ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကား ဌာနမွ စႏၵရား တင္၀င္းလႈိင္သို႔ အိတ္ဖြင့္ေပးစာ

သုိ႕ ဆရာ စႏၵရားတင္၀င္းလႈိင္ခင္ဗ်ား

၁။ ၂၃-၃-၂၀၁၈ ရက္ေန႕ ညပိုင္းက ရန္ကုန္ၿမိဳ႕ Myanmar Event Park မွာ ျပဳလုပ္တဲ့ ၂၀၁၇ ခုႏွစ္အတြက္ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ဆုေပးအပ္ပြဲ အခမ္းအနားမွာ ေက်းဇူးတင္စကားေျပာၾကားစဥ္ ျမန္မာ့ အသံႏွင့္ ရုပ္ျမင္သံၾကား(MRTV) နဲ႕ ပတ္သက္ၿပီး ထည့္သြင္းေျပာၾကားခဲ့တဲ့အခ်က္ေတြနဲ႕ ပတ္သက္လို႕ အေျခအေနမွန္ကို သိေစခ်င္လို႕ အခုလို စာေရးသားလုိက္ရျခင္း ျဖစ္ပါတယ္။

၂။ ဆရာေျပာတဲ့အထဲက ဗမာသံ ေျမႀကီးထဲ ျမဳပ္မသြားေအာင္ ဆိုတာနဲ႕ ပတ္သက္ၿပီး ကၽြန္ေတာ္ တို႕ MRTV က လုပ္ေနတာေတြ အမ်ားႀကီး ရွိပါတယ္။ ဆရာသတိမထားမိလုိ႕ျဖစ္မွာပါ။ အဲဒီအထဲက အက်ဥ္းေလာက္ ထုတ္ႏုတ္ေျပာျပရရင္ ေရဒီယိုမွာဆိုရင္ ၁၉၄၆ ခုႏွစ္ ဗမာ့အသံဆိုၿပီး စတင္ထုတ္လြႊင့္ ကတည္းက ျမန္မာ့အႏုသုခုမဆိုင္ရာမ်ားနဲ႕ ျမန္မာသံေတး သီခ်င္းေတြကို စဥ္ဆက္မျပတ္ ထုတ္လႊင့္ လ်က္ရွိၿပီး မဟာဂီတ သီခ်င္းႀကီးအစီအစဥ္၊ ျမန္မာ့ဇာတ္သဘင္၊ တစ္ေခတ္တစ္ခါက အႏွစ္သာရ၊ ဗုဒၶ၀င္ဇာတ္ေတာ္ႀကီးမ်ား၊ ဇာတ္သဘင္အဖြဲ႕ေဖ်ာ္ေျဖခန္းမ်ား၊ ဆိုင္းအဖြဲ႕ေဖ်ာ္ေျဖခန္းမ်ား၊ ျမန္မာ့ဓေလ့ ေတးသံမ်ား၊ သီခ်င္းႀကီး သရုပ္ေဖာ္၊ ျမန္မာတုိ႕ရဲ႕ ေတးအစမဟာဂီတ၊ ျမန္မာ့အႏုသဘင္၊ ဂီတသမား ဂီတစကား၊ ခံစားနားဆင္ ျမန္မာေတးသံစဥ္၊ ျမတ္ႏုိးစရာေက်းရြာ ေတးကဗ်ာ၊ သူ႕ေခတ္သူ႕အခါ ေတးကမၻာ၊ ေရဒီယိုမူရင္း ေရႊသီခ်င္းေၾကးမုံ စတဲ့ အစီအစဥ္ေတြကို တစိုက္မတ္မတ္ တစ္ႏိုင္ငံလုံးကို ထုတ္လႊင့္ေပးေနပါတယ္။

