ဖိနပ္လွဴဒါန္းရျခင္း အက်ိဳးေက်းဇူးမ်ား

ဖိနပ္လွဴ တာ ဘယ္လုိ အက်ဴိ းေက်းဇူးေတြ ရႏုိင္သလဲ ဆုိတာ စာထဲရွာၾကည့္ေတာ့ ဝိနည္း ပိဋကတ္ အပါအဝင္ျဖစ္တ့ဲ မဟာဝဂၢမွာ သြားေတြ႔ရပါတယ္။

လွည္းအစီးရွစ္ဆယ္ တုိက္ရေသာ ေရႊေငြဥစၥာ ပစၥည္းမ်ားႏွင့္ ဆင္တပ္ေပါင္း ခုႏွစ္တပ္ကုိ စြန္႔ျပီး ရဟန္းျပဳလာတ့ဲ အရွင္ေသာဏကုိ အေၾကာင္းျပဳ ျဖစ္လာတ့ဲ ကိစၥ ျဖစ္ပါတယ္။ ဒီ အရွင္ေသာဏ ဆုိတ့ဲရဟန္းက အရမ္းခ်မ္းသာတ့ဲ သူေဌးသား ျဖစ္တ့ဲအျပင္ ခႏၶာကုိယ္အေနအထားကလည္း တျခား သူေဌးသားေတြနဲ႔ မတူေအာင္ကုိ ႏူည့ံသိမ္ေမြ႔ပါသတ့ဲ။

တုိတုိ ေျပာ႐ရင္ “ေသာဏ သင္သည္ ႏူည့ံ သိမ္ေမြ႔ လြန္း၏။ လႊားခ်င္း ဖိနပ္ကုိ မင္းစီးနုိင္တယ္။ ငါဘုရား ခြင့္ျပဳ ပါတယ္” လုိ႔ ဘုရားရွင္က ေသာဏရဟန္းကုိ ေျပာပါတယ္။

ဒီေတာ့ ေသာဏရဟန္းက ဘာျပန္ေျပာလည္း ဆုိေတာ့ “ဘုန္းေတာ္ႀကီးေသာ ျမတ္စြာဘုရား ဘုရား တပည့္ေတာ္သည္ လွည္းအစီး ရွစ္ဆယ္တုိက္ယူရတ့ဲ ေရႊေငြ ေက်ာက္သံပတၱျမား ႏွင့္ ဆင္တတ္ႀကီး ခုႏွစ္တပ္တုိ႔ကုိ စြန္႔ကာ ရဟန္းၿပဳလာတ့ဲ သူျဖစ္ျပီး ဘာမဟုတ္တ့ဲ လႊားခ်င္း ဖိနပ္က်မွ ကပ္ျငွိတြယ္တာေနသူဟု အမ်ားသူငွါ ေျပာၾကပါလိမ့္မယ္ဘုရား” တပည့္ေတာ္ မစီးလုိပါဘုရား အကယ္၍ ရဟန္းအားလုံးကုိ လႊားခ်င္း ဖိနပ္စီးျခင္းငွာ ခြင့္ျပဳဳျငားအ့ံ။

ဘုရားတပည့္လည္း သုံးေဆာင္ပါအ့ံ။ ရဟန္းအားလုံးကုိ ဖိနပ္စီးခြင့္မျပဳပါက ဘုရားတပည့္ေတာ္လဲ မသုံးေဆာင္ပါ ဘုရားလုိ႔ ျပန္လည္ ေလွ်ာက္ထားေတာ္မူပါတယ္။ အဲဒီ အေၾကာင္းတရားကေန စျပီးေတာ့ ျမတ္ဘုရားသည္ ရဟန္းအေပါင္းအား လႊားခ်င္း ဖိနပ္ကုိ စီးခြင့္ျပဳခ့ဲတာ ျဖစ္ပါတယ္။

အဓိကေတာ့ အရွင္ေသာဏရဟန္းကုိ အေၾကာင္းျပဳျပီး ဖိနပ္စီးခြင့္ ရတာပဲလုိ႔ မွတ္ရပါမယ္။ လႊားခ်င္းဖိနပ္ဆုိတာ ဘယ္လုိ ဖိနပ္မ်ဴိ းလည္းဆုိတာ ေနာက္မွ ပုိစ့္တစ္ခု ထပ္တင္ေပးမယ္။

ဖိနပ္လွဴက ရနုိင္ေသာ အက်ဴိး

၁။ ဆင္ယာဥ္ ျမင္းယာဥ္ ထမ္းစင္ သံလ်င္ေပါင္း ေျခာက္သိန္း ရရွိျခင္း။

၂။ ေျခလွမ္းတုိင္း ေျခလွမ္းတုိင္း ျမေျခနင္း/ ကမၺလာေျခနင္း/ေရႊေျခနင္း/ေငြေျခနင္းတုိ႔က ဖဝါးလွမ္းတုိင္းလွမ္းတုိင္း ခံလာရျခင္း ေပၚလာရျခင္း။

