တ႐ုတ္ၿဂိဳလ္တု ပ်က္က်လာႏိုင္သည့္ ဧရိယာအတြင္း ျမန္မာႏိုင္ငံ ပါ၀င္ေန

တ႐ုတ္ၿဂိဳလ္တု ပ်က္က်လာႏိုင္သည့္ ဧရိယာအတြင္း ျမန္မာႏိုင္ငံ ပါ၀င္ေန

ေတာင္ကိုရီးယားအစိုးရ အနီးကပ္ေစာင့္ၾကည့္ေနၿပီး သတိေပးခ်က္ ထုတ္ျပန္ထား

သက္တမ္းကုန္ဆံုး၍ အာကာသအတြင္းမွကမၻာေျမျပင္ ေပၚသုိ႔ ျပန္လည္ပ်က္က်လာသည့္ တရုတ္ၿဂိဳဟ္တု Tiangong 1မွာ မတ္၃၁မွ ဧၿပီ ၁အတြင္းကမၻာေျမေပၚသုိ႔က်ဆင္းလာမည္ဟု ခန္႔မွန္းထားၾကျခင္းႏွင့္အတူ ေတာင္ကိုရီးယားအာဏာပိုင္မ်ားကလည္း ျပည္သူမ်ားကို သတိေပးခ်က္ထုတ္ျပန္ထားသည္။

ေတာင္ကိုရီးယားအစိုးရ၏ သိပၸံႏွင့္သတင္းအခ်က္အလက္နည္းပညာဆက္သြယ္ေရးဌာနက အဆိုပါၿဂိဳဟ္တုမွာ ေတာင္ကိုရီယားေဒသစံေတာ္ခ်ိန္ တနဂၤေႏြေန႔ ညေန ၆နာရီ ၃မိနစ္မွတနလၤာေန႔ နံနက္ ၂ နာရီ၃မိနစ္အတြင္း ကမၻာေျမေပၚသုိ႔ က်လာမည္ဟု ခန္႔မွန္းထားသလိုျပည္သူမ်ားကို သတိေပးထားျခင္း ျဖစ္သည္။

အဆိုပါၿဂိဳဟ္တုကို တရုတ္အာဏာပိုင္မ်ားက၂၀၁၁ စက္တင္ဘာ ၂၉ေန ့တြင္ ကမၻာပတ္လမ္းအတြင္းသုိ႔ Long March 2F/G ဒံုးပ်ံျဖင့္လႊတ္တင္ခဲ့ျခင္းျဖစ္သည္။ အခ်င္း ၁၁ ေပ အလ်ား ၃၁ ေပ ၁ လက္မ အေလးခ်ိန္၁၈၇၅၃ ေပါင္ရွိကာ သက္တမ္းကုန္ဆံုးျပီးေနာက္ မတ္၂၉ တြင္ ေနာက္ဆံုးအဆက္အသြယ္ရခဲ့သည္။အာကာသအတြင္းသို ့ ကမၻာ့ႏိုင္ငံမ်ားမွလႊတ္တင္သည့္ျဂိဳဟ္တု အမွတ္ ၃၇၃၄၄ ျဖစ္ျပီး ယေန ့ (မတ္၃၀) တြင္ လႊတ္တင္မွု ့သက္တမ္း ၆ႏွစ္ ၁၈၂ ရက္ၾကာရွိခဲ့သည္။

တရုတ္အာဏာပိုင္မ်ားက အဆုိပါၿဂိဳဟ္တုပ်က္ႏွင့္ပတ္သက္ၿပီး စိုးရိမ္စရာမရွိဘဲ ကမၻာ့ေလထုအတြင္းဝင္ေရာက္လာခ်ိန္တြင္ အံ့ဖြယ္ျမင္ကြင္းမ်ား ျမင္ေတြ ့ရမည္ဟုသတင္းထုတ္ျပန္ထားေသာ္လည္း အေမရိကန္ မစ္ခ်ီကန္ အေရးေပၚစီမံခန္႔ခြဲမႈ ဌာနအပါအ၀င္ ေတာင္ကိုရီးယားအစိုးရကပါ ေစာင့္ၾကည့္ေနၾကသည္။က်ြမ္းက်င္သူမ်ား၏ ခန္႔မွန္းသံုးသပ္မႈမ်ားအရ အဆိုပါျဂိဳဟ္တုမွာ တစ္နာရီ ၁၇၀၀၀ ႏွုန္းျဖင့္ ကမၻာေပၚသို ့က်ဆငင္းလာေနသည္ဟု ဆိုသည္။

ၿဂိဳဟ္တုပ်က္ က်လာႏိုင္သည့္ ဧရိယာမ်ားကိုေဖာ္ျပခဲ့ရာတြင္ ျမန္မာႏိုင္ငံလည္းပါ၀င္ေနၿပီးက်ေရာက္လာႏိုင္သည့္ ျဖစ္ႏိုင္ေျခအမ်ားဆံုးေနရာမွာ ၾသစေၾတးလ်ေတာင္ပိုင္းႏွင့္ အေမရိကန္ႏိုင္ငံေျမာက္ပုိင္း၏ ေတာင္ပိုင္းေဒသမ်ားျဖစ္သည္ဟု ယူဆေနၾကသည္။တရုတ္မွာ ကမၻာပတ္လမ္းအတြင္းသို ့ Tianging 2 ျဂိဳဟ္တုကို ၂၀၁၆ စက္တင္ဘာအတြင္းက ထပ္မံလႊတ္တင္ထားေသးသည္။