ရုပ္ျမင္သံၾကားမွာဆုိရင္လည္း ၁၉၈၀ ျပည့္ႏွစ္က ေရာင္စုံရုပ္ျမင္သံၾကားအစီအစဥ္ေတြ စတင္ထုတ္လႊင့္ခ်ိန္မွစၿပီး ျမန္မာသံ ျမန္မာ့ယဥ္ေက်းမႈအႏုလက္ရာမ်ားနဲ႕ ပတ္သက္တဲ့အစီအစဥ္ ေတြကို ထုတ္လႊြင့္ေပးလ်က္ရွိရာမွာ ဆို၊ က၊ ေရး၊ တီး သီခ်င္းႀကီး၊ ဇာတ္ေတာ္ႀကီး၊ ဇာတ္ေျပာကြက္စိပ္၊ ရုပ္ေသးတင္ဆက္ ေဖ်ာ္ေျဖမႈ၊ မွတ္သားစရာ ျပည္သူ႕နီတိက်င့္၀တ္မ်ား၊ (၃၈) ျဖာ မဂၤလာ၊ ပန္းဆယ္မ်ဳိး၊ အႏုပညာအစီ အစဥ္မ်ား၊ ဂႏၱ၀င္ေခတ္ေဟာင္းေတးမ်ား၊ ဂီတသမား ဂီတစကား၊ ေနမ၀င္အလွမ်ား၊ ကာလေပၚ ေတးမ်ား၊ အႏုပညာခန္းရိပ္သာ၊ သုခုမအၿငိမ့္သဘင္၊ ၁၂ လရာသီ အၿငိမ့္သဘင္၊ ျမန္မာ့အသံ ေခတ္ေပၚေတးဂီတ၊ မွတ္မွတ္ထင္ထင္ျမန္မာ့ရုပ္ရွင္၊ သမိုင္းကို ေဖာ္ျပ ေနေသာ ၀ါက်မ်ား အျပင္ ဆရာ ကိုယ္တုိင္ပါ၀င္တဲ့ ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ အစီအစဥ္ေတြကို အစဥ္တစိုက္ ႀကိဳးစားေဆာင္ရြက္ထုတ္လႊြင့္လ်က္ရွိပါတယ္။ ဆရာစုိးရိမ္သလို ဗမာသံေျမႀကီးထဲ ျမဳပ္မသြားေအာင္ ဌာနက ေဆာင္ရြက္ေနတာေလးသိေအာင္ အက်ဥ္းမွ် ေျပာျပတာပါ။

၃။ ေနာက္တစ္ခုက ဆရာေျပာသြားတဲ့ RCA ဆိုတဲ့ ဓာတ္ျပားအႀကီးႀကီးေတြ ဖြင့္တဲ့စက္၊ တိတ္ ေခြဖြင့္တဲ့စက္ ႏွစ္ခုမရွိတာ၊ ေရအိုးေတြပဲ တင္ထားတာ ဆယ္စုႏွစ္ေက်ာ္သြားပါၿပီဆိုတာနဲ႕ ပတ္သက္ လို႕ ေျပာျပရရင္ ဓာတ္ျပားအႀကီး (၁၆ လက္မအရြယ္)ကိုဖြင့္တဲ့ RCA စက္က လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၀ ေက်ာ္ကတည္းက ျမန္မာ့အသံမွာ သုံးခဲ့တဲ့စက္ျဖစ္ပါတယ္။ စက္နဲ႕ ပတ္သက္တဲ့အပိုပစၥည္းကို မူရင္း ကုမၸဏီက လုံး၀ မထုတ္ေတာ့ပါဘူး။ ဒါေပမယ့္ မိမိတုိ႕ဌာန ၀န္ထမ္းေတြနဲ႕ ျပင္ပပညာရွင္ေတြ ပူးေပါင္းၿပီး ျပဳျပင္ထားတာ ရွိတဲ့စက္ႏွစ္လုံးမွာ ၂၀၁၇ ခုႏွစ္ကတည္းက တစ္လုံးျပန္ေကာင္းေနပါၿပီ။ အဲဒီစက္မွာသုံးတဲ့ အပ္ကိုလည္း မူရင္းမရေပမယ့္ သုံးလို႕ရတဲ့အပ္ကို ရွာေဖြထားတာ ထုိက္သင့္သ ေလာက္ ရွိၿပီး အသုံးျပဳေနပါၿပီ။

ဒါ့အျပင္ က်န္တဲ့ဓာတ္ျပားဆုိဒ္ အေသးမ်ဳိးစုံ ( ၇ လက္မ၊ ၁၀ လက္မ၊ ၁၂ လက္မ) ကုိ ကူးတဲ့ စက္ဆိုရင္လည္း ေခတ္မီတဲ့စက္ေတြနဲ႕ အစားထုိးၿပီး ဓာတ္ျပားေတြကို ကူး ယူၿပီး ဒီဂ်စ္တယ္စနစ္နဲ႕ Archive ျပဳလုပ္လ်က္ရွိပါတယ္။ ျမန္မာ့အသံက ဓာတ္ျပားနဲ႕ အသံသြင္း တိတ္မ်ားမွ သီခ်င္းေတြကို ကူးယူၿပီး ဒီဂ်စ္တယ္မွွတ္တမ္းအျဖစ္ Archive လုပ္ထားတာမွာ မဟာဂီတ၊ ေခတ္ေဟာင္း၊ ေႏွာင္းေခတ္ကာလေပၚ ေတးသီခ်င္းႏွင့္ အၿငိမ့္၊ ဇာတ္သဘင္ ဆက္စပ္အစီအစဥ္မ်ား စုစုေပါင္း အပုဒ္ေရ ၁၂၃၁၄၈ ရွိေနၿပီျဖစ္ပါတယ္။ ဒီေန႕အထိလည္း ေန႕စဥ္ ဒီဂ်စ္တယ္မွတ္တမ္းအျဖစ္ ကူးယူ ထိန္း သိမ္းေရးလုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္လ်က္ရွိပါတယ္။

