ေျမြေပြး ေျမြေဟာက္ ကိုက္ခံရပါက ေၾကာက္စရာမလို

လူႏွင့္တိရိစာၦန္တို႔ကို အသက္ေသသည္အထိ အႏၱရာယ္ျပဳနိုင္ေသာ ကိုက္တတ္သည့္ ေျမြမ်ားအနက္အမ်ားဆံုးမွာ ေျမြေပြး ေႁမြေဟာက္ ျဖစ္ေလ႔ရွိသည္။ ထိုေျမြေပြး ေျမြေဟာက္ အကိုက္ခံရသည္မွာလည္း ျမိဳ႕ရြာအတြင္းထက္ ေတာထဲေတာင္ထဲမွာ အကိုက္ခံရ မ်ားေလ႔ရွိသည္။ ေတာေတာင္အတြင္း ေျမြေပြးေျမြေဟာက္ အကိုက္ခံရပါက ေဆးရံုေဆးခန္း ရွိရာသို႔ပို႔ ေဆာင္ရန္ ခ်က္ခ်င္း မလြယ္ကူနိုင္ေသာ္လည္း ေျမြဆိပ္တို႔မွာမူ လ်င္ျမန္စြာ ပ်ံ႕ႏွံ႕တတ္သျဖင့္ လက္ဦးမွဳယူ၍ လ်င္ျမန္စြာ ကုသရန္ လိုပါသည္။

ေျမြကိုက္ခံရေသာ လူနာကို ေရွးဦးသူနာျပဳနည္းျဖင့္ ခ်က္ခ်င္း ကာကြယ္ရန္လိုသည္။ ေျခေထာက္ကို အကိုက္ခံရလွ်င္ ေျခသလံုးကို ၾကိဳးျဖင့္တင္းကာ ရစ္ပတ္ေပးျခင္း၊ လက္ကို အကိုက္ခံရလွ်င္ လက္ဖ်ံကို ၾကိဳးျဖင့္တင္းကာ ခ်ည္ေႏွာင္ ရစ္ပတ္ေပးျခင္းသည္ ေျမြဆိပ္မ်ား တစ္ကိုယ္လံုးကို လြယ္ကူစြာ မပ်ံ႕ႏွံ႕ရန္ျဖစ္သည္။

အခ်ိဳ႕ေဒသမ်ားမွာ ေဆးရံုေဆးခန္းသို႔ လူနာေရာက္ရွိရန္ နာရီမ်ားစြာ ၾကာနိုင္၏။ ထိုေၾကာင့္ ေတာထဲေတာင္ထဲ ရပ္ကြက္ထဲတြင္ ေျမြေပြးေျမြေဟာက္အကိုက္ခံရသည့္ လူနာကို ခ်က္ခ်င္းအသက္ ကယ္တင္နိုင္ေသာ သဘာ၀ ေပါက္ပင္မ်ားျဖစ္သည့္ ဥႏၷဲပင္ႏွင့္ နဘဲပင္ကို ရွာေဖြမွတ္သား ထားသင့္ပါသည္။

ဥႏၷဲပင္ႏွင့္နဘဲပင္တို႔သည္ မိုးေခါင္ေရရွား အပူပိုင္ေဒသတြင္ အႏွံ႕အျပား ရွင္သန္ ေပါက္ေရာက္လ်က္ရွိပါသည္။ နဘဲပင္သည္ အပင္ၾကီး မ်ိဳးျဖစ္၍ ေပ (၁၀၀) နီးပါး ျမင့္မားသည္။ ဥႏၷဲပင္မွာ ပင္ပုမ်ိဳး ခ်ံဳပုတ္ဆန္ေသာ္လည္း ေပါက္ေရာက္ေျမကို ႏွစ္သက္ပါက အျမင့္ေပ (၂၀) ေက်ာ္အထိ ျမင့္မားတတ္ပါသည္။ ဥႏၷဲပင္ေပါက္လွ်င္ ေျမေအာက္ေရေၾကာ နီးသည္ဟု ဆိုပါသည္။

