WunYan

Menu
  • News
    • Local News
    • Crime News
    • Social Media
    • International News
    • Odd News
  • Entertainment
    • Local Celebrity
    • International Celebrity
  • Knowledge
  • Health
  • Lifestyle
Menu

ထိုင္းႏိုင္ငံမွ တရားမဝင္ လက္နက္မ်ား ဝယ္ယူလာေသာ ျမန္မာႏိုင္ငံသား တစ္ဦး ျမန္မာ-ထိုင္းနယ္စပ္၌ ဖမ္းဆီးရမိ

Posted on March 31, 2018 by whuk-46651

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္း႐ိုင္ခ႐ိုင္ မယ္ဆိုင္ၿမိဳ႕ ျမန္မာ-ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတား ထိုင္းဘက္ပူးေပါင္း စစ္ေဆးေရးဂိတ္၌ ျမန္မာႏိုင္ငံသား တစ္ဦး ထံမွ ႐ိုင္ဖယ္ေသနတ္ သုံးလက္ႏွင့္ က်ည္ ၂၅ဝဝ ေတာင့္ကို မတ္ ၂၉ ရက္က ဖမ္းဆီး ရမိသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားရွိ အေကာက္ခြန္ဌာန အစည္းအေဝးခန္းမ၌ သတင္းစာရွင္းလင္းပြဲ တစ္ရပ္ကို ျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။

၄င္းသတင္းစာရွင္းလင္းပြဲသို႔ ခ်င္း ႐ိုင္ခ႐ိုင္ အေကာက္ခြန္ဦးစီးဌာနမွ အေကာက္ခြန္ၫႊန္ၾကားေရးမွဴး ႏိုင္းလိ စုမ္ဘတ္စီရီ၊ ခ႐ိုင္အေကာက္ခြန္ လက္ေထာက္òန္ၾကားေရးမွဴး ႏိုင္းႏိုင္း ေအြ႕ခ်ဳိင္းကြန္ ထိမြန္တရီ၊ ခ႐ိုင္ အေကာက္ခြန္ဝန္ေထာက္ နန္ခ်လီဒါ ဖန္းကရဝီ၊ မယ္ဆိုင္ၿမိဳ႕နယ္ အေကာက္ခြန္ ဝန္ေထာက္ နန္ဖတ္ရီစူက်စ္ဖိထလုမ္၊ အမွတ္(၃) လႈပ္ရွားယႏၲရား တပ္ဖြဲ႕ဝင္ မ်ားႏွင့္ မယ္ဆိုင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ား စုစုေပါင္းအင္အား ၂၅ ဦးခန္႔ တက္ ေရာက္ခဲ့သည္။

မတ္ ၂၉ ရက္ နံနက္ ၁ဝ နာရီခန္႔က ျမန္မာ-ထိုင္း အမွတ္(၁) ခ်စ္ၾကည္ေရး တံတား ထိုင္းဘက္ ပူးေပါင္းစစ္ေဆးေရး ဂိတ္တြင္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ ျမန္မာ ႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ ဝင္ေရာက္လာမည့္ ယာဥ္ေမာင္း ျမန္မာ ႏိုင္ငံသား စိုင္းေနာ္ (၂၇ ႏွစ္) သည္ To-yota Commuter ေမာ္ေတာ္ယာဥ္ ေဘးနံရံအတြင္းျမႇဳပ္၍ သယ္ေဆာင္လာ ေသာ Czech Republic ႏိုင္ငံထုတ္ CZ455 အမ်ဳိးအစား ပိြဳင့္ ၂၂ ႐ိုင္ဖယ္ ေသနတ္သံုးလက၊္ ၎က်ည္တစ္ဘူးလွ်င္ အေတာင့္ ၅ဝ ပါ ဘူး ၅ဝ စုစုေပါင္း ၂၅ဝဝ ေတာင့္တို႔အား ရွာေဖြေတြ႕ရွိ၍ ဖမ္းဆီးရမိ မႈႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲ တစ္ရပ္ က်င္းပခဲ့ေၾကာင္း သိရွိရသည္။

”လက္နက္နဲ႔ ဖမ္းဆီးရမိ ျမန္မာ ႏိုင္ငံသားကို ထိုင္းအေကာက္ခြန္အက္ ဥပေဒပုဒ္မနဲ႔ အေရးယူ ေဆာင္ရြက္သြားပါ မယ္၊ ေနာက္ၿပီး ေသနတ္ သံုးလက္ကို ခြင့္ျပဳခ်က္ အေထာက္အထားမရွိဘဲ ေရာင္းခ်ေပးတဲ့ ထိုင္းႏိုင္ငံသားကိုလည္း ဆက္လက္ၿပီး ဖမ္းဆီးအေရးယူသြားပါ မယ္” ဟု ခ်င္း႐ိုင္း ခ႐ိုင္အေကာက္ခြန္ ဌာနမွ ၫႊန္ၾကားေရးမွဴး ႏိုင္းလိစုမ္ဘတ္ စီရီက ေျပာသည္။