၄။ ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ အစီအစဥ္ကို မလႊင့္ႏိုင္တာ တစ္ႏွစ္ရွိၿပီလို႕ ေျပာသြားတာနဲ႕ ပတ္သက္ၿပီး MRTV အေနနဲ႕ ဆရာရဲ႕ အစီအစဥ္သစ္မ်ား ရိုက္ကူးမထုတ္လႊင့္ႏိုင္ေသးခင္ စပ္ၾကားမွာ ယခင္ရုိက္ၿပီးသား ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ (ဂီတရိပ္သာ – ၁၉၂) ပိုင္းနဲ႕ ၎နဲ႕ ဆက္စပ္ဂီတ ရိပ္သာ စတဲ့ အျခားသီခ်င္းေတြကို စုစည္းတင္ဆက္မႈ အစီအစဥ္မ်ားအပါအ၀င္ စုုစုေပါင္း အစီအစဥ္ ၂၀၉ ခု ရွိပါၿပီ။

ဆရာေနာက္ဆုံးရိုက္ကူးတဲ့အစီအစဥ္ထုတ္လႊင့္တဲ့ ၃-၇-၂၀၁၇ ရက္ (အဂၤါေန႕) ေနာက္ပို္င္းက စတင္လို႕ အပတ္စဥ္ ယခင္ရုိက္ကူးၿပီးအစီအစဥ္ေတြကို အဂၤါေန႕ ညေန ၄ နာရီခြဲ အခ်ိန္ တိုင္းမွာ ယေန႕အထိ ထုတ္လႊင့္ျပသလ်က္ရွိတာကို ဆရာသိလွ်က္နဲ႕ မလႊင့္ႏို္္င္တာ တစ္ႏွစ္ရွိၿပီလို႕ ထည့္သြင္းေျပာခဲ့၊ ဆိုခဲ့တဲ့အေပၚမွာ နားမလည္ႏိုင္ဘဲ ျဖစ္ရပါတယ္။ ယခုႏွစ္ က်င္းပခဲ့တဲ့ အကယ္ဒမီေပးပြဲႀကီး မက်င္းပမီ သုံးရက္အလို ၂၀-၃-၂၀၁၈ ရက္ေန႕ကလည္း ဂီတရိပ္သာအပိုင္း ၁၅၂ ကို ထုတ္လြႊင့္ခဲ့ပါေသးတယ္။

ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ အစီအစဥ္သစ္မ်ား ရိုက္ကူးထုတ္လႊင့္ဖုိ႕အတြက္ MRTV က ဆရာ့ဆီ အစဥ္တစုိက္ ဆက္သြယ္ခဲ့ေနခဲ့ပါတယ္။ ၂၇-၆-၂၀၁၇ ရက္ေန႕က ဆရာ့သမီးျဖစ္သူနဲ႕ အဆက္အသြယ္ရခ်ိန္မွာ ဆရာမ်က္စိခြဲစိတ္ကုသဖုိ႕ရွိလို႕ တစ္လခန္႕ၾကာမွာျဖစ္လို႕ မရုိ္က္ျဖစ္ေသးေၾကာင္း ေျပာခဲ့ပါတယ္။ ၂၇-၇-၂၀၁၇ ရက္ေန႔မွာ ထပ္မံဆက္သြယ္ေတာ့ မ်က္စိမခြဲ စိတ္ျဖစ္ ေသးေပမယ့္ ရုပ္ရွင္ကားႀကီးအတြက္ ေတးဂီတမ်ား တီးခတ္ေပးေနရ တယ္၊ ရိုက္ကူးမယ္ဆိုရင္ ဆက္သြယ္မယ္လို႕ ဆရာ့သမီးက ေျပာပါတယ္။

ဒါေပမယ့္ ထပ္မံဆက္သြယ္ လာျခင္းမရွိလို႕ ဌာနက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ရာမွာ ၂၂-၃-၂၀၁၈ ရက္ေန႕မွာ ဆရာ့သမီးနဲ႕ ဖုန္းဆက္သြယ္မႈထပ္မံရရွိၿပီး အကယ္ဒမီ ပြဲႀကီးၿပီးမွ ရိုက္ကူးမယ္လုိ႕ အေၾကာင္းျပန္ၾကားလာပါတယ္။ ေျခေျချမစ္ျမစ္ ႏွစ္ႏွစ္ကာကာ အစီအစဥ္ကို MRTV မွာ ရိုက္ကူးခဲ့ရာမွာလည္း သီခ်င္းသုံးပုဒ္ ပါအစီအစဥ္တစ္ခုကို ယခင္က ေငြက်ပ္ တစ္သိန္းသာ ဥာဏ္ပူေဇာ္ခ ခ်ီးျမွင့္ခဲ့ရာမွ ၂၀၁၇ ခုႏွစ္ ႏွစ္ဆန္းပိုင္းကစၿပီး အစီအစဥ္တစ္ခုကို ဥာဏ္ပူေဇာ္ခ ၄ သိန္း အထိ တုိးျမွင့္ၿပီး ခ်ီးျမွင့္ေပးေနပါတယ္။

