ထုိင္းႏိုင္ငံမွာ ၈ ေလာင္းၿပိဳင္ လူသတ္မႈ က်ဴးလြန္သူ ၆ ဦးကုိ ေသဒဏ္ခ်မွတ္

ထုိင္းႏုိင္ငံေတာင္ပုိင္း ကရာဘီခရုိင္မွာ ၂၀၁၇ ခုႏွစ္ ဇူလုိင္လက ျဖစ္ပြားခဲ့တဲ့ ရြာသူႀကီးတစ္ဦးနဲ႔ သူ႔မိသားစုဝင္ ၇ ဦး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ ျပစ္မႈက်ဴးလြန္သူ ၆ ဦးကုိ တရားရံုးက ဒီကေန႔ ေသဒဏ္အမိန္႔ ခ်မွတ္လုိက္ပါတယ္။

ရြာသူႀကီးရဲ႕မိသားစုကုိ ေသနတ္သမားေတြက ဖမ္းဆီးေခၚေဆာင္သြားၿပီး၊ ရြာသူႀကီးေရာက္လာတဲ့အထိ နာရီအတန္ၾကာေအာင္ ျပန္ေပးဆြဲထားခဲ့တာပါ။ ရြာသူႀကီးေရာက္လာတဲ့အခါ သူနဲ႔တကြ မိသားစုဝင္ ၇ ဦးရဲ႕ ဦးေခါင္းေတြကုိ ပစၥတုိေသနတ္ေတြနဲ႔ ပစ္ခတ္သတ္ျဖတ္ခဲ့ပါတယ္။ အဲဒီ ၈ ေလာင္းၿပိဳင္ လူသတ္မႈႀကီးဟာ ထုိင္းျပည္သူလူထုအၾကား အံ့အားတုန္လႈပ္သြားေစခဲ့တဲ့ အထင္ကရ ျဖစ္ရပ္တစ္ခုလည္း ျဖစ္ပါတယ္။

ရြာသူႀကီးနဲ႔ ေသနတ္သမားေခါင္းေဆာင္တုိ႔အၾကား ေျမယာပုိင္ဆုိင္မႈအျငင္းပြားရာက အခုလုိ လူသတ္မႈႀကီးျဖစ္ပြားခဲ့တာလုိ႔ ဆုိပါတယ္။ ဒီသတ္ျဖတ္မႈအတြင္း ဒဏ္ရာရရွိသူ ၃ ဦးရွိခဲ့ေပမယ့္ အသက္ရွင္သန္ခဲ့ပါတယ္။ ေသဆံုးသူေတြထဲမွာ အမ်ိဳးသမီးေတြပါဝင္သလုိ အသက္ ၄ ႏွစ္၊ ၈ ႏွစ္နဲ႔ ၁၁ ႏွစ္အရြယ္ မိန္းကေလးငယ္ေတြလည္း ပါဝင္ပါတယ္။

ထုိင္းႏုိင္ငံမွာ အခုလုိ ေသဒဏ္အမိန္႔ခ်မွတ္တာ ဆက္ရွိေနဆဲဆုိေပမယ့္ ၂၀၀၉ ခုႏွစ္ကစလုိ႔ အက်ဥ္းသားေတြကုိ ေသဒဏ္ကြပ္မ်က္မႈ မရွိပါဘူး။

Source : RFA Burmese

(Unicode Version)

ထိုင်းနိုင်ငံမှာ ၈ လောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ၆ ဦးကို သေဒဏ်ချမှတ်

ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်မှာ ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ရွာသူကြီးတစ်ဦးနဲ့ သူ့မိသားစုဝင် ၇ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူ ၆ ဦးကို တရားရုံးက ဒီကနေ့ သေဒဏ်အမိန့် ချမှတ်လိုက်ပါတယ်။

ရွာသူကြီးရဲ့မိသားစုကို သေနတ်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ရွာသူကြီးရောက်လာတဲ့အထိ နာရီအတန်ကြာအောင် ပြန်ပေးဆွဲထားခဲ့တာပါ။ ရွာသူကြီးရောက်လာတဲ့အခါ သူနဲ့တကွ မိသားစုဝင် ၇ ဦးရဲ့ ဦးခေါင်းတွေကို ပစ္စတိုသေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီ ၈ လောင်းပြိုင် လူသတ်မှုကြီးဟာ ထိုင်းပြည်သူလူထုအကြား အံ့အားတုန်လှုပ်သွားစေခဲ့တဲ့ အထင်ကရ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

ရွာသူကြီးနဲ့ သေနတ်သမားခေါင်းဆောင်တို့အကြား မြေယာပိုင်ဆိုင်မှုအငြင်းပွားရာက အခုလို လူသတ်မှုကြီးဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီသတ်ဖြတ်မှုအတွင်း ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ပေမယ့် အသက်ရှင်သန်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေပါဝင်သလို အသက် ၄ နှစ်၊ ၈ နှစ်နဲ့ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တွေလည်း ပါဝင်ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလို သေဒဏ်အမိန့်ချမှတ်တာ ဆက်ရှိနေဆဲဆိုပေမယ့် ၂၀၀၉ ခုနှစ်ကစလို့ အကျဉ်းသားတွေကို သေဒဏ်ကွပ်မျက်မှု မရှိပါဘူး။

Source : RFA Burmese