သင့္အိမ္မွာ မေကာင္းတဲ့ အေငြ႕အသက္ေတြ ႐ွိေနရင္ ဒီလိုေလး လုပ္ေပးပါ

အိမ္မွာေနရတာ ၿငီးစီစီႀကီး၊ တစ္မ်ိဳးႀကီး ျဖစ္ေနတယ္လို႔ သင္ခံစားေနရပါသလား။ အိမ္ ထဲမွာ သင္မျမင္နိုင္တဲ့ မေကာင္းတဲ့ အေငြ႕အသက္ေတြ တစ္ခါတစ္ရံ ရွိေနတတ္ပါတယ္။ ဒါကိုဖ်က္ၿပီး ေနခ်င္စရာေကာင္းတဲ့ အိမ္ေလးျဖစ္ဖို႔ ေအာက္ပါ ရိုးရွင္းတဲ့နည္းကို သုံးနိုင္ပါတယ္။

နည္းလမ္းကေတာ့ ဖန္ခြက္ တစ္ခြက္ရယ္၊ ဆားရယ္၊ ဗီနီဂါရည္ရယ္ပဲ လိုတယ္လို႔ ဆိုပါတယ္။ ဖန္ခြက္ထဲ ဆားအနည္းငယ္၊ ေရအနည္းငယ္၊ ဗီနီဂါရည္အနည္းငယ္ကို ေရာထည့္ၿပီး အိမ္ရဲ႕ ဧည့္ခန္းျဖစ္ျဖစ္၊ အိပ္ခန္းျဖစ္ျဖစ္ သင္အလိုရွိတဲ့ ေနရာမွာ ထားထားပါ။

တစ္ရက္ၾကာေအာင္ ထားရမွာ ျဖစ္ပါတယ္။ ၂၄ နာရီ ျပည့္တဲ့အခါ ဖန္ခြက္ကို ျပန္လာစစ္ပါ။ ဆား အေျခအေနကို ၾကည့္ပါ။ ဆားေတြက အေပၚကို တက္ေနတယ္၊ ဒါမွမဟုတ္ ေရလွ်ံက်ေနမယ္ဆိုရင္ အဆိုပါ နည္းလမ္းအတိုင္း ထပ္မံျပဳလုပ္ၿပီးထားပါ။ ဆားေတြအေပၚတက္တာရပ္တဲ့အထိ ထားရမွာျဖစ္ပါတယ္။

အိမ္ထဲ လူမျမင္တဲ့ ေနရာမွာထားရင္ မေကာင္းတဲ့အေငြ႕အသက္ေတြ စုပ္ယူေပးၿပီး အိမ္မွာေနရတာ ပိုၿပီး ေပ်ာ္ဖို႔ ေကာင္းလာလိမ့္မယ္လို႔ ဆိုပါတယ္။

Credit : မူရင္းေရးသားသူ

(Unicode Version)

သင့်အိမ်မှာ မကောင်းတဲ့ အငွေ့အသက်တွေ ရှိနေရင် ဒီလိုလေး လုပ်ပေးပါ

အိမ်မှာနေရတာ ငြီးစီစီကြီး၊ တစ်မျိုးကြီး ဖြစ်နေတယ်လို့ သင်ခံစားနေရပါသလား။ အိမ် ထဲမှာ သင်မမြင်နိုင်တဲ့ မကောင်းတဲ့ အငွေ့အသက်တွေ တစ်ခါတစ်ရံ ရှိနေတတ်ပါတယ်။ ဒါကိုဖျက်ပြီး နေချင်စရာကောင်းတဲ့ အိမ်လေးဖြစ်ဖို့ အောက်ပါ ရိုးရှင်းတဲ့နည်းကို သုံးနိုင်ပါတယ်။

နည်းလမ်းကတော့ ဖန်ခွက် တစ်ခွက်ရယ်၊ ဆားရယ်၊ ဗီနီဂါရည်ရယ်ပဲ လိုတယ်လို့ ဆိုပါတယ်။ ဖန်ခွက်ထဲ ဆားအနည်းငယ်၊ ရေအနည်းငယ်၊ ဗီနီဂါရည်အနည်းငယ်ကို ရောထည့်ပြီး အိမ်ရဲ့ ဧည့်ခန်းဖြစ်ဖြစ်၊ အိပ်ခန်းဖြစ်ဖြစ် သင်အလိုရှိတဲ့ နေရာမှာ ထားထားပါ။

တစ်ရက်ကြာအောင် ထားရမှာ ဖြစ်ပါတယ်။ ၂၄ နာရီ ပြည့်တဲ့အခါ ဖန်ခွက်ကို ပြန်လာစစ်ပါ။ ဆား အခြေအနေကို ကြည့်ပါ။ ဆားတွေက အပေါ်ကို တက်နေတယ်၊ ဒါမှမဟုတ် ရေလျှံကျနေမယ်ဆိုရင် အဆိုပါ နည်းလမ်းအတိုင်း ထပ်မံပြုလုပ်ပြီးထားပါ။ ဆားတွေအပေါ်တက်တာရပ်တဲ့အထိ ထားရမှာဖြစ်ပါတယ်။

အိမ်ထဲ လူမမြင်တဲ့ နေရာမှာထားရင် မကောင်းတဲ့အငွေ့အသက်တွေ စုပ်ယူပေးပြီး အိမ်မှာနေရတာ ပိုပြီး ပျော်ဖို့ ကောင်းလာလိမ့်မယ်လို့ ဆိုပါတယ်။

Credit : မူရင်းရေးသားသူ

ကမ႓ာေပၚက အႀကီးဆံုး ၾကာပင္