ခြင့္မေတာင္းဘဲ ဖုန္းယူသံုးသည့္ လုပ္ေဖာ္ကိုင္ဖက္ကို သံတုတ္ျဖင့္ ႐ိုက္သတ္

လိႈင္သာယာၿမိဳ႕နယ္တြင္ သံတုတ္ျဖင့္ ရိုက္ႏွက္သျဖင့္ ေသဆံုးသြားသည့္အမႈမွ ျပစ္မႈက်ဴးလြန္သူကို ရဲတပ္ဖဲြ႕၀င္မ်ားက အခ်ိန္တိုအတြင္း ဖမ္းဆီးရမိ

ရန္ကုန္၊ မတ္ ၂၇

၂၆.၃.၂၀၁၈ ရက္ေန႔ ညေန ၁၅း၃၀ နာရီ အခ်ိန္တြင္ ဧရာ၀တီတိုင္းေဒသႀကီးေန သေဘၤာပဲ့နင္းျဖစ္သူ ဦး—သည္ ၎ေမာင္းႏွင္ေသာ သေဘၤာမွာ လိႈင္သာယာၿမိဳ႕နယ္၊ အျပင္ပဒံေက်းရြာရွိ သဲကြင္းတြင္ သေဘၤာမွေက်ာက္စရစ္ခဲမ်ားခ်ေနစဥ္

သေဘၤာ၏ေနာက္ဘက္ လုပ္သားမ်ားနားေနတဲအတြင္း၌ လုပ္သားျဖစ္သူ အငယ္ေလး(ခ)ထက္ထက္ေအာင္ (၂၁)ႏွစ္မွာ ဒဏ္ရာမ်ားရရွိကာ လဲက်ေနေၾကာင္းႏွင့္ ၎အား အတူအလုပ္ လုပ္ကိုင္သူ ထက္ျမတ္ေအာင္(ခ)ထက္ျမတ္မွ စကားမ်ားရန္ျဖစ္စဥ္ သံတုတ္ျဖင့္ရိုက္ႏွက္၍ အငယ္ေလး(ခ) ထက္ထက္ေအာင္၏ ဦးေခါင္းထိပ္ ေပါက္ၿပဲဒဏ္ရာ ၁ခ်က္ ၊ ၀ဲခ်ိဳေစာင္းေပါက္ၿပဲဒဏ္ရာ ၁ ခ်က္၊ ေနာက္ေစ့ ေပါက္ၿပဲဒဏ္ရာ ၁ ခ်က္တို႔ရာရွိသျဖင့္ လိႈင္သာယာေဆးရံုသို႔ ပို႔အပ္စဥ္ ေသဆံုးသြားခဲ့ေၾကာင္း သိရွိရသျဖင့္

ယင္းသို႔ က်ဴးလြန္သူအား အေရး ယူေပးရန္ တိုင္တန္းခ်က္အရ လိႈင္သာယာၿမိဳ႕နယ္၊ ေသာင္ႀကီးနယ္ ေျမရဲစခန္း(ပ)၃၀၅/၂၀၁၈၊ ရာဇသတ္ ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့သည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူကို လိႈင္သာယာၿမိဳ႕နယ္ရဲတပ္ဖဲြ႕မွ တပ္ဖဲြ႕၀င္မ်ားက နယ္ေျမအတြင္း ပိတ္ဆို႔ရွာေဖြ ဖမ္းဆီးခဲ့ရာ ညေန ၁၈း၃၀ နာရီအခ်ိန္တြင္ျပစ္မႈက်ဴးလြန္သူ ထက္ျမတ္ေအာင္(ခ)ထက္ျမတ္၊ (၁၉)ႏွစ္အား လိႈင္သာယာၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္အတြင္းမွ ဖမ္းဆီး ရမိခဲ့ပါသည္။

ဖမ္းဆီးရမိသူ ထက္ျမတ္ေအာင္(ခ)ထက္ျမတ္အား စစ္ေဆးရာ ေသဆံုးသူ အငယ္ေလး(ခ)ထက္ထက္ေအာင္ မွာ ၂၅.၃.၂၀၁၈ ရက္ေန႔ ည ၂၂း၀၀ နာရီ အခ်ိန္တြင္ အခင္းျဖစ္သေဘၤာေပၚတြင္အတူရွိေနစဥ္ ၎ပိုင္ လက္ကိုင္ဖုန္းအားခြင့္ေတာင္းယူျခင္းမရွိဘဲ အသံုးျပဳခဲ့သျဖင့္ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊

၂၆.၃.၂၀၁၈ ရက္ေန႔ ၁၃း၅၀ နာရီ အခ်ိန္တြင္ အဆိုပါ သေဘၤာေပၚ၌ ၎တို႔ႏွစ္ဦး ထပ္မံစကားမ်ားရန္ျဖစ္စဥ္ အလ်ား (၂)ေပ၊ အခ်င္း(၂)လက္မခန္႔ရွိ သံပိုက္လံုးျဖင့္ ရိုက္ႏွက္ခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ထက္ျမတ္ေအာင္(ခ) ထက္ျမတ္အား အမႈျဖင့္အေရးယူ ေဆာင္ ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Source : Yangon Police

(Unicode Version)

လှိုင်သာယာမြို့နယ်တွင် သံတုတ်ဖြင့် ရိုက်နှက်သဖြင့် သေဆုံးသွားသည့်အမှုမှ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၈ ရက်နေ့ ညနေ ၁၅း၃၀ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးနေ သင်္ဘောပဲ့နင်းဖြစ်သူ ဦး—သည် ၎င်းမောင်းနှင်သော သင်္ဘောမှာ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာရှိ သဲကွင်းတွင် သင်္ဘောမှကျောက်စရစ်ခဲများချနေစဉ်

သင်္ဘော၏နောက်ဘက် လုပ်သားများနားနေတဲအတွင်း၌ လုပ်သားဖြစ်သူ အငယ်လေး(ခ)ထက်ထက်အောင် (၂၁)နှစ်မှာ ဒဏ်ရာများရရှိကာ လဲကျနေကြောင်းနှင့် ၎င်းအား အတူအလုပ် လုပ်ကိုင်သူ ထက်မြတ်အောင်(ခ)ထက်မြတ်မှ စကားများရန်ဖြစ်စဉ် သံတုတ်ဖြင့်ရိုက်နှက်၍ အငယ်လေး(ခ) ထက်ထက်အောင်၏ ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၁ချက် ၊ ဝဲချိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက်တို့ရာရှိသဖြင့် လှိုင်သာယာဆေးရုံသို့ ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသဖြင့်

ယင်းသို့ ကျူးလွန်သူအား အရေး ယူပေးရန် တိုင်တန်းချက်အရ လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ် မြေရဲစခန်း(ပ)၃၀၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူကို လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ ညနေ ၁၈း၃၀ နာရီအချိန်တွင်ပြစ်မှုကျူးလွန်သူ ထက်မြတ်အောင်(ခ)ထက်မြတ်၊ (၁၉)နှစ်အား လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်အတွင်းမှ ဖမ်းဆီး ရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထက်မြတ်အောင်(ခ)ထက်မြတ်အား စစ်ဆေးရာ သေဆုံးသူ အငယ်လေး(ခ)ထက်ထက်အောင် မှာ ၂၅.၃.၂၀၁၈ ရက်နေ့ ည ၂၂းဝ၀ နာရီ အချိန်တွင် အခင်းဖြစ်သင်္ဘောပေါ်တွင်အတူရှိနေစဉ် ၎င်းပိုင် လက်ကိုင်ဖုန်းအားခွင့်တောင်းယူခြင်းမရှိဘဲ အသုံးပြုခဲ့သဖြင့် စကားများရန်ဖြစ်ခဲ့ကြောင်း၊

၂၆.၃.၂၀၁၈ ရက်နေ့ ၁၃း၅၀ နာရီ အချိန်တွင် အဆိုပါ သင်္ဘောပေါ်၌ ၎င်းတို့နှစ်ဦး ထပ်မံစကားများရန်ဖြစ်စဉ် အလျား (၂)ပေ၊ အချင်း(၂)လက်မခန့်ရှိ သံပိုက်လုံးဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထက်မြတ်အောင်(ခ) ထက်မြတ်အား အမှုဖြင့်အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source : Yangon Police