၅။ ေနာက္စြပ္စြဲခ်က္တစ္ခုျဖစ္တဲ့ သီခ်င္းေတြ ျပန္ကူးတဲ့အခါ ပုိက္ဆံအရမ္းေပးရတယ္၊ ေရအရမ္း လွ်ံရတယ္ဆိုၿပီး စြပ္စြဲေျပာဆိုမႈနဲ႕ ပတ္သက္လို႕ ျပင္ပအႏုပညာရွင္မ်ားက သီခ်င္းေတြလာကူးရင္ တရား၀င္စာတင္ၿပီး ခြင့္ျပဳခ်က္ရပါက ခ်က္ခ်င္းကူးေပးပါတယ္။ ေခြကူးခအေနနဲ႕လည္း သီခ်င္း သုံးေလးပုဒ္ပါအစီအစဥ္တစ္ခုကို ေငြက်ပ္ ၂၀၀၀ ပဲ ေပးသြင္းဖုိ႕ တရား၀င္သတ္မွတ္ထားပါတယ္။ ဌာနအတြက္ အစီအစဥ္လာရိုက္ကူးတဲ့သူေတြက သီခ်င္းကူးယူရင္၊ ဌာနအစီအစဥ္အတြက္ သုံးရင္ ေတာ့ အခမဲ့ ေဆာင္ရြက္ေပးပါတယ္။ ဆရာ့အေနနဲ႕ ေငြအမ်ားႀကီးေပးရတယ္ဆုိရင္လည္း ဘယ္ သူ႕ကို ဘယ္ေလာက္၊ ဘာကိစၥအတြက္၊ ဘယ္တုန္းက ေပးရတယ္ဆိုတာကို အေထာက္အထားနဲ႕ တိတိက်က် တုိင္ၾကားရင္ အေရးယူေပးမွာ ျဖစ္ပါတယ္။

၆။ ဆရာေျပာတဲ့အခ်က္ေတြထဲက ဆီးသီးဘန္းေမွာက္တယ္ဆုိတာနဲ႔၊ ပိုက္ဆံမေပးရင္ လူေဟာင္း ေတြနဲ႕ သြားေနတဲ့ ဘယ္၀န္ႀကီးဌာနမွာမွ မရဘူး ၊ ပိုက္ဆံေပးရတာခ်ည္းပဲ ဆိုတဲ့ စကားနဲ႕ ပတ္သက္ၿပီးေတာ့ လာဘ္ေပးလာဘ္ယူမႈရွိတယ္ဆိုရင္ အဂတိလုိက္စားမႈတုိက္ဖ်က္ ေရးေကာ္မရွင္ အပါအ၀င္ သက္္ဆိုင္ရာဌာနမ်ားကို တိတိက်က် တုိင္ၾကားလို႕ရပါတယ္။ အဲဒီလိုမတုိင္ၾကားဘဲ ၀န္ႀကီး ဌာနအားလုံးက ၀န္ထမ္းေတြကို သိမ္းက်ဳံးၿပီး အခုလို စြပ္စြဲေျပာဆုိတာကေတာ့ ဌာနအသီးသီးနဲ႕ ၀န္ထမ္းေတြရဲ႕ ဂုဏ္သိကၡာ ထိခုိက္နစ္နာေအာင္ျပဳလုပ္တယ္ဆိုတာကို ဆရာ့အေနနဲ႕ သတိျပဳသင့္ပါ တယ္။

၇။ MRTV နဲ႕ ပတ္သက္ၿပီး အခုလို စြပ္စြဲေျပာၾကားခဲ့တဲ့အခ်က္ေတြနဲ႕ ပတ္သက္လုိ႕ MRTV က တာ၀န္ရွိသူတစ္ဦးဦးကို ႏႈတ္ျဖင့္ ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ၊ တယ္လီဖုန္းျဖင့္ ျဖစ္ေစ ဆရာဆက္သြယ္ ေမးျမန္းေဆြးေႏြးေျပာၾကားခဲ့ဖူးျခင္း ရွိပါသလား။ အဲဒီလို ဆက္သြယ္ေျပာၾကား ခဲ့ပါလွ်က္နဲ႕ ဌာနဘက္ က ေျဖရွင္းေဆာင္ရြက္ေပးမႈ မရွိခဲ့တာလားဆုိတာကိုလည္း ကြဲကြဲျပားျပား သိလိုပါတယ္။