အမႈမွ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ ျမန္မာႏိုင္ငံသား စိုင္းေနာ္ (၂၇ ႏွစ္)အား ခ်င္း႐ိုင္ ခ႐ိုင္အေကာက္ ခြန္ဌာနက ၂ဝ၁၇ ထိုင္းအေကာက္ခြန္ အက္ ဥပေဒပုဒ္မ ၂၄၂ ျဖင့္ အမႈဖြင့္လွစ္ၿပီး လက္နက္မ်ားေရာင္းခ်ေပးခဲ့သူ ထိုင္း ႏိုင္ငံသား ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕နယ္ ဖသဲ့ရပ္ကြက္ေနသူအား ဖမ္းဆီးရမိ ေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္းႏွင့္ဓာတ္ပံု-ျမင့္မိုရ္ (တာခ်ီလိတ္)

Source : MOI Webportal Myanmar

(Unicode Version)

ထိုင်းနိုင်ငံမှ တရားမဝင် လက်နက်များ ဝယ်ယူလာသော မြန်မာနိုင်ငံသား တစ်ဦး မြန်မာ-ထိုင်းနယ်စပ်၌ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ထိုင်းဘက်ပူးပေါင်း စစ်ဆေးရေးဂိတ်၌ မြန်မာနိုင်ငံသား တစ်ဦး ထံမှ ရိုင်ဖယ်သေနတ် သုံးလက်နှင့် ကျည် ၂၅ဝဝ တောင့်ကို မတ် ၂၉ ရက်က ဖမ်းဆီး ရမိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၂) ချစ်ကြည်ရေးတံတားရှိ အကောက်ခွန်ဌာန အစည်းအဝေးခန်းမ၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။

၄င်းသတင်းစာရှင်းလင်းပွဲသို့ ချင်း ရိုင်ခရိုင် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ညွှန်ကြားရေးမှူး နိုင်းလိ စုမ်ဘတ်စီရီ၊ ခရိုင်အကောက်ခွန် လက်ထောက်òန်ကြားရေးမှူး နိုင်းနိုင်း အွေ့ချိုင်းကွန် ထိမွန်တရီ၊ ခရိုင် အကောက်ခွန်ဝန်ထောက် နန်ချလီဒါ ဖန်းကရဝီ၊ မယ်ဆိုင်မြို့နယ် အကောက်ခွန် ဝန်ထောက် နန်ဖတ်ရီစူကျစ်ဖိထလုမ်၊ အမှတ်(၃) လှုပ်ရှားယန္တရား တပ်ဖွဲ့ဝင် များနှင့် မယ်ဆိုင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၂၅ ဦးခန့် တက် ရောက်ခဲ့သည်။

မတ် ၂၉ ရက် နံနက် ၁ဝ နာရီခန့်က မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား ထိုင်းဘက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြန်မာ နိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည် ဝင်ရောက်လာမည့် ယာဉ်မောင်း မြန်မာ နိုင်ငံသား စိုင်းနော် (၂၇ နှစ်) သည် To-yota Commuter မော်တော်ယာဉ် ဘေးနံရံအတွင်းမြှုပ်၍ သယ်ဆောင်လာ သော Czech Republic နိုင်ငံထုတ် CZ455 အမျိုးအစား ပွိုင့် ၂၂ ရိုင်ဖယ် သေနတ်သုံးလက၊် ၎င်းကျည်တစ်ဘူးလျှင် အတောင့် ၅ဝ ပါ ဘူး ၅ဝ စုစုပေါင်း ၂၅ဝဝ တောင့်တို့အား ရှာဖွေတွေ့ရှိ၍ ဖမ်းဆီးရမိ မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ကြောင်း သိရှိရသည်။

”လက်နက်နဲ့ ဖမ်းဆီးရမိ မြန်မာ နိုင်ငံသားကို ထိုင်းအကောက်ခွန်အက် ဥပဒေပုဒ်မနဲ့ အရေးယူ ဆောင်ရွက်သွားပါ မယ်၊ နောက်ပြီး သေနတ် သုံးလက်ကို ခွင့်ပြုချက် အထောက်အထားမရှိဘဲ ရောင်းချပေးတဲ့ ထိုင်းနိုင်ငံသားကိုလည်း ဆက်လက်ပြီး ဖမ်းဆီးအရေးယူသွားပါ မယ်” ဟု ချင်းရိုင်း ခရိုင်အကောက်ခွန် ဌာနမှ ညွှန်ကြားရေးမှူး နိုင်းလိစုမ်ဘတ် စီရီက ပြောသည်။

အမှုမှ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား စိုင်းနော် (၂၇ နှစ်)အား ချင်းရိုင် ခရိုင်အကောက် ခွန်ဌာနက ၂ဝ၁၇ ထိုင်းအကောက်ခွန် အက် ဥပဒေပုဒ်မ ၂၄၂ ဖြင့် အမှုဖွင့်လှစ်ပြီး လက်နက်များရောင်းချပေးခဲ့သူ ထိုင်း နိုင်ငံသား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် ဖသဲ့ရပ်ကွက်နေသူအား ဖမ်းဆီးရမိ ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-မြင့်မိုရ် (တာချီလိတ်)

Source : MOI Webportal Myanmar

TayeKabar

  • Recent

Flag Counter

©2019 WunYan | WordPress Theme by Superb Themes