၃။ သံသရာသုိ႔ လြတ္ေျမာက္ရာျဖစ္ေသာ လမ္းသုိ႔ သတိတရား ေျပးသြားျခင္း။

၄။ အက်င့္ စင္ၾကယ္ေအာင္ သုတ္သင္ျခင္းငွာ သတိျပဳ မိလာျခင္း။

ဒီမွ်သာ

Credit : အရွင္နႏၵမာလာ

(Unicode Version)

ဖိနပ်လှူဒါန်းရခြင်း အကျိုးကျေးဇူးများ

ဖိနပ်လှူ တာ ဘယ်လို အကျိူ းကျေးဇူးတွေ ရနိုင်သလဲ ဆိုတာ စာထဲရှာကြည့်တော့ ဝိနည်း ပိဋကတ် အပါအဝင်ဖြစ်တဲ့ မဟာဝဂ္ဂမှာ သွားတွေ့ရပါတယ်။

လှည်းအစီးရှစ်ဆယ် တိုက်ရသော ရွှေငွေဥစ္စာ ပစ္စည်းများနှင့် ဆင်တပ်ပေါင်း ခုနှစ်တပ်ကို စွန့်ပြီး ရဟန်းပြုလာတဲ့ အရှင်သောဏကို အကြောင်းပြု ဖြစ်လာတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီ အရှင်သောဏ ဆိုတဲ့ရဟန်းက အရမ်းချမ်းသာတဲ့ သူဌေးသား ဖြစ်တဲ့အပြင် ခန္ဓာကိုယ်အနေအထားကလည်း တခြား သူဌေးသားတွေနဲ့ မတူအောင်ကို နူည့ံသိမ်မွေ့ပါသတဲ့။

တိုတို ပြောရရင် “သောဏ သင်သည် နူည့ံ သိမ်မွေ့ လွန်း၏။ လွှားချင်း ဖိနပ်ကို မင်းစီးနိုင်တယ်။ ငါဘုရား ခွင့်ပြု ပါတယ်” လို့ ဘုရားရှင်က သောဏရဟန်းကို ပြောပါတယ်။

ဒီတော့ သောဏရဟန်းက ဘာပြန်ပြောလည်း ဆိုတော့ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဘုရား တပည့်တော်သည် လှည်းအစီး ရှစ်ဆယ်တိုက်ယူရတဲ့ ရွှေငွေ ကျောက်သံပတ္တမြား နှင့် ဆင်တတ်ကြီး ခုနှစ်တပ်တို့ကို စွန့်ကာ ရဟန်းပြုလာတဲ့ သူဖြစ်ပြီး ဘာမဟုတ်တဲ့ လွှားချင်း ဖိနပ်ကျမှ ကပ်ငြှိတွယ်တာနေသူဟု အများသူငှါ ပြောကြပါလိမ့်မယ်ဘုရား” တပည့်တော် မစီးလိုပါဘုရား အကယ်၍ ရဟန်းအားလုံးကို လွှားချင်း ဖိနပ်စီးခြင်းငှာ ခွင့်ပြုုငြားအ့ံ။

ဘုရားတပည့်လည်း သုံးဆောင်ပါအ့ံ။ ရဟန်းအားလုံးကို ဖိနပ်စီးခွင့်မပြုပါက ဘုရားတပည့်တော်လဲ မသုံးဆောင်ပါ ဘုရားလို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ အဲဒီ အကြောင်းတရားကနေ စပြီးတော့ မြတ်ဘုရားသည် ရဟန်းအပေါင်းအား လွှားချင်း ဖိနပ်ကို စီးခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

အဓိကတော့ အရှင်သောဏရဟန်းကို အကြောင်းပြုပြီး ဖိနပ်စီးခွင့် ရတာပဲလို့ မှတ်ရပါမယ်။ လွှားချင်းဖိနပ်ဆိုတာ ဘယ်လို ဖိနပ်မျိူ းလည်းဆိုတာ နောက်မှ ပိုစ့်တစ်ခု ထပ်တင်ပေးမယ်။

ဖိနပ်လှူက ရနိုင်သော အကျိူး

၁။ ဆင်ယာဉ် မြင်းယာဉ် ထမ်းစင် သံလျင်ပေါင်း ခြောက်သိန်း ရရှိခြင်း။

၂။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း မြခြေနင်း/ ကမ္ဗလာခြေနင်း/ရွှေခြေနင်း/ငွေခြေနင်းတို့က ဖဝါးလှမ်းတိုင်းလှမ်းတိုင်း ခံလာရခြင်း ပေါ်လာရခြင်း။

၃။ သံသရာသို့ လွတ်မြောက်ရာဖြစ်သော လမ်းသို့ သတိတရား ပြေးသွားခြင်း။

၄။ အကျင့် စင်ကြယ်အောင် သုတ်သင်ခြင်းငှာ သတိပြု မိလာခြင်း။

ဒီမျှသာ

Credit : အရှင်နန္ဒမာလာ