၈။ ဒီေန႕အခ်ိန္မွာ ဌာနတစ္ခုကုိပဲျဖစ္ေစ၊ လူပုဂၢိဳလ္တစ္ဦးကိုျဖစ္ေစ လြတ္လပ္စြာ ေျပာဆိုႏိုင္တဲ့ ေနရာေတြ၊ လြတ္လပ္စြာ ေျပာဆိုႏိုင္တဲ့အခြင့္အေရးေတြ၊ အျခားနည္းလမ္းေတြ အမ်ားႀကီးရွိေနပါလ်က္ နဲ႕ ယခုကဲ့သို႕ ရုပ္ျမင္သံၾကားလုိင္းေပါင္းမ်ားစြာမွ တုိက္ရုိက္ (Live) ထုတ္လႊင့္ေနခ်ိန္မွာ ခ်င့္ခ်ိန္ႏိုင္မႈ အားနည္းစြာနဲ႕ ထင္ျမင္ရာ စြပ္စြဲေျပာဆိုခဲ့တာဟာ ဆရာရဲ႕ ဂုဏ္သိကၡာကိုလည္း ထိခုိက္နစ္နာမႈျဖစ္ ေစတယ္လို႕ ျမင္ပါတယ္။ MRTV မွ ၀န္ထမ္းေတြဟာ ၀န္ထမ္း စည္းမ်ဥ္းစည္းကမ္း၊ က်င့္၀တ္ေတြကို အစဥ္တစို္က္လုိိက္နာၿပီး ကၽြမ္းက်င္ရာ လိမၼာ၊ ၀ါသနာ၊ ပညာ၊ ေစတနာအရင္းခံၿပီး ႏိုင္ငံနဲ႕လူမ်ဳိး အက်ဴိးအတြက္ ျပန္ၾကားေပးျခင္း၊ ပညာေပးျခင္း၊ ေဖ်ာ္ေျဖေပးျခင္းတို႕အျပင္ ျမန္မာ့ဂီတဖြံ႕ၿဖိဳး တုိးတက္ေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္ပါေၾကာင္း ျဖည့္စြက္ ေျပာၾကားလိုပါတယ္။

၉။ MRTV နဲ႕ ဆရာတုိ႕ဟာ ႏွစ္ဦးႏွစ္ဖက္ ဆက္ဆံေရးရွည္လ်ားခိုင္မာစြာ ရွိလ်က္နဲ႕ ယခုကဲ့သို႕ မဟုတ္မမွန္ စြပ္စြဲေျပာဆိုခဲ့ျခင္းအေပၚ ျပန္လည္ေျဖရွင္းေပးဖုိ႕ ေတာင္းဆိုလိုိက္ ပါတယ္။

ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား၀န္ထမ္းမ်ား

MOI Webportal Myanmar

(Unicode Version)

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနမှ စန္ဒရား တင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာ

သို့ ဆရာ စန္ဒရားတင်ဝင်းလှိုင်ခင်ဗျား

၁။ ၂၃-၃-၂၀၁၈ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Myanmar Event Park မှာ ပြုလုပ်တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားစဉ် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား(MRTV) နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိစေချင်လို့ အခုလို စာရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

၂။ ဆရာပြောတဲ့အထဲက ဗမာသံ မြေကြီးထဲ မြုပ်မသွားအောင် ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် တို့ MRTV က လုပ်နေတာတွေ အများကြီး ရှိပါတယ်။ ဆရာသတိမထားမိလို့ဖြစ်မှာပါ။ အဲဒီအထဲက အကျဉ်းလောက် ထုတ်နုတ်ပြောပြရရင် ရေဒီယိုမှာဆိုရင် ၁၉၄၆ ခုနှစ် ဗမာ့အသံဆိုပြီး စတင်ထုတ်လွွှင့် ကတည်းက မြန်မာ့အနုသုခုမဆိုင်ရာများနဲ့ မြန်မာသံတေး သီချင်းတွေကို စဉ်ဆက်မပြတ် ထုတ်လွှင့် လျက်ရှိပြီး မဟာဂီတ သီချင်းကြီးအစီအစဉ်၊ မြန်မာ့ဇာတ်သဘင်၊ တစ်ခေတ်တစ်ခါက အနှစ်သာရ၊ ဗုဒ္ဓဝင်ဇာတ်တော်ကြီးများ၊ ဇာတ်သဘင်အဖွဲ့ဖျော်ဖြေခန်းများ၊ ဆိုင်းအဖွဲ့ဖျော်ဖြေခန်းများ၊ မြန်မာ့ဓလေ့ တေးသံများ၊ သီချင်းကြီး သရုပ်ဖော်၊ မြန်မာတို့ရဲ့ တေးအစမဟာဂီတ၊ မြန်မာ့အနုသဘင်၊ ဂီတသမား ဂီတစကား၊ ခံစားနားဆင် မြန်မာတေးသံစဉ်၊ မြတ်နိုးစရာကျေးရွာ တေးကဗျာ၊ သူ့ခေတ်သူ့အခါ တေးကမ္ဘာ၊ ရေဒီယိုမူရင်း ရွှေသီချင်းကြေးမုံ စတဲ့ အစီအစဉ်တွေကို တစိုက်မတ်မတ် တစ်နိုင်ငံလုံးကို ထုတ်လွှင့်ပေးနေပါတယ်။