ေျမြေပြးကိုက္လွ်င္ ေျမြးေပြး၏ အဆိပ္သည္ အေအးျဖစ္၍ အပူဓာတ္ရွိေသာ နဘဲရြက္ကို ႀကိတ္၍ ေျမြစြယ္ေပါက္ရွိရာ ေနရာကို အံုထားေပးရသည္။ ေျမြေဟာက္ကိုက္လွ်င္ ေျမြေဟာက္၏ အဆိပ္သည္ အပူျဖစ္၍ အေအးဓာတ္ရွိေသာ ဥႏၷဲရြက္ကို ႀကိိတ္၍ ေျမြစြယ္ေပါက္ရွိရာ ေနရာကို အံုထားေပးရသည္။

ေသြးအတြင္း လည္ေနေသာ ေျမြဆိပ္မ်ား အနာ၀မွတစ္ဆင့္ အျပင္သို႔ ျပန္ထြက္လာေစေသာ အာနိသင္ရွိသျဖင့္ ေျမြကိုက္ခံရသည့္ လူနာအား အသက္အႏၱရာယ္မွ လြတ္္ကင္းနိုင္ပါသည္။ ေငြကုန္ေၾကးက် သက္သာျပီး ေဆးရံုေဆးခန္းသို႔ သြားစရာမလိုေသာ သဘာ၀ေပါက္ပင္ ဥႏၷဲပင္ႏွင့္နဘဲပင္တို႔၏ ထူးျခားေသာ အစြမ္းထက္သည့္ ေဆးဖက္၀င္မႈကို ယံုယံုၾကည္ၾကည္ အသံုးျပဳရန္တိုက္တြန္း လိုပါသည္။

သင္ႏွင့္သင့္မိသားစု သင္ပတ္၀န္းက်င္မွ လူမ်ားအတြက္ အားကိုးအားထား ျပဳသင့္ေသာ ဥနၷဲပင္ႏွင့္နိဘဲပင္တို႔ကို မည္သည့္ေနရာတြင္ ရွိသည္ကို မွတ္သားထားသင့္ၿပီး အေရးၾကံဳလာပါက လ်င္ျမန္စြာ ရရွိရန္ အလြန္အေရးၾကီးပါေၾကာင္း သတင္းေကာင္းပါးခ်င္ပါသည္။

မူရင္း စာေရးဆရာ သန္းလင္း (ေရႊေခ်ာင္း-ပခုကၠဴ) ေတာေနျပည္သူမ်ား အေရးၾကံဳပါက အသံုးခ်နိုင္ပါရန္ ျပန္လည္မွ်ေ၀ တင္ျပအပ္ပါသည္။ နဘဲပင္အား မတင္ျပ နိုင္ေသးပါ။

Credit : ရဲမ်ိဳးသူ (ေဗာဓိျမိဳင္)

(Unicode Version)

မြွေပွေး မြွေဟောက် ကိုက်ခံရပါက ကြောက်စရာမလို

လူနှင့်တိရိစ္ဆာန်တို့ကို အသက်သေသည်အထိ အန္တရာယ်ပြုနိုင်သော ကိုက်တတ်သည့် မြွေများအနက်အများဆုံးမှာ မြွေပွေး မြွေဟောက် ဖြစ်လေ့ရှိသည်။ ထိုမြွေပွေး မြွေဟောက် အကိုက်ခံရသည်မှာလည်း မြို့ရွာအတွင်းထက် တောထဲတောင်ထဲမှာ အကိုက်ခံရ များလေ့ရှိသည်။ တောတောင်အတွင်း မြွေပွေးမြွေဟောက် အကိုက်ခံရပါက ဆေးရုံဆေးခန်း ရှိရာသို့ပို့ ဆောင်ရန် ချက်ချင်း မလွယ်ကူနိုင်သော်လည်း မြွေဆိပ်တို့မှာမူ လျင်မြန်စွာ ပျံ့နှံ့တတ်သဖြင့် လက်ဦးမှုယူ၍ လျင်မြန်စွာ ကုသရန် လိုပါသည်။

မြွေကိုက်ခံရသော လူနာကို ရှေးဦးသူနာပြုနည်းဖြင့် ချက်ချင်း ကာကွယ်ရန်လိုသည်။ ခြေထောက်ကို အကိုက်ခံရလျှင် ခြေသလုံးကို ကြိုးဖြင့်တင်းကာ ရစ်ပတ်ပေးခြင်း၊ လက်ကို အကိုက်ခံရလျှင် လက်ဖျံကို ကြိုးဖြင့်တင်းကာ ချည်နှောင် ရစ်ပတ်ပေးခြင်းသည် မြွေဆိပ်များ တစ်ကိုယ်လုံးကို လွယ်ကူစွာ မပျံ့နှံ့ရန်ဖြစ်သည်။