Source : The Ladies News

(Unicode Version)

တရုတ်ဂြိုလ်တု ပျက်ကျလာနိုင်သည့် ဧရိယာအတွင်း မြန်မာနိုင်ငံ ပါဝင်နေ

တောင်ကိုရီးယားအစိုးရ အနီးကပ်စောင့်ကြည့်နေပြီး သတိပေးချက် ထုတ်ပြန်ထား

သက်တမ်းကုန်ဆုံး၍ အာကာသအတွင်းမှကမ္ဘာမြေပြင် ပေါ်သို့ ပြန်လည်ပျက်ကျလာသည့် တရုတ်ဂြိုဟ်တု Tiangong 1မှာ မတ်၃၁မှ ဧပြီ ၁အတွင်းကမ္ဘာမြေပေါ်သို့ကျဆင်းလာမည်ဟု ခန့်မှန်းထားကြခြင်းနှင့်အတူ တောင်ကိုရီးယားအာဏာပိုင်များကလည်း ပြည်သူများကို သတိပေးချက်ထုတ်ပြန်ထားသည်။တောင်ကိုရီးယားအစိုးရ၏ သိပ္ပံနှင့်သတင်းအချက်အလက်နည်းပညာဆက်သွယ်ရေးဌာနက အဆိုပါဂြိုဟ်တုမှာ တောင်ကိုရီယားဒေသစံတော်ချိန် တနင်္ဂနွေနေ့ ညနေ ၆နာရီ ၃မိနစ်မှတနင်္လာနေ့ နံနက် ၂ နာရီ၃မိနစ်အတွင်း ကမ္ဘာမြေပေါ်သို့ ကျလာမည်ဟု ခန့်မှန်းထားသလိုပြည်သူများကို သတိပေးထားခြင်း ဖြစ်သည်။

အဆိုပါဂြိုဟ်တုကို တရုတ်အာဏာပိုင်များက၂၀၁၁ စက်တင်ဘာ ၂၉နေ ့တွင် ကမ္ဘာပတ်လမ်းအတွင်းသို့ Long March 2F/G ဒုံးပျံဖြင့်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။အချင်း ၁၁ ပေ အလျား ၃၁ ပေ ၁ လက်မ အလေးချိန်၁၈၇၅၃ ပေါင်ရှိကာ သက်တမ်းကုန်ဆုံးပြီးနောက် မတ်၂၉ တွင် နောက်ဆုံးအဆက်အသွယ်ရခဲ့သည်။အာကာသအတွင်းသို ့ ကမ္ဘာ့နိုင်ငံများမှလွှတ်တင်သည့်ဂြိုဟ်တု အမှတ် ၃၇၃၄၄ ဖြစ်ပြီး ယနေ ့ (မတ်၃၀) တွင် လွှတ်တင်မှု ့သက်တမ်း ၆နှစ် ၁၈၂ ရက်ကြာရှိခဲ့သည်။

တရုတ်အာဏာပိုင်များက အဆိုပါဂြိုဟ်တုပျက်နှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိဘဲ ကမ္ဘာ့လေထုအတွင်းဝင်ရောက်လာချိန်တွင် အံ့ဖွယ်မြင်ကွင်းများ မြင်တွေ ့ရမည်ဟုသတင်းထုတ်ပြန်ထားသော်လည်း အမေရိကန် မစ်ချီကန် အရေးပေါ်စီမံခန့်ခွဲမှု ဌာနအပါအဝင် တောင်ကိုရီးယားအစိုးရကပါ စောင့်ကြည့်နေကြသည်။ကျွမ်းကျင်သူများ၏ ခန့်မှန်းသုံးသပ်မှုများအရ အဆိုပါဂြိုဟ်တုမှာ တစ်နာရီ ၁၇၀၀၀ နှုန်းဖြင့် ကမ္ဘာပေါ်သို ့ကျဆငင်းလာနေသည်ဟု ဆိုသည်။

ဂြိုဟ်တုပျက် ကျလာနိုင်သည့် ဧရိယာများကိုဖော်ပြခဲ့ရာတွင် မြန်မာနိုင်ငံလည်းပါဝင်နေပြီးကျရောက်လာနိုင်သည့် ဖြစ်နိုင်ခြေအများဆုံးနေရာမှာ သြစတြေးလျတောင်ပိုင်းနှင့် အမေရိကန်နိုင်ငံမြောက်ပိုင်း၏ တောင်ပိုင်းဒေသများဖြစ်သည်ဟု ယူဆနေကြသည်။တရုတ်မှာ ကမ္ဘာပတ်လမ်းအတွင်းသို ့ Tianging 2 ဂြိုဟ်တုကို ၂၀၁၆ စက်တင်ဘာအတွင်းက ထပ်မံလွှတ်တင်ထားသေးသည်။

Source : The Ladies News