ရုပ်မြင်သံကြားမှာဆိုရင်လည်း ၁၉၈၀ ပြည့်နှစ်က ရောင်စုံရုပ်မြင်သံကြားအစီအစဉ်တွေ စတင်ထုတ်လွှင့်ချိန်မှစပြီး မြန်မာသံ မြန်မာ့ယဉ်ကျေးမှုအနုလက်ရာများနဲ့ ပတ်သက်တဲ့အစီအစဉ် တွေကို ထုတ်လွှွင့်ပေးလျက်ရှိရာမှာ ဆို၊ က၊ ရေး၊ တီး သီချင်းကြီး၊ ဇာတ်တော်ကြီး၊ ဇာတ်ပြောကွက်စိပ်၊ ရုပ်သေးတင်ဆက် ဖျော်ဖြေမှု၊ မှတ်သားစရာ ပြည်သူ့နီတိကျင့်ဝတ်များ၊ (၃၈) ဖြာ မင်္ဂလာ၊ ပန်းဆယ်မျိုး၊ အနုပညာအစီ အစဉ်များ၊ ဂန္တဝင်ခေတ်ဟောင်းတေးများ၊ ဂီတသမား ဂီတစကား၊ နေမဝင်အလှများ၊ ကာလပေါ် တေးများ၊ အနုပညာခန်းရိပ်သာ၊ သုခုမအငြိမ့်သဘင်၊ ၁၂ လရာသီ အငြိမ့်သဘင်၊ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ၊ မှတ်မှတ်ထင်ထင်မြန်မာ့ရုပ်ရှင်၊ သမိုင်းကို ဖော်ပြ နေသော ၀ါကျများ အပြင် ဆရာ ကိုယ်တိုင်ပါဝင်တဲ့ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်တွေကို အစဉ်တစိုက် ကြိုးစားဆောင်ရွက်ထုတ်လွှွင့်လျက်ရှိပါတယ်။ ဆရာစိုးရိမ်သလို ဗမာသံမြေကြီးထဲ မြုပ်မသွားအောင် ဌာနက ဆောင်ရွက်နေတာလေးသိအောင် အကျဉ်းမျှ ပြောပြတာပါ။

၃။ နောက်တစ်ခုက ဆရာပြောသွားတဲ့ RCA ဆိုတဲ့ ဓာတ်ပြားအကြီးကြီးတွေ ဖွင့်တဲ့စက်၊ တိတ် ခွေဖွင့်တဲ့စက် နှစ်ခုမရှိတာ၊ ရေအိုးတွေပဲ တင်ထားတာ ဆယ်စုနှစ်ကျော်သွားပါပြီဆိုတာနဲ့ ပတ်သက် လို့ ပြောပြရရင် ဓာတ်ပြားအကြီး (၁၆ လက်မအရွယ်)ကိုဖွင့်တဲ့ RCA စက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ကတည်းက မြန်မာ့အသံမှာ သုံးခဲ့တဲ့စက်ဖြစ်ပါတယ်။ စက်နဲ့ ပတ်သက်တဲ့အပိုပစ္စည်းကို မူရင်း ကုမ္ပဏီက လုံးဝ မထုတ်တော့ပါဘူး။ ဒါပေမယ့် မိမိတို့ဌာန ဝန်ထမ်းတွေနဲ့ ပြင်ပပညာရှင်တွေ ပူးပေါင်းပြီး ပြုပြင်ထားတာ ရှိတဲ့စက်နှစ်လုံးမှာ ၂၀၁၇ ခုနှစ်ကတည်းက တစ်လုံးပြန်ကောင်းနေပါပြီ။ အဲဒီစက်မှာသုံးတဲ့ အပ်ကိုလည်း မူရင်းမရပေမယ့် သုံးလို့ရတဲ့အပ်ကို ရှာဖွေထားတာ ထိုက်သင့်သ လောက် ရှိပြီး အသုံးပြုနေပါပြီ။

ဒါ့အပြင် ကျန်တဲ့ဓာတ်ပြားဆိုဒ် အသေးမျိုးစုံ ( ၇ လက်မ၊ ၁၀ လက်မ၊ ၁၂ လက်မ) ကို ကူးတဲ့ စက်ဆိုရင်လည်း ခေတ်မီတဲ့စက်တွေနဲ့ အစားထိုးပြီး ဓာတ်ပြားတွေကို ကူး ယူပြီး ဒီဂျစ်တယ်စနစ်နဲ့ Archive ပြုလုပ်လျက်ရှိပါတယ်။ မြန်မာ့အသံက ဓာတ်ပြားနဲ့ အသံသွင်း တိတ်များမှ သီချင်းတွေကို ကူးယူပြီး ဒီဂျစ်တယ်မှှတ်တမ်းအဖြစ် Archive လုပ်ထားတာမှာ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်း အပုဒ်ရေ ၁၂၃၁၄၈ ရှိနေပြီဖြစ်ပါတယ်။ ဒီနေ့အထိလည်း နေ့စဉ် ဒီဂျစ်တယ်မှတ်တမ်းအဖြစ် ကူးယူ ထိန်း သိမ်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။