အချို့ဒေသများမှာ ဆေးရုံဆေးခန်းသို့ လူနာရောက်ရှိရန် နာရီများစွာ ကြာနိုင်၏။ ထိုကြောင့် တောထဲတောင်ထဲ ရပ်ကွက်ထဲတွင် မြွေပွေးမြွေဟောက်အကိုက်ခံရသည့် လူနာကို ချက်ချင်းအသက် ကယ်တင်နိုင်သော သဘာဝ ပေါက်ပင်များဖြစ်သည့် ဥန္နဲပင်နှင့် နဘဲပင်ကို ရှာဖွေမှတ်သား ထားသင့်ပါသည်။

ဥန္နဲပင်နှင့်နဘဲပင်တို့သည် မိုးခေါင်ရေရှား အပူပိုင်ဒေသတွင် အနှံ့အပြား ရှင်သန် ပေါက်ရောက်လျက်ရှိပါသည်။ နဘဲပင်သည် အပင်ကြီး မျိုးဖြစ်၍ ပေ (၁၀၀) နီးပါး မြင့်မားသည်။ ဥန္နဲပင်မှာ ပင်ပုမျိုး ချုံပုတ်ဆန်သော်လည်း ပေါက်ရောက်မြေကို နှစ်သက်ပါက အမြင့်ပေ (၂၀) ကျော်အထိ မြင့်မားတတ်ပါသည်။ ဥန္နဲပင်ပေါက်လျှင် မြေအောက်ရေကြော နီးသည်ဟု ဆိုပါသည်။

မြွေပွေးကိုက်လျှင် မြွေးပွေး၏ အဆိပ်သည် အအေးဖြစ်၍ အပူဓာတ်ရှိသော နဘဲရွက်ကို ကြိတ်၍ မြွေစွယ်ပေါက်ရှိရာ နေရာကို အုံထားပေးရသည်။ မြွေဟောက်ကိုက်လျှင် မြွေဟောက်၏ အဆိပ်သည် အပူဖြစ်၍ အအေးဓာတ်ရှိသော ဥန္နဲရွက်ကို ကြိိတ်၍ မြွေစွယ်ပေါက်ရှိရာ နေရာကို အုံထားပေးရသည်။

သွေးအတွင်း လည်နေသော မြွေဆိပ်များ အနာဝမှတစ်ဆင့် အပြင်သို့ ပြန်ထွက်လာစေသော အာနိသင်ရှိသဖြင့် မြွေကိုက်ခံရသည့် လူနာအား အသက်အန္တရာယ်မှ လွတ််ကင်းနိုင်ပါသည်။ ငွေကုန်ကြေးကျ သက်သာပြီး ဆေးရုံဆေးခန်းသို့ သွားစရာမလိုသော သဘာဝပေါက်ပင် ဥန္နဲပင်နှင့်နဘဲပင်တို့၏ ထူးခြားသော အစွမ်းထက်သည့် ဆေးဖက်ဝင်မှုကို ယုံယုံကြည်ကြည် အသုံးပြုရန်တိုက်တွန်း လိုပါသည်။

သင်နှင့်သင့်မိသားစု သင်ပတ်ဝန်းကျင်မှ လူများအတွက် အားကိုးအားထား ပြုသင့်သော ဥန္နဲပင်နှင့်နိဘဲပင်တို့ကို မည်သည့်နေရာတွင် ရှိသည်ကို မှတ်သားထားသင့်ပြီး အရေးကြုံလာပါက လျင်မြန်စွာ ရရှိရန် အလွန်အရေးကြီးပါကြောင်း သတင်းကောင်းပါးချင်ပါသည်။

မူရင်း စာရေးဆရာ သန်းလင်း (ရွှေချောင်း-ပခုက္ကူ) တောနေပြည်သူများ အရေးကြုံပါက အသုံးချနိုင်ပါရန် ပြန်လည်မျှဝေ တင်ပြအပ်ပါသည်။ နဘဲပင်အား မတင်ပြ နိုင်သေးပါ။

Credit : ရဲမျိုးသူ (ဗောဓိမြိုင်)