အဓမ္မပြုကျင့်ရန် ကြံစည်နေစဉ် မိခင်အသံကြား သဖြင့် ထွက်ပြေးသွားကြောင်း မိခင်က ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အဓမ္မပြုကျင့်ရန် ကြံစည်သူူ ဦးသက်ပိုင်ကို မိုးကောင်းမြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မင်းမင်းဦး

Source : Myanmaalinn

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္