၄။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို မလွှင့်နိုင်တာ တစ်နှစ်ရှိပြီလို့ ပြောသွားတာနဲ့ ပတ်သက်ပြီး MRTV အနေနဲ့ ဆရာရဲ့ အစီအစဉ်သစ်များ ရိုက်ကူးမထုတ်လွှင့်နိုင်သေးခင် စပ်ကြားမှာ ယခင်ရိုက်ပြီးသား ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ (ဂီတရိပ်သာ – ၁၉၂) ပိုင်းနဲ့ ၎င်းနဲ့ ဆက်စပ်ဂီတ ရိပ်သာ စတဲ့ အခြားသီချင်းတွေကို စုစည်းတင်ဆက်မှု အစီအစဉ်များအပါအဝင် စုုစုပေါင်း အစီအစဉ် ၂၀၉ ခု ရှိပါပြီ။

ဆရာနောက်ဆုံးရိုက်ကူးတဲ့အစီအစဉ်ထုတ်လွှင့်တဲ့ ၃-၇-၂၀၁၇ ရက် (အင်္ဂါနေ့) နောက်ပို်င်းက စတင်လို့ အပတ်စဉ် ယခင်ရိုက်ကူးပြီးအစီအစဉ်တွေကို အင်္ဂါနေ့ ညနေ ၄ နာရီခွဲ အချိန် တိုင်းမှာ ယနေ့အထိ ထုတ်လွှင့်ပြသလျက်ရှိတာကို ဆရာသိလျှက်နဲ့ မလွှင့်နို််င်တာ တစ်နှစ်ရှိပြီလို့ ထည့်သွင်းပြောခဲ့၊ ဆိုခဲ့တဲ့အပေါ်မှာ နားမလည်နိုင်ဘဲ ဖြစ်ရပါတယ်။ ယခုနှစ် ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီး မကျင်းပမီ သုံးရက်အလို ၂၀-၃-၂၀၁၈ ရက်နေ့ကလည်း ဂီတရိပ်သာအပိုင်း ၁၅၂ ကို ထုတ်လွွှင့်ခဲ့ပါသေးတယ်။

ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်သစ်များ ရိုက်ကူးထုတ်လွှင့်ဖို့အတွက် MRTV က ဆရာ့ဆီ အစဉ်တစိုက် ဆက်သွယ်ခဲ့နေခဲ့ပါတယ်။ ၂၇-၆-၂၀၁၇ ရက်နေ့က ဆရာ့သမီးဖြစ်သူနဲ့ အဆက်အသွယ်ရချိန်မှာ ဆရာမျက်စိခွဲစိတ်ကုသဖို့ရှိလို့ တစ်လခန့်ကြာမှာဖြစ်လို့ မရို်က်ဖြစ်သေးကြောင်း ပြောခဲ့ပါတယ်။ ၂၇-၇-၂၀၁၇ ရက်နေ့မှာ ထပ်မံဆက်သွယ်တော့ မျက်စိမခွဲ စိတ်ဖြစ် သေးပေမယ့် ရုပ်ရှင်ကားကြီးအတွက် တေးဂီတများ တီးခတ်ပေးနေရ တယ်၊ ရိုက်ကူးမယ်ဆိုရင် ဆက်သွယ်မယ်လို့ ဆရာ့သမီးက ပြောပါတယ်။

ဒါပေမယ့် ထပ်မံဆက်သွယ် လာခြင်းမရှိလို့ ဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာမှာ ၂၂-၃-၂၀၁၈ ရက်နေ့မှာ ဆရာ့သမီးနဲ့ ဖုန်းဆက်သွယ်မှုထပ်မံရရှိပြီး အကယ်ဒမီ ပွဲကြီးပြီးမှ ရိုက်ကူးမယ်လို့ အကြောင်းပြန်ကြားလာပါတယ်။ ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ အစီအစဉ်ကို MRTV မှာ ရိုက်ကူးခဲ့ရာမှာလည်း သီချင်းသုံးပုဒ် ပါအစီအစဉ်တစ်ခုကို ယခင်က ငွေကျပ် တစ်သိန်းသာ ဉာဏ်ပူဇော်ခ ချီးမြှင့်ခဲ့ရာမှ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အစီအစဉ်တစ်ခုကို ဉာဏ်ပူဇော်ခ ၄ သိန်း အထိ တိုးမြှင့်ပြီး ချီးမြှင့်ပေးနေပါတယ်။

