ျပဳတ္က်လာေနသည့္ တ႐ုတ္အာကာသစခန္း တီယန္ဂြန္း-၁ သည္ လာမည့္ ၂၄ နာရီအတြင္း ကမၻာ့ ေလထုအတြင္းသို႔ ဝင္ေရာက္လာေတာ့မည္

တ႐ုတ္အာကာသစခန္း တီယန္ဂြန္း-၁ သည္ လာမည့္ ၂၄ နာရီအတြင္း ကမၻာ့ ေလထုအတြင္းသို႔ ဝင္ေရာက္လာေတာ့မည္

နယူးဇီလန္၊ ဧျပီ ၁

ေျမျပင္မွ ျပန္လည္ထိန္းခ်ဳပ္၍ မရေတာ့သည့္ တရုတ္အာကာသစခန္း တီယန္ဂြန္း-၁ သည္ လာမည့္၂၄ နာရီအတြင္း ကမၻာ့ေလထုအတြင္းသို႔ျပန္လည္၀င္ေရာက္လာ ေတာ့မည္ျဖစ္သည္။

ယင္းသည္ ယခုအခ ကမၻာ့ေလထုထဲသို႔ ျပန္လည္၀င္ေရာက္ေတာ့မည္ျဖစ္ျပီး၊ နယူးဇီလန္ႏွင့္ အေမရိကန္ အေနာက္အလယ္ပိုင္း ေဒသတို႔ အၾကား တစ္ေနရာရာသို႔ က်ဆင္းႏိုင္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္အာကာသစခန္းသည္ တစ္နာရီလွ်င္ ကီလိုမီတာ ၂၆၀၀၀ ေက်ာ္ အျမန္ႏႈန္းျဖင့္ ကမၻာ့ေလထုတြင္းသို႔ျပန္လည္၀င္ေရာက္လာမည္ျဖစ္ျပီး ေလထုႏွင့္ပြတ္တိုက္ာ မီးေလာင္ပ်က္စီးသြားမည္ျဖစ္ေၾကာင္း တရုတ္အာကာသာအင္ဂ်င္နီယာရုံးမွ ဆိုသည္။ ၾကီးမားေသာအစိတ္အပိုင္း အရာ၀တၳဳအျဖစ ေျမေပၚသို႔ ျပန္လည္ ျပဳတ္က်လာစရာ အေၾကာင္းမရွိေၾကာင္းကိုလည္း ဆိုထားသည္။

ထိုသို႔မီးေလာင္ပ်က္စီးျခင္းကို ၾကယ္ေၾကြသည့္ျမင္ကြင္းကဲ့သို႔ ျမင္ရႏိုင္သည္။ ထို႔အတြက္ ျပည္သူတို႔အေနျဖင့္ စိတ္ပူပန္စရာမလိုအပ္ေၾကာင္းကိုလည္း ဆိုထားပါသည္။

Source : Popular News Journal

(Unicode Version)

ပြုတ်ကျလာနေသည့် တရုတ်အာကာသစခန်း တီယန်ဂွန်း-၁ သည် လာမည့် ၂၄ နာရီအတွင်း ကမ္ဘာ့ လေထုအတွင်းသို့ ဝင်ရောက်လာတော့မည်

နယူးဇီလန်၊ ဧပြီ ၁

မြေပြင်မှ ပြန်လည်ထိန်းချုပ်၍ မရတော့သည့် တရုတ်အာကာသစခန်း တီယန်ဂွန်း-၁ သည် လာမည့်၂၄ နာရီအတွင်း ကမ္ဘာ့လေထုအတွင်းသို့ပြန်လည်ဝင်ရောက်လာ တော့မည်ဖြစ်သည်။

ယင်းသည် ယခုအခ ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်တော့မည်ဖြစ်ပြီး၊ နယူးဇီလန်နှင့် အမေရိကန် အနောက်အလယ်ပိုင်း ဒေသတို့ အကြား တစ်နေရာရာသို့ ကျဆင်းနိုင်ကြောင်း သိရသည်။

အဆိုပါ တရုတ်အာကာသစခန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၂၆၀၀၀ ကျော် အမြန်နှုန်းဖြင့် ကမ္ဘာ့လေထုတွင်းသို့ပြန်လည်ဝင်ရောက်လာမည်ဖြစ်ပြီး လေထုနှင့်ပွတ်တိုက်ာ မီးလောင်ပျက်စီးသွားမည်ဖြစ်ကြောင်း တရုတ်အာကာသာအင်ဂျင်နီယာရုံးမှ ဆိုသည်။ ကြီးမားသောအစိတ်အပိုင်း အရာဝတ္ထုအဖြစ မြေပေါ်သို့ ပြန်လည် ပြုတ်ကျလာစရာ အကြောင်းမရှိကြောင်းကိုလည်း ဆိုထားသည်။

ထိုသို့မီးလောင်ပျက်စီးခြင်းကို ကြယ်ကြွေသည့်မြင်ကွင်းကဲ့သို့ မြင်ရနိုင်သည်။ ထို့အတွက် ပြည်သူတို့အနေဖြင့် စိတ်ပူပန်စရာမလိုအပ်ကြောင်းကိုလည်း ဆိုထားပါသည်။

Source : Popular News Journal