ေျပာင္းလဲ ေကာက္ခံမယ့္ အိမ္သံုး လွ်ပ္စစ္မီတာ ႏႈန္းထား

လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာက အသစ္ေျပာင္းလဲ ေကာက္ခံမယ့္ အိမ္သံုးမီတာ ႏႈန္းထားေတြကုိ ထုတ္ျပန္လိုက္ၿပီး အဆိုပါ ႏႈန္းထားေတြကုိ လာမယ့္ ဘ႑ာႏွစ္ စတင္မယ့္ ၂၀၁၈ ခုႏွစ္ ဧၿပီလ ၁ ေန႔ကေန စတင္ ေကာက္ခံသြားမယ္လုိ႔ သိရပါတယ္။

အသစ္ေျပာင္းလဲ ေကာက္ခံမယ့္ အိမ္သံုးမီတာ ႏႈန္းထားေတြကုိ ပံုစံသံုးမ်ိဳး သတ္မွတ္ထားၿပီး ေက်းလက္ေဒသသံုး၊ ၿမိဳ႕ငယ္သံုး၊ ၿမိဳ႕ႀကီးသံုးဆိုၿပီး သံုးမ်ိဳးသတ္မွတ္ထားပါတယ္။

ေက်းလက္ေဒသေတြရဲ႕ အိမ္သံုးမီတာ တပ္ဆင္ခႏႈန္းထားကုိ ၄၅၀၀၀ က်ပ္၊ ၿမိဳ႕ငယ္သံုး မီတာ တပ္ဆင္ခ ႏႈန္းထားကုိ ၇၅၀၀၀ က်ပ္နဲ႔ ၿမိဳ႕ႀကီးသံုး မီတာတပ္ဆင္ခ ႏႈန္းထားကုိ ၉၀၀၀၀ က်ပ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ မီတာေတြ တပ္ဆင္တဲ့ေနရာမွာ အာမခံစေပၚေငြ ၄၀၀၀ က်ပ္၊ ႀကိဳးသြယ္ခနဲ႔ မီးဆက္ခက ၂၀၀၀ က်ပ္စီနဲ႔ ႀကီးၾကပ္ခနဲ႔ မီတာ ေလွ်ာက္လႊာမွတ္ပံုတင္ေၾကးကို တစ္ေထာင္စီ သတ္မွတ္ထားပါတယ္။

ျပည္တြင္းမွာ သံုးစြဲေနတဲ့ လွ်ပ္စစ္ဓာတ္အားခေတြကုိ ေက်းလက္၊ ၿမိဳ႕ျပ၊ ပံုမွန္နဲ႔ စက္မႈသံုးဆိုၿပီး ပံုစံေလးမ်ိဳးနဲ႔ ေကာက္ခံတာကုိ ဧၿပီလ ၁ ရက္ေန႔မွာ စတင္ အသံုးျပဳသြားမယ္လုိ႔ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းခိုင္က မတ္လ ၁၄ ရက္ေန႔မွာ ေျပာခဲ့ၿပီးေနာက္ပိုင္း အခုလိုထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

Source : Duwun

(Unicode Version)

ပြောင်းလဲ ကောက်ခံမယ့် အိမ်သုံးမီတာနှုန်းထား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာက အသစ်ပြောင်းလဲ ကောက်ခံမယ့် အိမ်သုံးမီတာ နှုန်းထားတွေကို ထုတ်ပြန်လိုက်ပြီး အဆိုပါ နှုန်းထားတွေကို လာမယ့် ဘဏ္ဍာနှစ် စတင်မယ့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ နေ့ကနေ စတင် ကောက်ခံသွားမယ်လို့ သိရပါတယ်။

အသစ်ပြောင်းလဲ ကောက်ခံမယ့် အိမ်သုံးမီတာ နှုန်းထားတွေကို ပုံစံသုံးမျိုး သတ်မှတ်ထားပြီး ကျေးလက်ဒေသသုံး၊ မြို့ငယ်သုံး၊ မြို့ကြီးသုံးဆိုပြီး သုံးမျိုးသတ်မှတ်ထားပါတယ်။

ကျေးလက်ဒေသတွေရဲ့ အိမ်သုံးမီတာ တပ်ဆင်ခနှုန်းထားကို ၄၅၀၀၀ ကျပ်၊ မြို့ငယ်သုံး မီတာ တပ်ဆင်ခ နှုန်းထားကို ၇၅၀၀၀ ကျပ်နဲ့ မြို့ကြီးသုံး မီတာတပ်ဆင်ခ နှုန်းထားကို ၉၀၀၀၀ ကျပ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မီတာတွေ တပ်ဆင်တဲ့နေရာမှာ အာမခံစပေါ်ငွေ ၄၀၀၀ ကျပ်၊ ကြိုးသွယ်ခနဲ့ မီးဆက်ခက ၂၀၀၀ ကျပ်စီနဲ့ ကြီးကြပ်ခနဲ့ မီတာ လျှောက်လွှာမှတ်ပုံတင်ကြေးကို တစ်ထောင်စီ သတ်မှတ်ထားပါတယ်။

ပြည်တွင်းမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားခတွေကို ကျေးလက်၊ မြို့ပြ၊ ပုံမှန်နဲ့ စက်မှုသုံးဆိုပြီး ပုံစံလေးမျိုးနဲ့ ကောက်ခံတာကို ဧပြီလ ၁ ရက်နေ့မှာ စတင် အသုံးပြုသွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ်လ ၁၄ ရက်နေ့မှာ ပြောခဲ့ပြီးနောက်ပိုင်း အခုလိုထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Source : Duwun