၅။ နောက်စွပ်စွဲချက်တစ်ခုဖြစ်တဲ့ သီချင်းတွေ ပြန်ကူးတဲ့အခါ ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်း လျှံရတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုနဲ့ ပတ်သက်လို့ ပြင်ပအနုပညာရှင်များက သီချင်းတွေလာကူးရင် တရားဝင်စာတင်ပြီး ခွင့်ပြုချက်ရပါက ချက်ချင်းကူးပေးပါတယ်။ ခွေကူးခအနေနဲ့လည်း သီချင်း သုံးလေးပုဒ်ပါအစီအစဉ်တစ်ခုကို ငွေကျပ် ၂၀၀၀ ပဲ ပေးသွင်းဖို့ တရားဝင်သတ်မှတ်ထားပါတယ်။ ဌာနအတွက် အစီအစဉ်လာရိုက်ကူးတဲ့သူတွေက သီချင်းကူးယူရင်၊ ဌာနအစီအစဉ်အတွက် သုံးရင် တော့ အခမဲ့ ဆောင်ရွက်ပေးပါတယ်။ ဆရာ့အနေနဲ့ ငွေအများကြီးပေးရတယ်ဆိုရင်လည်း ဘယ် သူ့ကို ဘယ်လောက်၊ ဘာကိစ္စအတွက်၊ ဘယ်တုန်းက ပေးရတယ်ဆိုတာကို အထောက်အထားနဲ့ တိတိကျကျ တိုင်ကြားရင် အရေးယူပေးမှာ ဖြစ်ပါတယ်။

၆။ ဆရာပြောတဲ့အချက်တွေထဲက ဆီးသီးဘန်းမှောက်တယ်ဆိုတာနဲ့၊ ပိုက်ဆံမပေးရင် လူဟောင်း တွေနဲ့ သွားနေတဲ့ ဘယ်ဝန်ကြီးဌာနမှာမှ မရဘူး ၊ ပိုက်ဆံပေးရတာချည်းပဲ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီးတော့ လာဘ်ပေးလာဘ်ယူမှုရှိတယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင် အပါအဝင် သက််ဆိုင်ရာဌာနများကို တိတိကျကျ တိုင်ကြားလို့ရပါတယ်။ အဲဒီလိုမတိုင်ကြားဘဲ ဝန်ကြီး ဌာနအားလုံးက ဝန်ထမ်းတွေကို သိမ်းကျုံးပြီး အခုလို စွပ်စွဲပြောဆိုတာကတော့ ဌာနအသီးသီးနဲ့ ဝန်ထမ်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နစ်နာအောင်ပြုလုပ်တယ်ဆိုတာကို ဆရာ့အနေနဲ့ သတိပြုသင့်ပါ တယ်။

၇။ MRTV နဲ့ ပတ်သက်ပြီး အခုလို စွပ်စွဲပြောကြားခဲ့တဲ့အချက်တွေနဲ့ ပတ်သက်လို့ MRTV က တာဝန်ရှိသူတစ်ဦးဦးကို နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ဖြစ်စေ ဆရာဆက်သွယ် မေးမြန်းဆွေးနွေးပြောကြားခဲ့ဖူးခြင်း ရှိပါသလား။ အဲဒီလို ဆက်သွယ်ပြောကြား ခဲ့ပါလျှက်နဲ့ ဌာနဘက် က ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့တာလားဆိုတာကိုလည်း ကွဲကွဲပြားပြား သိလိုပါတယ်။

၈။ ဒီနေ့အချိန်မှာ ဌာနတစ်ခုကိုပဲဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ နေရာတွေ၊ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့အခွင့်အရေးတွေ၊ အခြားနည်းလမ်းတွေ အများကြီးရှိနေပါလျက် နဲ့ ယခုကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းများစွာမှ တိုက်ရိုက် (Live) ထုတ်လွှင့်နေချိန်မှာ ချင့်ချိန်နိုင်မှု အားနည်းစွာနဲ့ ထင်မြင်ရာ စွပ်စွဲပြောဆိုခဲ့တာဟာ ဆရာရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်နစ်နာမှုဖြစ် စေတယ်လို့ မြင်ပါတယ်။ MRTV မှ ဝန်ထမ်းတွေဟာ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်တွေကို အစဉ်တစို်က်လိုိက်နာပြီး ကျွမ်းကျင်ရာ လိမ္မာ၊ ၀ါသနာ၊ ပညာ၊ စေတနာအရင်းခံပြီး နိုင်ငံနဲ့လူမျိုး အကျိူးအတွက် ပြန်ကြားပေးခြင်း၊ ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်းတို့အပြင် မြန်မာ့ဂီတဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားလိုပါတယ်။

၉။ MRTV နဲ့ ဆရာတို့ဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးရှည်လျားခိုင်မာစွာ ရှိလျက်နဲ့ ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲပြောဆိုခဲ့ခြင်းအပေါ် ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုလိိုက် ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများ

MOI Webportal Myanmar